Unicode အပိုင်း(၂၂)

591 29 6
                                    

အပိုင်း(၂၂)

မေ

မေဆိုသောသူမနာမည်ခပ်တိုးတိုးလေးခေါ်နေပေမယ့် ပြန်လှည့်ကြည့်ချင်းမရှိခဲ့။ ကျနေတဲ့မျက်ရည်တွေသုတ်ပြစ်ရင်းအားတင်းနေယုံမှလွဲ၍မိုးဇင်သူဘာများလုပ်နိုင်ပါဦးမလဲ
အချိန်ကကုစားပေးသွားမယ်ဆိုတဲ့စကားမှန်သောလည်းအချိန်မတန်သေးခင် အချိန်ကကုစားမပေးနိုင်သေးခင် အစိတ်စိတ်အမွှာမွှာ ပြိုကျပျက်စီးနေတဲ့ဒီစိတ်တွေကိုယ်မိုးဇင်ဘယ်လိုထိန်းချုပ်ရမှာလဲ။

မေ ပြန်အိပ်မရတော့တာကြောင့်သူ့မှတ်စုစာအုပ်လေးမှ စာတွေဆက်ဖတ်ပြီးမေငေးငေးငိုင်းငိုင်းတွေးနေမိပြန်သည်။

"ရှင်နဲ့မေထပ်ပြီးတွေ့ဖို့မလိုတော့ဘူးထင်တယ်မိုးဇင်သူ"

"မိုးဇင်မနေနိုင်ဘူးလို့"

ကလေးတစ်ယောက်လိုချွဲချွဲနွဲ့နွဲ့အသံလေး
နှင့်မျက်ဝန်းမှမျက်ရည်စလေးများတွဲခိုလျက် မေရဲ့လက်ကိုယ် ဆုပ်ကိုင်ထားရင်း မေ မျက်နှာငေးကာအသနားခံစွာကြည့်ရင်ပြောနေရှာတဲ့စကားတွေကိုယ် မေ လျစ်လျူရှု့ခဲ့သည်။

"မေ ရှင့်ကိုယ်ညီမလေးတစ်ယောက်လိုဘဲချစ်နိုင်တယ်မိုးဇင်သူ အရင်ကတော့ မေ အခင်မင်မပျက်ဘဲဆက်နေပေးဖို့တွေးထားပေမယ့် ခုတော့မရတော့ဘူး ရှင်မေနဲ့လုံးဝမပတ်သတ်တော့ရင်ကောင်းမယ်"

"မရဘူး မိုးဇင်မနေတက်ဘူး "

"ရအောင်နေရမှာဘဲ မွေးလာထဲကလည်းတစ်ယောက်ထဲသေလည်းတစ်ယောက်ထဲဘဲ
ရှင် ခေါင်းမမာချင်စမ်းပါနဲ့ မေကပြောပြီးသားစကားကိုပြန်ပြင်ရိုးထုံးစံရှိသလား"

မေ စကားအဆုံးမှာသူငိုနေခဲ့သည်။ သူ့မျက်ရည်တွေမမြင်ချင်တဲ့အဆုံး ဆုပ်ကိုင်ထားတဲ့လက်ကိုအတင်းရုန်းကာ သူ့ကိုယ်မေ ထားပြစ်ခဲ့သည်။ မေ နောက်ကိုယ်ဆက်ပြီးလိုက်မလာပေမယ့် တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ သူ့ရှိုက်သံသဲ့သဲ့ကလေးသည် မေ ခြေလှမ်းတွေရပ်တန့်ပြီးသူရှိရာပြေးသွားချင်စိတ်ပေါက်အောင် လုပ်နိုင်စွမ်းရှိသည်။ သို့သော်မေ နောက်ပြန်မဆုတ်ရန်ကိုယ့်ကိုကိုသတိပေးပြီး ထိုနေရာနှင့်ဝေးသထက်ဝေးအောင် မပြေးယုံတမယ်အလောတကြီး မေ လမ်းလျှောက် လာမိသည်။ ငိုခဲ့ရသည် နာကျင်ခဲ့ရသည် မေ ထပ်ချစ်ဖို့ဝန်လေးနေခဲ့သည် ခုချိန်မှာသူသိပ်ချစ်နေပေမယ့် တစ်ချိန်ချိန်မှာသူထားသွားခဲ့မယ်ဆို မေဘယ်ရပ်တည်ရမည်နည်း ။ အချစ်ဦး ပေးတဲ့သင်ခန်းစားဟာ မေ ဘဝတစ်ခုလုံးစားအတွက်မှတ်လောက်သာလောက်အောင်ပြီးပြည့်စုံလွန်းနေခဲ့တယ်လေး ။ ဒါပေမယ့် သံယောဇဉ် ဆိုတဲ့အနှောင်ဖွဲ့ကြိုးလေးကချည်နှောင်မိပြီးသွားပါလျှင်ပြန်လည်းဖျက်ပြစ်ဖို့ဆိုတာကအရမ်းခက်ခဲလွန်းတယ်မဟုတ်လား။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Όπου ζουν οι ιστορίες. Ανακάλυψε τώρα