အပိုင်း(၃၃)

533 29 2
                                    

  လွမ်းသည့်စိတ် တွေ့ချင်သည့်စိတ်ကိုယ် ထိန်းချုပ်ရန်မှာမလွယ်လှတာကြောင့် မိုးဇင်သူရှိရာ မေ အရောက်သာလာခဲ့ရသည်။ ရင်ထဲတော့ အနေရခက်နေသည်။

တကယ်ဆို မေက အပြစ်ရှိသူတစ်ယောက်ပါ။ သူမေ့ကိုယ် မုန်းနေလောက်ရောပေါ့။ သူမေ့ကိုယ် တွေ့ရော တွေ့ချင်ပါ့မလား။

အိမ်ထဲ၀င်ရန်ပြင်နေသောမေ့ ခြေလှမ်းလေးများနှေးကွေးသွားသည်။ မိုးဇင်သူအိမ်ရှေ့ရှိ ခရေပင်အောက်တွင် မေ့ခြေလှမ်းလေးများ ရပ်တန့်သွားသည်။

မိုးဇင်သူတို့ခြံ၀န်းထဲတွင် သစ်ပင် ပန်းပင်များစိမ်းစိုကြနေသည်။ ပန်းပင်လေးတွေကို
နွေးထွေးစွာစိုက်ကြည့်နေတဲ့ မျက်၀န်းလေးတွေသည် ခြံရှေ့လာရပ်သော မေ့ ထံသို့အကြည့်ရောက်လာသည်။ ပြုံးသည်လည်းမဟုတ် အရင်ကလို ရင်ခုန်စိတ်လှုပ်ရှားနေဟန်လည်းမပြ သူစိမ်းဆန်ဆန်အကြည့်တွေနဲ့သာ မေ့ကိုယ် မိုးဇင်သူတုန့်ပြန်သည်။

"မိုး ဇင်" တိုးဖျော့သော မေ့ အသံလေးအဆုံးတွင် သူစိမ်းဆန်သောအကြည့်တို့နှင့်အတူ တစ်ကြိမ်တစ်ခါမှမတွေ့ခဲ့ဖူးသောလူတစ်ယောက်လို မိုးဇင်သူ မေ့အားပြန်မေးသည်။

"မိုးဇင်ကိုယ်သိလား အစ်မကဘယ်သူလဲ"

"ရှင်"

မေ ဘာစကားမှဆက်မပြောနိုင်တော့ပါ။ မေ့မျက်၀န်းထဲကမျက်ရည်များသည်လည်း ထိန်းချုပ်ထားရဲ့သားနဲ့ တားစီးမရဖြစ်နေသည်။ တုန်ယင်နေတဲ့ မေ့ လက်လေးများမှာ ကျစ်ကျစ်လေးဆုပ်ထားလိုက်ပြီး လက်ရှိကြုံ‌ေနရသောအဖြစ်ကိုယ်
အမြန်လက်ခံနိုင်ရန်ကြိုးစားရသည်။
မိုးဇင်သူကတော့ မေ့ကိုယ် နားမလည်သလိုထွေထွေလေး ငေးကြည့်နေသည်။

သူ့မျက်၀န်းလေးတွေကအရင်ကလိုရိုးသားနေစဲ ဖြူစင်နေစဲပါ။
သူတကယ်ဘဲ မေ့ကိုယ် မမှတ်မိတာဖြစ်မှာပါ။ မေတစ်ယောက်တည်းကိုယ်ဘဲ သူ မမှတ်မိနိုင်တော့တာလား။ ပျော်စရာအမှတ်တွေ မေ သူ့ကိုယ်မပေးခဲ့ပါဘူး။ နာကျင်ရတဲ့နေ့တွေဘဲရှိခဲ့တာမဟုတ်လား။ အတိတ်တွေကသိပ်ကြေကွဲဖို့ကောင်းတယ် မိုးဇင်ရယ်။ မေ့အပြစ်တွေ မေ့အမှားတွေကြောင့်ပါဘဲ။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now