Part16 🌺

15.9K 1.3K 6
                                    

"ရော့ ပိုက်ဆံ ''

"ဒါကဘာအတွက်လဲ ဦး''

သူ့ရှေ့ကိုပစ်ချပေးလာတဲ့ငွေထုပ်လေးကိုကြည့်ရင်း မေးလိုက်တဲ့အရိပ်

"မင်းငါနဲ့အတူ အိပ်ပေးခဲ့အတွက်နစ်နာကြေး ''

ဦးရဲ့စကားကြောင့် အရိပ်ရင်ထဲ နာကျင်မှုက ဆစ်ခနဲ

"ရိပ် မလိုပါဘူးဦး ''

"မလိုလည်း ယူထားလိုက် ငါမင်းအပေါ်အကြွေး
မတင်ချင်ဘူး ''

ဘာကြောင့် မှန်းမသိ ရိပ်မျက်ရည်များကျလာရပြန်ပြီ

"ကျနော့်ကို ငွေနဲ့တန်ဖိုးဖြတ်လို့ရမယ်များထင်နေလား ဦး ကျနော်လည်းလူပါ ဦးလုပ်ချင်သလိုလုပ်လို့ရနေတဲ့ အရုပ်မဟုတ်ဘူး ''

သူ့ကို အော်ချင်သလိုအော်ပြောပြီး
ထိုနေရာက ပြေးထွက်သွားတဲ့ ကျောပြင်သေးသေးလေး

"တောက် မင်းကများရာရာစစ.."

ထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်း စိတ်ထဲဘဝင်မကျမှုနဲ့အတူ ဒေါသများနဲ့ကျန်ခဲ့ရသူက နွေဦး

ဘယ်သူကသိနိုင်မှာလဲ ပြေးထွက်သွားတဲ့ကောင်လေးရဲ့ ရင်ထဲကနာကျင်မှုတွေက

!ရိပ်သိလိုက်ရတယ် ရိပ်ကဘယ်တော့မှ ဦးရင်ထဲမှာ နေရာမရနိုင်ဘူးဆိုတာ!

"ကလေး အန်တီနဲ့ပြန်လိုက်သွားမှာကို ကိုကိုခွင့်မပြုနိုင်ဘူး "

သူအခန်းထဲဝင်လိုက်ချိန် မွေ့ယာပေါ်မှာထိုင်နေတဲ့ အကောင်ပေါက်လေးနားသွာရင်း ပြောလိုက်တဲ့စကယး

ချက်ချင်းမျက်ရည်လေးတွေဝဲလာတဲ့ ကလေးငယ်က ပြိုတော့မယ့်မိုးလို

"အောဟော မငိုလိုက်ပါနဲ့ ကိုကို့အချစ်လေးရယ်
ကိုကိုနဲ့ကလေးငယ်နဲ့အတူ ရှိချင်တာလေ ကလေးက ကိုကို့ကိုတစ်ယောက်တည်းထားချင်လို့လား ဟွန်..."

သူ့ရဲ့ပေါင်ပေါ် ကလေးငယ်ကိုပွေ့တင်ပြီးမေးလိုက်တော့ ခေါင်းလေးယမ်းလာတဲ့ကလေး

"အဲ့ဒါဆို ကိုကိုနဲ့ပဲနေ ကိုကိုနဲ့ကလေး ခရီးထွက်ကြရအောင် ကလေးဘယ်ကိုသွားချင်လဲ "

My little Baby 🌺(Completed) Where stories live. Discover now