[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

676K 79.7K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

9[Z&U]

6.3K 953 3
By thiriWoonie

[Zawgyi]


နင် မိသားစုဆီတွင်..




ဘန်း!









အောင်မြင်တယ်!











နာရီဝက်ကြာပြီးနောက်




-----------------------

[Unicode]

ငါ ပုံမဆွဲတတ်ဘူးလို့ ဘယ်သူပြောလဲ?

နင် မိသားစုဆီတွင်..

နင်မုန့်သည် ကျဉ်းကျပ်နေသော အခြေအနေကို ပြောင်းလဲပြီးနောက်တွင် အဖေဖြစ်သူ၏ အမူအရာမှာ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။

"မဆိုးဘူး တော်သားပဲ" နင်ပါးပါး ပြုံးရင်းပြောလိုက်သည်။ သူပြုံးနေသည်ကို မြင်လိုက်ရသော စုထျန်းထျန်းသည် မျက်မှောင်ကြုပ်လိုက်ရင်း သူ့အားပို၍ တုန်လှုပ်သွားစေနိုင်သည့် အကြောင်းပြချက်ကို စစဉ်းစားလိုက်ပြီးနောက် ဖုန်းထုတ်ကာ အမျိုးသမီး fan ဆီ စာပို့လိုက်၏။

စုထျန်းထျန်းဆီမှ အကြံပေးချက် ရရှိပြီးနောက် အမျိုးသမီးfanသည် စတင်ပြီး နင်မုန့်မိခင်အား စကားလုံးတို့နှင့် ထိုးနှက်တော့သည်။ဘာတွေပဲဖြစ်လာဖြစ်လာ နင်မုန့်ကို အိမ်တော်ဆီမှ ကန်ထုတ်ခံရအောင်လုပ်မယ်လို့ သူမ  ဆုံးဖြတ်ချက် ချပြီးပြီဖြစ်လေသည်။ သူမ မျှော်လင့်ထားသလိုပင် သမီးချစ်အဖေသည် နောက်တကြိမ် ဒေါသထွက်လာတော့၏။

ဘန်း!

ပါးပါးနင်သည် စားပွဲအသေးအား လဲကျသွားသည်အထိ ကန်ချလိုက်တော့သည်။

"သမီးလို့တောင် မခေါ်ထိုက်တော့ဘူး!"

"ဦးလေး ခုနက မုန့်မုန့်ရဲ့ရှယ်ယာတွေကို ရုပ်သိမ်းပစ်မယ်လို့ ပြောခဲ့တာမလား? တစ်ခုခုဆုံးရှုံးသွားရတဲ့ အရသာက ဘယ်လိုလဲဆိုတာ သိသွားအောင် သမီးတို့တွေ သူ့ကို အသိပေးဖို့လိုနေပြီ! အဲ့ဒါမှ နောက်ပိုင်း သူ Comicဆွဲတဲ့နေရာမှာ တကယ် အားထုတ်သင်ကြားပြီး ကြိုးစားဆွဲတော့မှာ!"

စုထျန်းထျန်း ပြောသည့်စကားတွေက ပြီးပြည့်စုံသည်ဆိုတာ ပါးပါးနင် စတင်ခံစားရလာ၏။ အမျိုးသမီး fan၏ အော်သံကို သူတို့ ထပ်ကြားလိုက်ရသည်။

"နင်မုန့်! ဘာကဘာဆိုတာ မြင်အောင်ပြပြီးသွားပြီ! ဘယ်လိုပုံဆွဲရမယ်တောင် မသိဘဲနဲ့ Comic studioကို နင်က ဘယ်လို ဦးစီးစီမံမှာလဲ? ဘဝဖူးပွင့်ချိန်ရဲ့ Second volumeအတွက်ရော နင်ဘယ်သူ့ကို ထပ်ပြီး ဆွဲခိုင်းဦးမှာလဲ?"

ထိုစာကြောင်းက ပါးပါးနင်ကို အရှိုက်ထိစေသလို သူ့စိတ်ကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်သွားစေသည်။ ပါးပါးနင်သည် ဖုန်းကို ထုတ်လိုက်ပြီးနောက် သူ့လက်ထောက်ဆီ ဖုန်းဆက်လိုက်တော့၏။

"မုန့်မုန့်ရဲ့ ရှယ်ယာတွေကို အကုန်ဖျက်သိမ်းပြီး သူ့bank accတွေကိုလည်း ပိတ်ပစ်လိုက်တော့။ ပုံမဆွဲနိုင်ရင် အိမ်ပြန်မလာနဲ့လို့ သူ့ကိုပြောလိုက်!"

ထိုစကားတို့ကို နားထောင်ရင်း စုထျန်းထျန်းသည် ပျော်ရွှင်နေလေ၏။

အောင်မြင်တယ်!

သူမ အပြုံးတို့မပီပြင်သေးမှာပဲ မမျှော်လင့်ထားသော စာကြောင်းတစ်ကြောင်းကို ကြားလိုက်ရ၏။

"ငါ ပုံမဆွဲတတ်ဘူးလို့်  ဘယ်သူပြောလဲ?"

စုထျန်းထျန်း အပြုံးတွေသည် အေးခဲသွားသလို ပါးပါးနင်၏ အာရုံစိုက်မှုသည် တိုက်ရိုက်ထုတ်လွှင့်မှုဆီ ပြန်ရောက်သွားလေ၏။ နင်မုန့် အလုပ်သည် Comicဆွဲတာဖြစ်သည်မို့ ဘယ်လိုဆွဲရမလဲ မသိဘူးဆိုတာ မဖြစ်နိုင်ပေ။ အစောက သူမ အချိန်တချို့ရနေတုန်း ဘဝဖူးပွင့်ချိန်အား အနည်းငယ် ဖတ်ကြည့်သည့်အခါ ပုံတွေက ရိုးရှင်းလေသည်။ သူမရဲ့စွမ်းရည်နဲ့သာဆို  အသာလေး ပြန်ကူးဆွဲလို့ရနိုင်လေ၏။ နောက်တကြိမ် လူတိုင်းသည်လည်း ဆွံ့အသွားရပြန်သည်။

"ငါတို့အနုပညာကျောင်း စတက်ကတည်းက နင်က အမြဲတမ်းကျောင်းပြေးနေတာလေ။ နင့်ရဲ့အိမ်စာအမှတ်တွေက အမြဲ ဥတောင်မကွဲဘူး! ပုံ ဘယ်လိုဆွဲရမလဲသိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါဒီတနှစ်လုံးမှာ ကြားဖူးသမျှထဲ အရယ်ရဆုံး ဟာသပဲ!" အမျိုးသမီး fanသည် ပြောလေ၏။

ချက်ချင်းပင် fanအားလုံးသည်လည်း သူမအား မယုံသင်္ကာကြည့်လာကြတော့သည်။

ဝန်ထမ်းသည်ပင် သူမအနားရောက်လာပြီး နားနားကပ်ပြောလာ၏။

"သူဌေး မလုပ်ပါနဲ့! သူဋ္ဌေးက.."

သူ့စကားမဆုံးသေးခင်မှာပင် နင်မုန့်က ဖြတ်ပြောလိုက်သည်။

"Penတစ်ချောင်းနဲ့ စာရွက်တစ်ရွက် ယူခဲ့ပေး"

ဝန်ထမ်းသည် shockရသွားရသည်။ တစ်လှမ်းပင် ထိုဝန်ထမ်းက မလှုပ်လာသည်မို့ နင်မုန့် ကိုယ်တိုင်သာ Penတစ်ချောင်းနှင့် စာရွက်တစ်ရွက် ယူလိုက်လေတော့၏။ ပြီးနောက် စတင်ကာ ချဆွဲတော့သည်။ ရှိရှိသမျှ သတင်းထောက်တိုင်း၏  ကင်မရာတွေသည်လည်း သူမဆီမှာသာ။ အမှန်တကယ် စတင်အလုပ်လုပ်သည့်အခါ နင်မုန့်ရဲ့ပုံစံက တကယ်ကိုကွာခြားသွားသည်။ စာရွက်ပေါ်မှာ ရွေ့လျားနေသော Pen၏ လှုပ်ရှားမှု အချိန်တိုလေးအတွင်း ဘဝဖူးပွင့်ချိန် ရဲ့ အမျိုးသမီးဇာတ်ဆောင်ပုံက စတင်ပြီးရုပ်လုံးပေါ်လာလေသည်။ မြန်ဆန်သောနှုန်းနှင့် အာရုံထားမှုက အမှန်တကယ်ကို masterအဆင့် Comic artistတစ်ယောက်လို့  သတ်မှတ်နိုင်သည်အထိဖြစ်၏။ ဒါ့အပြင် သူမဆွဲလိုက်သည့်ပုံက သုရုံထက်တောင် ပို၍ကောင်းနေသေးသည်။ fanအားလုံးသည်လည်း သူတို့ရဲ့အာရုံတွေကို သူမဆီမှ လွှဲပြောင်း၍ မရတော့။

နာရီဝက်ကြာပြီးနောက်

နင်မုန့်သည် လက်ထဲမှ Penကို ချလိုက်ပြီး ခေါင်းထောင်လာသည်။

"ကျွန်မအမေက ဘဝဖူးပွင့်ချိန်ကို ဖန်တီးပေးခဲ့တယ်! ပြီးတော့ ကျွန်မက ရှင်တို့အားလုံးကို ပြီးပြည့်စုံတဲ့ endingတစ်ပုဒ်ပေးမယ်! ဘဝဖူးပွင့်ချိန်ရဲ့  second volumeကို ကျွန်မ ကိုယ်တိုင်ဆွဲသွားမယ်ဆိုတာ အခုပဲ ကြေငြာလိုက်ပါတယ်! ရှင်တို့အကုန်လုံး ကျွန်မကို supportပေးသွားကြဖို့လည်း မျှော်လင့်ပါတယ်"

ခနလေးအတွင်းမှာပင် လူတိုင်းသည် သူမအတွက် လက်ခုပ်တီးကြလေ၏။ သူမရဲ့ fanတွေသည် ယခုအခါ အမှန်တကယ်ကို မြတ်နိုးသွားကြပြီဆိုတာ နင်မုန့်မြင်လိုက်ရလေသည်။

Continue Reading

You'll Also Like

552K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2M 104K 32
The entire story line and character names are just the imagination of the author.
1.5M 32.7K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်