အပိုင်း(၂၉)

455 32 3
                                    

"အစ်မဘာလို့ငိုနေတာလဲ"
ညီမဖြစ်သူရဲ့အမေးကိုယ်ယွန်းမှာချက်ချင်းပြန်မဖြေနိုင်၊ လက်ထဲက မိုးဇင်သူဓာတ်ပုံလေးကြည့်ရင်းသာငိုနေသည်။

"ခုဏကဧည့်သည်ကဘယ်သူတွေလဲအစ်မ ပြန်သွားကြပြီးလား"
ထိုအခါမှယွန်းစီကအသံထွက်ပေါ်လာသည်။

"အင်း ပြန်သွားကြပြီး "

အစ်မဖြစ်သူရဲ့အရိပ်ကဲနားလည်တဲ့ညီမကလည်းဆက်မမေးတော့ဘဲရေချိုးခန်းထဲ၀င်သွားတယ်။

ယွန်းအလုပ်ကအပြန်ကိုယ်စောင့်နေကြတဲ့ဧည့်သည်နှစ်ယောက်ကိုယ် ယွန်းလည်းဒီနေ့မှပထမဆုံးအကြိမ်မြင်ဖူးချင်းဖြစ်သည်။ ဆုပြည်ဆိုတဲ့ ကောင်မလေးက
မိုးဇင်သူကိုအိပ်မက်လို့တဲ့လာရှာတာ ။

"ငါ့ကိုယ် အိပ်မက်လေးတောင်တစ်ကြိမ်မှမပေးဘဲဘယ်သူမှန်းမသိတဲ့သူတွေကြနင့်ကိုယ်လာရှာနေကြတယ် နင်ဟာလေး ငါ့ကိုယ်ဆိုအမြဲမမြင်ဘူး၊  အဟင့် ဟင့်  "

" ငါနင့်ကိုယ်တွေ့အောင်ရှာမှာ ကျေးဇူးပြုပြီး ဟိုကောင်မလေးတွေပြောသလို အသက်ရှင်နေပေးပါ ငါနင့်စီရောက်အောင်လာခဲ့မယ် ကြားလားလို့ မိုးဇင်သူရယ် ငါနင့်ကိုယ်အရမ်းလွမ်းတယ် "

ယွန်းရဲ့မျက်ရည်တွေဟာ ဖုန်းမှန်‌ပြင်လေးပေါ်မှ မိုးဇင်သူရဲ့ မျက်နှာပေါ်သို့ကျဆင်းနေလေးပြီး သူမရှိတော့တာကိုလက်ခံနိုင်အောင် အချိန်တွေအများကြီးကြိုးစားခဲ့ပြီးခါကြမှ သူအသက်ရှင်နေနိုင်တယ်ဆိုတဲ့အကြောင်းကြားရတဲ့အခါ ရင်ဘက်ထဲမှာဖော်ပြမရတဲ့ခံစားချက်ပေါင်းများစွာနဲ့
ယွန်းမျက်ရည်တွေကျမိနေခြင်းဖြစ်သည်။

အထီးကျန်တယ် ငါတစ်ယောက်ထဲဘဲဆိုသော စကားကိုအမြဲပြောတက်တဲ့သူ တရေးနိုးရင်အကြောင်းပြချက်မရှိဘဲ၀မ်းနည်းပြီးငိုနေတက်သူတစ်ယောက် သက်ရှိထင်ရှားရှိနေသေးတယ်ဆိုလည်း ဘယ်တွေသွားပြီးဘာတွေလုပ်နေလို့ အိမ်ပြန်ချိန်ကိုယ်သတိမရတာလဲ ။ ရုပ်ရှင်တွေထဲကလို ခေါင်းတွေထိပြီးအတိတ်မေ့နေတာလား ခြေထောက်များကြိုးနေလို့လား ဒဏ်ရာတွေနဲ့ပတ်တီးအပြည့်စီးထားတဲ့ ပုံလေးကိုယ်မြင်ယောင်မိပြီး ကိုမာများ၀င်နေလို့လား။ တိကျသေချာခြင်းမရှိပေမယ့်
နင်ရှိနေသေးတယ်လို့ ငါယုံချင်တယ်မိုးဇင်သူရယ် ။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Tempat cerita menjadi hidup. Temukan sekarang