အပိုင်း(၂၀)

242 11 0
                                    

အပိုင်း(၂၀)

မနက်​အလုပ်​သွား အလုပ်​ပြန်​ စကား​ပြော​ဖော်​လည်းမရှိ တစ်​​ယောက်​ထဲ​နေရ​တော့ မိုးဇင်​ရဲစိတ်​​တွေပို၍ထိရှလွယ်​လာသည်​။
ယွန်းက သူအားတဲ့ချိန်​ ဖုန်း​ခေါ်​လေ့ရှိ​ပေမယ့်​ အဖွားပြုစုရတာတစ်​ဖက်​နဲ့မို့အချိန်​ကြာကြာစကားမ​ပြောဖြစ်​ပါ။
ဖျားချင်​သလိုလို ​ရင်​ဘက်​ဘဲ​အောင့်​​နေသလိုလို ဘာဖြစ်​လို့ဖြစ်​​နေမှန်းမသိ​လောက်​​အောင်​မိုးဇင်​သူရဲ့​ရောဂါ​တွေတိုးပွား​နေသည်​။

ငါ​သေ​တော့မလို့လား ဘာ​တွေဖြစ်​​နေတာလဲလို့ ​ခေါင်းကလည်းမူးလိုက်​တာ။ စိတ်​​တွေမကြည်​ဘူး spy နည်းနည်း​လောက်​​သောက်​ဦးမှပါ။

အလုပ်​သိမ်းသည်​နှင့်​ spy ဝယ်​ပြီး အခန်းသို့မိုးဇင်​သူပြန်​လာသည်​။

"​ဟျောင့်​....သား​လေး မင်းဘာလုပ်​​နေတာလဲ"

"သား​သောက်​​နေတာပါး"

"Video call ​ခေါ်မယ်​ကိုင်​လိုက်​"

"ဟုတ်​ကဲ့"

"​ဟျောင့်​"

"ဗျာ"

ဆံပင်​​တွေပွပြီး မျက်​နှာမှာ​ချွေ​တွေဖြင့်​ မိုးဇင်​သူရဲ့ပုံစံမှာ စုတ်​ပြတ်​ လွန်း​နေသည်​။

"​ရေမချိုးရ​သေးဘူးလား"

"ချိုးရ​သေးဘူး ပါး သား​လေး ​ခေါင်း​တွေအရမ်းမူး​နေတာ"

"​သောက်​​နေတာကိုးကွ ​ခေါင်းမူးမှာ​ပေါ့"

"မ​သောက်​ခင်​ထဲကမူး​နေ​တာ သားဘာဖြစ်​​နေလဲမသိဘူး"

"ထမင်း​ရောစားပြီပြီးလား"

"အား ....ဟုတ်​သားဘဲ သား​မေ့​နေတာ ထမင်းမနက်​ထဲကမစားရ​သေးဘူး ဟား..ဟ
လက်​စသတ်​​တော့အဲ့ဒါ​ကြောင့်​မူး​နေတာကိုး ဟား ဟာ ဟ ဟား"

"ဘယ်​လိုအသံကြီးနဲ့ရယ်​​နေတာလဲ ထ​ ​ဟျောင့်​ ​ရေချိုးပြီးထမင်းစား​တော့"

"သားထမနိုင်​ဘူး အားမရှိဘူးပါးရ"

"​အေး​နေပြီး အချိန်​ကိုယ်​လည်းကြည့်​ဦး ​ရေချိုး​တော့​"

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now