Unicode အပိုင်း(၁၉)

508 35 2
                                    

အပိုင်း (၁၉)

လူရောစိတ်ရောပင်ပန်းနေလို့လားတော့မသိ ခုနောက်ပိုင်းမိုးဇင်သူအရမ်းခြူခြာလာသည်။ မှတ်မှတ်ရရ ပြောရမယ်ဆို မေနဲ့ လမ်းခွဲပြီးနောက်ပိုင်း တစ်ယောက်ထဲဖြတ်သန်းနေခဲ့ရတဲ့ ချိန်တွေအရမ်း အထီးကျန်ဆန်ပြီး ပူလောင်းလွန်းနေခဲ့သည်။
စိတ်အရမ်းပင်ပန်းနေပြီးဖြစ်တာကြောင့် မိုးဇင်သူအနားယူချင်သည်။

"အဲ့ဒီတော့ နင် မြန်မာပြည်ပြန်နားမယ်ပေါ့"

"အင်း"

"ဆရာလည်းပြောတယ် နင်အနားယူသင့်တယ်တဲ့သုံးလလောက်ပေါ့"

"ငါ့ကိုယ်ငါ လည်းသိပါတယ် ဒီတိုင်းဆိုငါ
သေသွားလိမ့်မယ်"

"နင်ဘယ်တော့ပြန်မလို့လဲ "

"အမကိုယ်မေးကြည့်ရဦးမယ်"

ယွန်းကြည့်နေတဲ့အကြည့်တွေကိုယ် မိုးဇင်သူ သံသယဝင်နေမိသည်။ သူဘာဖုံးကွယ်ထားတာလဲ သူ့အကြည့်တွေကတစ်ခုခုကိုယ်ပြောချင်နေသလိုလိုနဲ့။

...

ကျွန်မမျက်ရည်ကျမှ ရှင်ပြုံးနေနိုင်မယ်ဆို အမြဲတမ်းငိုဖို့တာဝန်ကိုယ်ကျေကျေနပ်နပ်ကြီးကျွန်မယူမှာပါ။

မေနဲ့မိုးဇင်သူရဲ့ ပတ်သတ်မှုသည်တစ်ဖြေးဖြေးပို၍ရှုပ်ထွေးလာခဲ့သည်။  တစ်ခါတစ်လေ မေ စိတ်ရှည်စွာနဲ့ စကားတွေဖောင်းဖွဲ့ပြောနေတက်သလို တစ်ခါတစ်လေမှာလည်းစာကိုယ်လုံးဝဖွင့်ဖတ်ချင်းမရှိခဲ့ပါ။ ဒီနေ့ည မေ spy သောက်ထားတယ်  မေက မူးနေတဲ့ချိန်ဆို ခံစားချက်တွေမဖုံးကွယ်ဘဲ ဝန်ခံတက်သည်။ဒါကြောင့်မိုးဇင်သူ မေနဲ့အရမ်းစကားပြောချင်နေသည်။ မေ ရဲ့ခွင့်ပြုချက်ရသည်နှင့် ဆက်ချင်းဖုန်းလိုက်သည်။

" ခုဘာလုပ်နေလဲမမေ"

"သောက်တုန်း မကုန်သေးဘူး"

"အများကြီးသောက်နေတာလား"

"ဟုတ်ဘူး နှစ်ပုလင်း ဘဲ"

"ဟုတ်"

"မိုး ဇင် သူ"

ခပ်လေးလေးဖြင့် ခေါ်လိုက်သည့်အသံသည် မိုးဇင်သူ နှလုံးသားထဲထိစူနစ်စွာဝင်ရောက်သွားသည်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now