My little Baby 🌺(Completed)

By JayJ87994

631K 45.8K 458

ဒီတစ်ခါပြန်ဆုံရင်တော့ လက်မလွှတ်ပေးတော့ဘူး အသဲငယ် မင်းက ကိုကို့ရဲ့ဇနီးလေးပဲ ဖြစ်စေရမယ် ဒီတစ္ခါျပန္ဆုံရင္ေတာ့... More

Intro 🌺
Part 1🌺
Part2 🌺
Part3 🌺
Part4 🌺
Part5 🌺
Part6 🌺
Part7 🌺
Part8 🌺
Part9 🌺
Part10 🌺
Part11 🌺
Part13 🌺
Part14 🌺
Part15 🌺
Part16 🌺
Part17 🌺
Part18 🌺
Part19 🌺
Part20 🌺
Part21 🌺
Part22 🌺
Part23 🌺
Part24 🌺
Part25 🌺
Part26 🌺
Part27 🌺
Part28 🌺
Part29 🌺
Part30 🌺
Part31 🌺
Final 🌺
New fic 🌺
Extra 1 🌺
Extra 2 🌺
For book 🌺
Book order 🌺

Part12 🌺

16.1K 1.3K 7
By JayJ87994

မနက်အလင်းရောင်သဲ့သဲ့လေးကြောင့် မျက်လုံးလေးတွေပွတ်ရင်းနိုးလာတဲ့ ကလေးငယ်

အနားကိုကြည့်လိုက်ချိန် အိပ်ပျော်နေသေးတဲ့ ဂုဏ်ရောင်ရဲ့ မျက်နှာကိုလည်း တဝကြီးငေး
ကြည့်နေသေး

အနာရှိန်နဲ့ဖျားနေမှာစိုးတာကြောင့် ဂုဏ်ရောင် နဖူးလေးပေါ် လက်လေးတင်လိုက် သူ့နာဖူးသူပြန်စမ်းလိုက်နဲ့ အလုပ်ရှုပ်နေလေရဲ့

ရုတ်တရက် သူ့လက်လေး ဆွဲချခြင်း
ခံလိုက်ရတာကြောင့် သူ့ရဲ့ကိုယ်သေးသေးလေးက ဂုဏ်ရောင်ရဲ့ကိုယ်ပေါ် နေရာယူလျက်

"ကိုကိုဖျားမှာစိတ်ပူနေတာလား...''

သူ့ပေါ်ကနေ မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေတဲ့ကလေးငယ်ကို ပြုံးနေရင်းမေးလိုက်တော့
ခေါင်းလေးငြိမ့်ပြလာလေတယ်

"ကိုကိုက ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့တော့နော်''

နဖူးလေးကိုနမ်းလိုက်ကာ ပြောနေတဲ့ဂုဏ်ရောင်

"ကိုကို့ကို စကားပြောအုံးလေ...."

ခေါင်းလေးသာယမ်းပြလာတဲ့ခလေးကြောင့်
ဂုဏ်ရောင်စိတ်မကောင်းဖြစ်သွားရပြန်သည်

"ကိုကို့ကို ချစ်တယ်ဆိုရင် အနည်းဆုံး စကားတော့ပြောသင့်တယ်လေ "

ဂုဏ်ရောင်လေသံ အနည်းငယ်မာသွားခဲ့ပြီ

ထိုအခါမှ သူ့ကိုယ်ပေါ်ကနေဆင်းပြီး ကုတင်စွန်းလေးနားမှာသွားထိုင်တဲ့ကလေးငယ်က စိတ်ကောက်သွားလေသလား

"Ok ကလေး မပြောချင်ဘူးဆိုရင်လည်း ကိုကိုအတင်းမမေးတော့ဘူး လာ အခုမျက်နှာသစ်ကြရအောင်..''

ဒီလိုနဲ့ပဲ ဂုဏ်ရောင်ပျော်ရွှင်မှူလေး ပျောက်ဆုံးရသွားရပြီ

သူစိတ်ဓာတ်ကျသွားခဲ့သလို ဒေါသလည်းဖြစ်မိလေသလို

ဒါဟာ ကလေးငယ်ကြောင့်တော့မဟုတ်
အခုချိန်ထိ ကလေးငယ်ဆီက ယုံကြည်မှုကို ရအောင်မယူနိုင်သေးတဲ့ သူကိုယ်တိုင်ကြောင့်ပင်

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"ဒီကောင်တစ်ကောင်တည်းကိုတောင် သေအောင်မသတ်နိုင်တာ မင်းတို့တော်တော်စောက်
သုံးမကျတာပဲ'

"တောင်းပန်ပါတယ်ဆရာ..''

!ဒုန်း...!

စားပွံပေါ်ကို အရှိန်ပြင်းပြင်း ကျသွားတဲ့ရိုက်သံတစ်ခု

"မင်းတောင်းပန်းရုံနဲ့ပြီးရောလား ဟမ်..."

ပေါက်ကွံနေတဲ့ ဆရာဖြစ်သူရဲ့အသံက ရုံးခန်းအပြင်ဘက်ထိ ပျံနှံလာပြီ
ထိုအချိန် အခန်းထဲကိုဝင်လာတဲ့နွေဦးမာန်

"ဒယ်ဒီ ဘာဖြစ်လို့လဲ ''

"ထိုင် ဒယ်ဒီမင်းနဲ့ပြောစရာရှိတယ် စိုးသူ မင်းသွားတော့ မင်းကျက်ကျက်သတိထားနေ "

သူ့အမိန့်ပြီးတာနဲ့ ချက်ချင်းထွက်သွားတဲ့စိုးသူက
ကြောက်လန့်နေတာကို နွေဦးသတိထားမိတယ်

"နွေဦးမာန် မင်း ဟိုကောင် ဂုဏ်ရောင်ရှိန်ကို
ဒီတိုင်းပဲလွှတ်ထားတော့မှာလား ''

"ဘာဖြစ်လို့လဲ သူလဲအခုငြိမ်နေတာမဟုတ်ဘူးလား daddyပြသနာရှိလို့လား "

"အဲ့ဒီကောင် အခုသူ့အိမ်မှာ ဒဏ်ရာတွေနဲ့လဲနေလောက်ပြီ..''

"ဒယ်ဒီ ဘာကိုပြောချင်တာလဲ..''

"အဲ့ကောင်လေး ခရီးကနေပြန်လာချိန် ဒယ်ဒီလူလွှတ်ပြီး ရှင်းခိုင်းလိုက်တာ ဒါပေမယ့် သူ့လူတွေပါနေတော့ အသေမသတ်နိုင်ခဲ့ဘူး ဒဏ်ရာတော့ရသွားတယ်..''

ဖခင်စကားနားထောင်ရင်း နွေဦးသက်ပြင်းချလိုက်မိတယ်

"Ok ကျနော်က ကြည့်ပြီးဆက်စီစဥ်မှာမို့ အခုရက်ပိုင်း ဒယ်ဒီငြိမ်နေပေးပါ မဟုတ်ရင် သူ
ဒယ်ဒီဆီသံသယဝင်လာလိမ့်မယ်..နောက်ပြီး ပြသနာတစ်ခုခုမလုပ်ခင် ကျနော့်ကိုကြိုပြီး အသိပေးပါ daddy "

"အင် ကောင်းပြီ..''

ထသွားတဲ့သားဖြစ်သူကိုကြည့်ရင်း သက်ပြင်းသာအကြိမ်ကြိမ် ချနေမိတယ်

နွေဦးမာန်ဟာ အေးစက်သက်လူသား

သူ့ကိုမထိသေးသရွေ့ သူကအမောက်ထောင်ပြ
မှာ မဟုတ်တဲ့လူစားမျိူး ဖြစ်တာကြောင့်ပင်

ဒဏ်ရာရထားတာမို့ အလုပ်မသွားပဲ
အိမ်မှာပဲအနားယူနေရတဲ့ ဂုဏ်ရောင်

မေမေရိပ်မိမှာစိုးတာကြောင့် မနက်စာဆင်းစားချိန်ကလွဲပြီး အောက်ကိုမဆင်းဖြစ်

အခုလည်း သူက laptopတစ်လုံနဲ့ အလုပ်လုပ်နေချိန် ဆေးအိတ်လေးယူလာပြီး သူ့အနားရောက်လာတဲ့ကလေး

သူ့ရဲ့လက်ကိုလာတို့တဲ့ကလေးငယ်ကို  ဂုဏ်ရောင်မသိချင်ယောင်ဆောင်နေလိုက်တယ်

နောက်တစ်ကြိမ် ထပ်ပြီးတို့ထိလာတဲ့ လက်လေးတစ်စုံကို ဆက်ပြီးလျစ်လျူရှူထားစဲ

ကြာတော့ သူလည်းမတတ်နိုင်တော့ဘူးထင်ပါရဲ့
မျက်နှာလေး စူပုပ်လာလေတယ်

"ဆေးလူးပေးမှာမဟုတ်လား ကိုကိုဆေးလူးရအောင်လို့ ကလေးပါးစပ်ကပြောလေကွာ အခုလိုမျိူးကြီးပဲနေတော့မှာလား..''

သူစိတ်လွတ်ပြီး အော်လိုက်တာကြောင့် ကိုယ်လေးတုန်တတ်သွားပြီး ချက်ချင်းမျက်ရည်လေးတွေကျလာသူလေး

ဂုဏ်ရောင်စိတ်တွေလေးလံနေရာပြီ ဘာကြောင့်လဲ

ဘယ်အရာတွေက ကလေးနဲ့သူကြား ဒီလိုတွေဖြစ်စေခဲ့တာလဲ

"Sorry ကိုကိုစိတ်လွတ်သွားတယ်
တောင်းပန်ပါတယ်ကွာ မငိုနဲ့တော့နော် "

ကလေးငယ်ရဲ့ကိုယ်လေးကို သူ့အနားဆွဲကပ်ပြီး
ရင်ခွင်ထဲထည့်လိုက်ကာ ချော့နေလိုက်တယ်

ရင်ခွင်ထဲက ကလေးငယ်ကတော့ ရှိုက်ငင်ကာ
ငိုလေပြီ

"ကိုကိုမှားသွားပါတယ် မငိုပါနဲ့ကွာ
ကိုကို့ကို ရိုက်ချင်ရိုက် ထုချင်ထုပါကွာ ကိုကိုမှားသွားပါတယ်..''

ရင်ခွင်ထဲက ငိုနေတဲ့ကလေးကို ကြည့်ရင်း ဂုဏ်ရောင် ရင်ထဲနာကျင်လာရပြီ

သူဘာကြောင့်ကလေးကို အော်လိုက်မိလဲဆိုတာတောင် စဥ်းစားမရ

!ဒေါက် ဒေါက်...!

ထိုအချိန်ထွက်လာတဲ့ အခန်းတံခါးခေါက်သံ

"သားဂုဏ် အောက်မှာ သားနွေဦးရောက်နေတယ်
သားနဲ့တွေ့ချင်လို့တဲ့..''

မိခင်ဖြစ်သူစကားကြောင့် ဂုဏ်ရောင်စိတ်တွေ
ရှုပ်ထွေးသွားရတယ်

!သူက ဘာလာလုပ်တာလဲ!

"ဟုတ်ကဲ့မေမေ ကျနော်အခုဆင်းလာခဲ့မယ်..''

ရင်ခွင်ထဲက ကလေးငယ်ရဲ့မျက်နှာလေး ကိုသူဆွဲယူလိုက်ရင်း

"တိတ်တော့နော် ကိုကိုအောက်ခဏဆင်းလိုက်အုံးမယ် ပြန်လာရင် ကိုကို့ကိုကြိုက်သလိုရိုက်
အရမ်းချစ်တယ်ကလေး ပြွတ်..''

ကလေးရဲ့နှုတ်ခမ်းလေးကို ထိကပ်ရုံမျှနမ်းလိုက်ပြီး ကုတင်ပေါ်မှဆင်းလိုက်ချိန်

"အ့..''

ရုတ်တရက်ထလိုက်တာမို့ ဗိုက်ကဒဏ်ရာကဆစ်ခနဲ နာကျင်လာရပြီ

ထိုအချိန်သူ့အနားအပြေးလေးရောက်လာပြီး
သူ့ကိုစိုးရိမ်တကြီးနဲ့ လာကူတွဲပေးတဲ့ကလေး
ကြောင့် သူပြုံးလိုက်မသေး

"ကိုကိုအဆင်ပြေပါတယ်ကလေးရဲ့ သတိမထားမိလိုက်လို့ နဲနဲနာသွားတာ ဒီမှာနေခဲ့နော်..''

သူ့လက်လေးကိုသာတွဲထားပြီး ခေါင်းလေးယမ်းနေတဲ့ကလေးငယ် သူနဲ့အတူလိုက်ချင်နေတဲ့ သဘော

"ဟုတ်ပါပြီ ကိုကို့အသက်လေးက မနေခဲ့ချင်ဘူးဆိုရင်လည်း လိုက်ခဲ့ ဒါပေမယ့် ကိုကို့လက်ကိုပဲကိုင်ထား ကိုကို့ကို ကူတွဲပေးရင် မေမေသိသွား
လိမ့်မယ် ကိုကိုပြောတာ ကလေး သိတယ်မို့လား"

သူဘာကိုဆိုလိုလဲဆိုတာ နားလည်တာကြောင့်
ခေါင်းလေးညိမ့်လာတဲ့ကလေး

ကလေးနဲ့အတူ အောက်ထပ်ဆင်းလာရင်း ဧည့်ခန်းထဲဝင်လာခဲ့တဲ့ ဂုဏ်ရောင်

"ဟင် ကလေး..''

ဂုဏ်ရောင် ဘေးမှာကပ်ပါလာတဲ့ ကလေးကိုတွေ့တော့ နွေဦးမှာအကြောင်သား

"အကို ကျနော့ဆီလာတာ ဘာများဖြစ်လို့လဲ..''

သူ့အမေးကိုချက်ချင်းပြန်မဖြေဘဲ ကလေးကိုသာကြည့်နေတဲ့ နွေဦးကြောင့် ဂုဏ်ရောင်သဘောမကျချင်

"သူက club ကကောင်လေးမဟုတ်လား ဂုဏ်ရောင်..''

"အရင်ကတော့ club ကကောင်လေး ခုတော့ ကျနော့်ရဲ့အသက်လေး မကြာခင်ကျနော့ရဲ့ဇနီးလေး
ဖြစ်လာတော့မယ့်ကလေး...''.

ကလေးငယ်ရဲ့လက်လေးကို သူဆုပ်ကိုင်ထားရင်းနွေဦးဘက် ယှက်ထားတဲ့လက်၂ ဖက်ကိုထောင်ပြလိုက်တာကြောင့် မျက်နှာပျက်သွားတဲ့နွေဦးက သိသိသာသာပင်

"ဘယ်ကနေ ဘယ်လို မင်းဆီရောက်နေရတာလဲ'

"ကလေးက ကျနော့်ဆီဘယ်လိုပဲ ရောက်ရောက်အကို့ကို ပြောပြနေဖို့မလိုဘူးထင်တယ်
အကိုလာရင်းအကြောင်းကိုသာပြောပါ''

ပြတ်သားလွန်းတဲ့စကားကြောင့် နွေဦးပြုံးလိုက်မိတယ်

"ငါမင်းနဲ့အလုပ်အကြောင်းလေးပြောစရာရှိလို့
companyကိုသွားခဲ့တာ မင်းအလုပ်မလာဘူးပြောလို့အိမ်လိုက်လာခဲ့တာ ဘာလဲ မင်းနေမကောင်းလို့လား ''

ဂုဏ်ရောင် ဗိုက်ကိုတစ်ချက်ကြည့်ရင်း
မသိသလိုမေးလိုက်တဲ့နွေဦး

"ကျနော်နေကောင်းပါတယ် ကလေးနဲ့အတူရှိနေချင်လို့ တမင်အနားယူထားတာ..''

ဟန်မပျက် ပြန်ဖြေလိုက်တဲ့ ဖြေလိုက်တဲ့ စကား
ကြောင့် နွေဦးရင်ထဲရင်ထဲ တင်းသွားမိတယ်

"သား နွေဦး အန်တီနေ့လည်စာပြင်ပြီးပြီ တစ်ခါတည်းစားပြီးမှပြန်နော်..''

ထိုအချိန် ဧည့်ခန်းထဲဝင်လာပြီးပြောတဲ့ ဒေါ်သူဇာ
ကြောင့် နွေဦးပြုံးလိုက်ရင်း

"အားနာစရာပဲအန်တီ ကျနော့်ကြောင့်အလုပ်ပိုနေပါအုံးမယ် ''

"မပိုပါဘူးသားရယ် အန်တီတို့လည်း စားတော့မှာဆိုတော့ သားပါဝင်စားလိုက် လာ စားကြရအောင် သားနိုနိုလေး မေမေတို့နေ့လည်စာ
စားကြရအောင်...''

ဂုဏ်ရာင်စိတ်ထဲ နွေဦး ကလေးအပေါ်ကြည့်နေတဲ့ အကြည့်တွေကို စိတ်တိုင်းမကျ

သူ့ဘေးကကလေးငယ်ကတော့ ဟင်းတွေကို
သူ့ပန်းကန်ထဲခက်ထည့်ပေးရင်း အလုပ်တွေရှုပ်နေလေရဲ့

"နိုနိုလေး ကိုယ့်ကိုမှတ်မိလား..''

နွေဦး အမေးကြောင့် နိုနို ထမင်းစားနေရာမှာရပ်ပြီး သူ့ကိုကြည့်ကာ ခေါင်းလေးသာ ညိမ့်ပြလာတဲ့ ကလေး

"မှတ်မိလို့ တော်သေးတာပေါ့ ကိုယ်က နိုနိုလေး
အလုပ်ကထွက်သွားတော့ ဘာများဖြစ်လို့လဲ
ဆိုပြီးစိတ်ပူနေရတာ ဒါနဲ့ နိုနိုလေး အရိပ်လွှား
ကိုရောမှတ်မိလား ''

ထပ်ပြီးခေါင်းလေးညိမ့်လာတဲ့ကလေးငယ်

"အရိပ်လွှားက အခုကိုယ့်အိမ်မှာ အလုပ်ဝင်နေတယ်နောက်တစ်ခါ နိုနိုလေး အရိပ်လွှားနဲ့တွေ့ချင်ရင် ကိုယ်ခေါ်ခဲ့ပေးမယ်နော်..''

ထိုအခါမှ သူ့ကိုကျေးဇူးတင်ကြောင်း အမူအရာလေးတွေပြလာတဲ့ကလေးငယ်က ချစ်ဖို့ကောင်းစွာ

"သား နွေဦးထည့်စားနော် အားမနာနဲ့..''

"ဟုတ်ကဲ့ အန်တီ ကျနော် အန်တီကိုကျေးဇူးတင်ပါတယ် နောက်ပြီး နှစ်တွေကြာခဲ့ပြီဆိုပေမယ့်
ဦးလေးရဲ့သေဆုံးမှုအတွက် ကျနော်တစ်ကယ်
စိတ်မကောင်းပါဘူး ''

သူ့စကားကြောင့် ထမင်းဝိုင်းလေးက ရုတ်တရက်
တိတ်ဆိတ်သွားပြီး ဂုဏ်ရောင်ရင်ထဲတွင်လည်း
ဒေါသစိတ်များ တောက်လောင်လာရပြီ

"အကိုစိတ်မကောင်းဖြစ်နေစရာမလိုပါဘူး
ကျနော့်မိသားစုအပေါ် ယုတ်မာခဲ့တဲ့လူတွေကို
ကျနော်ကလည်း တန်ရာတန်ကြေးပြန်ပေးမှာမလို့ အကိုစိုးရိမ်နေဖို့မလိုဘူး ''

"Sorry ငါမရည်ရွယ်ပါဘူး တောင်းပန်ပါတယ်အန်တီ ''

ဒေါ်သူဇာ စိတ်မကောင်းစွာ သက်ပြင်းလေးချလိုက်ရင်း

"ရပါတယ်သားရယ် ''

အနာဟောင်းကိုပြန်ဆွချင်နေတဲ့ ရှေ့ကလူကြီးကို
နိုနိုမုန်းမိတယ်

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"မမ..''

"သြော် နင်ပြန်လာသေးတယ်ပေါ့..''

အိမ်ပေါ်ရောက်ရုံရှိသေး ဆီးကြိုနေတဲ့ အမဖြစ်သူပုံစံကြောင့် အရိပ်ပျော်ရွှင်စိတ်လေးမှာ ကြက်ပျောက်ငှက်ပျောက်

"ကျနော် မေမေနဲ့တွေ့ချင်လို့ မေမေခွဲစိတ်ပြီးပြီ
မို့လား ဘယ်မှာလဲ...''

"အေ ခွဲစိတ်ပြီးပြီ အမေလည်းနေကောင်းလာပြီမို့
နင်အိမ်ပြန်မလာလည်းဖြစ်တယ် ''

မျက်နှာကိုတောင် တစ်ချက်မော့ကြည့်မလာပဲ
ပြောနေတဲ့မမက ရိပ်ကိုတစ်ကယ်ပဲ မုန်းနေခဲ့တာလား

"ကျနော်က မေမေ့သားပါ မမမောင်ဆိုလည်း
ဟုတ်တယ် မမဘာလို့ကျနော့်ကို ဒီလိုမျိူး
ပြောနေရတာလဲ..''

"နင်က စောက်ဆင့်မရှိတဲ့ ဖာခေါင်းမလို့ ငါဒီလိုပြောနေတာ နင်ရှင်းပြီလား နင့်ကြောင့် မိသားစု အရှက်ကွဲမခံနိုင်ဘူး နင်ထွက်သွား သွား...''

မျက်ရည်တွေကျရင်း အော်ဟစ်နေတဲ့သူမ
ကြောင့် ရိပ်ပါငိုကြွေးလာရပြီ

"ကျနော်ဒီလိုလုပ်ခဲ့တာ ကျနော့်မိသားစုအတွက်ပါ ကျနော်လုပ်ချင်လွန်းလို့မဟုတ်ခဲ့ပါဘူး
ဒီမှာကျနော် ရထားတဲ့လစာ မေမေ့ဆေးစရိတ်လာပေးတာ..''

"နင့်ရဲ့ စောက်ငွေတွေမလိုဘူး ပြန်ယူသွား''

"မမ မလိုလည်း မေမေ့အတွက်လိုနေသေးတယ်
ကျနော်သွားပြီ..''

ကျဆင်းလာတဲ့ မျက်ရည်တွေကို အကြမ်း
သုတ်ပစ်ပြီး ငိုယိုကာထွက်လာခဲ့လိုက်တယ်

!ဘာလို့ ကျနော့်ကိုအခုထိ နားမလည်ပေးနိုင်ရတာလဲ  အများကြီး မမျှော်လင့်ပါဘူး မမဆီက
ထွေးပွေ့မှုလေး တစ်ခါလောက်ရချင်ရုံတင်ပါ !

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Zawgyi🌺🌺🌺🌺🌺🌺🌺🌺


ကြည့်နေသေး
















🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

သုံးမကျတာပဲ'

"တောင်းပန်ပါတယ်ဆရာ..''

!ဒုန်း...!




"ဒယ်ဒီ ဘာဖြစ်လို့လဲ ''










"အင် ကောင်းပြီ..''



မှာ မဟုတ်တဲ့လူစားမျိုး ဖြစ်တာကြောင့်ပင်







"ဆေးလူးပေးမှာမဟုတ်လား ကိုကိုဆေးလူးရအောင်လို့ ကလေးပါးစပ်ကပြောလေကွာ အခုလိုမျိုးကြီးပဲနေတော့မှာလား..''






ငိုလေပြီ




!ဒေါက် ဒေါက်...!



ရှုပ်ထွေးသွားရတယ်

!သူက ဘာလာလုပ်တာလဲ!





"အ့..''








"ဟင် ကလေး..''





ဖြစ်လာတော့မယ့်ကလေး...''.












စားကြရအောင်...''





ကိုရောမှတ်မိလား ''





စိတ်မကောင်းပါဘူး ''





"ရပါတယ်သားရယ် ''

နိုနိုမုန်းမိတယ်

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"မမ..''



မို့လား ဘယ်မှာလဲ...''



ဟုတ်တယ် မမဘာလို့ကျနော့်ကို ဒီလိုမျိုး
ပြောနေရတာလဲ..''





ကျနော်သွားပြီ..''



🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Continue Reading

You'll Also Like

1.3M 94.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
776K 64.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.3M 55.4K 54
"မောင့်အရိပ်က ပြောပြပါအုံး...မောင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ" စာလုံးပေါင်းမမှန်တာတွေ လက်တစ်လောပြန်မပြင်နိုင်သေးတာကြောင့်...အဆင်ပြေမှဖတ်ပါရှင့်။ ...