အပိုင်း (၃၀)

538 27 0
                                    


"ဟဲလို မယွန်း နာရီစဉ်လမ်းကိုသိလား"

"မယွန်းဘယ်ချိန်အလုပ်အားလဲ"

"ပြည့်သဲလွန်စတစ်ခုရထားလို့ပါ"

"အဲ့လိုရလား"

"Ok မယွန်းပြည့်မယွန်းတို့အခန်းကဘဲစောင့်နေမယ်"

"ဟုတ်ကဲ့ မယွန်း ဒါဘဲနော် "

ပြည့်ဖုန်းချပြီးမှဖူးသစ်ကပြည့်ကိုမေးသည်။

"မယွန်းကဘာတဲ့လဲ"

"သူအလုပ်နားလိုက်မယ်တဲ့ ခုလာမယ်ပြောတယ် "

"ဒါဆိုခုမယွန်းအခန်းငါတို့သွားကြတာပေါ့"

ပြည့်နဲ့ဖူးသစ်အလောတကြီးအိမ်ပေါ်ကဆင်းတော့ ။

"မြေးလေးတို့ဘယ်သွားကြမလို့လဲ"

"သူငယ်ချင်းနဲ့ချိန်ထားလို့ဖွားဖွား"

ပြည့်ကတစ်ချက်သာလှည့်ဖြေပြီးနှစ်သယာက်သာခပ်သွပ်သွပ်ခြေလှမ်းကျယ်ကြီးများဖြင့်ယွန်းတို့အခန်းဘက်ထွက်လာခဲ့သည်။မ၀င်းကို ဆုပြည့်မေးတော့ဆုပြည့်မတော်တဆဖြစ်တုန်းကမ၀င်းကမရောက်သေး ဒေါ်မငယ်ဆို‌တဲ့အဒေါ်ကြီးကဒီမှာအရင်နေသွားသည်။ကံကောင်းစွာ ဒေါ်မငယ်ကထိုင်းမှာသာရှိနေသေးသည်။ လိပ်စာလည်းရထားတာကြောင့်မယွန်းကိုခေါ်ပြီးပြညိ့တို့စုံစမ်းရမည်။

ပြည့်တို့ထပ်အရင်ယွန်းကပြန်ရောက်နှင့်နေပြီးဖြစ်သည်။ ပြည့်နဲ့ဖူးသစ်ကိုယ်တွေ့တော့ယွန်းက........

"ဆုပြည့်နဲ့ဖူးသစ် စက်ဘီးနင်းတက်လား"

"ဖူးသစ်ကနင်းတက်ပါတယ်မယွန်း"

"အဲ့ဒါဆို ပြည့်နဲ့ယွန်းတစ်စီးသွားမယ် ဖူးသစ်ကထိုင်းမှာနင်းကျင့်မရှိလို့လေး ဖြစ်တယ်မလား"

"ဟုတ် ရတယ်မယွန်း"

စက်ဘီးစီးဖို့ ဆုပြည့်မှာအခက်တွေ့နေသည်၊ ခုန်တက်လို့လဲမတက် စက်ဘီးစထွက်တော့ယွန်းစက်ဘီးလက်ကိုင် တစ်ချက်ခါသွားတာကြောင့် ယွန်းအင်္ကျီစကိုဆွဲထားပြန်သည်။

"ဆုပြည့် ကြောက်နေရင်သေချာကိုင်ထားလေး ယွန်းမြန်မြန်ရောက်အောင်နင်းမလို့ပါ"

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now