Unicode အပိုင်း (၂)

2.2K 98 0
                                    

ပြသနာတစ်ခုဖြစ်လာတိုင်းအတိတ်တွေထဲပြန်ရောက်သွားပြီးပြန်နာကျင်နေရတဲ့အခြေနေမျိုးကိုယ်မုန်းလိုက်တာ၊မိုးဇင် တကယ်လွှတ်မြောက်ချင်နေပါပြီး။

နာရီတွေသာတစ်ဖြေးဖြေးရွေ့ရှားနေပေမယ့်မိုးဇင်ကတော့ခုချိန်ထိမအိပ်နိုင်သေးဘူး မိုးဇင်နေထိုင်တဲ့မိုးဇင်ရဲ့ကမ္ဘာကသိပ်အထီးကျန်ဖို့ကောင်းတယ် ကြယ်လေးတွေကြည့်ရင်မိုးလင်းခဲ့ရတဲ့ညတွေကမိုးဇင်တွက်မရည်တွက်နိုင်လောက်အောင်များခဲ့ပါတယ် ။

ညတွေမှာဘယ်လိုနာကျင်မှုတွေနဲ့ဘဲဖြတ်သန်းခဲ့ပါစေ ပြိုလဲကြေကွဲလွယ်တဲ့မိုးဇင်သူရဲ့ပုံရိပ်အစစ်မှန်က မနက်ခင်းနေအလင်းရောင်နဲ့အတူကွယ်ပျောက်သွားခဲ့တယ်၊ လူအများနှစ်သက်တဲ့အပြုံးတုတွေ အထက်ထက်အခါခါတပ်ဆင်ပြီး  ဝေဒနာတွေဖုံးဖိထားရတာလည်းလွယ်မနေခဲ့ပေမယ့် အကျင့်သားရနေပါပြီး။

May 15 ရက်နေ့ 12 : 37မိနစ်

"မတ်မတ်
ကဗျာရေးရင်လေး
အသဲကွဲကဗျာတွေများများလေးရေး
နော်"

၀င်လာတဲ့စာလေးကြောင့် မိုးဇင် ပြုံးနေမိတယ် ဘယ်လိုလေးပါလိမ့် တချို့က "hi" စပြီးလာရေးကြပေမယ့် သူကတော့ မတ်မတ်နဲ့စတယ်။

"ဟုတ်ကဲ့ပါ မိုးဇင် မျှပြီးရေးပါ့မယ်"

စာလေးပို့သွားတာနဲ့ချက်ချင်းကြည့်တယ် ဘာရယ်တော့မဟုတ်ပေမယ့်
စာ၀င်တာနဲ့မကြည့်ရင် မိုးဇင် မရေးချင်ဘူးလေး။

"ဟုတ် တစ်ယောက်နဲ့တစ်ယောက်ကအကြိုက်မတူကြဘူးဆိုတော့ မျှရေးရမှာပေါ့"

"ဟုတ်"

"မေကအသဲကွဲကဗျာတွေပိုသဘောကျလို့အချစ်ကဗျာတွေကြမဖတ်ချင်ဘူးလေး"

"နာမည်က မေတဲ့လား"

"အပြည့်စုံကတော့ မေနှိုင်းခ ပါ"

"ဪ လှတယ်နာမည်လေးက"

"မတ်မတ်နာမည်က မိုးဇင်ဘဲလား"

"မိုးဇင်သူ ပါ"

"ဟုတ်"

"နောက်လည်းတွေ့ရင်ခေါ်နော်"

"စာရေးနေတဲ့ချိန်ဆိုအနှောက်ဆက်ဖြစ်မှာစိုးလို့ ခုမှရေးဖြစ်တာ"

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Nơi câu chuyện tồn tại. Hãy khám phá bây giờ