Part7 🌺

15.7K 1.3K 15
                                    

"ဒါနဲ့ မင်းလုပ်ငန်းတွေအကုန်လုံးလွှဲယူလိုက်ပြီဆို
အဆင်ပြေရဲ့လား..''

"အကုန်အဆင်ပြေပါတယ် အကိုစိတ်ပူနေဖို့မလိုပါဘူး..''

နွေဦးကိုစကားပြောနေပေမယ့် ဂုဏ်ရောင်အ
ကြည့်တွေက ခေါင်းလေးငုံ့ပြီးထိုင်နေတဲ့ ကလေးဆီမှာ

ဒါကို နွေဦးကသတိထားမိသွားတယ်ထင်
အနားက ကလေးကိုသူ့ဘက်ပိုတိုးကပ်လိုက်ရင်း

"ကောင်မလေးတွေ ခေါ်လိုက်မယ် မင်းပျော်လို့ရအောင်..''

"No ကျနော်အဲ့ဒါတွေစိတ်မဝင်စားဘူး..''

"အဟက် ဘာလဲမင်းမှာ ရည်ရွယ်ထားတဲ့သူရှိပြီးသားလား..''

"အင်း ကျနော်လက်ထပ်မယ့်သူရှိတယ်..''

ဂုဏ်ရောင်စကားကြားလိုက်ရတော့ နိုနိုလေးရင်ထဲ ဝမ်းနည်းမှုကတိုးလာရပြီ

!ကိုကို့မှာ နိုနိုမဟုတ်တဲ့တခြားသူ ရှိနေခဲ့တာလား!

"ဒါဆိုရင်တော့ congratulations ပါငါ့ညီ..အခါသင့်ရင်မိတ်ဆက်ပေးပါအုံး..''

နွေဦးကပြုံးရင်း ဂုဏ်ပြုကြောင်းပြောလာတယ်
ဒါပေမယ့် ဒီစကားဟာ ရင်ထဲကလာတဲ့ အစစ့အမှန်စကားမဟုတ်

ဒါကို ဂုဏ်ရောင်လည်း ရိပ်မိလေတယ်

"သေချာပေါက်မိတ်ဆက်ပေးပါ့မယ် ဒါဆို..ကျနော်ပြန်လိုက်အုံးမယ် ..''

"Ok..ထပ်ဆုံကြသေးတာပေါ့..''

ဂုဏ်ရောင် ထလိုက်ချိန် အရည်ရွှန်းနေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကိုကြည့်လာတဲ့ကလေးရဲ့
မျက်ဝန်းတွေက ဝမ်းနည်းနေဟန်

သိပ်အများကြီးမတွေးတတ်တဲ့ဂုဏ်ရောင်ဟာ
အဲ့ဒီမျက်ဝန်းလှလှလေးတွေကို ကျောခိုင်းရင်း
ထွက်သွားခဲ့ပြီ

"နိုနိုလေး ညစာ စားပြီးပြီလား..''

နိုနိုရဲ့ ဆံပင်လေးတွေကို သက်ပေးနေရင်းမေးလာတဲ့ နွေဦးမာန်

သူ့ခေါင်းပေါ်က နွေဦးလက်ကိုချက်ချင်းဖယ်ချရင်း ခေါင်းလေးယမ်းလာတဲ့နိုနိုလေးက သူမကြိုက်ဘူးဆိုတဲ့သဘော

ကလေးမကြိုက်မှန်းသိလိုက်တာကြောင့် ဆက်မလုပ်တော့ပဲ သူ့လက်ကိုရုပ်သိမ်းလိုက်ပြီး

My little Baby 🌺(Completed) Where stories live. Discover now