အပိုင်း(၂၇)
ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁)
ထို စာလုံးလေးကိုယ် ဖတ်လိုက်သည်နှင့် ဆုပြည့်စုံရင်ထဲ၌ နွေးသွားသည်လားအေးစိမ့်သွားသည်လားဖော်ပြလို့မရတဲ့ခံစားချက်လေးတစ်ခု ဝင်ရောက်လာသည်။ သေချာသည်က ဒီနယ်မြေလေးတွင်ဆုပြည့်မသိသောဆုပြည့်နဲ့ပတ်သတ်သည့် အမှတ်တရများစွာရှိနေလိမ့်မည်။ တံတားပေါ်တွင်ဖြတ်သန်းသွားလာနေသည့် လူတွေကိုယ် ဆုပြည့်ကားပေါ်ကငေးကြည့်နေသည်။ တံတားအလွန်ကားလမ်းဘေးရှိ ပလက်ဖောင်း ဘေးမှာရှိနေသော ငုဝါပန်းပင်လေးများသည် တစ်ပင်လုံး၌အဝါရောင်လွှမ်းလျှက် အရွက်တွေတောင်မရှိတော့ပေ။ မြေပြင်ပေါ်၌ကြွေကြနေသောပန်း ပွင့်ဖက်ကလေးများသည် လေယူရာလွင့်ပါနေကြသည်။ ကားပြတင်းပေါက်အပြင်ဘက်သို့ငေးကြည့်လာရင်းမှ ဆုပြည့်ပါးပေါ်တွင်မျက်ရည်စများနေရာယူလာသည်။ ရင်ဘက်တွင်လည်း နာကျင်ဝမ်းနည်းမှုတွေရောက်ရှိလာခဲ့သည်။
"ပြည့်ပြည့် နင်ဘာလို့ငိုနေတာလဲ"
"မသိပါဘူး ဖူးရယ် ငါဘာကိုနာကျင်နေရမှန်းမသိဘူး"
"ခုဘဲ ထွက်လာတယ်အိမ်လွမ်းနေပြီးထင်တယ်"
"မသိတော့ပါဘူးဟာ ဒါနဲ့ ဖူး ငါအရင်ကဘယ်လိုပုံစံမျိုးလဲ"
ဆုပြည့်စုံသည် ယာဉ်တိုက်မှုတစ်ခုကြောင့်ဆေးရုံမှာအချိန်အတော်ကြာသတိလစ်နေခဲ့ပြီး ပြန်သတိရသည့်အချိန်တွင် မိသားစုအပြင် သူ့နာမည်သူတောင်မမှတ်မိတော့ပါ။ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ဆုပြည့်ကိုယ် ဘယ်သူကမှလည်း အတိတ်အကြောင်းပြန်ပြောပြလေ့မရှိသလို ပြန်မှတ်မိအောင်ကြိုးစားဖို့လည်းမတိုက်တွန်းကြပါ။
"နင်ကအရမ်းတက်ကြွပြီးပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ကောင်မလေးမျိုးဟ"
ဖူးကရယ်သံလေးနှောလျှက်ပြောသောစကားကိုယ်ကားမောင်နေတဲ့ ဦးဘမြင့်ကဝင်ထောက်ခံပေးသည်။
"ဟုတ်တယ် သမီးပြည့်ပြည့်ကိုယ်ကြည့်လိုက်ရင်အမြဲတက်တက်ကြွကြွနဲ့အချက်အပြုတ်ကလည်းသိပ်တော်တာ"
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...