Final 🌺

21.9K 1.2K 35
                                    

"အသဲလေး အရမ်းမပြေးရဘူးလေကွာ..''

"ခ်ခ်..."

အစိမ်းရောင်မြက်ခင်းကျယ်ကြီးပေါ်မှာ စွန်လေးလွှတ်ရင်းပြေးလွှားနေတဲ့အသဲအသက်လေး

ဂုဏ်ရောင်ရင်ထဲ ပျော်ရွှင်မှုတွေလှိုင်းထန်နေမိသည်

၃နှစ်...၃နှစ်ရှိသွားခဲ့ပြီ

ဒီပေါက်စလေးကို သူတရားဝင်လက်ထပ်ခဲံတာ၃နှစ်ပြည့်ခဲ့ပြီ

တစ်နေ့တစ်မျိူး မရိုးရအောင် အမျိူးမျိူးချွဲနေတတ်တဲ့ ဒီခလေးလေးကို တစ်စတစ်စ အချစ်တွေပိုလာခဲ့ရပြီ

ဒီခလေးလေးက သူ့ရဲ့သင်ကြားမှုတွေကြောင့်
ခုဆို စကားလေးတွေကို တီတီတာတာပြောတတ်နေလေပြီ

ခလေးရဲ့အကြောင်းလေး စဥ်းစားလိုက်ရုံနဲ့တင်
ဂုဏ်ရောင်မျက်နှာထက် အလှပဆုံးအပြုံးတွေ
ဝေဆာလာရသည်

!ဒူ...ဒူ....!

ရုတ်တရက် ဘောင်းဘီအိပ်ကပ်ထဲက တုန်ခါလာတဲ့ဖုန်းလေးကို ဂုဏ်ရောင်ကိုင်လိုက်လေသည်

"Hello...ညီ..."

"အကို..အကိုတို့လာနေပြီလား..."

"နောက်၂ရက်လောက်နေမှ ရောက်မယ်ထင်တယ်ညီ.. နိုနိုလေးကကွာ..ခရီးအရမ်းပန်းနေလို့ အကိုတို့ခဏနားလိုက်တာ..မနက်ဖြန်မှခရီးဆက်လာခဲ့မှာ.."

"ဟုတ်လား..ဒါဆို ရိပ်စောင့်နေမယ်နော် နိုနိုလေးနဲ့လည်း အရမ်းတွေ့ချင်နေပြီ.."

"ဟုတ်ပြီညီ see you.."

"ဟုတ်အကို..."

တဖက်ကချသွားတဲ့ ဖုန်းနံပါတ်လေးကိုကြည့်ရင်း ဂုဏ်ရောင်စိတ်မကောင်းစွာ သက်ပြင်းလေးချလိုက်လေသည်

အရိပ်စစ်ဆိုတဲ့ကောင်လေးနဲ့ မတွေ့ခဲ့ရသည်မှာလည်း ၃နှစ်ရှိနေခဲ့ပြီမလား

ဒီကောင်လေးအကြောင်းစဥ်းစားမိပြန်တော့ အတွေးထဲ နောက်ထပ်ဝင်ရောက်လာသူတစ်ဦးက နွေဦးမာန်

!နွေဦးမာန်...ခဗျားရောအဆင်ပြေနေရဲ့လား!

ဘေးနားကခုံတန်းလေးမှာ ထိုင်လိုက်ရင်း ဂုဏ်ရောင်ရဲ့အတွေးစတို့ လွန်ခဲ့တဲ့၃နှစ်ဆီ...

My little Baby 🌺(Completed) Where stories live. Discover now