အပိုင်း(၃၂)

491 29 2
                                    

ကျွန်မအတွက်ညတာသည်အလွန်ရှည်ပါတယ်။ အိပ်မရတဲ့ညပေါင်းများစွာကျွန်မကျော်ဖြတ်ခဲ့ရဖူးတယ်။ တရေးနိုးလာသည့်ညများတွင် အနားမှာအဖေမရှိ
အမေလည်းအနားမှာမရှိ မောင်လေးလည်းရှိမနေခဲ့ပါ။ ကျွန်မတစ်ယောက်တည်းသာ သို့မဟုတ် ကျွန်မနဲ့ သွေးသားတော်စပ်သည်လို့ဆိုတဲ့မောင်နှမ၀မ်းကွဲတွေနဲ့သာ ကျွန်မ အိပ်ခဲ့ရ
နေခဲ့ပါတယ်။ မိသားစုကိုယ် လွမ်းလို့ တစ်ခါတစ်လေစိမ်းနေတဲ့ပတ်၀န်းကျင်မွန်းကြပ်လောက်အောင်များနေတဲ့ဖိအားပေးမှု‌ေတွဝေဖန်ကဲ့ရဲ့မှုတွေကကျွန်မရဲ့ အိပ်ချိန်များကိုယ်ခိုးယူဖျက်စီး‌ေနခဲ့တယ်။

ယခုလည်း ကျွန်မနိုးလာခဲ့ပြန်ပါပြီး ကျွန်မနိုးနေခဲ့ပါတယ်။ သို့သော် မည်သူကမှကျွန်မအနားတွင်မရှိ။ ပိုဆိုးသည်မှာ ကျွန်မလှုပ်၍မရ တစ်ကိုယ်လုံးတွင်မည်သည့်နေရာကနာနေမှန်းမသိအောင် ခန္တာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲနေသည်။
ရှိသမျှအားယူကာထရန်ကြိုးစားလည်းမရ။ကျွန်မလက်လေးတစ်ချောင်းကိုယ်ပင် လှုပ်မရဖြစ်နေသည်။ဆရာ၀န်တစ်ယောက်ကျွန်မအနားရောက်လာသည်။ ဒီတစ်ကြိမ်ကပထမဆုံးမဟုတ်ပါ ထိုဆရာ၀န်မျက်နှာကိုယ်ကျွန်မအကြိမ်ကြိမ်မြင်ဖူးနေသည်။

"အ မေ ရော" အားယူပြီးပြောလိုက်သောကျွန်မရဲ့စကားကိုယ်အဲ့ဒီဆရာ၀န်ကကြားရဲ့လားကျွန်မ မသိပါ။ သူယူလာတဲ့ဆေးတွေသာ ကျွန်မလက်တွင်ချိတ်ထားသောဆေးပိုက်ထဲထိုးသွင်းနေတယ်။

"တောင်းပန်ပါတယ် "

ဘာကြောင့်လဲ ကျွန်မမေးနေပေမယ့်ကျွန်မအသံမှာထွက်မလာတော့ပါ။ သူ့မျက်လုံးတွေကကြေကွဲနေတယ်။ ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ ။ကျွန်မမျက်လုံးဖွင့်လိုက်တိုင်းအဖြူရောင်မျက်နှာချက်ကြီးကိုယ်သာမြင်ရတယ်။ အမေရော ကျွန်မ အမေ ဘယ်မှာလဲ ။ ကျွန်မရောက်နေတာဆေးရုံဖြစ်လိမ့်မည်။ ဘယ်လိုဖြစ်ပြီးကျွန်မဆေးရုံရောက်လာရတာလဲ။ အဖြစ်ပျက်တွေကမြန်ဆန်လွန်းတယ်။ ကျွန်မအတွေးသည် အစ်မအခန်းမှာဘီယာသောက်နေချိန်ကိုယ်ပြန်ရောက်သွားတယ်။

လက်ထဲကဖုန်းကိုယ်ကြည့်ပြီး မျက်ရည်မျာစိုနေတဲ့မျက်၀န်းတွေနဲ့ ကျွန်မကိုယ်ကျွန်မပြန်မြင်နေရတယ်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Où les histoires vivent. Découvrez maintenant