"ညောင်းနေပြီလား"
ဘတ်ဟျွန်းပေါ် ပါးစပ်ဟစိလေးနဲ့ အိပ်ပျော်နေတဲ့ သမီးကိုကြည့်ရင်းမေးလိုက်တော့
"ဟင့်အင်"
"သမီးကို နောက်ခန်းထဲ ပို့ပေးရမလား"
"ရတယ် မောင် ပွေ့ထားလိုက်မယ် အမေတို့ဆီလဲ ရောက်တော့မှာပဲကို"
"၁နာရီလောက်တော့ မောင်းရဦးမှာနော် မောင်က ခြေကျင်နေမှာစိုးလို့"
"ကျင်တာကတော့ ကျင်တာပေါ့ လေးတာလဲ ပြောမနေနဲ့ မောင့်သမီးဝက်ပုတ်က "
သမီးရဲ့ ပါးဖောင်းဖောင်းလေးကို ငုံ့ကာနမ်းရှိုက်ရင်း ကြည်ကြည်နူးနူးပြောလာတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ် ခပ်ဟဟ ရယ်လိုက်ကာ
"ကားမောင်းခဲ့မလား မောင်သမီးကို တလှည့်ပွေ့ပေးမယ်လေ"
"အဲ့လို လုပ်မလား"
မျက်လုံးအကြည့်တွေကအစ တောက်ပလို့ ဒီကောင်လေး ခြေကျင်နေပြီထင်ပါ့
ချန်းယောလ် လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်ပြီး
"ပေးသမီးကို"
ဘတ်ဟျွန်းလက်ထဲက သမီးကို မနိုးအောင်သေချာပွေ့ကာ ချီထားလိုက်ပြီး
"ခနနေဦး ပြီးမှလဲရအောင် အခုခြေကျင်နေတာမို့လား"
"အွမ်း နဲနဲပါ"
လက်သီးဆုပ်လေးတွေနဲ့ ခြေထောက်လေးတွေကိုထုရင်း ပြောလာတဲ့ဘတ်ဟျွန်း
"သမီးက တကယ်တော့ ပွေ့ရမယ့်အရွယ် မဟုတ်တော့ပါဘူးကွာ"
"ဘာ မောင်နော် သမီးက အခုမှ ပုစိလေးရှိသေးတာ"
"ဟားဟားဟားးးးး"
သူ့သမီးကို ပွေ့ရမယ့်အရွယ် မဟုတ်တော့ဘူးပြောလို့ ရန်စွာလာတဲ့ အဖေသေးသေးလေးကြောင့် ချန်းယောလ် တိုးတိုးညှင်ညှင် ရယ်မိသည်
တကယ့်ဟာလေ သူ့သမီးကဝတာမှတစ်တုတ်လို့ကို မနိုင့်တနိုင်အတင်းတွေ ပွေ့ပွေ့ချီတာ ကလေးကကလေးပြန်မချီထားသလိုလို
"ရပြီ လဲရစို့"
"ဟုတ်ပါပြီဗျာ"
နှစ်ယောက်လုံး ကားထဲကထွက်ပြီးနေရာလဲကာ ဘတ်ဟျွန်းမောင်းတဲ့ ကားနဲ့ ခရီးဆက်ခဲ့ကြသည်ပေါ့.....
**********************
"တီ အာ အီး အီး, ထရီး သစ်ပင်"
"ဟုတ်တယ်"
"တီ အိုင် အမ် အီး ,တိုင်မ်း အချိန်"
"အိုခီတယ် ဗျာ"
"တီ အို ပီ ,တော့ပ် ဂျင်, ထိပ်ဆုံး"
"ဟုတ်တယ်ဗျာ တော်တယ်ဗျာ"
အိုဆယ်ကြက်ပေါက်တို့ တပည့်ဖြစ်သူ စာရွတ်ပြတာကို နားထောင်ပေးနေခြင်း
"ဆရာလေး"
"ဟေ"
"သား နားမလည်တာ တခုရှိတယ်"
"အမယ် အလာကြီးနဲ့ပါလား ဆိုပါဦး ဘာနားမလည်တာလား"
မေးချင်တာကို မေးဖို့ လမ်းကြောင်းနေတဲ့ ကလေးကြောင့် လမ်းဖွင့်ပေးလိုက်တော့
"ထရီး ရယ် တိုင်မ်း ရယ်ကတော့ တမျိုးထဲပဲလေ "
"အွမ်းလေ"
"တော့ပ်ကျ ၂မျိုးကြီးတောင် ဂျင် နဲ့ ထိပ်ဆုံးတဲ့"
"ဘာဖြစ်လို့လဲ"
"တော့ပ်က အဲ့၂မျိုးပဲရှိတာပေါ့နော် ထပ်မရှိတော့ဘူးမို့လား ဆရာလေး"
"ဟမ် ရှိတော့ရှိတယ် မင်းအတန်းနဲ့ ကိုက်တာပဲ ငါသင်ပေးထားတာ"
"အော် ဒါဆို ကျနော်သိတာလဲ ရှိတယ်ပေါ့"
မေးထောက်က စဥ်းစားနေတဲ့ ငတိက ဆရာကြီးစတိုင်နဲ့ပင်
"မင်းက ဘာသိတာလဲ ပြောပါဦး"
"ဟို သိတာထက် ကြားခဲ့ပါတယ်"
"........."
"ဟိုလမ်းထိပ်က အမကြီးတွေပြောတာကြားခဲ့တာ ဆရာလေးကလည်း တော့ပ် ဆို "
"ဟမ်"
ဆယ်ဟွန်းကြောင်သွားရသလို ဘေးကကွပ်ပျစ်မှာ ခေါက်ဆွဲလုပ်ဖို့ဂျုံမှုန့်နယ်နေတဲ့ ဂျုံအင်ကပါ စာသင်နေတဲ့ သူတို့နှစ်ယောက်ကို ခပ်စောင်းစောင်းကြည့်လာသည်
"ဟုတ်တယ် အဲ့အမကြီးတွေပြောတာ ဆရာလေးက တော့ပ် ဦးလေးဂျုံအင်က ဘော့ပါဆိုလားပဲ အဲ့ဒါကြောင့် တော့ပ်ရဲ့အဓိပ္ပာယ်မှာ ဆရာဆိုတာကော ထည့်မှတ်ရမှာလား"
သူ့ဟာသူ စဥ်းစားလိုက် ပြောလိုက်နဲ့ ဟုတ်တော့ ဟုတ်နေပြီ
"လျှောက်ပြောနေတာ သူတို့အားလို့ တော့ပ်ဆိုတာ ဂျင်နဲ့ ထိပ်ဆုံးပဲ အဲ့ဒါပဲမှတ်"
"ဟုတ် ဆရာလေး အဲ့ဒါပဲမှတ်ထားလိုက်ပါ့မယ်"
အိုဆယ်ပေါက်တို့ ချွေးပြန်တယ်တကယ် ဂျုံအင်ကလည်း ပေစောင်းစောင်းနဲ့ လှမ်းလှမ်းကြည့်နေတာမို့ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဖြစ်နေချိန်
တီ~တီ~
"ဟာ အကိုချန်းယောလ်တို့ လာပြီ ကဲမင်းဒီနေ့တော့ ပြန်လိုက်တော့ အိမ်စာသေချာလုပ်ဦး"
"ဟုတ်"
လွယ်အိတ်လေး ယူကာအိမ်ပြန်တော့မဲ့ ကလေးနဲ့အတူ အိမ်ပြင်လိုက်ထွက်ပြီး အကိုချန်းယောလ်တို့ကို ထွက်ကြိုလိုက်သည် တော်သေး အချိန်ကိုက်မို့
"အကိုချန်းယောလ်တို့ စောသားပဲ ဒီတပတ်"
"မနက် မလင်းခင် ထွက်လာကြလို့ပါကွာ နေ့ခင်းဆို နေပူမှာစိုးလို့ "
"ဟာ ငါ့ယောက်ဖကြီးကတော့ဟေ့ အလန်းစားပဲ ဝကစ်နေတာ"
ဘတ်ဟျွန်းကားပေါ်က ဆင်းဆင်းလာချင်းပြောတဲ့ အိုဆယ်ပေါက်စကားကြောင့် နင်သွားရသည် ချီးကျူးတာလား နှိမ်တာလားပဲ
"လေမပေါနဲ့ ကြက်ပေါက် နောက်ခန်းထဲက မင်းအချစ်လေးမှာတာတွေ သွားယူသွား"
"ဟုတ်ကဲ့ပါဗျာ"
"အကိုချန်းယောလ် လာထိုင် အရီးကအကိုတို့မရောက်လောက်သေးဘူးထင်လို့ အမေတို့ဆီသွားနေတာ"
ချန်းယောလ် ဂျုံအင့်ဘေးက လွတ်တဲ့ နေရာမှာ သမီးကိုပွေ့လျက်ဝင်ထိုင်လိုက်သည်
"ဟုတ်ပါပြီ ဒီတပတ် မင်းတို့က ကြိုရောက်နေတာပါလား"
"အရီးက ခေါက်ဆွဲအေး ဒီနေ့လုပ်ကျွေးမှာမို့ ဂျုံလာလုပ်ပေးဆိုလို့ အဲ့ဒါကြောင့်ကြိုရောက်နေတာ"
ချန်းယောလ်နဲ့ ဂျုံအင် စကားပြောနေတုန်း ပွစိပွစိဟိုတိုးဒီတိုက်နဲ့ စကားများလာတဲ့ ဆယ်ဟွန်းနဲ့ဘတ်ဟျွန်းက အနားက ခုံတန်းမှာဝင်ထိုင်ကာ
"မင်..."
"ယောက်ဖကြီးနော်"
"ငါကွာ"
"ကဲ ဒီ၂ယောက် ဘာဖြစ်နေကြပြန်တာလဲ"
ချန်းယောလ်ဝင်မေးတော့မှ တိုးကြိတ်ကြိတ်နဲ့ ရန်သတ်နေတာ ပြတ်သွာကာ
"ဘာမဟုတ်ဘူး ဒီကောင် သပ်သပ်လူကို လာပြောနေလို့"
ဆယ်ဟွန်းကို ပေစောင်းစောင်းကြည့်ကာ ဘတ်ဟျွန်းကပြောတော့ ဆယ်ဟွန်းကလဲအပြိုင်
"ဟက် အပြောမခံနိုင်ရင် မွေးပေါ့"
"ဟေ"
ပတ်ချန်းသာ မက ဂျုံအင်ပါ မျက်လုံးပြူးရပြီ ဒီနှစ်ကောင် ဘာကြောင့်ရန်သတ်ရလဲဆိုတာ ရိပ်မိသွားလို့ပင်
"ဟိုမှာကြည့် ဂျုံလုံးလေး ဗိုက်လုံးလေးနဲ့ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ယောက်ဖကြီးလဲ ချစ်ဖို့ကောင်းချင် ဗိုက်ထပ်ယူပြီး တူလေးဖြစ်ဖြစ် ထပ်မွေးပေး"
"ငါကောက်ထုလိုက်ရ ဟေ့ကောင်ကြက်ပေါက် မင်းတို့ဟာမင်းတို့ အယွလွန်လို့ ကလေး၁ယောက်နဲ့ ၁ဗိုက်ဖြစ်တာလေ ငါမွေးချင်မွေးမယ် မမွေးချင် မမွေးဘူး လာမရှည်နဲ့"
"ကဲ တော်ကြပါတော့ ဘယ်လိုဖြစ်နေကြတာလဲ"
"ဖေကြီ "
အိပ်ချင်းမူးတူး ရင်ခွင်ထဲက ထထိုင်လာတဲ့သမီးကြောင့်
"သမီးပါ နိုးလာပြီ ဘာမဟုတ်တာလေးကို"
"ဟ မောင် ဘာမဟုတ်တာ မဟုတ်ဘူးနော် ဒီကောင်က ဗိုက်နဲ့ဘယ်လိုနေရတယ် ဘယ်လိုခံရတယ် မသိပဲ ဂျုံလေးကိုဇွတ်တွေ မွေးခိုင်းနေတာ တရားသလားပြော အခုကျနော့်ပါ လိုက်ဗိုက်ကြီးခိုင်းနေ"
"ဟားဟားးး အကိုဘတ်ဟျွန်းကလဲ ကလေးကျနေတာပဲ "
ဂျုံအင်ကတော့ ဘာမှဝင်မပြောပဲ ပြုံးစိစိနဲ့ပင်
"ထားပါ ဒီကောင်တော့ ပြောမနေဘူး ၁၂ယောက်လောက်မွေးပြီးကို ပို့ထားဦးမယ် ထိန်းစမ်းတယောက်တည်းဆိုပြီး"
"အမလေး ထိန်းမှာပါဗျာ အရင်သာ မွေးပါဦး တပြိုင်တည်း"
"ဟော သာတို့ရောက်နေပြီလား "
"ဟုတ် အမေ "
"လာ သားလာ ဖေ့ဆီ"
အမေ့လက်ထဲက ကလေးကို အိုဆယ်ပေါက်တို့ ပြေးချီလေပြီ
"၂ရက်လုံးနေမှာမို့လား"
"ဟုတ်အမေ နေမှာပေါ့ "
"ဒါဆို နေကြဦးနော် လာဂျုံလေးနဲ့ သမက်လေး ခေါက်ဆွဲရရင် ခေါက်ဆွဲအေးလုပ်ဖို့ပြင်ကူပါဦး"
"ဟုတ် အမေ " "ဟုတ်အရီး"
ဗိုက်ကလေးပူပူနဲ့ ဂျုံအင်ရယ် ဘတ်ဟျွန်းရယ် အမေ့နောက် လိုက်သွားတော့ ချန်းယောလ်နဲ့ ဆယ်ဟွန်းလည်း အကြမ်းရည်သောက်ရင်း ဆော့နေတဲ့ သမီးနဲ့ သားကို စောင့်ကြည့်ပေးနေကြသည်
"ဆယ်ဟွန်း"
"ဗျာ"
"မင်းသားက ဘယ်နှနှစ်လဲ"
"၂နှစ်လေ အကိုချန်းယောလ်"
"အော် ဒီကောင်ထွားသားပဲ"
"ဟုတ်ပါ့ လမ်းလျှောက်တတ်ခါစ မနည်းလိုက်ထိန်းရတယ် သူ့အဖေကလဲနောက်တဗိုက်နဲ့ဆိုတော့ ကျနော့် လက်ပေါ်ပဲ သားကတော့"
"မင်းနဲ့ မတူဘူးနော်"
"ဟမ် ဘာကို"
"အော် ရုပ်ပြောတာပါ မင်းနဲ့မတူဘူးလို့ မင်းသာက"
"ဟက် ဒါတော့ဗျာ ကျနော်က ဂျုံလုံးလေးကိုပိုချစ်လို့ ဂျုံလုံးလေးအတိုင်း သားကထွက်လာတာပေါ့ဗျ"
"ဟင် ပလီပြီ မင်းမွေးတာမှ မဟုတ်တာ ဂျုံအင်မွေးတာလေ အဲ့ဒါဂျုံအင်က သူ့ကိုယ်သူ ပိုချစ်လို့ သူ့ပုံတူလေးထွက်လာတာ"
ချန်းယောလ်စကားဆုံးတာနဲ့ နှုတ်ခမ်းကြီးထော်ကာ
"ဟာဗျာ ကျနော်က ဂျုံလေးကို ပိုချစ်လို့ ဂျုံလေးနဲ့တူတာဗျာ"
"မင်းစဥ်းစားကြည့် ကလေးကိုဘယ်သူမွေးတာ"
"ဂျုံလေးလေ"
"ရှင်းနေပြီလေ မင်းမွေးပြီးကလေးက ဂျုံလေးနဲ့တူရင် မင်းက ဂျုံလေးကိုပိုချစ်လို့ ဂျုံလေးမွေးပြီးဂျုံလေးနဲ့တူမှတော့ သူ့ကိုယ်သူပိုချစ်လို့ပေါ့ကွ"
" အကိုချန်းယောလ် မဟုတ်တာတွေ လာပြောမနေနဲ့"
"ငါအတည်ပြောတာ"
"မဟုတ်ဘူးဆို"
အိမ်ရှေ့က စူးစူးညံညံ ငြင်းခုန်နေကြသလို မီးဖိုခန်းထဲတွင်လည်း
"ဂျုံလေး ဘယ်လိုလဲ အိုခေရဲ့လား"
"ပြေပါတယ် အကိုဘတ်ဟျွန်းရဲ့ နဲနဲတော့ခံရခက်တာပေါ့ စားချင်တာ မစားရနဲ့"
"ဒီတခေါက်တော့ သမီးလေးမွေးကွာ တူမလေးနဲ့ သမီးကို ဆင်တူ ဆင်လို့ရတာပေါ့"
"ကျနော်လဲ သမီးလေးလိုချင်နေတာ အကိုဘတ်ဟျွန်းရေ ဆယ်ဟွန်းကတော့ ဘာလေးဖြစ်ဖြစ် ချစ်တာပဲတဲ့လေ"
"မိဘဆိုတော့လဲ အခုသာ ဘာလေးလိုချင်တယ်တွေးနေတာ ထွက်လာတော့လဲ ချစ်ရတာပဲ"
"ဟားဟားးးဟုတ်ပါ့ အကိုဘတ်ဟျွန်းရေ"
"ဂျုံလေးနဲ့ သမက်လေး ကင်ချီရပြီလား"
"ဟုတ်ရပြီအမေ"
ဘတ်ဟျွန်း ကင်ချီတွေကို ပန်းကန်ထဲထည့်ရင်း အမေ အမေးကိုပြန်ဖြေလိုက်သည်
"ခေါက်ဆွဲလဲ ရပြီ အိမ်ရှေ့က လေပေါတွေကို ခေါ်လိုက်တော့မယ်"
"ဟုတ် အမေ" "ဟုတ် အရီး"
"အိမ်ရှေ့က ကိုလေပေါတွေ လာစားကြစို့ ရပြီ"
"ဟုတ် အမေ "
********************
"ဒီမှာ နဲနဲအေးနေပြီနော် သားတို့ဆီတော့ ဒီတပတ်လုံး အေးတဲ့အချိန်ကိုမရှိတာ"
အမေက မီးပုံမှာ ထင်းစိုက်ရင်း
"ညပိုင်းပဲ လေတိုက်တော့ အေးသေးတာ ကျန်းမာရေးလဲ ဂရုစိုက်ကြဦး သမက်လေးအဖေကော နေကောင်းရဲ့လား"
"ကောင်းတယ်အမေ ဒေါင်ဒေါင်ကိုမြည်လို့ အမေကော အလည်လိုက်ခဲ့ပါဦး "
"တော်ပါပြီသမက်လေးရယ် အသက်ရလာတော့ တနေရာနဲ့ တနေရာသွားဖို့ မလွယ်ဘူး စိတ်သာဆောင်တာ ကိုယ်က မလိုက်နိုင်တော့ပါဘူး"
"လယ်တွေက ဒီတခါ အထွက်တိုးတယ်နော် သား ဦးလေးနဲ့ညနေကလမ်းလျှောက်ထွက်ရင်းသွားတွေ့ခဲ့သေးတယ်"
"ဟုတ်သား အမေပြောမလို့မေ့နေတာ"
"မင်းညီ ဆယ်ဟွန်းကို အမေ လယ်တကွက်ပေးထားတယ်နော်"
ဆယ်ဟွန်းက ပြုံးစ်ိစိနဲ့
"အမွေတောင်းထားတာ အမွေ"
"အမေ့တူက ကောင်းကောင်းလုပ်မှာလဲ မဟုတ်ပဲနဲ့ ဟုတ်မှလဲလုပ်နော်အမေ"
"အမယ် လူများအထင်သေးလို့ နောက်တလ ကျနော့်လယ်က ပိုအထွက်ကောင်းစေရမယ်"
"ဟားးးဟားး စောင့်ကြည့်မယ် ကြက်ပေါက်"
"စောင့်ကြည့် စောင့်ကြည့်"
"မင်းက ဆရာမလုပ်တော့ဘူးလား ဒါဆို"
"သင်မှာပေါ့ဗျ တနေ့မှ၂နာရီလောက်ပဲ သင်ရတာ သင်နိုင်ပါတယ်ဗျာ"
"စောင့်ကြည့်နေမယ်နော် စောင့်ကြည့်နေမယ်"
ဘတ်ဟျွန်းက ဒီတခွန်းကိုပဲ အပြုံးမျက်နှာကြီးနဲ့ ဝင်ဝင်ပြောနေတာက မသိ ရင်လှောင်နေသလိုလိုပင်
"အဲ့မှာကြည့်နေလိုက် ဂျုံလေးပြန်မယ်"
"ဟင် ပြန်တော့မှာလား"
"နက်ဖန်ရှိပါသေးတယ် သူတို့မပြန်ကြသေးဘူးလေ အခုမိုးချုပ်နေပြီပြန်ကြစို့နော်"
"အွမ်းပါ ချစ်တူမလေး ဦးဦးတို့ပြန်တော့မယ်နော် နောက်နေ့ပြန်လာဆော့ပေးမယ်"
"ဟုတ် ဦးဦးဂျုံ"
သမီးရယ် သားရယ်နဲ့စကားပြောလိုက် ကစားလိုက် လုပ်ပေးနေတဲ့ ဂျုံလေးကိုပြောပြီး သူ့သားကိုသူ ပွေ့ချီကာ
"အရီး သွားတော့မယ် မိုးချုပ်နေပြီမို့"
"ဟုတ်ပါပြီရှင် ကောင်ကောင်ပြန်ကြပါ ငါ့မြေငယ်လေးကိုသေချာဂရုစိုက်ကြဦး"
"ဟုတ်ကဲ့ပါ တူမလေးသွားပြီနော်"
သမီးရဲ့ ဆံပင်လေးတွေကိုဖွကာပြောလိုက်တော့
"ဟုတ် ဦးဦးဆယ် "
"အကိုချန်းယောလ်နဲ့ ယောက်ဖကြီး သွားပြီ သားသား တာတာ့ ပြလိုက်ဦး ဖွားဖွားနဲ့ဦးလေးကြီးတွေကို"
ဆယ်ဟွန်းတို့သားကတော့ လက်ကလေးလှုပ်ခါလှုပ်ခါနဲ့ တကယ့်ဝက်ဝံပေါက်လေး
"တ့တ"
"တာ့တာပါပဲ ဂျုံလုံးပေါက်လေး"
"ပေါက်စကွေးလေးတာ့တာ နောက်နေ့ပြန်လာလည်နော်"
"Arrr ပြန်ပြီလို့ လာဂျုံလေးသွားမယ်"
ဂျုံအင့်ကို ဖက်ကာ သူ့သားကိုချီပြီး ထွက်သွားတဲ့ ဆယ်ဟွန်းက ကမ္ဘာကြီးပဲ အပိုင်ရထားတဲ့ လူလိုလို နဲနဲတော့ဆောင့်ကြွားကြွားနိုင်လှသည် အေးလေး အချစ်ရှိရာအရပ်မှာ နေထိုင်နေရတဲ့လူပဲ သူလဲ
"ကဲသားတို့ နေချင်နေကြဦး အမေတော့အိပ်တော့မယ်"
"ဟုတ်အမေ"
"လာ မြေးလေး ဖွားဖွားနဲ့ အိပ်ရအောင်နော် ဒီနေ့"
"ဟုတ် ဖွားဖွား ဖေဖေ ဖေကြီး သမီးအိပ်တော့မယ်"
"ဟုတ်ပါပြီဗျာ" "Good nightသမီးရေ"
ချန်းယောလ်နဲ့ ဘတ်ဟျွန်းကို ပါးတချက်ဆီအနမ်းပေးကာ သူ့အဖွားခေါ်ရာနောက် လိုက်သွားသော သမီးလေး...........
"အေးနေပြီလား"
"သိပ်မအေးပါဘူး မောင်ရယ် မီးပုံပုံထားတော့ နွေးပါတယ်"
"ကန်စွန်းဥ ရပြီ"
ချန်းယောလ် မီးပုံအလယ်က ဖုတ်ထားတဲ့ကန်စွန်းဥကိုယူကာ အေးအောင်မှုတ်ရင်း ခွာလိုက်ကာ
"အာ"
ဘတ်ဟျွန်း အလိုက်သင့် ပါးစပ်ဟပေးလိုက်ပြီး ချန်းယောလ်ခွန့်သမျှ တစိမ့်စိမ့် ထိုင်စားနေတော့သည်
"ချိုလား"
"စိမ့်စိမ့်လေး ကောင်းတယ်"
တလှုပ်လှုပ်နဲ့ ဝါးနေရင်း ကောင်းကင်ကိုကြည့်ကာ သဘောကျနေတဲ့ကောင်လေး
"ကြယ်တွေစုံနေတာပဲ လလည်းပြည့်တော့မယ် သေးသေးလေးပဲလိုတော့တာ"
"နောက်၂ရက်နေရင် လပြည့်နေ့ရောက်ပြီလေ"
"မောင် ဟိုးမှာကြည့်"
"ဘာလဲ"
"ဟိုမှာလေ သရက်ပင်အထက်နားလောက်ကိုကြည့် ကြယ်လေး၃လုံးတွေ့လား"
"အွမ်း တွေ့ပြီ"
"အဲ့ဒါ ကျနော်တို့မိသားစုလေး"
"မဟုတ်ပါဘူး "
"ဟုတ်တယ်"
"မဟုတ်ပါဘူး"
"ဟာ မောင်နော် ဟုတ်ပါတယ်ဆို"
"အဲ့ဒါမဟုတ်ဘူး ပြမယ် ကြည့် ဟော ဟိုက လမင်းကြီးတွေ့လား"
ဆူပွပွနဲ့ မကျေမနပ်ဖြစ်နေတဲ့ပုံနဲ့ ချန်းယောလ်ပြတာကို ကြည့်ကာ
"တွေ့တယ်"
"အဲ့ဒါက မောင့်ရဲ့ ပတ်ဘတ်လေး"
လက်မောင်းပေါ် သူ့လက်လေးတွေနဲ့ရစ်ပတ်လာကာ ပုခုံးပေါ်ခေါင်းလေးမှီလာပြီး
"မောင်ကကော အဲ့ဒါဆို"
"ကိုယ်က လမင်းကြီးကို ထွေးပွေ့ထားတဲ့ကောင်းကင်ကြီး"
"သမီးကကော"
"သမီးက ဟောတွေ့လား လမင်းကြီးနဲ့ နီးနေတဲ့ကြယ် နဲနဲလေးကြီးတာက သမီး"
"ဟင် ကျန်တဲ့ကြယ်တွေကကောဒါဆို"
ချန်းယောလ် ဘတ်ဟျွန်း ပါးကစ်ကစ်လေးကို ဆွဲဖျစ်လိုက်ကာ
"ဟော့ဒီက ပတ်ဘတ်လေး နောက်ထပ်မွေးပေးမယ့် ပုကျိလေးတွေဗျာ"
"ဟင် မမွေးပါဘူး"
"မွေးပါ"
"မမွေးဘူးလို့ဆိုနေနော်"
"မွေးပေးပါဆို"
ဘတ်ဟျွန်း ချန်းယောလ်နဲ့ မျက်နှာချင်းဆိုင် လှည့်ထိုင်လိုက်ကာ
"အိုခီ မောင်က သိပ်ကလေးအများကြီးလိုချင်နေတယ်ပေါ့"
"ရက်စ် လိုချင်တာပေါ့ဗျာ"
"ဟွင့် ညီအကိုတွေတကျိတ်တည်းတညဏ်တည်း တူတွေတူမတွေ များများမွေးပေးခိုင်းတဲ့သူနဲ့ သူ့ရှိတဲ့ကလေးနဲ့တူတွေပေါင်းပြီး ဘောလုံးသင်းဖွဲ့မလို့ထင်ပါ့"
"နိုင်ငံ့ရဲ့ အကြီးမားဆုံး စံပြမိသားစု ဖြစ်အောင်လို့လေ ဟားဟားး"
"ဟုတ်ပြီ ဒီလောက်ဖြစ်နေကြတာ မွေးမယ် အများကြီးကိုမွေးမယ် "
"ဟီးဟီး ချစ်တာကွာ မောင့်ကလေးလေးကို"
ချန်းယောလ် ဘတ်ဟျွန်းရဲ့ ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ ခေါင်းလုံးလုံးလေးကိုနမ်းရှိုက်နေတုန်း
"but ကျနော်ကိုယ်ဝန်လွယ်နေတဲ့အချိန်တလျှောက်လုံး မောင်ကတုံးနဲ့ပဲနေရမယ်"
"ဟမ်"
ဘတ်ဟျွန်း ချန်းယောလ်မျက်နှာကိုစေ့စေ့ကြည့်ကာ
"ဘယ်လိုလဲ"
"ဟို မောင်က တခြားနိုင်ငံက လူတွေနဲ့ကော အစည်းအဝေးတွေ ဘာတွေလုပ်ပြီး တွေ့ရဦးမှာလေ ဟို ဟို"
"ပြီးတော့ကော"
"ဟို ပြီးတော့ မောင်က မျက်လုံးကြီးကြီး နားရွက်ကြီးကြီး ကတုံးကြီးနဲ့ ရုပ်ဆိုးသွားမှာပေါ့"
အီလည်လည် ရုပ်နဲ့ပြောနေတဲ့ ပတ်ချန်းတစ်ယောက်ကြောင့် ဘတ်ဟျွန်းရယ်ချင်တာကို မနဲအောင့်ထားရသည်
"ဒါဆိုလျှော့ပေးမယ် မွေးခါနီး ၃လ"
"ဟင်"
"ဒါတော့လက်ခံလိုက်တော့ ဒီမှာယောကျ်ားတန်မဲ့ ဗိုက်ကကြီးပေးရဦးမယ် လူကြားထဲသွားရလာရ အဆင်ပြေတယ်မှတ်နေတာလား မောင်က"
"မမှတ်ပါဘူးဗျာ ဒါပေမဲ့"
"တော်ပြီ တော်ပြီ မမွေးတော့ဘူး"
စိတ်ဆိုးပြီး ကျောပေးသွားတဲ့ အသေးလေးကြောင့်
"ဟုတ်ပါပြီ မွေးခါနီး၃လမဟုတ်ဘူး ပတ်ဘတ်လေးတို့ ကိုယ်ဝန်ရှိပါပြီတဲ့ဟေ့ ဆိုတာနဲ့ မောင်တန်းပြီး ကတုံးတုံးမယ် ဟုတ်ပြီလား"
နောက်ကနေ သိုင်းဖက်လာတဲ့ ချန်းယောလ် လက်တွေကို ဘတ်ဟျွန်းပြန်လည်ဆုပ်ကိုင်ရင်း
"ဒီလိုမှပေါ့ ဟဲဟဲ ကတုံးကြီးနဲ့မောင့်ကို မြင်ချင်လှပြီ အူယားစရာကြီးနေမှာ"
"မြန်မြန် နောက်ကလေးလေးကို ဝဲကမ်းကြစို့လေ အဲ့ဒါဆို"
ချန်းယောလ် လည်တိုင်နုနုလေးကို ခပ်ဖွဖွလေး နမ်းကာပြောလိုက်တော့
"ဟားဟားးးယားတယ် မောင်ရဲ့"
"ချစ်လာပြော ဒါဆို"
"ချစ်တယ် ဟဟား ယားတယ်လို့"
"ဘယ်လောက်လဲ"
"အများကြီး အများကြီးကို ချစ်တာ "
*******The end*******
ပုကျိလေးတွေကိုတော့Extraမှာပဲ အသဲယားတော့နော်..............သိပ်ချစ်ရတဲ့လူသားလေးနှစ်ယောက်ကို ပုံဖော်ခဲ့တဲ့နေရာမှာ လိုအပ်ချက်တွေ ဟာကွက်တွေရှိနေရင် ကျနော်ကတောင်းပန်ပါတယ် တချို့တလေ အသုံးအနှုန်းလေးတွေ မှားယွင်းခဲ့သည်ရှိသော် တကယ်တောင်းပန်ပါတယ်.............ကျနော့်ရဲ့ပွေလီလေးကို အစအဆုံးဖတ်ရှုပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ဗျ❤️
Love u all❤️
"ေညာင္းေနၿပီလား"
ဘတ္ဟြၽန္းေပၚ ပါးစပ္ဟစိေလးနဲ႔ အိပ္ေပ်ာ္ေနတဲ့ သမီးကိုၾကည့္ရင္းေမးလိုက္ေတာ့
"ဟင့္အင္"
"သမီးကို ေနာက္ခန္းထဲ ပို႔ေပးရမလား"
"ရတယ္ ေမာင္ ေပြ႕ထားလိုက္မယ္ အေမတို႔ဆီလဲ ေရာက္ေတာ့မွာပဲကို"
"၁နာရီေလာက္ေတာ့ ေမာင္းရဦးမွာေနာ္ ေမာင္က ေျခက်င္ေနမွာစိုးလို႔"
"က်င္တာကေတာ့ က်င္တာေပါ့ ေလးတာလဲ ေျပာမေနနဲ႔ ေမာင့္သမီးဝက္ပုတ္က "
သမီးရဲ႕ ပါးေဖာင္းေဖာင္းေလးကို ငုံ႔ကာနမ္းရႈိက္ရင္း ၾကည္ၾကည္ႏူးႏူးေျပာလာတဲ့ ဘတ္ဟြၽန္းေၾကာင့္ ခ်န္းေယာလ္ ခပ္ဟဟ ရယ္လိုက္ကာ
"ကားေမာင္းခဲ့မလား ေမာင္သမီးကို တလွည့္ေပြ႕ေပးမယ္ေလ"
"အဲ့လို လုပ္မလား"
မ်က္လုံးအၾကည့္ေတြကအစ ေတာက္ပလို႔ ဒီေကာင္ေလး ေျခက်င္ေနၿပီထင္ပါ့
ခ်န္းေယာလ္ လမ္းေဘးတစ္ေနရာ ထိုးရပ္လိုက္ၿပီး
"ေပးသမီးကို"
ဘတ္ဟြၽန္းလက္ထဲက သမီးကို မႏိုးေအာင္ေသခ်ာေပြ႕ကာ ခ်ီထားလိုက္ၿပီး
"ခနေနဦး ၿပီးမွလဲရေအာင္ အခုေျခက်င္ေနတာမို႔လား"
"အြမ္း နဲနဲပါ"
လက္သီးဆုပ္ေလးေတြနဲ႔ ေျခေထာက္ေလးေတြကိုထုရင္း ေျပာလာတဲ့ဘတ္ဟြၽန္း
"သမီးက တကယ္ေတာ့ ေပြ႕ရမယ့္အ႐ြယ္ မဟုတ္ေတာ့ပါဘူးကြာ"
"ဘာ ေမာင္ေနာ္ သမီးက အခုမွ ပုစိေလးရွိေသးတာ"
"ဟားဟားဟားးးးး"
သူ႔သမီးကို ေပြ႕ရမယ့္အ႐ြယ္ မဟုတ္ေတာ့ဘူးေျပာလို႔ ရန္စြာလာတဲ့ အေဖေသးေသးေလးေၾကာင့္ ခ်န္းေယာလ္ တိုးတိုးညႇင္ညႇင္ ရယ္မိသည္
တကယ့္ဟာေလ သူ႔သမီးကဝတာမွတစ္တုတ္လို႔ကို မႏိုင့္တႏိုင္အတင္းေတြ ေပြ႕ေပြ႕ခ်ီတာ ကေလးကကေလးျပန္မခ်ီထားသလိုလို
"ရၿပီ လဲရစို႔"
"ဟုတ္ပါၿပီဗ်ာ"
ႏွစ္ေယာက္လုံး ကားထဲကထြက္ၿပီးေနရာလဲကာ ဘတ္ဟြၽန္းေမာင္းတဲ့ ကားနဲ႔ ခရီးဆက္ခဲ့ၾကသည္ေပါ့.....
**********************
"တီ အာ အီး အီး, ထရီး သစ္ပင္"
"ဟုတ္တယ္"
"တီ အိုင္ အမ္ အီး ,တိုင္မ္း အခ်ိန္"
"အိုခီတယ္ ဗ်ာ"
"တီ အို ပီ ,ေတာ့ပ္ ဂ်င္, ထိပ္ဆုံး"
"ဟုတ္တယ္ဗ်ာ ေတာ္တယ္ဗ်ာ"
အိုဆယ္ၾကက္ေပါက္တို႔ တပည့္ျဖစ္သူ စာ႐ြတ္ျပတာကို နားေထာင္ေပးေနျခင္း
"ဆရာေလး"
"ေဟ"
"သား နားမလည္တာ တခုရွိတယ္"
"အမယ္ အလာႀကီးနဲ႔ပါလား ဆိုပါဦး ဘာနားမလည္တာလား"
ေမးခ်င္တာကို ေမးဖို႔ လမ္းေၾကာင္းေနတဲ့ ကေလးေၾကာင့္ လမ္းဖြင့္ေပးလိုက္ေတာ့
"ထရီး ရယ္ တိုင္မ္း ရယ္ကေတာ့ တမ်ိဳးထဲပဲေလ "
"အြမ္းေလ"
"ေတာ့ပ္က် ၂မ်ိဳးႀကီးေတာင္ ဂ်င္ နဲ႔ ထိပ္ဆုံးတဲ့"
"ဘာျဖစ္လို႔လဲ"
"ေတာ့ပ္က အဲ့၂မ်ိဳးပဲရွိတာေပါ့ေနာ္ ထပ္မရွိေတာ့ဘူးမို႔လား ဆရာေလး"
"ဟမ္ ရွိေတာ့ရွိတယ္ မင္းအတန္းနဲ႔ ကိုက္တာပဲ ငါသင္ေပးထားတာ"
"ေအာ္ ဒါဆို က်ေနာ္သိတာလဲ ရွိတယ္ေပါ့"
ေမးေထာက္က စဥ္းစားေနတဲ့ ငတိက ဆရာႀကီးစတိုင္နဲ႔ပင္
"မင္းက ဘာသိတာလဲ ေျပာပါဦး"
"ဟို သိတာထက္ ၾကားခဲ့ပါတယ္"
"........."
"ဟိုလမ္းထိပ္က အမႀကီးေတြေျပာတာၾကားခဲ့တာ ဆရာေလးကလည္း ေတာ့ပ္ ဆို "
"ဟမ္"
ဆယ္ဟြန္းေၾကာင္သြားရသလို ေဘးကကြပ္ပ်စ္မွာ ေခါက္ဆြဲလုပ္ဖို႔ဂ်ဳံမႈန္႔နယ္ေနတဲ့ ဂ်ဳံအင္ကပါ စာသင္ေနတဲ့ သူတို႔ႏွစ္ေယာက္ကို ခပ္ေစာင္းေစာင္းၾကည့္လာသည္
"ဟုတ္တယ္ အဲ့အမႀကီးေတြေျပာတာ ဆရာေလးက ေတာ့ပ္ ဦးေလးဂ်ဳံအင္က ေဘာ့ပါဆိုလားပဲ အဲ့ဒါေၾကာင့္ ေတာ့ပ္ရဲ႕အဓိပၸာယ္မွာ ဆရာဆိုတာေကာ ထည့္မွတ္ရမွာလား"
သူ႔ဟာသူ စဥ္းစားလိုက္ ေျပာလိုက္နဲ႔ ဟုတ္ေတာ့ ဟုတ္ေနၿပီ
"ေလွ်ာက္ေျပာေနတာ သူတို႔အားလို႔ ေတာ့ပ္ဆိုတာ ဂ်င္နဲ႔ ထိပ္ဆုံးပဲ အဲ့ဒါပဲမွတ္"
"ဟုတ္ ဆရာေလး အဲ့ဒါပဲမွတ္ထားလိုက္ပါ့မယ္"
အိုဆယ္ေပါက္တို႔ ေခြၽးျပန္တယ္တကယ္ ဂ်ဳံအင္ကလည္း ေပေစာင္းေစာင္းနဲ႔ လွမ္းလွမ္းၾကည့္ေနတာမို႔ ဘာလုပ္လို႔ ဘာကိုင္ရမလဲ မသိျဖစ္ေနခ်ိန္
တီ~တီ~
"ဟာ အကိုခ်န္းေယာလ္တို႔ လာၿပီ ကဲမင္းဒီေန႔ေတာ့ ျပန္လိုက္ေတာ့ အိမ္စာေသခ်ာလုပ္ဦး"
"ဟုတ္"
လြယ္အိတ္ေလး ယူကာအိမ္ျပန္ေတာ့မဲ့ ကေလးနဲ႔အတူ အိမ္ျပင္လိုက္ထြက္ၿပီး အကိုခ်န္းေယာလ္တို႔ကို ထြက္ႀကိဳလိုက္သည္ ေတာ္ေသး အခ်ိန္ကိုက္မို႔
"အကိုခ်န္းေယာလ္တို႔ ေစာသားပဲ ဒီတပတ္"
"မနက္ မလင္းခင္ ထြက္လာၾကလို႔ပါကြာ ေန႔ခင္းဆို ေနပူမွာစိုးလို႔ "
"ဟာ ငါ့ေယာက္ဖႀကီးကေတာ့ေဟ့ အလန္းစားပဲ ဝကစ္ေနတာ"
ဘတ္ဟြၽန္းကားေပၚက ဆင္းဆင္းလာခ်င္းေျပာတဲ့ အိုဆယ္ေပါက္စကားေၾကာင့္ နင္သြားရသည္ ခ်ီးက်ဴးတာလား ႏွိမ္တာလားပဲ
"ေလမေပါနဲ႔ ၾကက္ေပါက္ ေနာက္ခန္းထဲက မင္းအခ်စ္ေလးမွာတာေတြ သြားယူသြား"
"ဟုတ္ကဲ့ပါဗ်ာ"
"အကိုခ်န္းေယာလ္ လာထိုင္ အရီးကအကိုတို႔မေရာက္ေလာက္ေသးဘူးထင္လို႔ အေမတို႔ဆီသြားေနတာ"
ခ်န္းေယာလ္ ဂ်ဳံအင့္ေဘးက လြတ္တဲ့ ေနရာမွာ သမီးကိုေပြ႕လ်က္ဝင္ထိုင္လိုက္သည္
"ဟုတ္ပါၿပီ ဒီတပတ္ မင္းတို႔က ႀကိဳေရာက္ေနတာပါလား"
"အရီးက ေခါက္ဆြဲေအး ဒီေန႔လုပ္ေကြၽးမွာမို႔ ဂ်ဳံလာလုပ္ေပးဆိုလို႔ အဲ့ဒါေၾကာင့္ႀကိဳေရာက္ေနတာ"
ခ်န္းေယာလ္နဲ႔ ဂ်ဳံအင္ စကားေျပာေနတုန္း ပြစိပြစိဟိုတိုးဒီတိုက္နဲ႔ စကားမ်ားလာတဲ့ ဆယ္ဟြန္းနဲ႔ဘတ္ဟြၽန္းက အနားက ခုံတန္းမွာဝင္ထိုင္ကာ
"မင္..."
"ေယာက္ဖႀကီးေနာ္"
"ငါကြာ"
"ကဲ ဒီ၂ေယာက္ ဘာျဖစ္ေနၾကျပန္တာလဲ"
ခ်န္းေယာလ္ဝင္ေမးေတာ့မွ တိုးႀကိတ္ႀကိတ္နဲ႔ ရန္သတ္ေနတာ ျပတ္သြာကာ
"ဘာမဟုတ္ဘူး ဒီေကာင္ သပ္သပ္လူကို လာေျပာေနလို႔"
ဆယ္ဟြန္းကို ေပေစာင္းေစာင္းၾကည့္ကာ ဘတ္ဟြၽန္းကေျပာေတာ့ ဆယ္ဟြန္းကလဲအၿပိဳင္
"ဟက္ အေျပာမခံႏိုင္ရင္ ေမြးေပါ့"
"ေဟ"
ပတ္ခ်န္းသာ မက ဂ်ဳံအင္ပါ မ်က္လုံးျပဴးရၿပီ ဒီႏွစ္ေကာင္ ဘာေၾကာင့္ရန္သတ္ရလဲဆိုတာ ရိပ္မိသြားလို႔ပင္
"ဟိုမွာၾကည့္ ဂ်ဳံလုံးေလး ဗိုက္လုံးေလးနဲ႔ ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲ ေယာက္ဖႀကီးလဲ ခ်စ္ဖို႔ေကာင္းခ်င္ ဗိုက္ထပ္ယူၿပီး တူေလးျဖစ္ျဖစ္ ထပ္ေမြးေပး"
"ငါေကာက္ထုလိုက္ရ ေဟ့ေကာင္ၾကက္ေပါက္ မင္းတို႔ဟာမင္းတို႔ အယြလြန္လို႔ ကေလး၁ေယာက္နဲ႔ ၁ဗိုက္ျဖစ္တာေလ ငါေမြးခ်င္ေမြးမယ္ မေမြးခ်င္ မေမြးဘူး လာမရွည္နဲ႔"
"ကဲ ေတာ္ၾကပါေတာ့ ဘယ္လိုျဖစ္ေနၾကတာလဲ"
"ေဖႀကီ "
အိပ္ခ်င္းမူးတူး ရင္ခြင္ထဲက ထထိုင္လာတဲ့သမီးေၾကာင့္
"သမီးပါ ႏိုးလာၿပီ ဘာမဟုတ္တာေလးကို"
"ဟ ေမာင္ ဘာမဟုတ္တာ မဟုတ္ဘူးေနာ္ ဒီေကာင္က ဗိုက္နဲ႔ဘယ္လိုေနရတယ္ ဘယ္လိုခံရတယ္ မသိပဲ ဂ်ဳံေလးကိုဇြတ္ေတြ ေမြးခိုင္းေနတာ တရားသလားေျပာ အခုက်ေနာ့္ပါ လိုက္ဗိုက္ႀကီးခိုင္းေန"
"ဟားဟားးး အကိုဘတ္ဟြၽန္းကလဲ ကေလးက်ေနတာပဲ "
ဂ်ဳံအင္ကေတာ့ ဘာမွဝင္မေျပာပဲ ၿပဳံးစိစိနဲ႔ပင္
"ထားပါ ဒီေကာင္ေတာ့ ေျပာမေနဘူး ၁၂ေယာက္ေလာက္ေမြးၿပီးကို ပို႔ထားဦးမယ္ ထိန္းစမ္းတေယာက္တည္းဆိုၿပီး"
"အမေလး ထိန္းမွာပါဗ်ာ အရင္သာ ေမြးပါဦး တၿပိဳင္တည္း"
"ေဟာ သာတို႔ေရာက္ေနၿပီလား "
"ဟုတ္ အေမ "
"လာ သားလာ ေဖ့ဆီ"
အေမ့လက္ထဲက ကေလးကို အိုဆယ္ေပါက္တို႔ ေျပးခ်ီေလၿပီ
"၂ရက္လုံးေနမွာမို႔လား"
"ဟုတ္အေမ ေနမွာေပါ့ "
"ဒါဆို ေနၾကဦးေနာ္ လာဂ်ဳံေလးနဲ႔ သမက္ေလး ေခါက္ဆြဲရရင္ ေခါက္ဆြဲေအးလုပ္ဖို႔ျပင္ကူပါဦး"
"ဟုတ္ အေမ " "ဟုတ္အရီး"
ဗိုက္ကေလးပူပူနဲ႔ ဂ်ဳံအင္ရယ္ ဘတ္ဟြၽန္းရယ္ အေမ့ေနာက္ လိုက္သြားေတာ့ ခ်န္းေယာလ္နဲ႔ ဆယ္ဟြန္းလည္း အၾကမ္းရည္ေသာက္ရင္း ေဆာ့ေနတဲ့ သမီးနဲ႔ သားကို ေစာင့္ၾကည့္ေပးေနၾကသည္
"ဆယ္ဟြန္း"
"ဗ်ာ"
"မင္းသားက ဘယ္ႏွႏွစ္လဲ"
"၂ႏွစ္ေလ အကိုခ်န္းေယာလ္"
"ေအာ္ ဒီေကာင္ထြားသားပဲ"
"ဟုတ္ပါ့ လမ္းေလွ်ာက္တတ္ခါစ မနည္းလိုက္ထိန္းရတယ္ သူ႔အေဖကလဲေနာက္တဗိုက္နဲ႔ဆိုေတာ့ က်ေနာ့္ လက္ေပၚပဲ သားကေတာ့"
"မင္းနဲ႔ မတူဘူးေနာ္"
"ဟမ္ ဘာကို"
"ေအာ္ ႐ုပ္ေျပာတာပါ မင္းနဲ႔မတူဘူးလို႔ မင္းသာက"
"ဟက္ ဒါေတာ့ဗ်ာ က်ေနာ္က ဂ်ဳံလုံးေလးကိုပိုခ်စ္လို႔ ဂ်ဳံလုံးေလးအတိုင္း သားကထြက္လာတာေပါ့ဗ်"
"ဟင္ ပလီၿပီ မင္းေမြးတာမွ မဟုတ္တာ ဂ်ဳံအင္ေမြးတာေလ အဲ့ဒါဂ်ဳံအင္က သူ႔ကိုယ္သူ ပိုခ်စ္လို႔ သူ႔ပုံတူေလးထြက္လာတာ"
ခ်န္းေယာလ္စကားဆုံးတာနဲ႔ ႏႈတ္ခမ္းႀကီးေထာ္ကာ
"ဟာဗ်ာ က်ေနာ္က ဂ်ဳံေလးကို ပိုခ်စ္လို႔ ဂ်ဳံေလးနဲ႔တူတာဗ်ာ"
"မင္းစဥ္းစားၾကည့္ ကေလးကိုဘယ္သူေမြးတာ"
"ဂ်ဳံေလးေလ"
"ရွင္းေနၿပီေလ မင္းေမြးၿပီးကေလးက ဂ်ဳံေလးနဲ႔တူရင္ မင္းက ဂ်ဳံေလးကိုပိုခ်စ္လို႔ ဂ်ဳံေလးေမြးၿပီးဂ်ဳံေလးနဲ႔တူမွေတာ့ သူ႔ကိုယ္သူပိုခ်စ္လို႔ေပါ့ကြ"
" အကိုခ်န္းေယာလ္ မဟုတ္တာေတြ လာေျပာမေနနဲ႔"
"ငါအတည္ေျပာတာ"
"မဟုတ္ဘူးဆို"
အိမ္ေရွ႕က စူးစူးညံညံ ျငင္းခုန္ေနၾကသလို မီးဖိုခန္းထဲတြင္လည္း
"ဂ်ဳံေလး ဘယ္လိုလဲ အိုေခရဲ႕လား"
"ေျပပါတယ္ အကိုဘတ္ဟြၽန္းရဲ႕ နဲနဲေတာ့ခံရခက္တာေပါ့ စားခ်င္တာ မစားရနဲ႔"
"ဒီတေခါက္ေတာ့ သမီးေလးေမြးကြာ တူမေလးနဲ႔ သမီးကို ဆင္တူ ဆင္လို႔ရတာေပါ့"
"က်ေနာ္လဲ သမီးေလးလိုခ်င္ေနတာ အကိုဘတ္ဟြၽန္းေရ ဆယ္ဟြန္းကေတာ့ ဘာေလးျဖစ္ျဖစ္ ခ်စ္တာပဲတဲ့ေလ"
"မိဘဆိုေတာ့လဲ အခုသာ ဘာေလးလိုခ်င္တယ္ေတြးေနတာ ထြက္လာေတာ့လဲ ခ်စ္ရတာပဲ"
"ဟားဟားးးဟုတ္ပါ့ အကိုဘတ္ဟြၽန္းေရ"
"ဂ်ဳံေလးနဲ႔ သမက္ေလး ကင္ခ်ီရၿပီလား"
"ဟုတ္ရၿပီအေမ"
ဘတ္ဟြၽန္း ကင္ခ်ီေတြကို ပန္းကန္ထဲထည့္ရင္း အေမ အေမးကိုျပန္ေျဖလိုက္သည္
"ေခါက္ဆြဲလဲ ရၿပီ အိမ္ေရွ႕က ေလေပါေတြကို ေခၚလိုက္ေတာ့မယ္"
"ဟုတ္ အေမ" "ဟုတ္ အရီး"
"အိမ္ေရွ႕က ကိုေလေပါေတြ လာစားၾကစို႔ ရၿပီ"
"ဟုတ္ အေမ "
********************
"ဒီမွာ နဲနဲေအးေနၿပီေနာ္ သားတို႔ဆီေတာ့ ဒီတပတ္လုံး ေအးတဲ့အခ်ိန္ကိုမရွိတာ"
အေမက မီးပုံမွာ ထင္းစိုက္ရင္း
"ညပိုင္းပဲ ေလတိုက္ေတာ့ ေအးေသးတာ က်န္းမာေရးလဲ ဂ႐ုစိုက္ၾကဦး သမက္ေလးအေဖေကာ ေနေကာင္းရဲ႕လား"
"ေကာင္းတယ္အေမ ေဒါင္ေဒါင္ကိုျမည္လို႔ အေမေကာ အလည္လိုက္ခဲ့ပါဦး "
"ေတာ္ပါၿပီသမက္ေလးရယ္ အသက္ရလာေတာ့ တေနရာနဲ႔ တေနရာသြားဖို႔ မလြယ္ဘူး စိတ္သာေဆာင္တာ ကိုယ္က မလိုက္ႏိုင္ေတာ့ပါဘူး"
"လယ္ေတြက ဒီတခါ အထြက္တိုးတယ္ေနာ္ သား ဦးေလးနဲ႔ညေနကလမ္းေလွ်ာက္ထြက္ရင္းသြားေတြ႕ခဲ့ေသးတယ္"
"ဟုတ္သား အေမေျပာမလို႔ေမ့ေနတာ"
"မင္းညီ ဆယ္ဟြန္းကို အေမ လယ္တကြက္ေပးထားတယ္ေနာ္"
ဆယ္ဟြန္းက ၿပဳံးစ္ိစိနဲ႔
"အေမြေတာင္းထားတာ အေမြ"
"အေမ့တူက ေကာင္းေကာင္းလုပ္မွာလဲ မဟုတ္ပဲနဲ႔ ဟုတ္မွလဲလုပ္ေနာ္အေမ"
"အမယ္ လူမ်ားအထင္ေသးလို႔ ေနာက္တလ က်ေနာ့္လယ္က ပိုအထြက္ေကာင္းေစရမယ္"
"ဟားးးဟားး ေစာင့္ၾကည့္မယ္ ၾကက္ေပါက္"
"ေစာင့္ၾကည့္ ေစာင့္ၾကည့္"
"မင္းက ဆရာမလုပ္ေတာ့ဘူးလား ဒါဆို"
"သင္မွာေပါ့ဗ် တေန႔မွ၂နာရီေလာက္ပဲ သင္ရတာ သင္ႏိုင္ပါတယ္ဗ်ာ"
"ေစာင့္ၾကည့္ေနမယ္ေနာ္ ေစာင့္ၾကည့္ေနမယ္"
ဘတ္ဟြၽန္းက ဒီတခြန္းကိုပဲ အၿပဳံးမ်က္ႏွာႀကီးနဲ႔ ဝင္ဝင္ေျပာေနတာက မသိ ရင္ေလွာင္ေနသလိုလိုပင္
"အဲ့မွာၾကည့္ေနလိုက္ ဂ်ဳံေလးျပန္မယ္"
"ဟင္ ျပန္ေတာ့မွာလား"
"နက္ဖန္ရွိပါေသးတယ္ သူတို႔မျပန္ၾကေသးဘူးေလ အခုမိုးခ်ဳပ္ေနၿပီျပန္ၾကစို႔ေနာ္"
"အြမ္းပါ ခ်စ္တူမေလး ဦးဦးတို႔ျပန္ေတာ့မယ္ေနာ္ ေနာက္ေန႔ျပန္လာေဆာ့ေပးမယ္"
"ဟုတ္ ဦးဦးဂ်ဳံ"
သမီးရယ္ သားရယ္နဲ႔စကားေျပာလိုက္ ကစားလိုက္ လုပ္ေပးေနတဲ့ ဂ်ဳံေလးကိုေျပာၿပီး သူ႔သားကိုသူ ေပြ႕ခ်ီကာ
"အရီး သြားေတာ့မယ္ မိုးခ်ဳပ္ေနၿပီမို႔"
"ဟုတ္ပါၿပီရွင္ ေကာင္ေကာင္ျပန္ၾကပါ ငါ့ေျမငယ္ေလးကိုေသခ်ာဂ႐ုစိုက္ၾကဦး"
"ဟုတ္ကဲ့ပါ တူမေလးသြားၿပီေနာ္"
သမီးရဲ႕ ဆံပင္ေလးေတြကိုဖြကာေျပာလိုက္ေတာ့
"ဟုတ္ ဦးဦးဆယ္ "
"အကိုခ်န္းေယာလ္နဲ႔ ေယာက္ဖႀကီး သြားၿပီ သားသား တာတာ့ ျပလိုက္ဦး ဖြားဖြားနဲ႔ဦးေလးႀကီးေတြကို"
ဆယ္ဟြန္းတို႔သားကေတာ့ လက္ကေလးလႈပ္ခါလႈပ္ခါနဲ႔ တကယ့္ဝက္ဝံေပါက္ေလး
"တ့တ"
"တာ့တာပါပဲ ဂ်ဳံလုံးေပါက္ေလး"
"ေပါက္စေကြးေလးတာ့တာ ေနာက္ေန႔ျပန္လာလည္ေနာ္"
"Arrr ျပန္ၿပီလို႔ လာဂ်ဳံေလးသြားမယ္"
ဂ်ဳံအင့္ကို ဖက္ကာ သူ႔သားကိုခ်ီၿပီး ထြက္သြားတဲ့ ဆယ္ဟြန္းက ကမာၻႀကီးပဲ အပိုင္ရထားတဲ့ လူလိုလို နဲနဲေတာ့ေဆာင့္ႂကြားႂကြားႏိုင္လွသည္ ေအးေလး အခ်စ္ရွိရာအရပ္မွာ ေနထိုင္ေနရတဲ့လူပဲ သူလဲ
"ကဲသားတို႔ ေနခ်င္ေနၾကဦး အေမေတာ့အိပ္ေတာ့မယ္"
"ဟုတ္အေမ"
"လာ ေျမးေလး ဖြားဖြားနဲ႔ အိပ္ရေအာင္ေနာ္ ဒီေန႔"
"ဟုတ္ ဖြားဖြား ေဖေဖ ေဖႀကီး သမီးအိပ္ေတာ့မယ္"
"ဟုတ္ပါၿပီဗ်ာ" "Good nightသမီးေရ"
ခ်န္းေယာလ္နဲ႔ ဘတ္ဟြၽန္းကို ပါးတခ်က္ဆီအနမ္းေပးကာ သူ႔အဖြားေခၚရာေနာက္ လိုက္သြားေသာ သမီးေလး...........
"ေအးေနၿပီလား"
"သိပ္မေအးပါဘူး ေမာင္ရယ္ မီးပုံပုံထားေတာ့ ေႏြးပါတယ္"
"ကန္စြန္းဥ ရၿပီ"
ခ်န္းေယာလ္ မီးပုံအလယ္က ဖုတ္ထားတဲ့ကန္စြန္းဥကိုယူကာ ေအးေအာင္မႈတ္ရင္း ခြာလိုက္ကာ
"အာ"
ဘတ္ဟြၽန္း အလိုက္သင့္ ပါးစပ္ဟေပးလိုက္ၿပီး ခ်န္းေယာလ္ခြန္႔သမွ် တစိမ့္စိမ့္ ထိုင္စားေနေတာ့သည္
"ခ်ိဳလား"
"စိမ့္စိမ့္ေလး ေကာင္းတယ္"
တလႈပ္လႈပ္နဲ႔ ဝါးေနရင္း ေကာင္းကင္ကိုၾကည့္ကာ သေဘာက်ေနတဲ့ေကာင္ေလး
"ၾကယ္ေတြစုံေနတာပဲ လလည္းျပည့္ေတာ့မယ္ ေသးေသးေလးပဲလိုေတာ့တာ"
"ေနာက္၂ရက္ေနရင္ လျပည့္ေန႔ေရာက္ၿပီေလ"
"ေမာင္ ဟိုးမွာၾကည့္"
"ဘာလဲ"
"ဟိုမွာေလ သရက္ပင္အထက္နားေလာက္ကိုၾကည့္ ၾကယ္ေလး၃လုံးေတြ႕လား"
"အြမ္း ေတြ႕ၿပီ"
"အဲ့ဒါ က်ေနာ္တို႔မိသားစုေလး"
"မဟုတ္ပါဘူး "
"ဟုတ္တယ္"
"မဟုတ္ပါဘူး"
"ဟာ ေမာင္ေနာ္ ဟုတ္ပါတယ္ဆို"
"အဲ့ဒါမဟုတ္ဘူး ျပမယ္ ၾကည့္ ေဟာ ဟိုက လမင္းႀကီးေတြ႕လား"
ဆူပြပြနဲ႔ မေက်မနပ္ျဖစ္ေနတဲ့ပုံနဲ႔ ခ်န္းေယာလ္ျပတာကို ၾကည့္ကာ
"ေတြ႕တယ္"
"အဲ့ဒါက ေမာင့္ရဲ႕ ပတ္ဘတ္ေလး"
လက္ေမာင္းေပၚ သူ႔လက္ေလးေတြနဲ႔ရစ္ပတ္လာကာ ပုခုံးေပၚေခါင္းေလးမွီလာၿပီး
"ေမာင္ကေကာ အဲ့ဒါဆို"
"ကိုယ္က လမင္းႀကီးကို ေထြးေပြ႕ထားတဲ့ေကာင္းကင္ႀကီး"
"သမီးကေကာ"
"သမီးက ေဟာေတြ႕လား လမင္းႀကီးနဲ႔ နီးေနတဲ့ၾကယ္ နဲနဲေလးႀကီးတာက သမီး"
"ဟင္ က်န္တဲ့ၾကယ္ေတြကေကာဒါဆို"
ခ်န္းေယာလ္ ဘတ္ဟြၽန္း ပါးကစ္ကစ္ေလးကို ဆြဲဖ်စ္လိုက္ကာ
"ေဟာ့ဒီက ပတ္ဘတ္ေလး ေနာက္ထပ္ေမြးေပးမယ့္ ပုက်ိေလးေတြဗ်ာ"
"ဟင္ မေမြးပါဘူး"
"ေမြးပါ"
"မေမြးဘူးလို႔ဆိုေနေနာ္"
"ေမြးေပးပါဆို"
ဘတ္ဟြၽန္း ခ်န္းေယာလ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ လွည့္ထိုင္လိုက္ကာ
"အိုခီ ေမာင္က သိပ္ကေလးအမ်ားႀကီးလိုခ်င္ေနတယ္ေပါ့"
"ရက္စ္ လိုခ်င္တာေပါ့ဗ်ာ"
"ဟြင့္ ညီအကိုေတြတက်ိတ္တည္းတညဏ္တည္း တူေတြတူမေတြ မ်ားမ်ားေမြးေပးခိုင္းတဲ့သူနဲ႔ သူ႔ရွိတဲ့ကေလးနဲ႔တူေတြေပါင္းၿပီး ေဘာလုံးသင္းဖြဲ႕မလို႔ထင္ပါ့"
"ႏိုင္ငံ့ရဲ႕ အႀကီးမားဆုံး စံျပမိသားစု ျဖစ္ေအာင္လို႔ေလ ဟားဟားး"
"ဟုတ္ၿပီ ဒီေလာက္ျဖစ္ေနၾကတာ ေမြးမယ္ အမ်ားႀကီးကိုေမြးမယ္ "
"ဟီးဟီး ခ်စ္တာကြာ ေမာင့္ကေလးေလးကို"
ခ်န္းေယာလ္ ဘတ္ဟြၽန္းရဲ႕ ကိုယ္လုံးေသးေသးေလးကို ရင္ခြင္ထဲဆြဲသြင္းကာ ေခါင္းလုံးလုံးေလးကိုနမ္းရႈိက္ေနတုန္း
"but က်ေနာ္ကိုယ္ဝန္လြယ္ေနတဲ့အခ်ိန္တေလွ်ာက္လုံး ေမာင္ကတုံးနဲ႔ပဲေနရမယ္"
"ဟမ္"
ဘတ္ဟြၽန္း ခ်န္းေယာလ္မ်က္ႏွာကိုေစ့ေစ့ၾကည့္ကာ
"ဘယ္လိုလဲ"
"ဟို ေမာင္က တျခားႏိုင္ငံက လူေတြနဲ႔ေကာ အစည္းအေဝးေတြ ဘာေတြလုပ္ၿပီး ေတြ႕ရဦးမွာေလ ဟို ဟို"
"ၿပီးေတာ့ေကာ"
"ဟို ၿပီးေတာ့ ေမာင္က မ်က္လုံးႀကီးႀကီး နား႐ြက္ႀကီးႀကီး ကတုံးႀကီးနဲ႔ ႐ုပ္ဆိုးသြားမွာေပါ့"
အီလည္လည္ ႐ုပ္နဲ႔ေျပာေနတဲ့ ပတ္ခ်န္းတစ္ေယာက္ေၾကာင့္ ဘတ္ဟြၽန္းရယ္ခ်င္တာကို မနဲေအာင့္ထားရသည္
"ဒါဆိုေလွ်ာ့ေပးမယ္ ေမြးခါနီး ၃လ"
"ဟင္"
"ဒါေတာ့လက္ခံလိုက္ေတာ့ ဒီမွာေယာက်္ားတန္မဲ့ ဗိုက္ကႀကီးေပးရဦးမယ္ လူၾကားထဲသြားရလာရ အဆင္ေျပတယ္မွတ္ေနတာလား ေမာင္က"
"မမွတ္ပါဘူးဗ်ာ ဒါေပမဲ့"
"ေတာ္ၿပီ ေတာ္ၿပီ မေမြးေတာ့ဘူး"
စိတ္ဆိုးၿပီး ေက်ာေပးသြားတဲ့ အေသးေလးေၾကာင့္
"ဟုတ္ပါၿပီ ေမြးခါနီး၃လမဟုတ္ဘူး ပတ္ဘတ္ေလးတို႔ ကိုယ္ဝန္ရွိပါၿပီတဲ့ေဟ့ ဆိုတာနဲ႔ ေမာင္တန္းၿပီး ကတုံးတုံးမယ္ ဟုတ္ၿပီလား"
ေနာက္ကေန သိုင္းဖက္လာတဲ့ ခ်န္းေယာလ္ လက္ေတြကို ဘတ္ဟြၽန္းျပန္လည္ဆုပ္ကိုင္ရင္း
"ဒီလိုမွေပါ့ ဟဲဟဲ ကတုံးႀကီးနဲ႔ေမာင့္ကို ျမင္ခ်င္လွၿပီ အူယားစရာႀကီးေနမွာ"
"ျမန္ျမန္ ေနာက္ကေလးေလးကို ဝဲကမ္းၾကစို႔ေလ အဲ့ဒါဆို"
ခ်န္းေယာလ္ လည္တိုင္ႏုႏုေလးကို ခပ္ဖြဖြေလး နမ္းကာေျပာလိုက္ေတာ့
"ဟားဟားးးယားတယ္ ေမာင္ရဲ႕"
"ခ်စ္လာေျပာ ဒါဆို"
"ခ်စ္တယ္ ဟဟား ယားတယ္လို႔"
"ဘယ္ေလာက္လဲ"
"အမ်ားႀကီး အမ်ားႀကီးကို ခ်စ္တာ "
*******The end*******
ပုက်ိေလးေတြကိုေတာ့Extraမွာပဲ အသဲယားေတာ့ေနာ္..............သိပ္ခ်စ္ရတဲ့လူသားေလးႏွစ္ေယာက္ကို ပုံေဖာ္ခဲ့တဲ့ေနရာမွာ လိုအပ္ခ်က္ေတြ ဟာကြက္ေတြရွိေနရင္ က်ေနာ္ကေတာင္းပန္ပါတယ္ တခ်ိဳ႕တေလ အသုံးအႏႈန္းေလးေတြ မွားယြင္းခဲ့သည္ရွိေသာ္ တကယ္ေတာင္းပန္ပါတယ္.............က်ေနာ့္ရဲ႕ေပြလီေလးကို အစအဆုံးဖတ္ရႈေပးခဲ့ၾကတဲ့တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္ဗ်❤️
Love u all❤️