Part20 🌺

15.9K 1.2K 5
                                    

"ညီ ထိုင်လေ ''

"ဟုတ်ကဲ့ အကို..''

ဧည့်ခန်းလေးထဲမှာနေရာပေးလိုက်တဲ့ဂုဏ်ရောင်

"ကလေးလေး အပေါ်တတ်တော့မလို့လား ''

သူ့အနားကနေထသွားတဲ့ကလေးကို ကြည့်ရင်းမေးလိုက်တဲ့ဂုဏ်ရောင်

"ကို..ကို..ဆေး..''

ထိုအခါမှ ပေါက်စလေးက သူ့အတွက်ဆေးသွားယူတာမှန်း သိလိုက်ရတာမို့ သူပြုံးလိုက်မိတယ်

"ကျနော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အကို''

"ရပါတယ် အကိုလည်း မကျော်သွားနိုင်လို့ဝင်ကူညီပေးလိုက်တာပါ ''

"ဒါနဲ့ နိုနိုလေးက အကို့ဆီဘယ်လိုရောက်နေရတာလဲ ''

"ကလေးက အကိုနဲ့မကြာခင်လက်ထပ်တော့မှာလေ''

"ဗျာ''

အရိပ် အံ့သြောသွားမိသည်ကအမှန်

!ဒါဆို ဦးကရော ဦးကနိုနိုလေးကိုလက်လွှတ်လိုက်ပြီလား '!

သူ့အတွေးနယ်ချဲ့နေချိန် ဆေးဖာလေးပိုက်ပြီး
ဧည့်ခန်းထဲ ဝင်လာတဲ့နိုနိုလေး

ဂုဏ်ရောင်မျက်နှာထက်က အညိုအမဲရာတွေကို
တစ်ခုချင်း ဆေးလူးပေးနေတဲ့ကလေးကိုကြည့်ရင်း ကြည်နူးနေရပြန်တယ်

သူတို့၂ ဦးကိုကြည့်ရင်း အဦးကိုသတိရလာရလာသူအရိပ်

!ဦးရော အဆင်ပြေပါ့မလား!

"ရပြီ ကလေးလေး အပေါ်ထပ်မှာ ကိုကို့ကိုစောင့်နေနော် ကိုကိုခဏနေလာခဲ့မယ် ''

"ဟုတ်...ကဲ့...ကိုကို...အကို...ရိပ်...အိပ်..နော်..''

ဒီမှာညအိပ်သွားပါလို့မပြောပဲ သူပြောတတ်သလိုလေးပြောကာ ထသွားတဲ့ကလေးကြောင့် ပြုံးပြီးကျန်နေခဲ့သူက သူတို့ ၂ ဦး

"ညီ အခုကဘယ်မှာအလုပ်လုပ်နေတာလဲ ''

"စားသောက်ဆိုင်မှာပါအကို ''

"နေတာကရော ''

"အခုလောလောဆယ်တော့ ကျနော်အိမ်ငှားနေပါတယ် ''

"ဒါဆို ညီ အကိုတို့နဲ့ ဒီအိမ်မှာလာနေပါလား
အလုပ်လည်း ညီကြိုက်တဲ့အလုပ်လုပ်လို့ရပါတယ် ဒီမှာနိုနိုလေးလည်း ရှိတယ်လေ ညီလာနေမယ်ဆိုရင် ကလေးလည်းအဖော်ရတာပေါ့ ''

My little Baby 🌺(Completed) Where stories live. Discover now