Unicode အပိုင်း(၆)

910 67 0
                                    

အပိုင်း (၆)



တစ်ရက်ပြီးတစ်ရက် အဲ့ဒီ Tom boyလေးနဲ့မေက ပိုရင်းနှီးလာခဲ့သည်။ ရည်းစားစကားပြောသလိုလိုဘာလိုလိုအရေးသားတွေကြောင့် မိုးဇင်သိပ်စိတ်ပျက်နေမိသည်။ မိုးဇင်မမေကိုယ်ဘယ်သူ့ကိုမှမပေးနိုင်ပါ။ ဒါပေမယ့် မိုးဇင်ကဘဲအပိုင်လိုချင်နေတာမျိုးလဲမဟုတ်။ ဒီအတိုင်းလေးဘဲရှိနေစေချင်တယ် မမေသာ ပန်းလေးတစ်ပွင့်ဆို
ဘယ်သူ့ကိုမှမခူးစေချင် မိုးဇင်ကိုယ်တိုင်းလည်းမခူးရက်ဘဲ အလှကြည့်နေချင်တာမျိုးပါ။

............

ဒီနေ့ group ထဲစနောက်ရင် ရည်းစားတွေဖြစ်သွားသည့် အတွဲတစ်တွဲကိုယ်ကြည့်ပြီးမိုးဇင် မျက်မှောင်ကြုတ် မိသည်။ အချစ်ကအဲ့လောက်လွယ်သလား။ အဲ့ဒီလိုလွယ်လွယ်ချစ်ပြီးလွယ်လွယ်ပြစ်တဲ့သူတွေကြောင့် သိပ်တန်ဖိုးကြီးမားတဲ့ချစ်ခြင်းတရားကအဓိပ္ပါယ်မဲ့လာတာ။

"မမေ ....အဲ့လိုအတွဲတွေကိုယ်အားကျလား"

"မေ မအားကျပါဘူး လွယ်လွယ်ချစ်လွယ်လွယ်ပြစ်တဲ့ဟာတွေ စိတ်ပျက်ဖို့ကောင်းတယ်"

မေ့စီကဒီစကားကြားတော့မိုးဇင်သူပြုံးနေမိသည်။
မေကလည်းမိုးဇင်သူနဲ့အတွေးတူတယ်အချစ်ကိုယ်တန်ဖိုးထားတက်တယ်ဟူသော်မှတ်ချက်လေးမေမသိအောင်တိတ်တိတ်ကလေးပေးနေမိသည်။

"ဒါနဲ့ ဟိုတစ်ယောက်ကမမေကိုယ်ကြိုက်နေလားမသိဘူး"

"မသိဘူးလေး မိုးဇင်ရဲ့ ဘာလို့လဲ"

"အမြင်ကပ်လို့"

"မေက tom boyတွေကိုယ်မချစ်ပါဘူး ခင်ဘဲခင်တာ "

"ဒါပေမယ့် သူကအရမ်းရောလွန်းတယ်"

"ဟဟား ဒီကလေးစုတ် အူတိုနေတယ်ပေါ့"

"မမေ မလှောင်နဲ့ကွာ အူတိုနေတာမဟုတ်ပါဘူးဆို"

"ကောင်းပါပြီးရှင့် ဒါဆိုရှင်လေးကအူမတိုတက်ဘူးပေါ့"

"ဟုတ်"

မိုးဇင်ကိုယ်ရေးပြီးတာနဲ့ group ထဲမှာဟိုကလေးကိုယ်အရမ်းတွေဂရုစိုက်ပြနေတဲ့မေ့ကြောင့် မိုးဇင်စိတ်တိုလာမိသည်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now