Unicode အပိုင်း(၁၆)

585 35 0
                                    

အပိုင်း(၁၆)

သူအနားမှာမရှိဘဲနေလာခဲ့ရသည်မှာ ခုဆို7ရက်ဆိုတဲ့အချိန်တစ်ခုကိုယ်ရောက်လာခဲ့ပြီး ခဏပါဘဲဆိုတဲ့မမေက အကြောင်းအမျိုးမျိုးကြောင့် ပြန်မရောက်လာသေးဘူး
မိုးဇင်ကတော့လေး လွမ်းပြီးရင်းလွမ်း လွမ်း လွမ်း လွမ်းကိုဖြစ်နေတော့တာသူမသိရှာဘူး။

"မိုးဇင်သူ နင့်မျက်နှာကြီး ကစပ်ဖြီးဖြီးနဲ့အမြင်ကပ်စရာကြီး"

"လွမ်းနာကျနေတာဟဲ့ ပျော်နေတာမဟုတ်ဘူး"

"ဘယ်သိမလဲ နင့်ရုပ်ကငိုမှန်းမသိရယ်မှန်းမသိ"

ပေစောင်းစောင်းအကြည့်တစ်ချက်ဖြင့် ယွန်းကိုယ်ကြည့်လိုက်ပြီး လုပ်လက်စအလုပ်မိုးဇင်သူပြန်လုပ်နေဖြစ်သည်။ အတွေးတွေကတော့ မေရဲ့အနားမှာသာရောက်ရှိနေသည်။

ဒီနေ့တစ်နေ့လုံး မမေနဲ့စာမရေးရသေးဘူး မနက်ထဲကလည်းမတွေ့ဘူး သူနေကောင်းရဲ့လားမသိပါဘူး။ ဆေးတွေရော လောက်ရဲ့လားမသိဘူး ။

မေကိုယ်ခဏလောက်မတွေ့ရသေးသည်နှင့်တစ်ပြိုင်နက် စိုးရိမ်စိတ်တွေက ချက်ချင်းဝင်ရောက်လာခဲ့သည်။ မီးစိမ်းချင်းမရှိသေးတဲ့ မေ့ကိုယ် စာတွေတစ်ကြောင်းပြီးတစ်ကြောင်းမမော မပန်းနိုင် မိုးဇင် ရေးနေမှာနေမိသည်။

.........

"မမေ ရှင်ဘာဖြစ်နေတာလဲ"

"မေ ဘာမှမဖြစ်ပါဘူး"

"မဟုတ်သေးဘူး ရှင်နေမကောင်းလို့လား"

"မဖြစ်ဘူးလို့ပြောပြီးပြီးလေး"

"အင်းပါ"

ဆက်မမေးဘဲခဏငြိမ်နေလိုက်ပေမယ့် မိုးဇင်သူ မေရဲ့အဖြေကိုယ်မနှစ်သက်ပါ။ စာရေးရင်ကြည့်ပြီး ပြန်မရေးတော့တဲ့မေ တစ်ခါတစ်လေပြန်ရေးရင်တောင်တစ်ကြောင်းနှစ်ကြောင်းလောက်သာပြန်ပြောလေ့ရှိသည်။
ဒါဟာဘာကြောင့်လဲ မိုးဇင်သူအရမ်းသိချင်နေမိသည်။ ခုတလော facebook မှာ မေ share နေတဲ့သီချင်းတွေကရောဘာတွက်လဲ မေ ဘာတွေခံစားနေရတာလဲ မိုးဇင်သူအဖြေရှာမရခဲ့။မေ စိတ်မကြည်တဲ့ပုံဖြစ်နေတာကြောင့် မိုးဇင်သူ ဘာမှဆက်မမေးဖြစ်ခဲ့။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now