#Unicode ရင်ခွင်ရိပ် #Zawgyi...

By MoeSat884

60.5K 2.3K 97

#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီ... More

အပိုင္း (၁)
Unicode အပိုင်း(၁)
အပိုင္း (၂)
Unicode အပိုင်း (၂)
အပိုင္​း(၃)
Unicode အပိုင်း(၃)
Unicode အပိုင်း(၄)
အပိုင်း (၄)
အပိုင်း(၅)
Unicode အပိုငျး(၅)
အပိုင်း(၆)
Unicode အပိုငျး(၆)
အပိုင်း(၇)
Unicode အပိုငျး(၇)
အပိုင်း(၈)
Unicode အပိုငျး(၈)
အပိုင်း(၉)
Unicode အပိုငျး(၉)
အပိုင်း(၁၀)
Unicode အပိုငျ(၁၀)
အပိုင်း(၁၁)
Unicode အပိုငျး(၁၁)
အပိုင်း(၁၂)
Unicode အပိုငျး(၁၂)
အပိုင်း(၁၃)
Unicode အပိုငျး(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
Unicode အပိုငျး(၁၅)
အပိုင်း(၁၆)
Unicode အပိုငျး(၁၆)
အပိုင်း(၁၇)
အပိုငျး(၁၇)
အပိုင်း(၁၈)
#Unicode အပိုငျး(၁၈)
အပိုင်း (၁၉)
Unicode အပိုငျး(၁၉)
အပိုင်း(၂၀)
Unicode အပိုငျး(၂၀)
အပိုင်း(၂၁)
Unicode အပိုငျး(၂၁)
အပိုင်း(၂၂)
Unicode အပိုငျး(၂၂)
အပိုင်း(၂၃)
Unicode အပိုငျး(၂၃)
အပိုင်း(၂၄)
Unicode အပိုငျး(၂၄)
အပိုင်း(၂၅)🚨🚨🚨
Unicode အပိုငျး(၂၅)🚨🚨🚨
အပိုင်း(၂၆)
Unicode အပိုငျး(၂၆)
အပိုင်း (၂၇)
Unicode အပိုငျး(၂၇)
အပိုင်း(၂၈)
Unicode အပိုင်း(၂၈)
#Unicode တောင်းပန်စာ #Zawgyi တောင်းပန်စာ
အပိုင်း(၂၉)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင္း(၃၀)
အပိုင်း(၃၁)
အပိုင္း(၃၁)
13.4.2022
အပိုင်း(၃၂)
အပိုင္း(၃၂)
အပိုင်း(၃၃)
အပိုင္း(၃၃)
အပိုင်း(၃၄)
အပိုင္း(၃၄)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း

Unicode အပိုင်း(၁၄)

543 30 0
By MoeSat884

အပိုင်း(၁၄)

အပြင်က စကားပြောသံတွေဆူညံနေတာကြောင့် မေ လန့်နိုးလာခဲ့ရသည်။ မေ ရင်ခွင်ထဲမှာတော့ ခုချိန်ထိ ခွေခွေလေးအိပ်နေတဲ့ ဝက်ပေါက်တစ်ကောင်ကတော့ အပြင်ကအသံတွေကိုကြားမယ်မထင်ပါ။ အချိန်တွေကုန်တာအရမ်းမြန်လွန်းတယ် မခွဲခြင်းလဲခဏတော့ဝေးရဦးမယ်။ ဖော်ပြဖို့ခက်ခဲနေတဲ့မေ့ရဲ့ ခံစားချက်တွေ ဒီဝက်ပေါက်လေးကမြင်နိုင်ပါ့မလား ။ တုံးတုံးအအနဲ့ ပြောသမျှ လိုက်လျော ပေးတက်တဲ့သူအပြုမူတွေ
တခါတလေ ဆိုးချင်နွဲ့ချင်ပါလျှက်နဲ့ မေ စိတ်ဆိုးမှာကြောက်လို့မဆိုးရဲတဲ့ ပုံစံလေးတွေ မေ သတိတရရှိနေသည်ကိုယ် သူသိနိုင်လိမ့်မယ်မထင်ပါ။ ညတုန်းကသူတောင်းဆိုတာလေးကိုယ်ပြန်တွေးပြီး မေ သဘောကျနေမိသည်။ လူကြီးဆန်လိမ့်မယ်လို့ထင်ရပေမယ့်သူက အရမ်းကလေးဆန်တာညကမှမေပိုသိလာခဲ့ရသည်။

"အင်း..."

သူခန္တာကိုယ်လေးမေရင်ခွင်ကရုန်းထွက်ပြီး ပျင်းကြောဆန့်ကာအိပ်ယာထဲလူးလိမ့်နေသည်။

"ဘယ်ချိန်ထဲကနိုးနေတာလဲမမေက"

"အပြင်မှာဒီလောက်ညံနေတာ"

"ဟုတ်လား.....မိုးဇင်တော့မကြာမိပါဘူး"

"ရှင်ကအိပ်ပုတ်နေတာကိုး"

"ဟီး"

"ရယ်မနေနဲ့ ထ မျက်နှာသွားသစ်"

"အေးတယ် ခဏလေးအိပ်ဦးမယ်"

"မရဘူး သွားသစ်...ညစ်ပတ်တယ်"

"မမေကလည်း...."

"သွားမှာလား မသွားဘူးလား"

"သွားမယ်.....ဟွန့်"

"အစထဲကပြောစကားနားထောင်လိုက်ရင်ပြီးနေတာကိုယ်"

"မမေကရော မျက်နှာမသစ်သေးဘူးလား"

"မေကိုယ်ကမပြောနဲ့လေး ခဏနေလိုက်လာမယ်"

"ဟွန့်"

စူစူပုတ်ပုတ်နဲ့အိပ်ယာထားသွားတဲ့ ဝက်ပေါက်လေးကိုယ်ကြည့်ရင် မေ ပြုံးရင်သာအိပ်ယာထဲကျန်ခဲ့သည်။

မမေမိုးလင်းတိုင်းမှာခုလိုလေးသာအတူတူနိုးထခွင့်ရမယ်ဆိုရင်ကြုံလာသမျှအခက်ခဲတွေရင်ဆိုင်ဖို့ခွန်းအားတွေပြည့်နေမှာသေချာတယ်။

မိုးဇင်သူရဲ့အတွေးတွေကို မေ သိမှာမဟုတ်သလို မေ့မျက်ဝန်းရဲ့စကားတွေကိုယ်မိုးဇင်သူမဖတ်နိုင်ခဲ့ပါ။

..........

"ဟိုရောက်ရင် စာရေးနော် ပြစ်မထားရဘူး"

"ပြန်မှာကခဏလေးဘဲလေး မေက မြန်မာစင်ကဒ်တောင်မထည့်တော့ရင်ကောင်းမလားလို့"

"ပြစ်ထားမယ်ပေါ့"

"မဟုတ်ပါရှင် မေက စဉ်းစားတုန်းပါ"

သို့သော် ခပ်ငိုင်ငိုင်မိုးဇင်သူမျက်နှာထားကပြန်ပြုံးရွှင်လာခဲ့ခြင်းမရှိခဲ့။

"မမေက မိုးဇင်ကိုယ်မချစ်ဘူးနော်"

"ကျစ်....ဘာလို့အဲ့လိုပြောရတာလဲ"

"အလေးနက်မထားလို့လေး"

"မိုးဇင် မေ့မျက်နှာကိုယ်ကြည့်စမ်း မေ့ပုံစံက
အဲ့လိုပေါ့ပေါ့ပျက်ပျက်ကြီးဖြစ်နေတာလား ပြီးတော့ရှင် ဘာလို့ မေ့ရဲ့ခံစားချက်ကိုခုထိနားမလည်ရတာလဲ"

"မမေရော မိုးဇင်ဘက်ကိုယ်တွေးကြည့်ပါဦး"

"မေ သိတယ် ရှင်ခံစားနေရတဲ့အရာတွေကိုယ် မေ့ကိုယ်အချိန်တစ်ခုလောက်တော့ပေးပါ"

မေ့ ကိုယ်မျက်နှာလွှဲပြီး လှည့်ထွက်လာခဲ့လိုက်သည်။ သူကဘာသိတာလဲ တစ်နေ့ထက်တစ်နေ့ ပိုတိုးလာခဲ့တဲ့ အချစ်တွေကိုယ်သူမသိဘူး ဆုံးရှူံး ရမှာကြောက်လို့ သံသယတွေများလာတာသူမသိဘူး။ သူငြိုငြင်မှာစိုးလို့ အရာရာမြိုသိမ့်နေရတာတွေသူမသိဘူး။
တွေးရင်းနဲ့ပင်အလိုလိုဝမ်းနည်းလာသည် ကျလုနီးနီးမျက်ရည်ကိုယ်ကျမလာစေဖို့ထိန်းချုပ်ပြစ်လိုက်သည်။ ငိုနေလဲချော့မယ့်ထဲသူမပါဘူးလေး မျက်ရည်ပေါလားတဲ့ အားတိုင်းငိုနေတာ ဘာလို့စိတ်အဲ့လောက်ပျော့ရတာလဲတဲ့။ ပုံမှန်ဆိုမျက်ရည်မလွယ်တဲ့ကိုယ်ဟာသူနဲ့ ပတ်သတ်လာရင် ထိရှလွယ်လွန်းနေတာကအပြစ်တစ်ခုလိုဖြစ်နေသည်။

........

"ပြန်မယ့်ရက်သိရပြီးလားမမေ"

"သိပြီးဘာလုပ်မလို့လဲ"

"မေးကြည့်တာပါ"

"မသိသေးဘူး"

ညာဖြစ်ခဲ့သည်၊လိမ်တာညာတာမုန်းတဲ့မေကဒီတစ်ခုတော့အမှန်မပြောချင်။ ကြိုတွေးပြီးပူပင်နေမှာမေ စိုးရိမ်တယ် တစ်ခုခုဆိုအဆုံးထိတွေးတက်တဲ့ သူ့စိတ်ကြောင့် သူပင်ပန်းနေရမှာမေ သိသည်။ ဒါကြောင့် မေ ညာခဲ့ရသည်။

"ဟုတ် သိရင်ပြောဦးနော်"

"အင်းပါ "

မမေ ဘာကြောင့်ညာရတာလဲ မေးလိုက်တာမသိသေးဘူးဘဲဖြေနေတဲ့ မေ့ကိုယ်
မသကာၤလို့ ယောက်ဖကိုယ်မေးတော့ မမေပြန်မယ့်ရက်က နှစ်ရက်လောက်သာလိုတော့သည်။ မိုးဇင်က မမေအတွက်အရေးမပါတဲ့သူဖြစ်နေလို့လား။ မိုးဇင်မှာဒါလေးတောင်သိပိုင်ခွင့်မရှိတော့ဘူးလား။ ဒီတစ်ခါတော့မျက်လုံးအိမ်မှခုန်ဆင်းလာတဲ့မျက်ရည်တွေကိုယ်သူမတွေ့နိင်လို့မိုးဇင်သူမတားစီးတော့ဘဲကျခွင့်ပြုလိုက်မိသည်။ တကယ်ဘဲ မိုးဇင်သူက မမေအတွက်လုံးဝအရေးမပါးတဲ့သူလား။

.............

"မမေ လမ်းထဲမှာအစစအရာရာဂရုစိုက်နော် မသွားခင်ဘုရားရှိခိုးဖို့လည်းမမေ့နဲ့ဦး"

"စိတ်ချပါရှင့်"

"ရွာရောက်ရင် ရောက်ကြောင်းလေးတော့ပြောဦး"

"ဟုတ် မေ ညီမလေးအကောင့်ပေးထားတယ်လေး အဲ့ဒီကဘဲမေ စာရေးမယ်နော်"

"ဟုတ်ကဲ့ပါ"

"ရှင်လည်းလိမ်လိမ်မာမာနေဦး  ကျွန်မ မရှိဘူးဆိုပြီး အိပ်တာနောက်ကြမနေနဲ့ ကြူလည်းကြူမနေနဲ့"

"မကြူပါဘူး"

"ပြီးတော့....မေ့ကိုယ်စိတ်ချပါ မေ ရှင့်ကိုယ်မပြစ်ထားဘူး"

"ဟုတ်"

တိုက်တိုက်ဆိုင်ဆိုင်သူပြန်တဲ့နေ့ကစနေနေ့
အမှန်ဆိုဒီည သူမလာရင်တောင် အချိန်အကြာကြီးဖုန်းပြောရမှာခဏဆိုပေမယ့်လည်း ဖြစ်နိုင်မယ်ဆိုသူနဲ့တစ်စက္ကန့်လေးမှမခွဲချင်ပါ။ နာရီတွေသာတရွေ့ရွေ့နဲ့ပုံမှန်လည်ပတ်နေပေမယ့် မိုးဇင်သူရင်ထဲမှာတော့ ပုံမှန်မဟုတ်တဲ့လွမ်းဆွေးခြင်းတွေနဲ့ ရင်ဘက်ထဲမှတစ်ခုခုဆွဲယူခံလိုက်ရသလိုလို ဟာတာတာကြီးဖြစ်နေတော့သည်။

မနက်မှနေ့လည် နေ့လည်မှညနေ ကူပြောင်းလာပြီးဖြစ်ပေမယ့် မေ့ စီကစာမရောက်လာသေးတာကြောင့် စာအိပ်လေးမျှော်လိုက်နာရီကြည့်လိုက်ဖြင့်သာ စိုးရိမ်နေမိသည်
နာရီတွေတဖြေးဖြေး နေ့လည်မှညနေသို့ကူပြောင်းလာတိုင်း မိုးဇင်သူရဲ့စိုးရိမ်မှုတွေပို၍
တိုးလာခဲ့ရသည်။ အမြဲမြဲ ကြောက်မက်ဖွယ်ရာတွေဖြစ်နေတဲ့အဲ့ဒီလမ်းနဲ့ ခပ်ကြမ်းကြမ်းပြိုင်မောင်းကြတဲ့ကားသမားတွေကြောင့် မိုးဇင်သူစိုးရိမ်စိတ်ကပို့မြင့်တက်လာပြန်သည်။

"ဒီချိန်သူ ဘယ်ရောက်နေပြီးလဲ တကယ်ဆိုသူရွာရောက်သင့်နေပြီးမဟုတ်လား ဟာ....သူခရီးသွားနေတာလေး ငါဘာတွေလိုက်တွေးပြီးပူနေတာလဲ သူရောက်ရင်စာပို့မယ်ရေးထားသားဘဲ သူကဘာလို့မရေးသေးတာလဲ မရောက်သေးလို့ နေမှာပါ ဘာလို့မရောက်သေးတာလဲ...ဟာ...မသိတော့ဘူး"

မေးလိုက်ပြန်ဖြေလိုက်နဲ့ မိုးဇင်သူတစ်ယောက်ထဲသာ အလုပ်ရှုပ်နေရသည်။

"ဟင်...5 နာရီတောက်ခွဲနေပြီးဘဲ ဘာလို့စာကမရောက်သေးတာလဲ သူမေ့နေတာလား ... ငါဆက်မတွေးသင့်တော့ဘူး စိတ်အေးအေးထားပါ မိုးဇင်သူရယ် မမေ ဘာမှမဖြစ်ပါဘူး"

မိုးဇင်သူ စိုးရိမ်စိတ်တွေဖြင့် စူးပြီးအောင့်လာတဲ့ ရင်ဘက်ကိုယ်အသာယာဖိထားပြီးစိတ်ဖြေနေရသည်။

"ရှင်သာပြစ်သွားခဲ့မယ်ဆို မိုးဇင်ဘယ်လိုရှေ့ဆက်ရပါ့မလဲ ခုလိုခဏလေးတောင် မိုးဇင် ရှင့်ကိုယ်စိတ်မချဘူး ဟူး ........"

လေကိုယ်ခပ်ပြင်းပြင်းတစ်ချက်မှုတ်ထုပ်လိုက်ပြီး ထိုင်ရာမှ ခပ်ဖြေးဖြေးလေးထရပ်ကာ ဘေးကနံရံကိုယ်လက်ဖြင့် ထောက်ထားလိုက်သည်။ အတွေးတွေလွန်ပြီး မွန်းကြပ် လာတာနဲ့အမျှ လှုပ်မရအောင်ထုံကျင်သွားသည့်ခြေထောက်တွေကြောင့် မိုးဇင်သူဟန်ချက်မပျက်အောင်ဘေးမှထိန်းထားခြင်းဖြစ်သည်။  တရိပ်ရိပ်နဲ့ဖြေးဖြေးချင်းမူးလာတဲ့ခေါင်းကြောင့် ရှေ့မှလမ်းကိုယ် မိုးဇင်သူမနည်းအားစိုက်၍ကြည့်နေရသည်။ ဒီလိုနာကျင်မှုမျိုးကိုယ် မိုးဇင်ကိုယ်တိုင်းသာ ဖန်တီးယူနေသလိုဖြစ်နေတယ်ဆိုတာလည်းကောင်းစွာသဘောပေါက်သည်။ သို့သော်ပြုပြင်ဖို့ရာ အရမ်းခက်ခဲလှသည်။ တစ်ခုခုဆို အဆုံးထိတွေး၍ ပျော်ရွှင်နေတက်သလို နာလည်းနာကျင်နေတက်သည်။ ဒါက မိုးဇင်သူရဲ့အားနည်ချက်တစ်ခုသာ။

ဆက်ရန်

စိတ်ပျက်နေကြပြီးလားဟင် မိုးစက်အရမ်းကြာလို့😞😨

Continue Reading

You'll Also Like

2K 54 11
Mercedes McCall spends her summers working with her father and the FBI. When she isn't with her father she's in her hometown of Beacon Hills, attendi...
10.1K 595 26
Uni မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရာ အဖြစ် Zawgyi မင်းကို ချစ်မိတဲ့ အချိန်...
783K 65.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
12.9K 778 10
ဟိုတယ်ပိုင်ရှင်ကောင်မလေးနဲ့ ဟိုတယ်မန်နေဂျာ အန်တီတို့ရဲ့ ဇာတ်လမ်းလေးပါ..