Unicode အပိုင်(၁၀)

730 46 0
                                    

အပိုင်း (၁၀)

ရေဆာလိုက်တာ လှုပ်လှုပ်ရွရွနဲ့ မိုးဇင်သူတရေးနိုးလာခဲ့ပြီး..အိပ်ယာထဲဖုန်းလိုက်ရှာပြီးကြည့်တော့ မနက်သုံးနာရီဘဲရှိသေးတယ်။
ဘေးဘက်ကိုယ်ကြည့်လိုက်တော့ ခွေခွေလေးအိပ်နေတဲ့ မေ စောင်လဲလပ်နေသည်မို့
မိုးဇင်သူ မေ့အနားကိုယ်ဖြေးဖြေးလေးသွားကာ စောင်ပြန်ခြုံပေးလိုက်သည်။

မမေက အိပ်ပုတ်ပေမယ့်နည်းနည်းလေးအသံကျယ်တာနဲ့နိုးရောတဲ့။ ရေဆာနေတဲ့မိုးဇင်ရဲ့စိတ်တွေဘယ်ပျောက်နေမှန်းမသိတော့ပါဘူး။ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့မမေ မျက်နှာလေးကြည့်ပြီး ညဦးပိုင်းကဖြစ်ခဲ့တာတွေပြန်မြင်ယောင်ကာမိုးဇင်ရင်ခုန်နေပြန်ပြီး။

မေ့ရဲ့ပါးကိုယ် မိုးဇင်သူ ခပ်ဖွဖွလေးနမ်းပြီး မသိမသာလေး ပြန်လှည့်လာခဲ့သည်။ ရေသောက်ပြီး ပြန်အိပ်တော့ အိပ်မပျော်တော့တာမို့ မေ့ အိပ်ယာလေးငေးရင်သာ အတွေးပင်လယ်ထဲနစ်မျှောနေတော့သည်။

အခန်းပြင်ဘက်ကမီးရောင်ကအခန်းထဲသို့ရောင်ပြန်ဟပ်နေတော့ မေ ကိုယ်မိုးဇင် ထင်ထင်ရှားရှား မြင်နေရသည်။

မမေရဲ့မျက်နှာပေါ်ကဖွဲ့စည်းပုံအစိတ်ပိုင်းများကိုယ်တစ်ခုမကျန်မိုးဇင်လေ့လာနေတာ
မမေကလေးမျက်ခုံးသိပ်ထူတာဘဲ ပြီးတော့နှုတ်ခမ်းမွှေးလည်း ခပ်ပါးပါးလေးရှိတယ် အဲ့ဒီနှုတ်ခမ်းမွှေးတွေကိုယ်မိုးဇင် ဆွဲကစားချင်တယ်။အနမ်းရဲ့အရသာကဘယ်လိုရှိလဲဆိုတာသင်ပြပေးခဲ့တဲ့ပန်းနုရောင်အဲ့ဒီနှုတ်ခမ်းလေးက မိုးဇင်ကိုယ်အရမ်းဆွဲဆောင်လွန်းတယ်။

နာရီတွေသာတစ်ရွေ့ရွေ့လည်ပတ်နေပေမယ့် မိုးဇင်သူကတော့ မေ အလှမှာနစ်မျှောနေလျက် အချိန်တွေကုန်မသိကုန်သွားခဲ့သည်။

"ဟင်......"5"နာရီတောင်ကျော်နေပြီးလား
အဟင့်.....မမေကိုယ်ငေးနေတာအဲ့လောက်ကြာသွားမှန်းမသိလိုက်ဘူး"

မိုးဇင်အိပ်ယာကိုယ်အသံမထွက်အောင်ဖြေးဖြေးလေးသိမ်းပြီး ရေချိုးခန်းရှိရာသို့ထွက်လာခဲ့သည်။

..................
"မမေ...စားလေး"

"စားနေတာဘဲလေး"

"အားနာနေမှာစိုးလို့ပါ"

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now