အပိုင်း (၂၆)
နွေးထွေးတဲ့ရင်ခွင်ထဲမှရုတ်တရက်ဆွဲထုပ်ခံလိုက်ရသလို မေ ရဲ့ ခန္တာကိုယ်လေး အေးစက်သောလေထုကိုယ်ခံစားမိလာသည်။
မျက်ခွံလေးကို ဖြေးဖြေးချင်းမေ ဖွင့်လိုက်တဲ့အခါ မေရဲ့ဘေးတွင်မိုးဇင်သူရှိမနေတော့ပါ။"မေသတိရလာပြီး"
"မိုးဇင်သူရော ....သူဘယ်မှာလဲ"
မေသည် ခုတင်မှထထိုင်ကာ ဘေးပတ်ပတ်လည်လည်ရှာဖွေးနေသည်။
"မိုးဇင်သူမရှိပါဘူးမေရယ် မေသတိလစ်နေတာသုံးရက်တောင်ရှိနေပြီး"
"မေက သတိလစ်နေတာလား ဘာဖြစ်လို့လဲ "
"မေ မမှတ်မိဘူးလား မေ မမကိုယ်ဆေးရုံမှာလာကြည့်ပြီးအိမ်အပြန် ကားနဲ့တိုက်မိမလိုဖြစ်သွားတာလေး"
ထိုအခါမှ မေ အဲ့ဒီနေ့ကအကြောင်းပြန်တွေးဖြစ်သည်။ အပြာနုရောင်အင်္ကျီနှင့်အနက်ရောင်ဘောင်းဘီဝတ်ထားသောကောင်မလေးရဲ့ပုံရိပ်ကိုယ်မေပြန်မြင်ယောင်လာသည်။
"တီး........"
ကားဟွန်းတီးသံကြောင့် မေ လှည့်ကြည့်ခဲ့ပေမယ့် ရှောင်ဖို့ ပြေးဖို့ မေစိတ်မကူးမိ ကားရှေ့တည့်တည့်၌သာမေရဲ့ခြေလှမ်းတွေရပ်တန့်နေသည်။ ကားသည်အရှိန်နှင့်ဝင်လာသောအခါ မေရဲ့ ညာဘက်လက်ကိုအားဖြင့်လှမ်းဆွဲခြင်းခံလိုက်ရသည့်အခါတွင် မေရဲ့ခန္တာကိုယ်လေးသည် ရင်ခွင်တစ်ခုထဲသို့ရောက်ရှိသွားသည်။ လျင်မြန်လွန်းတဲ့အဖြစ်ပျက်တစ်ခုကြောင့် မေ လန့်ပြီး မျက်စိသာမှိတ်ပြစ်ထားလိုက်သည်။
"ကားလာနေတာ ဘာလို့မရှောင်တာလဲ"
အပြစ်တင်သည့်လေသံမျိုးနှင့်မဟုတ်ဘဲ စိုးရိမ်နေသောအသံဖြင့်ပြောလာတဲ့ထိုအသံပိုင်ရှင်ကိုယ်သူ့ရင်ခွင်ထဲကနေမရုန်းထွက်ဘဲမေ မော့ကြည့်လိုက်သည့်အခါ...
နှုတ်ခမ်း သူ့ရဲ့နှုတ်ခမ်းလေးများသည် မိုးဇင်သူရဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့တူသည်။ ကြင်နာသောအကြည့် ဒီအကြည့်တွေက မိုးဇင်သူနဲ့ဆုံတိုင်းသူမေ့ကိုယ်ကြည့်တဲ့အကြည့်တွေ မေသည် ကမ္ဘာကြီးတစ်ခုလုံးကိုယ်အပိုင်ရသလို စိတ်ထဲကျေနပ်သွားသည်။
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...