ငါတို့ဝေးသွားရင်........ပြန်မ...

By siriphoo

121K 10.5K 1.1K

လွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး... More

ဇာတ်ဆောင် မိတ်ဆက်
Part 1
Part 2
Part 3
Part 4 Zawgyi
Part4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31 The End
Part 32 After The End
A/N

Part 28

2.1K 213 8
By siriphoo

Zawgyi

ဟိုကေလးေက်ာင္းကေန ျပန္လာတဲ့လမ္းတစ္ေလွ်ာက္လံုး ေမေလးမွာ နာက်င္မႈဒဏ္ေရာ၊ ေဒါသရဲ႕ဒဏ္ေတြေၾကာင့္ မ်က္ရည္မ်ားျဖိဳင္ျဖိဳင္က်လို႔ ေနပါေတာ့တယ္။ လူၾကားထဲမွာ အရွက္တကြဲလုပ္ခဲ့ရေပမယ့္ စိတ္ထဲမွာ အျပည့္အ၀ဘ၀င္မက်ႏိုင္ဘူး ျဖစ္ေနတယ္။ မိဘ၂ပါးကေတာင္ လက္မတင္ဘူးတဲ့ပါးေလးက အခုေတာ့ေရာင္ကိုင္းလို႔ေနျပီ။

"ေတာက္..." အိမ္ထဲကို ၀ုန္းဒိုင္းၾကဲ၀င္သြားျပီး ဆက္တီေပၚပိုက္ဆံအိတ္ကိုပစ္ခ်လို႔ ေတာက္တစ္ခြန္းကို အက်ယ္ၾကီးေခါက္လိုက္တယ္။

"ဘာျဖစ္လာတာလဲသမီး" ဦးရီးငယ္က ျခံထဲကေန အိမ္ထဲထိလိုက္လာျပီးေမးတယ္။ သူ႔တူနဲ႕ထပ္ရန္ျဖစ္မွာ စိုးေနတာေနမွာေလ။

"အဆင့္မရွိ အတန္းမရွိ၊ လူ႔ငမြဲေတြေစာ္ကားတာခံလိုက္ရတာ ဦးရီးငယ္ေရ။" ေမေလးလည္း ေဒါသတၾကီးေအာ္ေျပာလိုက္တယ္။ ထိုခ်ိန္အိမ္အေပၚထပ္ကမွ ဗညားဆင္းလာတယ္။

"ကိုဗညား။ က်မရွင္းရွင္းပဲေျပာေတာ့မယ္။ အဲ့ေကာင္ေလးကို ရွင္အျပတ္ေျပာမလား၊ က်မပိုးဆိုးပက္ဆက္ေျပာျပီးအရွက္ခြဲရလား။" အေပၚထပ္ကဆင္းလာတဲ့ဗညားကိုလည္း ေဒါသတၾကီး လွန္းျပီးေမးလိုက္တယ္။ ေမေလးပံုစံက က်ားနာတစ္ေကာင္လိုပဲ ျမင္ရာေျပးဆြဲေတာ့မယ့္ပံု ေပါက္ေနျပီ။

"မင္းနဲ႔ငါလည္း ဘာမွေျပာစရာစကားမရွိသလို၊ ငယ္ေလးနဲ႔ငါလည္း ဘာမွေျပာစရာစကားမရွိဘူး။ ေအး...အဲ့လိုပဲ မင္းနဲ႔ငယ္ေလးလည္း ဘာမွထပ္ျပီးပက္သတ္စရာမရွိေတာ့ဘူး။ အခု ငါ မင္းတို႔စိတ္တိုင္းက် ေနေနတာပဲေလ။ ဒါကို မင္းက ဘာအလိုမက်ျဖစ္ေနတာလဲ။" ဗညားလည္း စကားကို အျပတ္ေျပာလိုက္တယ္။ အခုခ်ိန္မွာ ေမေလးကိုမေက်နပ္ေပမယ့္ ေပါက္စအေပၚထိခိုက္မႈအနည္းဆံုးျဖစ္ေအာင္ သည္းခံေနဖို႔ပဲ ေတြးထားလုိက္တယ္။

"ေဟ့...ေဟ့...ေတာ္ၾကေတာ့ကြာ။ လူၾကီးတစ္ေယာက္ရွိေနတာေတာင္ ရန္ျဖစ္စကားမ်ားေနတယ္ဆိုတာ ပတ္၀န္းက်င္ၾကားရင္ေတာင္ မေကာင္းဘူးကြ။ မင္းတို႔မိဘေတြသိလည္း ငါကမတားဘူးဆိုျပီး ငါပါမေကာင္းျဖစ္မယ္။ ေတာ္ၾကေတာ့။ ဒီစကားဒီမွာရပ္။ ေမေလး.. ငါ့သမီးလည္းအခန္းထဲသြားနားေတာ့။ ဗညား.. မင္းကငါ့ကိုကူျပီး ျခံရွင္းေပး...လာ။" ဦးရီးငယ္က လူၾကီးပီပီ ၀င္ထိန္းလိုက္တယ္။

"မေတာ္ႏိုင္ဘူးဦးရီးငယ္။ က်မပါးကိုထိုးလႊတ္လိုက္တဲ့ေကာင္ကို က်မက ဘယ္လိုစိတ္နဲ႕ခြင့္လႊတ္ေပးရမွာလဲ။ က်မလင္ကို ေၾကာင္ေတာင္ႏႈိက္တဲ့ေကာင္ကို က်မကဘယ္လိုမ်ား နားလည္ေပးရမွာလဲ။ ေျပာပါဦး" ေမေလးက ခ်ံဳးပြဲခ်ငိုျပီး ေျပာေတာ့တယ္။

"ေဟ...ထိုးလႊတ္လိုက္တယ္။ ျပစမ္းပါဦးကြယ္" ဦးရီးငယ္က ေမေလးမ်က္ႏွာကိုလက္နဲ႔ကိုင္ၾကည့္ျပီး ေမးလိုက္တယ္။

"ဟာာာာ ဒီေကာင္ေလး ဒါေတာ့လြန္တာေပါ့ကြာ။ ေတာက္..." ဦးရီးငယ္က ေမေလးမ်က္ႏွာေယာင္ေနတာကိုျမင္ျပီး စိိတ္တိုသြားတယ္။

"ငယ္ေလးက ရန္လိုတက္တဲ့သူမ်ိဳးမဟုတ္ဘူးဦးရီးငယ္။ ဒါသူသက္သက္သြားစလို႔ျဖစ္ရတာ။ ေနာက္ျပီး သူမ်ားထမင္းအိုးကို သူရိုက္ခြဲထားတာလည္း ထည့္ေျပာဦးေလ။ ဒီေလာက္ေတာ့ ဟိုကစိတ္တိုေတာ့မွာေပါ့။"

ဗညားလည္း သူ႔ေပါက္စေလးအေပၚ လူေတြအျမင္လြဲသြားမွာစိုးလို႔ ခ်က္ခ်င္းေျဖရွင္းခ်က္ေပးလိုက္တယ္။ အဲ့က်မွ ဦးရီးငယ္လည္း အလုပ္ထုတ္ခံရတဲ့ကိစၥကို မွတ္မိသြားျပီး ေခ်ာင္းတစ္ခ်က္ဟန္႕လို႔ မ်က္ႏွာလႊဲသြားတယ္။

"ဘယ္ရယ္။ ဘယ္လို။ ရွင္ဘာေတြေျပာေနတာလဲ" ေမေလး လည္း ဗညားဘာေတြေျပာလို႔ေျပာေနလဲမသိတာေၾကာင့္ ျပန္ေမးလိုက္တယ္။

"လုပ္တုန္းကလုပ္ျပီး အခုမွမသိခ်င္ေယာင္ေဆာင္မေနနဲ႔ေဒၚေမေလး။ မင္းအလုပ္ထဲထိလိုက္ေမႊလို႔ ငါအလုပ္ျပဳတ္ျပီ။ ငယ္ေလးလည္း ျပဳတ္မွာေသခ်ာတယ္။ မင္းေတာ္ေတာ္တရားလက္မဲ့လုပ္တက္တာပဲ။ မင္းဆိုးတယ္ဆိုတာသိေပမယ့္ ဒီေလာက္ထိေကာက္က်စ္ေနလိမ့္မယ္လို႔ေတာ့ ငါမထင္လိုက္မိဘူး။ ငါ မင္းနဲ႔ပက္သတ္မိတာ တကယ္ကို အမွားၾကီးလုပ္ခဲ့မိတာပဲ။" ဗညားလည္း စိတ္တိုတုိနဲ႕ စကားကို နာက်င္ေအာင္ေျပာလိုက္တယ္။

"ဟားဟား...ဟားးးးးးးးးးးးးရယ္ေတာ့ရယ္ရသား။ ဒါဆို ဟိုအေကာင့္အေမဖုန္းဆက္တာ သူ႔သားအလုပ္ျပဳတ္လို႔ေပါ့။ ဟားးးးးး ဒီလိုမွန္းသိ ဒီ့ထက္ပိုေျပာလိုက္ပါတယ္။"ေမေလးက စိတ္မပါပဲ လုပ္ၾကံရယ္ျပီး စကားကိုေျပာတယ္။

"ဘာာ ငယ္ေလးအေမဖုန္းဆက္တယ္။ မင္းဘာေတြေျပာလိုက္ေသးလဲေမေလး။" ဗညားလည္း အလန္႔တၾကားေမးလိုက္တယ္။

သူရွိစဥ္ကတည္းက ဘယ္တုန္းကမွဖုန္းမဆက္တဲ့ တံုးတံုးအအ အေမက အခုေတာ့တိုက္ဆိုင္စြာ ဖုန္းက ေမေလးလက္ထဲေရာက္သြားမွ ဆက္တယ္ဆိုေတာ့ ဗညားလည္း ကံၾကမၼာကိုပဲအျပစ္တင္ရမလား၊ ၾကိဳတင္မေတြးေတာပဲ ဖုန္းနံပါတ္ေပးလိုက္မိတဲ့ မိမိကိုယ္ကိုပဲ အျပစ္တင္ရမလားမေတြးတက္ေတာ့ေပ။

"အဟက္...က်မက မဟုတ္မမွန္မေျပာပါဘူး ဦးဗညားကိုကိုေမာင္ရဲ႕။ ဟုတ္ေၾကာင္းမွန္ရာပဲေျပာတာ" ေမေလးလည္း မခိုးမခန္႔ရယ္ေသြးျပီး ေျဖလိုက္တယ္။

"မင္းကြာ........ေတာက္" ဗညားလည္း ေမေလးကိုတည့္တည့္ၾကည့္ျပီး ေဒါသထြက္လို႔ ေတာက္ေခါက္လိုက္တယ္။

"စိတ္မဆိုးပါနဲ႕အံုး ဦးဗညားရဲ႕။ စိတ္ဆိုးခ်င္ ေနာက္မွစိတ္ဆိုး။ အခုဆို က်မက ရွင့္လင္ငယ္ေလးရွိရာ ရပ္ကြက္အထိသြားလို႔ ရွင့္တို႔ေကာင္းသတင္းေလးေတြကို ျဖန္႔ေ၀ေပးမလားလို႔ စိတ္ကူးေနတာ"

"မင္းလႊတ္ထားလို႔ အေကာင္းမွတ္မေနနဲ႕ေမေလး" ဗညားေဒါသတၾကီးထေအာ္တယ္။ မ်က္ႏွာလည္း ေဒါသထြက္လြန္းလို႔ နီရဲလို႔ေနတယ္။

"ေတာ္ပါေတာ့ဆိုတာကို မရပ္ႏိုင္ၾကေသးဘူးလားကြာ။ ငါ့ကိုေရာ လူၾကီးတစ္ေယာက္အေနနဲ႕သက္မွတ္ၾကေသးရဲ႕လား။" ဦးရီးငယ္လည္း ဘယ္သူ႔မွထိန္းမရေတာ့ စိတ္တိုျပီး ၂ေယာက္စလံုးကိုေအာ္ဆူလိုက္တယ္။

"မေတာ္ေသးဘူးဦးရီးငယ္။ က်မကေတာ့ က်မစိတ္တိုင္းက်တဲ့အထိ အဲ့ေကာင္ေလးကိုမလုပ္ရသ၍ မေတာ္ႏိုင္ဘူး။ က်မကိုထိုးလႊတ္လိုက္တာလည္း ဒီတစ္သက္မေက်ဘူး။" ေမေလးကျပန္ေအာ္တယ္။

"ရန္စကို ျမန္ျမန္ျဖတ္ပါေစေတာ့ဆိုျပီး ငါ့တို႔လူၾကီးေတြအကုန္၀င္ပါလို႔ ပြဲကိုထိန္းေပးခဲ့တာသမီးငယ္။ သမီးစိတ္ေအးခ်မ္းေစဖို႔ လူၾကီးေတြတာ၀န္ယူတာေလ၊ အခုလို လူငယ္ခ်င္းရန္ျဖစ္ ေျဖရွင္းေနမယ္ဆိုရင္ လူၾကီးေတြက ဘာလို႔၀င္ပါေတာ့မလဲ၊ မသိခ်င္ေယာင္ေဆာင္ေနေပးလိုက္မွာေပါ့။ အဲ့လိုဆိုရင္ေကာ ငါ့သမီးဘက္က လက္ခံႏိုင္မလား။ ကဲ သမီးေမေလးေျပာ။"

ဦးရီးငယ္က ခ်က္က်လက္က်ေမးလိုက္တယ္။ ဦးရီးငယ္ရဲ႕ေမးခြန္းအဆံုးမွာ ေမေလးလည္း ေသာင္းက်န္းရာကျငိမ္သြားတယ္။

"က်မခံျပင္းလြန္းလို႔ပါဦးရီးငယ္ရယ္။ က်မလြန္တယ္ဆိုတာသိေပမယ့္ က်မရင္ထဲမွာ ခံျပင္းလြန္းလို႔ပါ။ ငယ္လင္းငယ္မယား၊ သူ႔ဆိုးသမွ်ဒဏ္ခံေနတဲ့က်မထက္ အဲ့ေကာင္ေလးကဘာမ်ားေကာင္းေနလို႔လဲလို႔ ေတြးမိတိုင္း က်မခံျပင္းလြန္းလို႔ပါ။" ေမေလးလည္း ရင္ဘတ္ကိုထုလို႔ ငိုေၾကြးရင္း ေျပာေတာ့တယ္။

"ေအးဘာသမီးရယ္။ သမီးရင္ထဲက ခံစားခ်က္ကို ဦးရီးတို႔က မျမင္လို႔ သမီးကိုအျပစ္ေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ သမီးလုပ္ေနတာက ျပသနာကို ေျဖရွင္းေနတာမဟုတ္ပဲ ပိုၾကီးလာေအာင္လုပ္ေနသလိုပဲေလ။ သမီးလည္းခံစားရ၊ တစ္ပါးသူလည္း ခံစားရေတာ့ မေကာင္းဘူးေလကြယ္။ သူမေကာင္းရင္ သူ႔အားနဲ႔သူသြားမွာေပါ့။ ဒါကိုသမီးက အလုပ္ထဲထိ လိုက္တိုင္တာေတြ၊ ရန္သြားျဖစ္တာေတြလုပ္ေတာ့ သမီးလည္း မေကာင္းဘူးျဖစ္တာေပါ့ကြယ္။

ကဲအခုလို သူတို႔ဘက္က တံု႕ျပန္လိုက္ေတာ့ေရာ ငါ့သမီးပဲ မိေအး၂ခါနာ ျဖစ္ရျပန္တာမဟုတ္လား။ ေနာက္ျပီး ကိုယ့္ေယာက္်ားကို အလုပ္နားေစခ်င္လည္း တိုးတိုးတိတ္တိတ္ေျပာေပါ့၊ ဦးရီးတို႔လည္း ေျပာေပးမွာေပါ့။ အခုလို အလုပ္ထုတ္ခံရေအာင္လုပ္ေတာ့ နာမည္ပ်က္တာေပါ့ကြယ္။ လူဆိုတာ နာမည္ပ်က္သြားရင္ တစ္ဘ၀လံုးသံုးစားလို႔မရေတာ့ဘူးကြဲ႕။

ဘယ္ေလာက္ခ်မ္းသာပါတယ္ေျပာေျပာ၊ အလုပ္လုပ္ရမယ္။ လုပ္ငန္းေအာင္ျမင္ဖို႔ဆိုတာ နာမည္တစ္လံုးကအေရးၾကီးတာ ငါ့သမီးကပိုသိမွာပါ။ ကဲ အခုေျပာ....သမီးလုပ္ရပ္ေတြရပ္ျပီး စိတ္ခ်မ္းသာေအာင္ေနမယ္မလား။ ဒါမွမဟုတ္ ဦးရီးတို႔လူၾကီးေတြေဘးဖယ္ေပးရမလား။" ဦးရီးငယ္က ေမေလးကို တရားခ်တယ္။

"တစ္ခုေတာ့ လုပ္ေပးပါ ဦးရီးငယ္။ ဒီတစ္ခုလုပ္ေပးရင္ က်မရပ္မယ္။ ဒီတစ္ခုပဲ။ မဟုတ္ရင္ေတာ့ က်မ ဟိုေကာင္ေလးရပ္ကြက္အထိသြားျပီး က်မပါးတစ္ဖတ္ရဲ႕ေလ်ာ္ေၾကးကို ေတာင္းရလိမ့္မယ္။"

"ဘာမ်ားလဲသမီး။ ေျပာ....။ ဦးရီးတို႔လူၾကီးေတြ ၀ိုင္းေျဖရွင္းေပးမွာေပါ့။"

"ဟိုေကာင္ေလးက ကိုဗညားႏႈတ္ကမထြက္ရင္ ဘာမွမယံုဘူးလို႔ ေျပာေနတယ္။ အဲ့ေတာ့ ကိုဗညားကိုယ္တိုင္ သူ႔ကို အဆက္ျဖတ္ပါတယ္လို႔ေျပာေပးရမယ္။ ကိုဗညားကိုယ္တိုင္ သူ႔ကိုအလုပ္က ထုတ္ပါတယ္လုိ႔ေျပာေပးရမယ္။ ကိုဗညားကိုယ္တိုင္ မပက္သတ္ပဲ ေ၀းေ၀းေနဖို႔ေျပာေပးရမယ္။ ဒါဆိုက်မလည္း ရပ္မယ္။" ေမေလးက ဗညားကို တည့္တည့္ၾကည့္လို႔ ေျပာလိုက္တယ္။

............

မင္းမင္းအလုပ္ကျပန္ရင္ ဥကၠာငယ္အိမ္သြားျပီး သတင္းေကာင္းေျပာဖို႔ စီစဥ္ထားတယ္။ ဒီတစ္လသာ သည္းခံလိုက္မယ္ဆိုရင္ ကိုဗညားနဲ႕ညီ နီးစပ္ျပီဆိုတဲ့အေၾကာင္းကို ေျပာဖို႔ အလုပ္ဆင္းခ်ိန္ကိုေတာင္ မေစာင့္ႏိုင္ေလာက္ေအာင္ပါပဲ။

"ကိုမင္း ဖုန္းလာေနတယ္။" ရံုးအဖြဲ႕မွ ေကာင္မေလးတစ္ေယာက္က လာေခၚတယ္။

'ဟယ္လို က်ေတာ္မင္းမင္းပါ။'

'အကို။ ခ်စ္ေလးပါ။ ခ်စ္ေလးေမေမရုတ္တရက္ေသြးတိုးျပီး သတိလစ္သြားလို႔။ အဲဒါအခု ဖ်ားနာေဆာင္၃မွာတင္ထားရတယ္။ အကိုရံုးဆင္းရင္ လာခဲ့ေပးပါဦးေနာ္။ ဒီမွာခ်စ္ေလးတစ္ေယာက္တည္း အားငယ္ေနလို႔ ဟင့္ ဟင့္။' တစ္ဘက္မွ မင္းမင္းခ်စ္သူေကာင္မေလး၏ အငိုတစ္၀က္နဲ႔စကားသံကိုၾကားလုိက္ရတယ္။

'ဟာာာာာာ ခ်စ္ေလး။ ဘယ္လိုျဖစ္ရတာလဲကြာ။ မငိုနဲ႕ေလ။ တိတ္တိတ္။ အေမေရာ အခုသက္သာသြားျပီလား။ အကိုရံုးဆင္းတာနဲ႔တန္းလာခဲ့မယ္ေနာ္။ စိတ္မပူနဲ႔။ အဲ့လိုၾကီးငိုမေနနဲ႔ေတာ့ေလ။ တိတ္ေနာ္။' မင္းမင္းလည္း ခ်စ္သူေလး အငိုတိတ္ေစေရးအတြက္ ၾကိဳးစားေခ်ာ့ေမာ့လိုက္တယ္။

'ဟုတ္အကို ။ အဲ့ဒါဆို ခ်စ္ေလးေမွ်ာ္ေနမယ္ေနာ္။ ဒါပဲေနာ္အကို။ အေမ့ကိုတစ္ေယာက္တည္းထားခဲ့ရလို႔။' တစ္ဘက္မွ ခ်စ္ရသူက ႏႈတ္ဆက္လို႔ဖုန္းကိုခ်သြားေပမယ့္ မင္းမင္းကေတာ့ ဖုန္းကိုကိုင္လို႔ စိတ္မ်ားေလးလံစြာနဲ႕ စဥ္းစားခန္း၀င္ေနပါေတာ့တယ္။

"ဘာျဖစ္တာလဲ အကိုမင္းမင္း" ဖုန္းနားထိုင္ေနတဲ့ အေရာင္းစာေရးမေလးက စပ္စုတယ္။

"ငါ့ခ်စ္သူရဲ႕အေမပါဟာ။ ေသြးတိုးျပီးသတိလစ္သြားလို႔ ေဆးရံုတင္လိုက္ရတယ္တဲ့။" မင္းမင္းလည္းဖုန္းကိုျပန္ခ်လို႔ သက္ျပင္းေမာတစ္ခုကိုပါ ျပိဳင္တူခ်လိုက္ရင္းေျပာလိုက္တယ္။

"အမေလး။ အဲ့ဒါေၾကာက္ရတယ္ေနာ္။ ဦးေႏွာက္ေသြးေၾကာျပတ္တယ္ဆိုလား ၊ ဘာလားေနာ္။ အဲ့ဒါျဖစ္ရင္ ထိုင္ေနရင္းေတာင္ ေခါက္ခနဲေသတာတဲ့။" စာေရးမေလးက စိုးရိမ္စြာ သတိေပးစကားေျပာတယ္။

"ေအးဟာ။ ငါ့ခ်စ္သူကလည္း အေမတစ္ခု ၊သမီးတစ္ခုပဲရွိတာဆိုေတာ့ သူ႔အေမအခုလိုျဖစ္တာကို စိုးရိမ္ျပီးငိုေနတယ္။ သူ႔အေမကလည္း ေသြးတိုးေရာဆီးခ်ိဳေရာရွိတာဆိုေတာ့ ဟိုတစ္ေရွာင္ေရွာင္၊ ဒီတစ္ေရွာင္ေရွာင္ရယ္ဟ။" မင္းမင္းလည္း စိတ္ေပါ့လို ေပါ့ညား ရင္ဖြင့္ရွင္းျပလိုက္တယ္။

"သြားျပီးအားေပးလိုက္ေပ့ါအကိုမင္းမင္းရယ္။ ကိုယ့္ကိုအားကိုးတဲ့ဟာ"

"ေအး။ က်န္တဲ့ရက္ဆို ကိစၥမရွိဘူးဟ။ ဒီေန႔က ငါ့မွာ သြားစရာတစ္ခုရွိေနတယ္။"မင္းမင္းလည္း စိတ္ညစ္စြာ ညည္းညဴေျပာလိုက္တယ္။

"သြားစရာက အေရးၾကီးလို႔လား။ သိပ္အေရးမၾကီးရင္ မနက္ျဖန္ေရြ႕လိုက္ေပါ့။ ခ်စ္သူရဲ႕အေမက ေသေရးရွင္ေရးျဖစ္ေနတာေလ။ ေတာ္ၾကာ ခ်စ္သူေလးက စိတ္ကြက္သြားလို႔ အကိုမင္းမင္းတို႔ ေခ်ာ့ေနရမယ္ေနာ္။" စာေရးမေလးက ျပံဳးစိစိနဲ႔ စ ရင္း ေျပာတယ္။

(အင္း....ဟုတ္ပါတယ္ေလ။ ကိုဗညားကိစၥကတစ္လေတာင္ၾကာဦးမွာပဲဟာ။ မနက္ျဖန္မွေျပာလည္း ရေနတာပဲ။ ေနာက္ျပီးညီလည္း စာေမးပြဲနဲ႕ဆိုေတာ့ ကိုယ္သြားရင္ စာက်က္ပ်က္ေနဦးမယ္ေလ။ ဟုတ္တယ္။ ခ်စ္ေလးဆီဒီေန႔သြားျပီး ညီ့ဆီ မနက္ျဖန္မွ ဆက္ဆက္သြားမယ္။)

မင္းမင္းလည္း ေသခ်ာေတြးေတာ့ျပီးမွ

"ေက်းဇူးပဲညီမရာ။ ကဲ အကိုသြားဦးမယ္။ အလုပ္ဆင္းတာနဲ႔ေျပးရေအာင္ အခုတည္းက အလုပ္ေတြလက္စသတ္ထားမွ" စာေရးမေလးကို ႏႈတ္ဆက္ျပီး ထြက္သြားလိုက္ေတာ့တယ္။

............

ကားေပၚတစ္လမ္းလံုး မ်က္ရည္ တေတြေတြက်ေနတဲ့ ဥကၠာငယ္ဟာ အိမ္ကိုျပန္ဖို႔ ေတြေ၀လို႔ေနပါတယ္။ ရွက္လြန္းလို႔ ကားေရွ႕ေခါင္းခန္းကို တစ္ေယာက္တည္းငွားစီးျပီးလာေပမယ့္ အသံေတြက မၾကားခ်င္ေယာင္ေဆာင္ မရေလာက္ေအာင္ ၾကားေနရပါတယ္။

ကားေပၚမွလူမ်ားအားလံုးကလည္း ဥကၠာငယ္ကိုၾကည့္လို႔ တိုးတိုးတစ္မ်ိဳး ၊ က်ယ္က်ယ္တစ္ဖံု အတင္းေျပာလို႔ေနၾကတယ္။ မေမေလးရဲ႕ ေအာ္ၾကီးဟစ္က်ယ္ အရွက္ခြဲစကားေတြဟာ ကားေပၚမွလူမ်ားအားလံုးေကာ၊ ကားဂိတ္မွလူမ်ားအားလံုးပါ ၾကားသြားၾကတယ္ေလ။

("ဟဲ့ ေအာက္တန္းစားေကာင္ နင္ကမ်ားငါ့ကိုလက္ပါရတယ္ရွိေသးတယ္။ အမေလး... ၾကားလို႔မွေကာင္းၾကေသးရဲ႕လား အရပ္ကတို႔ေရ။ သူမ်ားေယာက္်ားကိုလည္း ေၾကာင္ေတာင္ႏႈိက္ေသးတယ္။ လာေျပာေတာ့လည္း လက္ပါခံရတယ္တဲ့။

မိန္းကေလးမို႔ အားကိုးရွာျပီး သူမ်ားလင္ခိုးတယ္ဆိုလည္း ၾကားလို႔၊ေျပာလို႔ေကာင္းေသးတယ္။ အခုဟာက ေယာက္်ားရင့္မာၾကီးက လင္ခိုးတာတဲ့ရွင္။ ေဟာဒီမွာ ေယာက္်ားခ်င္းေတာင္ -င္ခံတဲ့ ပိုင္းလံုးေကာင္ပါ။ ကေလး၂ေယာက္အေဖ အိမ္ေထာင္သည္ကိုေတာင္မေရွာင္ ကပ္စားျခဴစားေနတဲ့ အပ်က္သာသာေကာင္ပါေတာ့။")

မေမေလးရဲ႕ စကားေတြဟာ နားထဲ တ၀ဲလည္လည္ျပန္ၾကားေနျပီး ဥကၠာငယ္မွာ ေခါင္းမေဖာ္ႏိုင္ေအာင္ ရွက္လို႔ေနပါေတာ့တယ္။

မွန္တာ၊မွားတာ အပထား ေက်ာင္းသူေက်ာင္းသားမ်ားပီပီ ၀ိုင္း၀န္းစပ္စုၾက၊ စကားမ်ား ဟိုပို႔ဒီပို႔လုပ္ၾကပံုမ်ိဳးနဲ႕ဆို မနက္ျဖန္ဆိုတာနဲ႕ တစ္ေက်ာင္းလံုးကို ဥကၠာငယ့္သတင္းက ၁၀၀% ပ်ံ႕ႏွံ႕ေနမွာ အေသအခ်ာပါပဲ။ စာေမးပြဲရက္မို႔ အမ်ားၾကီးမပ်ံ႕ပါေစနဲ႔လို႔ပဲ ဥကၠာငယ္ဆုေတာင္းရင္း ဓားတန္းကားဂိတ္က စက္ဘီးေလးကို အပ္ႏွံရာမွ ေရြးျပီး မစီးပဲ ျဖည္းျဖည္းခ်င္းတြန္းလို႔ ျပန္လာလိုက္တယ္။

အိမ္ကိုေရာက္ေတာ့ အေမကိုအရင္ဆံုး မ၀င့္မရဲရွာမိတယ္။ ေန႔လည္ခင္းမို႔ အေမကမီးဖိုေခ်ာင္ထဲမွာ ဟင္းမ်ား ျပန္လည္ေႏြးရင္း စားေသာက္ဖို႔ျပင္ဆင္ေနတယ္။

"ေဟာ သားၾကီးေတာင္ျပန္လာျပီ။ ေျဖႏိုင္ရဲ႕လား ငါ့သား။" အေမက ခရီးဦးၾကိဳ စကားေမးတယ္။

"ဟုတ္..ေျဖႏိုင္ပါတယ္အေမ။" က်ေတာ္လည္း အေမ့ကို အကဲခတ္ရင္း ျပန္ေျဖလိုက္တယ္။

"ကဲ...ေျဖႏိုင္တယ္ဆိုလည္း လာခဲ့။ ဗိုက္ဆာေနျပီမလား။ အေမက ငါ့သားၾကိဳက္တဲ့ ငါးေခါင္းခ်ဥ္ရည္ေလး ခ်က္ထားတယ္။ ငံျပာရည္လည္း ေဖ်ာ္ထားတယ္။ ထမင္းဆာေရာေပါ့ စားၾကစို႕လာ။" အေမက ျပံဳးခ်ိဳစြာပဲ က်ေတာ့္ကို မီးဖိုထဲ ထမင္းစားဖို႔ လွန္းေခၚတယ္။

ဒါနဲ႔က်ေတာ္လည္း အခန္းထဲအ၀တ္၀င္လဲျပီး စာၾကည့္စားပြဲေပၚေက်ာပိုးအိတ္ကိုတင္လို႔ေခတၱထိုင္ျပီး ေတြးမိတယ္။

(ဟုိမိန္းမၾကီး ငါ့ကိုစိတ္ဆင္းရဲေအာင္ တမင္တကာ ေပါက္တက္ကရေတြ လာေျပာတယ္။ တမင္တကာအရွက္လာခြဲတယ္။ အယုတ္တမာမၾကီး။)

(ဦးေရ..... ဦးကေရာ ဘယ္ေတြေရာက္ျပီး ဘာေတြလုပ္ေနလဲဟင္။ သားကိုလာမေတြ႕ေတာ့ဘူးလားဟင္။ သားဒီမွာ ဒုကၡေတြေရာက္ေနျပီဦးရဲ႕။ သားကိုလာကယ္ပါဦး။)

ဦးအေၾကာင္းကိုေတြးရင္း မ်က္ရည္ေတြက အလိုလို ျပိဳက်လာေတာ့တယ္။ ခုတင္ေခါင္းရင္းမွာကပ္ထားတဲ့ ဘုရားပံုေတာ္ေလးကို အာရံုျပဳလို႔ မ်က္လံုးမွိတ္ဆုေတာင္းလိုက္တယ္။ ဒီအခ်ိန္မွာ အားကိုးရာဟာ ျမတ္စြာဘုရားအျပင္ မရွိေတာ့ဘူးေလ။

(အရွင္ဘုရား။ သား ဦးကိုတကယ္ျမတ္ႏိုးခ်စ္ခင္ပါတယ္။ သားရဲ႕ ေမတၱာ စစ္မွန္ခဲ့ရင္ ဦးကို သားဆီပို႔ေပးပါ။)

ဥကၠာငယ္လည္း ပူပင္မႈေတြကို အတက္ႏုိင္ဆံုးဖံုးဖိလို႔ မီးဖိုေခ်ာင္ထဲထမင္းစားဖို႔ သြားလိုက္ေတာ့တယ္။ ဘယ္ေလာက္ပဲ စိတ္ဆင္းရဲေနပါေစ အေမမရိပ္မိေအာင္ေတာ့ အတက္ႏုိင္ဆံုး ဟန္ေဆာင္ထားရဦးမယ္ေလ။

ဒီလိုနဲ႕ပဲ မိသားစု၄ေယာက္ရဲ႕ထမင္း၀ိုင္းေလးဟာေတာ့ အျပံဳးတုေတြေပါေပါသီသီသံုးျပီး ေပ်ာ္ခ်င္ေယာင္ေတြေဆာင္ခဲ့ၾကတယ္။ ဥကၠာငယ္တစ္ေယာက္ သူ႔ဆုေတာင္ျပည့္လို႔ သူ႕ရဲ႕ဦးဟာ သူ႔ဆီေရာက္လာမွာကိုေတာ့ မသိေသးရွာပါဘူး။ သူ႔ရဲ႕ဦးေရာက္လာမွာပါ။ ဒါေပမယ့္......



Unicode




ဟိုကလေးကျောင်းကနေ ပြန်လာတဲ့လမ်းတစ်လျှောက်လုံး မေလေးမှာ နာကျင်မှုဒဏ်ရော၊ ဒေါသရဲ့ဒဏ်တွေကြောင့် မျက်ရည်များဖြိုင်ဖြိုင်ကျလို့ နေပါတော့တယ်။ လူကြားထဲမှာ အရှက်တကွဲလုပ်ခဲ့ရပေမယ့် စိတ်ထဲမှာ အပြည့်အဝဘ၀င်မကျနိုင်ဘူး ဖြစ်နေတယ်။ မိဘ၂ပါးကတောင် လက်မတင်ဘူးတဲ့ပါးလေးက အခုတော့ရောင်ကိုင်းလို့နေပြီ။

"တောက်..." အိမ်ထဲကို ဝုန်းဒိုင်းကြဲဝင်သွားပြီး ဆက်တီပေါ်ပိုက်ဆံအိတ်ကိုပစ်ချလို့ တောက်တစ်ခွန်းကို အကျယ်ကြီးခေါက်လိုက်တယ်။

"ဘာဖြစ်လာတာလဲသမီး" ဦးရီးငယ်က ခြံထဲကနေ အိမ်ထဲထိလိုက်လာပြီးမေးတယ်။ သူ့တူနဲ့ထပ်ရန်ဖြစ်မှာ စိုးနေတာနေမှာလေ။

"အဆင့်မရှိ အတန်းမရှိ၊ လူ့ငမွဲတွေစော်ကားတာခံလိုက်ရတာ ဦးရီးငယ်ရေ။" မေလေးလည်း ဒေါသတကြီးအော်ပြောလိုက်တယ်။ ထိုချိန်အိမ်အပေါ်ထပ်ကမှ ဗညားဆင်းလာတယ်။

"ကိုဗညား။ ကျမရှင်းရှင်းပဲပြောတော့မယ်။ အဲ့ကောင်လေးကို ရှင်အပြတ်ပြောမလား၊ ကျမပိုးဆိုးပက်ဆက်ပြောပြီးအရှက်ခွဲရလား။" အပေါ်ထပ်ကဆင်းလာတဲ့ဗညားကိုလည်း ဒေါသတကြီး လှန်းပြီးမေးလိုက်တယ်။ မေလေးပုံစံက ကျားနာတစ်ကောင်လိုပဲ မြင်ရာပြေးဆွဲတော့မယ့်ပုံ ပေါက်နေပြီ။

"မင်းနဲ့ငါလည်း ဘာမှပြောစရာစကားမရှိသလို၊ ငယ်လေးနဲ့ငါလည်း ဘာမှပြောစရာစကားမရှိဘူး။ အေး...အဲ့လိုပဲ မင်းနဲ့ငယ်လေးလည်း ဘာမှထပ်ပြီးပက်သတ်စရာမရှိတော့ဘူး။ အခု ငါ မင်းတို့စိတ်တိုင်းကျ နေနေတာပဲလေ။ ဒါကို မင်းက ဘာအလိုမကျဖြစ်နေတာလဲ။" ဗညားလည်း စကားကို အပြတ်ပြောလိုက်တယ်။ အခုချိန်မှာ မေလေးကိုမကျေနပ်ပေမယ့် ပေါက်စအပေါ်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သည်းခံနေဖို့ပဲ တွေးထားလိုက်တယ်။

"ဟေ့...ဟေ့...တော်ကြတော့ကွာ။ လူကြီးတစ်ယောက်ရှိနေတာတောင် ရန်ဖြစ်စကားများနေတယ်ဆိုတာ ပတ်ဝန်းကျင်ကြားရင်တောင် မကောင်းဘူးကွ။ မင်းတို့မိဘတွေသိလည်း ငါကမတားဘူးဆိုပြီး ငါပါမကောင်းဖြစ်မယ်။ တော်ကြတော့။ ဒီစကားဒီမှာရပ်။ မေလေး.. ငါ့သမီးလည်းအခန်းထဲသွားနားတော့။ ဗညား.. မင်းကငါ့ကိုကူပြီး ခြံရှင်းပေး...လာ။" ဦးရီးငယ်က လူကြီးပီပီ ဝင်ထိန်းလိုက်တယ်။

"မတော်နိုင်ဘူးဦးရီးငယ်။ ကျမပါးကိုထိုးလွှတ်လိုက်တဲ့ကောင်ကို ကျမက ဘယ်လိုစိတ်နဲ့ခွင့်လွှတ်ပေးရမှာလဲ။ ကျမလင်ကို ကြောင်တောင်နှိုက်တဲ့ကောင်ကို ကျမကဘယ်လိုများ နားလည်ပေးရမှာလဲ။ ပြောပါဦး" မေလေးက ချုံးပွဲချငိုပြီး ပြောတော့တယ်။

"ဟေ...ထိုးလွှတ်လိုက်တယ်။ ပြစမ်းပါဦးကွယ်" ဦးရီးငယ်က မေလေးမျက်နှာကိုလက်နဲ့ကိုင်ကြည့်ပြီး မေးလိုက်တယ်။

"ဟာာာာ ဒီကောင်လေး ဒါတော့လွန်တာပေါ့ကွာ။ တောက်..." ဦးရီးငယ်က မေလေးမျက်နှာယောင်နေတာကိုမြင်ပြီး စိတ်တိုသွားတယ်။

"ငယ်လေးက ရန်လိုတက်တဲ့သူမျိုးမဟုတ်ဘူးဦးရီးငယ်။ ဒါသူသက်သက်သွားစလို့ဖြစ်ရတာ။ နောက်ပြီး သူများထမင်းအိုးကို သူရိုက်ခွဲထားတာလည်း ထည့်ပြောဦးလေ။ ဒီလောက်တော့ ဟိုကစိတ်တိုတော့မှာပေါ့။"

ဗညားလည်း သူ့ပေါက်စလေးအပေါ် လူတွေအမြင်လွဲသွားမှာစိုးလို့ ချက်ချင်းဖြေရှင်းချက်ပေးလိုက်တယ်။ အဲ့ကျမှ ဦးရီးငယ်လည်း အလုပ်ထုတ်ခံရတဲ့ကိစ္စကို မှတ်မိသွားပြီး ချောင်းတစ်ချက်ဟန့်လို့ မျက်နှာလွှဲသွားတယ်။

"ဘယ်ရယ်။ ဘယ်လို။ ရှင်ဘာတွေပြောနေတာလဲ" မေလေး လည်း ဗညားဘာတွေပြောလို့ပြောနေလဲမသိတာကြောင့် ပြန်မေးလိုက်တယ်။

"လုပ်တုန်းကလုပ်ပြီး အခုမှမသိချင်ယောင်ဆောင်မနေနဲ့ဒေါ်မေလေး။ မင်းအလုပ်ထဲထိလိုက်မွှေလို့ ငါအလုပ်ပြုတ်ပြီ။ ငယ်လေးလည်း ပြုတ်မှာသေချာတယ်။ မင်းတော်တော်တရားလက်မဲ့လုပ်တက်တာပဲ။ မင်းဆိုးတယ်ဆိုတာသိပေမယ့် ဒီလောက်ထိကောက်ကျစ်နေလိမ့်မယ်လို့တော့ ငါမထင်လိုက်မိဘူး။ ငါ မင်းနဲ့ပက်သတ်မိတာ တကယ်ကို အမှားကြီးလုပ်ခဲ့မိတာပဲ။" ဗညားလည်း စိတ်တိုတိုနဲ့ စကားကို နာကျင်အောင်ပြောလိုက်တယ်။

"ဟားဟား...ဟားးးးးးးးးးးးးရယ်တော့ရယ်ရသား။ ဒါဆို ဟိုအကောင့်အမေဖုန်းဆက်တာ သူ့သားအလုပ်ပြုတ်လို့ပေါ့။ ဟားးးးးး ဒီလိုမှန်းသိ ဒီ့ထက်ပိုပြောလိုက်ပါတယ်။"မေလေးက စိတ်မပါပဲ လုပ်ကြံရယ်ပြီး စကားကိုပြောတယ်။

"ဘာာ ငယ်လေးအမေဖုန်းဆက်တယ်။ မင်းဘာတွေပြောလိုက်သေးလဲမေလေး။" ဗညားလည်း အလန့်တကြားမေးလိုက်တယ်။

သူရှိစဉ်ကတည်းက ဘယ်တုန်းကမှဖုန်းမဆက်တဲ့ တုံးတုံးအအ အမေက အခုတော့တိုက်ဆိုင်စွာ ဖုန်းက မေလေးလက်ထဲရောက်သွားမှ ဆက်တယ်ဆိုတော့ ဗညားလည်း ကံကြမ္မာကိုပဲအပြစ်တင်ရမလား၊ ကြိုတင်မတွေးတောပဲ ဖုန်းနံပါတ်ပေးလိုက်မိတဲ့ မိမိကိုယ်ကိုပဲ အပြစ်တင်ရမလားမတွေးတက်တော့ပေ။

"အဟက်...ကျမက မဟုတ်မမှန်မပြောပါဘူး ဦးဗညားကိုကိုမောင်ရဲ့။ ဟုတ်ကြောင်းမှန်ရာပဲပြောတာ" မေလေးလည်း မခိုးမခန့်ရယ်သွေးပြီး ဖြေလိုက်တယ်။

"မင်းကွာ........တောက်" ဗညားလည်း မေလေးကိုတည့်တည့်ကြည့်ပြီး ဒေါသထွက်လို့ တောက်ခေါက်လိုက်တယ်။

"စိတ်မဆိုးပါနဲ့အုံး ဦးဗညားရဲ့။ စိတ်ဆိုးချင် နောက်မှစိတ်ဆိုး။ အခုဆို ကျမက ရှင့်လင်ငယ်လေးရှိရာ ရပ်ကွက်အထိသွားလို့ ရှင့်တို့ကောင်းသတင်းလေးတွေကို ဖြန့်ဝေပေးမလားလို့ စိတ်ကူးနေတာ"

"မင်းလွှတ်ထားလို့ အကောင်းမှတ်မနေနဲ့မေလေး" ဗညားဒေါသတကြီးထအော်တယ်။ မျက်နှာလည်း ဒေါသထွက်လွန်းလို့ နီရဲလို့နေတယ်။

"တော်ပါတော့ဆိုတာကို မရပ်နိုင်ကြသေးဘူးလားကွာ။ ငါ့ကိုရော လူကြီးတစ်ယောက်အနေနဲ့သက်မှတ်ကြသေးရဲ့လား။" ဦးရီးငယ်လည်း ဘယ်သူ့မှထိန်းမရတော့ စိတ်တိုပြီး ၂ယောက်စလုံးကိုအော်ဆူလိုက်တယ်။

"မတော်သေးဘူးဦးရီးငယ်။ ကျမကတော့ ကျမစိတ်တိုင်းကျတဲ့အထိ အဲ့ကောင်လေးကိုမလုပ်ရသ၍ မတော်နိုင်ဘူး။ ကျမကိုထိုးလွှတ်လိုက်တာလည်း ဒီတစ်သက်မကျေဘူး။" မေလေးကပြန်အော်တယ်။

"ရန်စကို မြန်မြန်ဖြတ်ပါစေတော့ဆိုပြီး ငါ့တို့လူကြီးတွေအကုန်ဝင်ပါလို့ ပွဲကိုထိန်းပေးခဲ့တာသမီးငယ်။ သမီးစိတ်အေးချမ်းစေဖို့ လူကြီးတွေတာဝန်ယူတာလေ၊ အခုလို လူငယ်ချင်းရန်ဖြစ် ဖြေရှင်းနေမယ်ဆိုရင် လူကြီးတွေက ဘာလို့ဝင်ပါတော့မလဲ၊ မသိချင်ယောင်ဆောင်နေပေးလိုက်မှာပေါ့။ အဲ့လိုဆိုရင်ကော ငါ့သမီးဘက်က လက်ခံနိုင်မလား။ ကဲ သမီးမေလေးပြော။"

ဦးရီးငယ်က ချက်ကျလက်ကျမေးလိုက်တယ်။ ဦးရီးငယ်ရဲ့မေးခွန်းအဆုံးမှာ မေလေးလည်း သောင်းကျန်းရာကငြိမ်သွားတယ်။

"ကျမခံပြင်းလွန်းလို့ပါဦးရီးငယ်ရယ်။ ကျမလွန်တယ်ဆိုတာသိပေမယ့် ကျမရင်ထဲမှာ ခံပြင်းလွန်းလို့ပါ။ ငယ်လင်းငယ်မယား၊ သူ့ဆိုးသမျှဒဏ်ခံနေတဲ့ကျမထက် အဲ့ကောင်လေးကဘာများကောင်းနေလို့လဲလို့ တွေးမိတိုင်း ကျမခံပြင်းလွန်းလို့ပါ။" မေလေးလည်း ရင်ဘတ်ကိုထုလို့ ငိုကြွေးရင်း ပြောတော့တယ်။

"အေးဘာသမီးရယ်။ သမီးရင်ထဲက ခံစားချက်ကို ဦးရီးတို့က မမြင်လို့ သမီးကိုအပြစ်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သမီးလုပ်နေတာက ပြသနာကို ဖြေရှင်းနေတာမဟုတ်ပဲ ပိုကြီးလာအောင်လုပ်နေသလိုပဲလေ။ သမီးလည်းခံစားရ၊ တစ်ပါးသူလည်း ခံစားရတော့ မကောင်းဘူးလေကွယ်။ သူမကောင်းရင် သူ့အားနဲ့သူသွားမှာပေါ့။ ဒါကိုသမီးက အလုပ်ထဲထိ လိုက်တိုင်တာတွေ၊ ရန်သွားဖြစ်တာတွေလုပ်တော့ သမီးလည်း မကောင်းဘူးဖြစ်တာပေါ့ကွယ်။

ကဲအခုလို သူတို့ဘက်က တုံ့ပြန်လိုက်တော့ရော ငါ့သမီးပဲ မိအေး၂ခါနာ ဖြစ်ရပြန်တာမဟုတ်လား။ နောက်ပြီး ကိုယ့်ယောက်ျားကို အလုပ်နားစေချင်လည်း တိုးတိုးတိတ်တိတ်ပြောပေါ့၊ ဦးရီးတို့လည်း ပြောပေးမှာပေါ့။ အခုလို အလုပ်ထုတ်ခံရအောင်လုပ်တော့ နာမည်ပျက်တာပေါ့ကွယ်။ လူဆိုတာ နာမည်ပျက်သွားရင် တစ်ဘဝလုံးသုံးစားလို့မရတော့ဘူးကွဲ့။

ဘယ်လောက်ချမ်းသာပါတယ်ပြောပြော၊ အလုပ်လုပ်ရမယ်။ လုပ်ငန်းအောင်မြင်ဖို့ဆိုတာ နာမည်တစ်လုံးကအရေးကြီးတာ ငါ့သမီးကပိုသိမှာပါ။ ကဲ အခုပြော....သမီးလုပ်ရပ်တွေရပ်ပြီး စိတ်ချမ်းသာအောင်နေမယ်မလား။ ဒါမှမဟုတ် ဦးရီးတို့လူကြီးတွေဘေးဖယ်ပေးရမလား။" ဦးရီးငယ်က မေလေးကို တရားချတယ်။

"တစ်ခုတော့ လုပ်ပေးပါ ဦးရီးငယ်။ ဒီတစ်ခုလုပ်ပေးရင် ကျမရပ်မယ်။ ဒီတစ်ခုပဲ။ မဟုတ်ရင်တော့ ကျမ ဟိုကောင်လေးရပ်ကွက်အထိသွားပြီး ကျမပါးတစ်ဖတ်ရဲ့လျော်ကြေးကို တောင်းရလိမ့်မယ်။"

"ဘာများလဲသမီး။ ပြော....။ ဦးရီးတို့လူကြီးတွေ ဝိုင်းဖြေရှင်းပေးမှာပေါ့။"

"ဟိုကောင်လေးက ကိုဗညားနှုတ်ကမထွက်ရင် ဘာမှမယုံဘူးလို့ ပြောနေတယ်။ အဲ့တော့ ကိုဗညားကိုယ်တိုင် သူ့ကို အဆက်ဖြတ်ပါတယ်လို့ပြောပေးရမယ်။ ကိုဗညားကိုယ်တိုင် သူ့ကိုအလုပ်က ထုတ်ပါတယ်လို့ပြောပေးရမယ်။ ကိုဗညားကိုယ်တိုင် မပက်သတ်ပဲ ဝေးဝေးနေဖို့ပြောပေးရမယ်။ ဒါဆိုကျမလည်း ရပ်မယ်။" မေလေးက ဗညားကို တည့်တည့်ကြည့်လို့ ပြောလိုက်တယ်။

............

မင်းမင်းအလုပ်ကပြန်ရင် ဥက္ကာငယ်အိမ်သွားပြီး သတင်းကောင်းပြောဖို့ စီစဉ်ထားတယ်။ ဒီတစ်လသာ သည်းခံလိုက်မယ်ဆိုရင် ကိုဗညားနဲ့ညီ နီးစပ်ပြီဆိုတဲ့အကြောင်းကို ပြောဖို့ အလုပ်ဆင်းချိန်ကိုတောင် မစောင့်နိုင်လောက်အောင်ပါပဲ။

"ကိုမင်း ဖုန်းလာနေတယ်။" ရုံးအဖွဲ့မှ ကောင်မလေးတစ်ယောက်က လာခေါ်တယ်။

'ဟယ်လို ကျတော်မင်းမင်းပါ။'

'အကို။ ချစ်လေးပါ။ ချစ်လေးမေမေရုတ်တရက်သွေးတိုးပြီး သတိလစ်သွားလို့။ အဲဒါအခု ဖျားနာဆောင်၃မှာတင်ထားရတယ်။ အကိုရုံးဆင်းရင် လာခဲ့ပေးပါဦးနော်။ ဒီမှာချစ်လေးတစ်ယောက်တည်း အားငယ်နေလို့ ဟင့် ဟင့်။' တစ်ဘက်မှ မင်းမင်းချစ်သူကောင်မလေး၏ အငိုတစ်ဝက်နဲ့စကားသံကိုကြားလိုက်ရတယ်။

'ဟာာာာာာ ချစ်လေး။ ဘယ်လိုဖြစ်ရတာလဲကွာ။ မငိုနဲ့လေ။ တိတ်တိတ်။ အမေရော အခုသက်သာသွားပြီလား။ အကိုရုံးဆင်းတာနဲ့တန်းလာခဲ့မယ်နော်။ စိတ်မပူနဲ့။ အဲ့လိုကြီးငိုမနေနဲ့တော့လေ။ တိတ်နော်။' မင်းမင်းလည်း ချစ်သူလေး အငိုတိတ်စေရေးအတွက် ကြိုးစားချော့မော့လိုက်တယ်။

'ဟုတ်အကို ။ အဲ့ဒါဆို ချစ်လေးမျှော်နေမယ်နော်။ ဒါပဲနော်အကို။ အမေ့ကိုတစ်ယောက်တည်းထားခဲ့ရလို့။' တစ်ဘက်မှ ချစ်ရသူက နှုတ်ဆက်လို့ဖုန်းကိုချသွားပေမယ့် မင်းမင်းကတော့ ဖုန်းကိုကိုင်လို့ စိတ်များလေးလံစွာနဲ့ စဉ်းစားခန်းဝင်နေပါတော့တယ်။

"ဘာဖြစ်တာလဲ အကိုမင်းမင်း" ဖုန်းနားထိုင်နေတဲ့ အရောင်းစာရေးမလေးက စပ်စုတယ်။

"ငါ့ချစ်သူရဲ့အမေပါဟာ။ သွေးတိုးပြီးသတိလစ်သွားလို့ ဆေးရုံတင်လိုက်ရတယ်တဲ့။" မင်းမင်းလည်းဖုန်းကိုပြန်ချလို့ သက်ပြင်းမောတစ်ခုကိုပါ ပြိုင်တူချလိုက်ရင်းပြောလိုက်တယ်။

"အမလေး။ အဲ့ဒါကြောက်ရတယ်နော်။ ဦးနှောက်သွေးကြောပြတ်တယ်ဆိုလား ၊ ဘာလားနော်။ အဲ့ဒါဖြစ်ရင် ထိုင်နေရင်းတောင် ခေါက်ခနဲသေတာတဲ့။" စာရေးမလေးက စိုးရိမ်စွာ သတိပေးစကားပြောတယ်။

"အေးဟာ။ ငါ့ချစ်သူကလည်း အမေတစ်ခု ၊သမီးတစ်ခုပဲရှိတာဆိုတော့ သူ့အမေအခုလိုဖြစ်တာကို စိုးရိမ်ပြီးငိုနေတယ်။ သူ့အမေကလည်း သွေးတိုးရောဆီးချိုရောရှိတာဆိုတော့ ဟိုတစ်ရှောင်ရှောင်၊ ဒီတစ်ရှောင်ရှောင်ရယ်ဟ။" မင်းမင်းလည်း စိတ်ပေါ့လို ပေါ့ညား ရင်ဖွင့်ရှင်းပြလိုက်တယ်။

"သွားပြီးအားပေးလိုက်ပေ့ါအကိုမင်းမင်းရယ်။ ကိုယ့်ကိုအားကိုးတဲ့ဟာ"

"အေး။ ကျန်တဲ့ရက်ဆို ကိစ္စမရှိဘူးဟ။ ဒီနေ့က ငါ့မှာ သွားစရာတစ်ခုရှိနေတယ်။"မင်းမင်းလည်း စိတ်ညစ်စွာ ညည်းညူပြောလိုက်တယ်။

"သွားစရာက အရေးကြီးလို့လား။ သိပ်အရေးမကြီးရင် မနက်ဖြန်ရွေ့လိုက်ပေါ့။ ချစ်သူရဲ့အမေက သေရေးရှင်ရေးဖြစ်နေတာလေ။ တော်ကြာ ချစ်သူလေးက စိတ်ကွက်သွားလို့ အကိုမင်းမင်းတို့ ချော့နေရမယ်နော်။" စာရေးမလေးက ပြုံးစိစိနဲ့ စ ရင်း ပြောတယ်။

(အင်း....ဟုတ်ပါတယ်လေ။ ကိုဗညားကိစ္စကတစ်လတောင်ကြာဦးမှာပဲဟာ။ မနက်ဖြန်မှပြောလည်း ရနေတာပဲ။ နောက်ပြီးညီလည်း စာမေးပွဲနဲ့ဆိုတော့ ကိုယ်သွားရင် စာကျက်ပျက်နေဦးမယ်လေ။ ဟုတ်တယ်။ ချစ်လေးဆီဒီနေ့သွားပြီး ညီ့ဆီ မနက်ဖြန်မှ ဆက်ဆက်သွားမယ်။)

မင်းမင်းလည်း သေချာတွေးတော့ပြီးမှ

"ကျေးဇူးပဲညီမရာ။ ကဲ အကိုသွားဦးမယ်။ အလုပ်ဆင်းတာနဲ့ပြေးရအောင် အခုတည်းက အလုပ်တွေလက်စသတ်ထားမှ" စာရေးမလေးကို နှုတ်ဆက်ပြီး ထွက်သွားလိုက်တော့တယ်။

............

ကားပေါ်တစ်လမ်းလုံး မျက်ရည် တတွေတွေကျနေတဲ့ ဥက္ကာငယ်ဟာ အိမ်ကိုပြန်ဖို့ တွေဝေလို့နေပါတယ်။ ရှက်လွန်းလို့ ကားရှေ့ခေါင်းခန်းကို တစ်ယောက်တည်းငှားစီးပြီးလာပေမယ့် အသံတွေက မကြားချင်ယောင်ဆောင် မရလောက်အောင် ကြားနေရပါတယ်။

ကားပေါ်မှလူများအားလုံးကလည်း ဥက္ကာငယ်ကိုကြည့်လို့ တိုးတိုးတစ်မျိုး ၊ ကျယ်ကျယ်တစ်ဖုံ အတင်းပြောလို့နေကြတယ်။ မမေလေးရဲ့ အော်ကြီးဟစ်ကျယ် အရှက်ခွဲစကားတွေဟာ ကားပေါ်မှလူများအားလုံးကော၊ ကားဂိတ်မှလူများအားလုံးပါ ကြားသွားကြတယ်လေ။

("ဟဲ့ အောက်တန်းစားကောင် နင်ကများငါ့ကိုလက်ပါရတယ်ရှိသေးတယ်။ အမလေး... ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ သူများယောက်ျားကိုလည်း ကြောင်တောင်နှိုက်သေးတယ်။ လာပြောတော့လည်း လက်ပါခံရတယ်တဲ့။

မိန်းကလေးမို့ အားကိုးရှာပြီး သူများလင်ခိုးတယ်ဆိုလည်း ကြားလို့၊ပြောလို့ကောင်းသေးတယ်။ အခုဟာက ယောက်ျားရင့်မာကြီးက လင်ခိုးတာတဲ့ရှင်။ ဟောဒီမှာ ယောက်ျားချင်းတောင် -င်ခံတဲ့ ပိုင်းလုံးကောင်ပါ။ ကလေး၂ယောက်အဖေ အိမ်ထောင်သည်ကိုတောင်မရှောင် ကပ်စားခြူစားနေတဲ့ အပျက်သာသာကောင်ပါတော့။")

မမေလေးရဲ့ စကားတွေဟာ နားထဲ တဝဲလည်လည်ပြန်ကြားနေပြီး ဥက္ကာငယ်မှာ ခေါင်းမဖော်နိုင်အောင် ရှက်လို့နေပါတော့တယ်။

မှန်တာ၊မှားတာ အပထား ကျောင်းသူကျောင်းသားများပီပီ ဝိုင်းဝန်းစပ်စုကြ၊ စကားများ ဟိုပို့ဒီပို့လုပ်ကြပုံမျိုးနဲ့ဆို မနက်ဖြန်ဆိုတာနဲ့ တစ်ကျောင်းလုံးကို ဥက္ကာငယ့်သတင်းက ၁၀၀% ပျံ့နှံ့နေမှာ အသေအချာပါပဲ။ စာမေးပွဲရက်မို့ အများကြီးမပျံ့ပါစေနဲ့လို့ပဲ ဥက္ကာငယ်ဆုတောင်းရင်း ဓားတန်းကားဂိတ်က စက်ဘီးလေးကို အပ်နှံရာမှ ရွေးပြီး မစီးပဲ ဖြည်းဖြည်းချင်းတွန်းလို့ ပြန်လာလိုက်တယ်။

အိမ်ကိုရောက်တော့ အမေကိုအရင်ဆုံး မဝင့်မရဲရှာမိတယ်။ နေ့လည်ခင်းမို့ အမေကမီးဖိုချောင်ထဲမှာ ဟင်းများ ပြန်လည်နွေးရင်း စားသောက်ဖို့ပြင်ဆင်နေတယ်။

"ဟော သားကြီးတောင်ပြန်လာပြီ။ ဖြေနိုင်ရဲ့လား ငါ့သား။" အမေက ခရီးဦးကြို စကားမေးတယ်။

"ဟုတ်..ဖြေနိုင်ပါတယ်အမေ။" ကျတော်လည်း အမေ့ကို အကဲခတ်ရင်း ပြန်ဖြေလိုက်တယ်။

"ကဲ...ဖြေနိုင်တယ်ဆိုလည်း လာခဲ့။ ဗိုက်ဆာနေပြီမလား။ အမေက ငါ့သားကြိုက်တဲ့ ငါးခေါင်းချဉ်ရည်လေး ချက်ထားတယ်။ ငံပြာရည်လည်း ဖျော်ထားတယ်။ ထမင်းဆာရောပေါ့ စားကြစို့လာ။" အမေက ပြုံးချိုစွာပဲ ကျတော့်ကို မီးဖိုထဲ ထမင်းစားဖို့ လှန်းခေါ်တယ်။

ဒါနဲ့ကျတော်လည်း အခန်းထဲအဝတ်ဝင်လဲပြီး စာကြည့်စားပွဲပေါ်ကျောပိုးအိတ်ကိုတင်လို့ခေတ္တထိုင်ပြီး တွေးမိတယ်။

(ဟိုမိန်းမကြီး ငါ့ကိုစိတ်ဆင်းရဲအောင် တမင်တကာ ပေါက်တက်ကရတွေ လာပြောတယ်။ တမင်တကာအရှက်လာခွဲတယ်။ အယုတ်တမာမကြီး။)

(ဦးရေ..... ဦးကရော ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲဟင်။ သားကိုလာမတွေ့တော့ဘူးလားဟင်။ သားဒီမှာ ဒုက္ခတွေရောက်နေပြီဦးရဲ့။ သားကိုလာကယ်ပါဦး။)

ဦးအကြောင်းကိုတွေးရင်း မျက်ရည်တွေက အလိုလို ပြိုကျလာတော့တယ်။ ခုတင်ခေါင်းရင်းမှာကပ်ထားတဲ့ ဘုရားပုံတော်လေးကို အာရုံပြုလို့ မျက်လုံးမှိတ်ဆုတောင်းလိုက်တယ်။ ဒီအချိန်မှာ အားကိုးရာဟာ မြတ်စွာဘုရားအပြင် မရှိတော့ဘူးလေ။

(အရှင်ဘုရား။ သား ဦးကိုတကယ်မြတ်နိုးချစ်ခင်ပါတယ်။ သားရဲ့ မေတ္တာ စစ်မှန်ခဲ့ရင် ဦးကို သားဆီပို့ပေးပါ။)

ဥက္ကာငယ်လည်း ပူပင်မှုတွေကို အတက်နိုင်ဆုံးဖုံးဖိလို့ မီးဖိုချောင်ထဲထမင်းစားဖို့ သွားလိုက်တော့တယ်။ ဘယ်လောက်ပဲ စိတ်ဆင်းရဲနေပါစေ အမေမရိပ်မိအောင်တော့ အတက်နိုင်ဆုံး ဟန်ဆောင်ထားရဦးမယ်လေ။

ဒီလိုနဲ့ပဲ မိသားစု၄ယောက်ရဲ့ထမင်းဝိုင်းလေးဟာတော့ အပြုံးတုတွေပေါပေါသီသီသုံးပြီး ပျော်ချင်ယောင်တွေဆောင်ခဲ့ကြတယ်။ ဥက္ကာငယ်တစ်ယောက် သူ့ဆုတောင်ပြည့်လို့ သူ့ရဲ့ဦးဟာ သူ့ဆီရောက်လာမှာကိုတော့ မသိသေးရှာပါဘူး။ သူ့ရဲ့ဦးရောက်လာမှာပါ။ ဒါပေမယ့်......

Continue Reading

You'll Also Like

398K 22.8K 38
​ေရြးခ်ယ္​ခြင္​့မ႐ွိတဲ့ ႏွလုံးသားမုိ႔ ......
343K 27.6K 45
ကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ
275K 467 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
81.9K 6.5K 16
🤍 In a relationship with Mg's Saydanaryone Start Date - 3. 8. 2021 End Date - 6.11.2022