[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

640K 78.6K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

7[Z&U]

6.1K 806 5
By thiriWoonie

[Zawgyi]

ဘာလို႕ကြ်န္မက ေတာင္းပန္သင့္တာလဲ?

ေရြးခ်ယ္ခြင့္မရိွသည္မို႕ သူမအစား တကယ္ပဲ သုရံုကို ဆြဲခိုင္းခဲ့တာ နင္မုန္႕ ဝန္ခံလိုက္သည္။ ျပီးေတာ့ ဘဝဖူးပြင့္ခ်ိန္ comicရဲ့ မူရင္းartistက သူျဖစ္သည္ဆိုတဲ့ သက္ေသအေထာက္အထားကလည္း သုရံုဆီမွာရိွေနသည္ေလ။

ဒါေပမယ့္

လူလိမ္မ ဟုတ္လား?

နင္မုန္႕ နွုတ္ခမ္းတို႕ စုက်ံဳ႕လိုက္သည္။ သူမရဲ့ ဂုဏ္သတင္းကို ဖ်က္ဆီးလိုက္ခြင့္ လံုးဝေပးမွာမဟုတ္။ မူလအမ်ိဳးသမီး ဆန္႕က်င္ျခင္းက ေရြးခ်ယ္လို႕မရဘဲ ျဖစ္လာခဲ့သည္။ စင္ေပၚက သူမကို အမ်ိဳးသမီး fanရဲ့ မွတ္ခ်က္ေတြေျကာင့္ အုပ္စုလုိက္ေသာ သူမရဲ့ fanေတြပါ စတင္ျပီး စိတ္ေျပာင္းသြားကာ နင္မုန္႕အား အျပစ္တင္လာ၏။

"လူလိမ္မ! နင္က လူလိမ္မပဲ! နင္မုန္႕ comicေလာကထဲက ထြက္သြားစမ္း!"

"ရြံဖို႕ေကာင္းလိုက္တာ!"

"နင္ဘာလို႕ ျပံဳးေနတာလဲ?! အခုခ်က္ခ်င္းေတာင္းပန္စမ္း!"
....

ထိုေနရာတြင္ သတင္းေထာက္တစ္စုကလည္း တိုက္ရုိက္ထုတ္လြွင့္ေပးေနသည္မို႕ ယခုေနရာတြင္ ျဖစ္ပ်က္ေနသည္မ်ားကို အိမ္ကေနျကည့္ေနသည့္လူမ်ားလည္း ရိွေလ၏။

.......

နင္စံအိမ္ေတာ္ျကီးတြင္

ေရေတြ ေတာင္ေတြနွင့္ ပတ္ပတ္လည္ ျခံရံထားျပီး သာယာေသာ ရွဳခင္းက လူတစ္ေယာက္ အျမဲတမ္း ေအးေအးခ်မ္းခ်မ္း ေနသြားဖို႕အတြက္ လံုေလာက္သည္။ သို႕ေပမယ့္လည္း စံအိမ္ေတာ္အတြင္းမွ လက္ရိွ ေလထုအေျခအေနကေတာ့ အံု႕မွုိင္းေနေလသည္။ အလယ္တြင္ရိွေနေသာ ျကည့္ေကာင္းသည့္ သက္လတ္ပိုင္းအရြယ္လူျကီးကေတာ့ နင္မုန္႕အား ေဒါသအျကီးအက်ယ္ထြက္ေနေလ၏။

"မိုက္ရိုင္းလိုက္တာ! ဒီအသံုးမက်တဲ့ သမီး! ဒီေလာက္အရွက္မရိွတဲ့ လုပ္ရက္ကို လက္ေတြ႕လုပ္ရဲရတာလဲ?!"

"ဦးေလး ေက်းဇူးျပဳျပီး က်န္းမာေရးကိုလည္း ေတြးပါဦး။ ေဒါသထြက္ျပီး က်န္းမာေရးကို ပိုဆိုးေအာင္ မလုပ္ပါနဲ႕။ နင္မုန္႕အခုလိုလုပ္တာ ေသခ်ာေပါက္ ေနာက္ကြယ္မွာ အေျကာင္းျပခ်က္ရိွေလာက္မွာပါ...." စုထ်န္းထ်န္းသည္ စနိွုးဝိွုက္ဝတ္စံု(အျပစ္ကင္းစင္ေသာပံုစံ)နွင့္ နူးညံ့စြာေျပာလိုက္၏။

"ေနာက္ကြယ္က အေျကာင္းျပခ်က္? ငါ့အဆက္အသြယ္ေတြ အမ်ားျကီးသံုးျပီး သူ႕ကို အေကာင္းဆံုးပန္းခ်ီေက်ာင္းကို ပို႕ခဲ့ရတယ္! သူ႕အေမရဲ့ မျပီးဆံုးခဲ့တဲ့အိမ္မက္ကို ျပည့္ေအာင္ ျဖည့္ေစခ်င္ခဲ့တယ္! ဘယ္လိုလုပ္ျပီး စကားနဲ႕ေတာင္ မေျပာနိုင္တဲ့လုပ္ရက္ကို လုပ္ရဲရတာလဲ?!" ပါးပါးနင္သည္ လက္ထဲမွဖန္ခြက္အား ျကမ္းျပင္ကို ပစ္ေပါက္ျပီး ေအာ္လိုက္၏။

ပါးပါး နင္ရဲ့ စကားကိုျကားလိုက္သည္မို႕ စုထ်န္းထ်န္း သူမ ေဒါသေတြကို ဖံုးကြယ္ထားလိုက္သည္။ နင္မုန္႕ဆိုတာ သူနဲ႕ကြယ္လြန္သြားတဲ့ ဇနီးျဖစ္သူရဲ့ အသီးအပြင့္ေလးျဖစ္တယ္။ သူမ အရင္က အျပစ္ေတြ က်ဴးလြန္ခဲ့တာေတာင္ ဘယ္တုန္းကမွ အခ်စ္မပ်က္ခဲ့ေပ။ နင္မုန္႕ ဘာေတြပဲလုပ္လုပ္ သူမကအျမဲတမ္း သူ႕ရဲ့အနွစ္သက္ဆံုး သမီး ျဖစ္ေနတုန္းပဲ။

ကံမေကာင္းစြာပဲ ဒီတေခါက္ နင္မုန္႕ရဲ့လုပ္ရက္က သူ႕သည္းခံနုိင္စြမ္းကို ေက်ာ္သြားျပီျဖစ္သည္။

"ဦးေလး comicေတြဆြဲတာက လြယ္တဲ့အရာမဟုတ္ဘူးဆိုတာ သမီးသိပါတယ္။ ငယ္ငယ္ေလးတည္းက မုန္႕မုန္႕က အေကာင္းတကာ့အေကာင္းဆံုးေတြပဲ ရခဲ့တာဆိုေတာ့ ခက္ခဲတဲ့ အျပင္ေလာကမွာ ခံနိုင္ရည္မရိွသြားတာ သာမန္ပါပဲ။ ေကာင္းတဲ့ဘက္အျခမ္းက ျကည့္ရေအာင္ပါ။ သူက သူ႕အေမေလာက္ အရည္အခ်င္းမရိွဘူးဆိုရင္ေတာင္ အနည္းဆံုးေတာ့ သူ႕အေမရဲ့ ရွယ္ယာေတြကို အေမြဆက္ခံခဲ့တာပဲေလ။ ဒီေတာ့ သူ႕အေနနဲ႕ တသက္လံုး အလုပ္လုပ္ဖို႕ေတာင္ မလိုအပ္ဘူးဆိုတဲ့ အဓိပၸာယ္ပဲေပါ့...."

'အေမြဆက္ခံ'နွင့္ 'ရွယ္ယာ'ဆိုေသာ စကားလံုးေတြက သူမအေဖကို ပိုျပီး ေဒါသထြက္ေစသည္။

"သူ႕အေမရဲ့အိမ္မက္ကို ျဖည့္စည္းေပးတာ မလုပ္နုိင္ဘူးဆိုမွေတာ့ ရွယ္ယာေတြက..."

ရုတ္တရက္ျကီး ထိုေနရာတြင္ စကားေျပာရပ္သြား၏။

စုထ်န္းထ်န္းသည္လည္း အမွန္တကယ္ကို စိတ္လွုပ္ရွားေနေလသည္။ ပါးပါးနင္ ပါးစပ္ကေန နင္မုန္႕ရဲ့ ရွယ္ယာေတြ၊ ကဒ္ေတြကို ျပန္ရုပ္သိမ္းျပီး အိမ္ကေန ေမာင္းထုတ္ပစ္မယ္ဆိုတဲ့ စကားေျပာလာမွာကို ျကားရဖို႕ စုထ်န္းထ်န္း မေစာင့္နိုင္ေတာ့။ သူ႕မ်က္နွာကို ျကည့္ျကည့္ေတာ့ ထိုသို႕မလုပ္နုိင္သည့္ အရိပ္အေယာင္ကို ျမင္လိုက္ရသည္။ ထို႕ေျကာင့္ပင္ စုထ်န္းထ်န္းက ေျပာမယ္ျကံလိုက္စဥ္မွာပဲ စားပြဲေပၚရိွ tabletဆီမွ အသံထြက္လာ၏။ နင္မုန္႕အသံပင္ ျဖစ္သည္။

"ေတာင္းပန္ရမယ္? ကြ်န္မက ဘာလို႕ေတာင္းပန္သင့္တာလဲ? ကြ်န္မဘယ္တုန္းကမွ ရွင္တို႕ကို မလိမ္ခဲ့ဘဲနဲ႕ေလ!"

နင္မုန္႕စကားကို ျကားလိုက္ရသည့္အခါ ပါးပါးနင္သည္ tabletကုိ ျပန္ျကည့္လာ၏။ သူမ ေျပာလိုက္သည့္စကားက လူတိုင္းကို ေဝခြဲမရျဖစ္သြားေစသည္။

"ဘာကိုဆိုလိုတာလဲ? အဲ့အဓိပၸာယ္က ျဖစ္လာတဲ့ အက်ိဳးဆက္ကို မခံယူနိုင္ဘူး ျပီးေတာ့ သုရံုက ဘဝဖူးပြင့္ခ်ိန္ရဲ့ မူရင္း author မဟုတ္ဘူးလို႕ ဆိုလိုတာလား?"

ေဒါသထြက္ေနေသာ fanမ်ားကို ငံု႕ျကည့္လိုက္ျပီးေနာက္ နင္မုန္႕ ေခါင္းျပန္ေမာ့လိုက္သည္။

"ကြ်န္မက ဘဝဖူးပြင့္ခ်ိန္ကို ဆြဲတဲ့လူပါလို႕ တခါေလးေတာင္ မေျပာခဲ့ဖူးဘူး"

"ဘာလို႕ ဒီလိုမ်ိဳးေျပာရတာလဲ? နင့္နာမည္ကို comicစာအုပ္တစ္အုပ္ခ်င္းဆီမွာ ရိုက္ထားတာေလ! ျပီးေတာ့ ခုနကလက္မွတ္ထုိးပြဲမွာ လက္မွတ္ထိုးေပးေနတာကလဲ နင္ပဲေလ! ဒါေတာင္ နင္က အကုန္ျငင္းခ်င္ေသးတာလား?"

"ငါလက္မွတ္ထုိးေပးထားတဲ့ နာမည္က နင္မုန္(သံပရိုသီး) နင္မုန္႕(မူရင္းနာမည္) မဟုတ္ဘူး။ ေသခ်ာျကည့္"

"..."

ဘာမ်ား ျခားနားသြားလို႕လဲ? နင္မုန္(သံပရိုသီး)ဆိုတာ သူ႕ကေလာင္နာမည္ပဲ မဟုတ္ဘူးလား?

--------------------------

[Unicode]

ဘာလို့ကျွန်မက တောင်းပန်သင့်တာလဲ?

ရွေးချယ်ခွင့်မရှိသည်မို့ သူမအစား တကယ်ပဲ သုရုံကို ဆွဲခိုင်းခဲ့တာ နင်မုန့် ဝန်ခံလိုက်သည်။ ပြီးတော့ ဘဝဖူးပွင့်ချိန် comicရဲ့ မူရင်းartistက သူဖြစ်သည်ဆိုတဲ့ သက်သေအထောက်အထားကလည်း သုရုံဆီမှာရှိနေသည်လေ။

ဒါပေမယ့်

လူလိမ်မ ဟုတ်လား?

နင်မုန့် နှုတ်ခမ်းတို့ စုကျုံ့လိုက်သည်။ သူမရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးလိုက်ခွင့် လုံးဝပေးမှာမဟုတ်။ မူလအမျိုးသမီး ဆန့်ကျင်ခြင်းက ရွေးချယ်လို့မရဘဲ ဖြစ်လာခဲ့သည်။ စင်ပေါ်က သူမကို အမျိုးသမီး fanရဲ့ မှတ်ချက်တွေကြောင့် အုပ်စုလိုက်သော သူမရဲ့ fanတွေပါ စတင်ပြီး စိတ်ပြောင်းသွားကာ နင်မုန့်အား အပြစ်တင်လာ၏။

"လူလိမ်မ! နင်က လူလိမ်မပဲ! နင်မုန့် comicလောကထဲက ထွက်သွားစမ်း!"

"ရွံဖို့ကောင်းလိုက်တာ!"

"နင်ဘာလို့ ပြုံးနေတာလဲ?! အခုချက်ချင်းတောင်းပန်စမ်း!"
....

ထိုနေရာတွင် သတင်းထောက်တစ်စုကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးနေသည်မို့ ယခုနေရာတွင် ဖြစ်ပျက်နေသည်များကို အိမ်ကနေကြည့်နေသည့်လူများလည်း ရှိလေ၏။

.......

နင်စံအိမ်တော်ကြီးတွင်

ရေတွေ တောင်တွေနှင့် ပတ်ပတ်လည် ခြံရံထားပြီး သာယာသော ရှုခင်းက လူတစ်ယောက် အမြဲတမ်း အေးအေးချမ်းချမ်း နေသွားဖို့အတွက် လုံလောက်သည်။ သို့ပေမယ့်လည်း စံအိမ်တော်အတွင်းမှ လက်ရှိ လေထုအခြေအနေကတော့ အုံ့မှိုင်းနေလေသည်။ အလယ်တွင်ရှိနေသော ကြည့်ကောင်းသည့် သက်လတ်ပိုင်းအရွယ်လူကြီးကတော့ နင်မုန့်အား ဒေါသအကြီးအကျယ်ထွက်နေလေ၏။

"မိုက်ရိုင်းလိုက်တာ! ဒီအသုံးမကျတဲ့ သမီး! ဒီလောက်အရှက်မရှိတဲ့ လုပ်ရက်ကို လက်တွေ့လုပ်ရဲရတာလဲ?!"

"ဦးလေး ကျေးဇူးပြုပြီး ကျန်းမာရေးကိုလည်း တွေးပါဦး။ ဒေါသထွက်ပြီး ကျန်းမာရေးကို ပိုဆိုးအောင် မလုပ်ပါနဲ့။ နင်မုန့်အခုလိုလုပ်တာ သေချာပေါက် နောက်ကွယ်မှာ အကြောင်းပြချက်ရှိလောက်မှာပါ...." စုထျန်းထျန်းသည် စနှိုးဝှိုက်ဝတ်စုံ(အပြစ်ကင်းစင်သောပုံစံ)နှင့် နူးညံ့စွာပြောလိုက်၏။

"နောက်ကွယ်က အကြောင်းပြချက်? ငါ့အဆက်အသွယ်တွေ အများကြီးသုံးပြီး သူ့ကို အကောင်းဆုံးပန်းချီကျောင်းကို ပို့ခဲ့ရတယ်! သူ့အမေရဲ့ မပြီးဆုံးခဲ့တဲ့အိမ်မက်ကို ပြည့်အောင် ဖြည့်စေချင်ခဲ့တယ်! ဘယ်လိုလုပ်ပြီး စကားနဲ့တောင် မပြောနိုင်တဲ့လုပ်ရက်ကို လုပ်ရဲရတာလဲ?!" ပါးပါးနင်သည် လက်ထဲမှဖန်ခွက်အား ကြမ်းပြင်ကို ပစ်ပေါက်ပြီး အော်လိုက်၏။

ပါးပါး နင်ရဲ့ စကားကိုကြားလိုက်သည်မို့ စုထျန်းထျန်း သူမ ဒေါသတွေကို ဖုံးကွယ်ထားလိုက်သည်။ နင်မုန့်ဆိုတာ သူနဲ့ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူရဲ့ အသီးအပွင့်လေးဖြစ်တယ်။ သူမ အရင်က အပြစ်တွေ ကျူးလွန်ခဲ့တာတောင် ဘယ်တုန်းကမှ အချစ်မပျက်ခဲ့ပေ။ နင်မုန့် ဘာတွေပဲလုပ်လုပ် သူမကအမြဲတမ်း သူ့ရဲ့အနှစ်သက်ဆုံး သမီး ဖြစ်နေတုန်းပဲ။

ကံမကောင်းစွာပဲ ဒီတခေါက် နင်မုန့်ရဲ့လုပ်ရက်က သူ့သည်းခံနိုင်စွမ်းကို ကျော်သွားပြီဖြစ်သည်။

"ဦးလေး comicတွေဆွဲတာက လွယ်တဲ့အရာမဟုတ်ဘူးဆိုတာ သမီးသိပါတယ်။ ငယ်ငယ်လေးတည်းက မုန့်မုန့်က အကောင်းတကာ့အကောင်းဆုံးတွေပဲ ရခဲ့တာဆိုတော့ ခက်ခဲတဲ့ အပြင်လောကမှာ ခံနိုင်ရည်မရှိသွားတာ သာမန်ပါပဲ။ ကောင်းတဲ့ဘက်အခြမ်းက ကြည့်ရအောင်ပါ။ သူက သူ့အမေလောက် အရည်အချင်းမရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ သူ့အမေရဲ့ ရှယ်ယာတွေကို အမွေဆက်ခံခဲ့တာပဲလေ။ ဒီတော့ သူ့အနေနဲ့ တသက်လုံး အလုပ်လုပ်ဖို့တောင် မလိုအပ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့...."

'အမွေဆက်ခံ'နှင့် 'ရှယ်ယာ'ဆိုသော စကားလုံးတွေက သူမအဖေကို ပိုပြီး ဒေါသထွက်စေသည်။

"သူ့အမေရဲ့အိမ်မက်ကို ဖြည့်စည်းပေးတာ မလုပ်နိုင်ဘူးဆိုမှတော့ ရှယ်ယာတွေက..."

ရုတ်တရက်ကြီး ထိုနေရာတွင် စကားပြောရပ်သွား၏။

စုထျန်းထျန်းသည်လည်း အမှန်တကယ်ကို စိတ်လှုပ်ရှားနေလေသည်။ ပါးပါးနင် ပါးစပ်ကနေ နင်မုန့်ရဲ့ ရှယ်ယာတွေ၊ ကဒ်တွေကို ပြန်ရုပ်သိမ်းပြီး အိမ်ကနေ မောင်းထုတ်ပစ်မယ်ဆိုတဲ့ စကားပြောလာမှာကို ကြားရဖို့ စုထျန်းထျန်း မစောင့်နိုင်တော့။ သူ့မျက်နှာကို ကြည့်ကြည့်တော့ ထိုသို့မလုပ်နိုင်သည့် အရိပ်အယောင်ကို မြင်လိုက်ရသည်။ ထို့ကြောင့်ပင် စုထျန်းထျန်းက ပြောမယ်ကြံလိုက်စဉ်မှာပဲ စားပွဲပေါ်ရှိ tabletဆီမှ အသံထွက်လာ၏။ နင်မုန့်အသံပင် ဖြစ်သည်။

"တောင်းပန်ရမယ်? ကျွန်မက ဘာလို့တောင်းပန်သင့်တာလဲ? ကျွန်မဘယ်တုန်းကမှ ရှင်တို့ကို မလိမ်ခဲ့ဘဲနဲ့လေ!"

နင်မုန့်စကားကို ကြားလိုက်ရသည့်အခါ ပါးပါးနင်သည် tabletကို ပြန်ကြည့်လာ၏။ သူမ ပြောလိုက်သည့်စကားက လူတိုင်းကို ဝေခွဲမရဖြစ်သွားစေသည်။

"ဘာကိုဆိုလိုတာလဲ? အဲ့အဓိပ္ပာယ်က ဖြစ်လာတဲ့ အကျိုးဆက်ကို မခံယူနိုင်ဘူး ပြီးတော့ သုရုံက ဘဝဖူးပွင့်ချိန်ရဲ့ မူရင်း author မဟုတ်ဘူးလို့ ဆိုလိုတာလား?"

ဒေါသထွက်နေသော fanများကို ငုံ့ကြည့်လိုက်ပြီးနောက် နင်မုန့် ခေါင်းပြန်မော့လိုက်သည်။

"ကျွန်မက ဘဝဖူးပွင့်ချိန်ကို ဆွဲတဲ့လူပါလို့ တခါလေးတောင် မပြောခဲ့ဖူးဘူး"

"ဘာလို့ ဒီလိုမျိုးပြောရတာလဲ? နင့်နာမည်ကို comicစာအုပ်တစ်အုပ်ချင်းဆီမှာ ရိုက်ထားတာလေ! ပြီးတော့ ခုနကလက်မှတ်ထိုးပွဲမှာ လက်မှတ်ထိုးပေးနေတာကလဲ နင်ပဲလေ! ဒါတောင် နင်က အကုန်ငြင်းချင်သေးတာလား?"

"ငါလက်မှတ်ထိုးပေးထားတဲ့ နာမည်က နင်မုန်(သံပရိုသီး) နင်မုန့်(မူရင်းနာမည်) မဟုတ်ဘူး။ သေချာကြည့်"

"..."

ဘာများ ခြားနားသွားလို့လဲ? နင်မုန်(သံပရိုသီး)ဆိုတာ သူ့ကလောင်နာမည်ပဲ မဟုတ်ဘူးလား?

Continue Reading

You'll Also Like

324K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
299K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
311K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"