Happy Ending (ပျော်စရာဇာတ်သိမ...

By Esperanza-1995

67.7K 1.6K 28

အိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း... More

လောင်မြိုက်ခြင်း
I Never Knew You
Love is so unpredictable. ...
Love & Desire
When you left me
The day he came back
နီးစပ်ဖို့
နတ်ကြီးတဲ့ဝတ်စုံ
အက်ကြောင်းရဲ့အစ
Villain
အဝေးဆုံးက..
အတ္တရဲ့အစ
ယုံကြည်မှု
မျက်နှာဖုံးတချို့အကြောင်း
ရင်နာစေတဲ့ကြိုးတွေ
တည်ဆောက်ရင်းပြိုလဲ
အကုန်ပျက်စီးသွားပြီ
Happy Ending

မခေါ်နှင့်ပဲဝင်လာခဲ့သူ

5.2K 111 0
By Esperanza-1995

ခပ်အုပ်အုပ်နဲ့သိုသိုသိပ်သိပ်လေးလှပတဲ့
နွေ တို့မြို့လေးကဇန်နဝါရီရဲ့ဆောင်းတွင်းရဲ့မနက်ခင်းလေးမှာတိတ်ဆိတ်နေလျက်.....

မြို့ကြီးပြကြီးတွေလိုရှုပ်ရှပ်ခက်နေခြင်းမရှိပဲခပ်အေးအေးရာသီဥတုနဲ့အတူမြို့လေးကကလေးငယ်တစ်ယောက်ကွေးအိပ်နေသလို

ပုံမှန်ဆိုသူမတို့မြို့လေးက
၉နာရီ ၁၀ နာရီလောက်မှစတင်လှုပ်ရှားအသက်ဝင်လေ့ရှိသည်

ထို့နောက် နေ့လည် ၂နာရီလောက်ဆိုပြန်ပြီးတိတ်ဆိပ်ငြိမ်သက်သွားတက်သည်

ခပ်အေးအေးခပ်မှောင်မှောင်ရာသီဥတုနှင့်အတူလိုက်ရောညီထွေစွာအမြဲလိုလိုတံခါးပိတ်ထားလေ့ရှိသည်အိမ်တံခါးတွေ ပြတင်းပေါက်တံခါးတွေဟာဒီမြို့လေးရဲ့ထူးခြားချက်.....

ဘာပဲဖြစ်ဖြစ်နွေကတော့သဘောကျတယ်

သူမရဲ့ဇာတိမြို့ရွာတစ်ခုလိုခံစားရတယ်

နွေက အေးစက်ပြီးမှောင်မဲနေတာသဘောကျတယ်လေ
​ပြီးတော့အိပ်ရတာသဘောကျတယ်

ပြီးရင်တံခါးတွေပိတ်ထားတာသဘောကျတယ်လုံခြုံတယ်လို့ခံစားရတယ်

နွေကိုယ်တိုင် duty off တဲ့နေ့တွေဆို နေ့လည်လောက်ထိကို ရှိသမျှအပေါက်မှန်သမျှကိုအမှောင်ချ ပြီးလှိမ့်ပိမ့်ပြီးအိပ်လေ့ရှိသည်

ဒီမြို့လေးက ရန်ကုန်သူစစ်စစ်သူမအတွက် နတ်ဘုရားတွေဖန်ဆင်းပေးထားသလို....

အမှန်စစ်စစ်က နွေက ဒီဇာတိမဟုတ်

ရန်ကုန်မှာမွေးရန်ကုန်မှာကြီးခဲ့တဲ့သူတစ်ယောက်

နွေရဲ့ပုံစံကဒီမြို့ကနယ်ခံလူတွေနဲ့တော့တော်တော်ကိုကွဲပြားသည်

အထူးခြားဆုံးက
သူမရဲ့ခန္ဓာကိုယ်ကထွေထွေထူးထူးပုံစံသွင်းထားခြင်းမရှိပဲအချိုးစားပြေပြစ်လွန်းသည်

တော်တော်များများအမျိုးသားများက သူမရဲ့ခန္ဓာကိုယ်ကို နှစ်ခါပြန်ငေးကြည့်တက်သည်

အသားညိုစိမ့်စိမ့် နှာတံပေါ်ပေါ် အရပ်မြင့်မြင့်ရှိသည့်အပြင်နွေ့ရဲ့ထူထွေးနီရဲနေသောနှုတ်ခမ်းဖျားမှာ sexy ကျကျမှည့်တစ်လုံးလည်းရှိသည်

ဆရာဝန်မလုပ်ပဲ sexy model လုပ်ရမှာဟုနွေ့ရဲ့ပြောမနာဆိုမနာသူငယ်ချင်းတော်တော်များများကပြောလေ့ရှိသည်

သူမအလုပ်နှင့်ကိုက်ညီအောင်ထွေထွေထူးထူး ခန္ဓာကိုယ်ပေါ်မဲ့အင်္ကျီမျိုးကိုနွေရှောင်ဝတ်လေ့ရှိသည်

နွေလိုချင်တာလူတွေရဲ့ လေးစားမှု နဲ့ အားကိုးယုံကြည်မှု
တပ်မက်တဲ့မျက်လုံးတွေကိုမဟုတ်ပါ

အဲ့ဒါကြောင့်ပဲလားမသိ

နွေ ခုအရွယ်ထိရည်းစားမရှိခဲ့......

သူမကိုစိတ်ဝင်စားတဲ့တော်တော်များများယောကျာ်းတွေကိုနွေငြင်းလွှတ်တာများသည်

နည်းနည်းသူမအပေါ်အရောင်စွန်းတယ့်စိတ်နဲ့ဆက်ဆံတယ်လို့ခံစားရရင်တောင်သူမရှောင်ပြီးနေတက်ခဲ့သည်

ဒါကလည်း Phobia တစ်မျိုးဟုဆိုချင်ဆိုနိုင်သည်

နွေ့ရယ်ခန္ဓာကိုယ်ပုံစံကြောင့်လား

Broken family မို့ပဲ ၁၅၀၀ မေတ္တာတွေကို insecure ဖြစ်နေမိတာလား

Introvert မို့လို့လား

တစ်ယောက်တည်းနေတာကြာတဲ့အသက်လတ်ပိုင်းအမျိုးသမီးဖြစ်လာတာကြောင့်လားမသိ

နွေ့အတွက် ကလေးမွေးအိမ်ထောင်ပြုခြင်းတွေကိုအယုံအကြည်မဲ့ခဲ့.......

ထူးထူးခြားခြားရင်ခုန်ပြီး crush ရတဲ့ယောကျာ်းလည်းနွေမကြုံဖူးပါ....

သူမကိုယ်တိုင်ကလည်းယောကျာ်းမလိုအပ်တဲ့အဆင့် မဟုတ်ဘူး ယောကျာ်းတွေကိုရှောင်တဲ့အဆင့်ဖြစ်လာခဲ့သည်

နွေ့စိတ်မှာsecure ဖြစ်စေတဲ့ယောကျာ်းလေးမျိုးကိုပဲနွေစကားပြောအပေါင်းသင်းလုပ်တက်သည်

နွေ့မှာရှားရှားပါးပါးသူငယ်ချင်းယောကျာ်းလေးတစ်ယောက်တော့ရှိသည် သူ့နာမည်ကသော်တာတဲ့
နာမည်ကိုကမိန်းမနာမည်...

သူနဲ့ပေါင်းရတာကိုတော့နွေသဘောကျတယ် အကိုတစ်ယောက်လို တစ်ခါတစ်ခါ ပြောမနာဆိုမနာအမျိုးသမီးသူငယ်ချင်းတစ်ယောက်လို အဖော်ရသည် လုံခြုံတယ် secure ဖြစ်တယ်လို့ခံစားရသည်

နောက်ပြီးနွေကလွတ်လပ်တာကိုကြိုက်တယ်

နွေစားချင်တဲ့အချိန်စားတယ် အိပ်ချင်တဲ့အချိန်အိပ်တယ်

တစ်ယောက်တည်းသမားမို့ထမင်းရယ်ဟင်းရယ်လို့တစ်ခါမှရေရေရာရာပင်ချက်စားလေ့မရှိ

မနက်ဆိုဆေးရုံနားကဆိုင်မှာဝယ်စားတယ်

ညဆိုရှိတဲ့ဘီစကွတ်တွေ မုန့်တွေလောက်နဲ့ပင်တင်းတိမ်နိုင်တယ်

တစ်ခါတစ်ခါစိတ်ပါရင်ခေါက်ဆွဲပြုတ်ကို ရှိသမျှအသားလုံးတွေအရွက်တွေနဲ့ကျကျနနပြုတ်စားတက်သည်မှလွဲပြီးနွေ့အတွက်အထူးစပယ်ရှယ်ဆိုတာမရှိခဲ့

နွေ့အိမ်ကလည်းအမြဲလိုလိုအမှောင်ကျနေတက်သေးသည်

ရှုတ်ရှပ်ခက်နေပေမဲ့လည်း နွေ့အိမ်ထဲကိုဧည့်သည်လည်းသိပ်လာလေ့လာထမရှိတဲ့အတွက်စိတ်ပူစရာမလိုပါ

အခုလည်း
နွေ အိမ်တံခါးကိုသော့ခက်ရင်း file တစ်ဖက် ကားသော့တစ်ဖက်ဖြင့်ရှုပ်ရှပ်ခက်နေခဲ့သည်

နွေကပျင်းတက်ပေမဲ့ နွေ့ရဲ့professional ကိုတော့လေးစားသည်

ဘယ်လောက်အအိပ်ကြီးကြီး duty နေ့တွေဆိုနွေ့မျက်လုံးက auto ဖွင့်ရက်သား

ဘယ်တော့မှနောက်ကျလေ့မရှိ

နွေ့ရဲ့ဖေဖေက နွေ ၁၀ နှစ်အရွယ်လောက်မှာ accident တစ်ခုကြောင့် ဆေးဘက်ဆိုင်ရာမှားယွင်းမှုတစ်ခုကြောင့်မဆုံးသင့်ပဲဆုံးသွားတာဖြစ်သည်

ဒါတွေကြောင့်ပဲနွေ့ရဲ့ငယ်အိမ်မက်ကလူတွေကိုမှန်မှန်ကန်ကန်နဲ့ကယ်ချင်တဲ့စိတ်ဖြစ်လာခဲ့ခြင်းဖြစ်မည်

သူမရဲ့ demio ကားအဖြူရောင်လေးမှာငှက်ချေးတစ်ချို့ကိုစိတ်ပျက်လက်ပျက်တွေ့လိုက်ရသဖြင့်သက်ပြင်းခပ်ဖွဖွချရင်း

file တွေကိုစုပြုံပြီး ကားနောက်ခန်းသို့ထည့်လိုက်သည်

ဆေးရုံဘက်သို့ကားကိုဖြေးဖြေးမောင်းလာခဲ့သည်

လမ်းမှလူနည်းနည်းရှုပ်နေသည်

ဒီမြို့လေးက local လူဦးရေထက် ဧည့်သည်လူဦးရေကပိုများသည်

အမြဲလိုလို ဂယက်ထ ဓာတ်ပုံတွေနေရာတိုင်းလိုလိုရိုက်
social media မှာနာမည်ကြီးတဲ့စားသောက်ဆိုင်တွေမှာအမြဲလိုလိုတိုးဝှေ့နေတာကြည့်လိုက်ရင် အဲ့ဒီ့ ဧည့်သည်တွေပဲ

ဒီမြို့လေးကဧည့်သည်ဆီကဝင်ငွေနဲ့ ထိုင်စားနေတဲ့မြို့ဟုပြောရင်ပိုမှန်မည်

ဧည့်သည်မရှိတဲ့အချိန်ဆိုမြို့လေးကအရင်အတိုင်းပြန်လည်ငြိမ်သက် အိပ်စက်သွားလေ့ရှိသည်

.......................

File များကိုစစ်ဆေးနေရင်း သူမရှေ့ရောက်လာတဲ့ sandwich ပေါင်မုန့်ဗူးကြောင့် သူမမျက်လုံးကိုလှန်ကြည့်လိုက်သည်
​သော်တာဖြစ်သည်
" စားပါဦး ဒေါက်တာနွေသစ္စာခင်"
သူမသော်တာ့ဆီမှ ကော်ဖီဘူးကိုပါဆွဲလုလိုက်သည်
" ပေးမှာပေါ့ဒုက္ခပဲ"
ခပ်စောင်းစောင်းတစ်ချက်ကြည့်ပြီးသူမခေါင်းကိုသိမ့်ခနဲနေအောင်ပုတ်လိုက်သည်

အဝင်ဝဆီမှ ခပ်ရုတ်ရုတ်သဲသဲအသံကြောင့်သူမတို့နှစ်ယောက်လုံးခေါင်းထောင်ကာကြည့်လိုက်သည်

" Patient လာတယ် Doctor"

သူမတို့နှစ်ယောက်သားပြေးကြည့်လိုက်တော့

အင်္ကျီအဖြူလွှလွှတစ်ထည်လုံးမြင်မကောင်းအောင်သွေးတွေလွှမ်းနေသည့် သတိလုံးဝမရှိတော့သည့်အမျိုးသားတစ်ဦး

သူ့နောက်တွင်အရပ်ခပ်ရှည်ရှည်လူနှစ်ယောက်လိုက်လာသည်

ကား accident တစ်ခုကြောင့်ရောက်လာသည်ဟုဆိုသည်

နွေ ထိုသူ​၏လက်ကောက်ဝတ်ကိုစမ်းကြည့်သည်

အသက်ရှိသေးသည်

သူမတို့ cervical collar ကိုလူနာရဲ့လည်ပင်းတွင်ဂရုတစိုက်ထိန်းတပ်လိုက်သည်

Head X ray အရေးပေါ်ရိုက်ဖို့လိုမယ်

လူနာကသွေးထွက်လည်းလွန်နေသဖြင့်သူမတို့အတော်စိုးရိမ်သွားတယ်

ပုံမှန်ဆို ဒီလို accident လူနာမျိုး သူမတို့ဆေးရုံကိုသိပ်မရောက်ဖူးပါ
အများဆုံးလာဖူးတာကခြေကျိုး လက်ကျိုးလောက်သာရှိဖူးသည်

လေကိုဝဝရှူရင်းနွေစိတ်ငြိမ်အောင်ကြိုးစားလိုက်သည်

"လူနာက အရေးပေါ်သွေးသွင်းရမယ် AB minus သွေး doctor"
သူမအတော်ပင်စိတ်ရှုတ်သွားခဲ့သည်
အလွန်ရှားပါးတဲ့သွေးအမျိုးအစားတစ်ခုမို့အကြပ်ရိုက်သွားသည်
"နွေ....နင်လည်း AB minus မလား" သော်တာ့အမေးကြောင့် သူမသတိရသွားသည်

သူမဆရာဝန်သာဆို သူများအသားကိုသာလှီးချင်လှီးမယ် ကိုယ့်ကိုဖောက်မဲ့အပ်ကိုတော့အလွန်ကြောက်သည် အထူးသဖြင့် သွေးဖောက်တဲ့ အပ်လုံးအထူကြီးတွေကိုပေါ့

" When you save one life, it is as if you save the entire world" တဲ့အဖေပြောဖူးတဲ့စကားတစ်ခုသူမအမှတ်ရသွားခဲ့သည်

"အေးငါပဲလှူရတော့မှာပေါ့" စိတ်ရှုတ်ရှုတ်ဖြင့်သူမငြီးညူလိုက်သည်

လူနာအခြေနေကသတိမရလာသေးသော်လည်း စိတ်ချရတဲ့အနေထားရောက်တော့မှသူမတို့သက်ပြင်းချနိုင်တော့သည်

မနက်ကတည်းက တစ်ကိုက်သာကိုက်ရသေးသောsandwich လက်ကျန်နှင့်ကော်ဖီအေးစက်စက်ကိုသောက်ရင်းခြေပစ်လက်ပစ်ထိုင်ချလိုက်သည်

ဦးနှောက်မထိသွားတာကံကောင်းတယ်ဟုသူမတွေးမိသည်

ထူးထူးခြားခြားသတိပြုမိတာက ECG ဆွဲနေတုန်းတွေ့လိုက်ရတဲ့ထိုလူနာရဲ့ ရင်ဘက်မှတက်တူးတစ်ခု....

ရင်အုပ်ကျယ်ကျယ်ပေါ်မှာ
တစ်ခြမ်းကဘေးတိုက်အနေအထားအမျိုးသမီးတစ်ယောက်ရဲ့ပုံစံ တစ်ခြမ်းကဘေးတိုက်အနေအထားသစ္စေမတစ်ကောင်ရဲ့ပုံစံမျိုး

တက်တူးနဲ့လူတော်တော်များများသူမမြင်ဖူးသည်
မြင်ဖူးသလောက်
တော်တော်များများကအရောင်လွင့်နေတာနဲ့
ကြာပြီးအစိမ်းဘက်ပြောင်းနေတာကြောင့် သူ့မစိတ်ထဲသဘောမကျခဲ့ပါ

ဒီလူနာရဲ့တက်တူးကတော့ ထူးထူးခြားခြားနဲ့ မိုက်လိုက်တာ

သူမကိုယ်တိုင်ကတက်တူးကြိုက်တက်သူမဟုတ်တောင် ခပ်သေးသေးလေးတစ်ခုထိုးချင်လိုက်တာဟုတွေးမိသည်

ညနေပိုင်းနွေတို့ round လှည့်တဲ့အချိန်ရောက်လာခဲ့သည်
တစ်ယောက်ချင်းစီရဲ့ file များအားညွှန်ကြားရင်း လိုအပ်တာတွေမှာကြားရင်း မနက်က accident ဖြင့်ရောက်လာတဲ့ လူနာအခန်းသို့ရောက်လာသည်

သူမဝင်လာတော့လူနာဘေးမှလူများက ခပ်ကုတ်ကုတ်အနောက်ကိုဆုတ်ပေးသည်

သူ့နာမည်ကိုသူမဖတ်လိုက်သည် နာမည်ကခပ်ဆန်းဆန်း မင်းညို
အသက် ၃၂ ကနှစ်တဲ့

"ဘယ်လိုနေလဲ .... သက်သာလား ခေါင်းမူးနေလား အန်ချင်တာဘာညာရှိလား"

နွေ့အမေးကို သူခေါင်းညိမ့်ပြရင်း

"ကျေးဇူးတင်ပါတယ်ဆရာမ" ဩရှရှအသံသူ့အသံကြောင့်နွေ့ရင်ထဲတမျိုးဖြစ်သွားသည်

အသံက Deep ဖြစ်လိုက်တာ

နွေသူ့မျက်နှာကိုမြင်ဖူးသလိုလို.... ဘယ်မှာတွေ့ဖူးမှန်းသေသေချာချာမသိပေမဲ့ရင်းနှီးနေသည်

နွေသူ့မျက်နှာအနီးသို့ကပ်သွားပြီး သူ့မျက်လုံးကို ဓာတ်မီးဖြင့်တစ်ချက်ထိုးကြည့်သည်

" အားလုံးကောင်းတယ် "
နွေ အသံကိုထိန်းပြောလိုက်သည်
ထူးထူးခြားခြားထိုလူနာ​၏မျက်နှာနားကပ်သွားတဲ့အချိန်မှာ
နွေရင်တွေခုန်လာလိုက်တာ

နွေသူ့ကိုသောက်ဆေးများညွှန်ကြားပြီး ထိုအခန်းထဲမှထွက်လာခဲ့သည်

တခြားလူနာများကိုဆက်သွားသော်လည်း ရင်တလှပ်လှပ်ဖြင့် ခုနကလူနာရဲ့မျက်နှာအနားကပ်သွားခဲ့တဲ့ moment လေးတွေးရင်းနွေရန်ခုန်နေခဲ့သည်

ရင်အုပ်ကျယ်ကျယ်
မုတ်ဆိတ်ကြင်စခပ်ရေးရေးနဲ့
ကြမ်းတမ်းသလိုနဲ့နူးညံ့တဲ့သူ့မျက်လုံးတွေနဲ့
ခပ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေ
အာ......
What wrong with me သူမကိုယ်သူမတွေးမိသည်
ပုံမှန် အမျိုးသားတွေနဲ့ allergy ရှိတဲ့သူမကိုယ်သူမ တော်တော်အံ့ဩမိသည်
ပြီးတော့ မင်းညိုဆိုတဲ့သူ့နာမည်ကလွဲပြီး နွေဘာမှမသိ
အသက် ၃၂ နှစ်ဆို အိမ်ထောင်တွေပါတွေတောင်ရှိလောက်ရောပေါ့ဟု သူမ မဆီမဆိုင်တွေးမိသည်

............................

Zawgyi

ခပ္အုပ္အုပ္နဲ႔သိုသိုသိပ္သိပ္ေလးလွပတဲ့
ေႏြ တို႔ၿမိဳ႕ေလးကဇန္နဝါရီရဲ့ေဆာင္းတြင္းရဲ့မနက္ခင္းေလးမွာတိတ္ဆိတ္ေနလ်က္.....

ၿမိဳ႕ႀကီးျပႀကီးေတြလိုရႈပ္ရွပ္ခက္ေနျခင္းမရွိပဲခပ္ေအးေအးရာသီဥတုနဲ႔အတူၿမိဳ႕ေလးကကေလးငယ္တစ္ေယာက္ေကြးအိပ္ေနသလို

ပုံမွန္ဆိုသူမတို႔ၿမိဳ႕ေလးက
၉နာရီ ၁၀ နာရီေလာက္မွစတင္လႈပ္ရွားအသက္ဝင္ေလ့ရွိသည္

ထို႔ေနာက္ ေန႔လည္ ၂နာရီေလာက္ဆိုျပန္ၿပီးတိတ္ဆိပ္ၿငိမ္သက္သြားတက္သည္

ခပ္ေအးေအးခပ္ေမွာင္ေမွာင္ရာသီဥတုႏွင့္အတူလိုက္ေရာညီေထြစြာအျမဲလိုလိုတံခါးပိတ္ထားေလ့ရွိသည္အိမ္တံခါးေတြ ျပတင္းေပါက္တံခါးေတြဟာဒီၿမိဳ႕ေလးရဲ့ထူးျခားခ်က္.....

ဘာပဲျဖစ္ျဖစ္ေႏြကေတာ့သေဘာက်တယ္

သူမရဲ့ဇာတိၿမိဳ႕ရြာတစ္ခုလိုခံစားရတယ္

ေႏြက ေအးစက္ၿပီးေမွာင္မဲေနတာသေဘာက်တယ္ေလ
ၿပီးေတာ့အိပ္ရတာသေဘာက်တယ္

ၿပီးရင္တံခါးေတြပိတ္ထားတာသေဘာက်တယ္လုံျခဳံတယ္လို႔ခံစားရတယ္

ေႏြကိုယ္တိုင္ duty off တဲ့ေန႔ေတြဆို ေန႔လည္ေလာက္ထိကို ရွိသမၽွအေပါက္မွန္သမၽွကိုအေမွာင္ခ် ၿပီးလွိမ့္ပိမ့္ၿပီးအိပ္ေလ့ရွိသည္

ဒီၿမိဳ႕ေလးက ရန္ကုန္သူစစ္စစ္သူမအတြက္ နတ္ဘုရားေတြဖန္ဆင္းေပးထားသလို....

အမွန္စစ္စစ္က ေႏြက ဒီဇာတိမဟုတ္

ရန္ကုန္မွာေမြးရန္ကုန္မွာႀကီးခဲ့တဲ့သူတစ္ေယာက္

ေႏြရဲ့ပုံစံကဒီၿမိဳ႕ကနယ္ခံလူေတြနဲ႔ေတာ့ေတာ္ေတာ္ကိုကြဲျပားသည္

အထူးျခားဆုံးက
သူမရဲ့ခႏၶာကိုယ္ကေထြေထြထူးထူးပုံစံသြင္းထားျခင္းမရွိပဲအခ်ိဳးစားေျပျပစ္လြန္းသည္

ေတာ္ေတာ္မ်ားမ်ားအမ်ိဳးသားမ်ားက သူမရဲ့ခႏၶာကိုယ္ကို ႏွစ္ခါျပန္ေငးၾကည့္တက္သည္

အသားညိဳစိမ့္စိမ့္ ႏွာတံေပၚေပၚ အရပ္ျမင့္ျမင့္ရွိသည့္အျပင္ေႏြ႕ရဲ့ထူေထြးနီရဲေနေသာႏႈတ္ခမ္းဖ်ားမွာ sexy က်က်မွည့္တစ္လုံးလည္းရွိသည္

ဆရာဝန္မလုပ္ပဲ sexy model လုပ္ရမွာဟုေႏြ႕ရဲ့ေျပာမနာဆိုမနာသူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားကေျပာေလ့ရွိသည္

သူမအလုပ္ႏွင့္ကိုက္ညီေအာင္ေထြေထြထူးထူး ခႏၶာကိုယ္ေပၚမဲ့အကၤ်ီမ်ိဳးကိုေႏြေရွာင္ဝတ္ေလ့ရွိသည္

ေႏြလိုခ်င္တာလူေတြရဲ့ ေလးစားမႈ နဲ႔ အားကိုးယုံၾကည္မႈ
တပ္မက္တဲ့မ်က္လုံးေတြကိုမဟုတ္ပါ

အဲ့ဒါေၾကာင့္ပဲလားမသိ

ေႏြ ခုအရြယ္ထိရည္းစားမရွိခဲ့......

သူမကိုစိတ္ဝင္စားတဲ့ေတာ္ေတာ္မ်ားမ်ားေယာက်ာ္းေတြကိုေႏြျငင္းလႊတ္တာမ်ားသည္

နည္းနည္းသူမအေပၚအေရာင္စြန္းတယ့္စိတ္နဲ႔ဆက္ဆံတယ္လို႔ခံစားရရင္ေတာင္သူမေရွာင္ၿပီးေနတက္ခဲ့သည္

ဒါကလည္း Phobia တစ္မ်ိဳးဟုဆိုခ်င္ဆိုနိုင္သည္

ေႏြ႕ရယ္ခႏၶာကိုယ္ပုံစံေၾကာင့္လား

Broken family မို႔ပဲ ၁၅၀၀ ေမတၱာေတြကို insecure ျဖစ္ေနမိတာလား

Introvert မို႔လို႔လား

တစ္ေယာက္တည္းေနတာၾကာတဲ့အသက္လတ္ပိုင္းအမ်ိဳးသမီးျဖစ္လာတာေၾကာင့္လားမသိ

ေႏြ႕အတြက္ ကေလးေမြးအိမ္ေထာင္ျပဳျခင္းေတြကိုအယုံအၾကည္မဲ့ခဲ့.......

ထူးထူးျခားျခားရင္ခုန္ၿပီး crush ရတဲ့ေယာက်ာ္းလည္းေႏြမၾကဳံဖူးပါ....

သူမကိုယ္တိုင္ကလည္းေယာက်ာ္းမလိုအပ္တဲ့အဆင့္ မဟုတ္ဘူး ေယာက်ာ္းေတြကိုေရွာင္တဲ့အဆင့္ျဖစ္လာခဲ့သည္

ေႏြ႕စိတ္မွာsecure ျဖစ္ေစတဲ့ေယာက်ာ္းေလးမ်ိဳးကိုပဲေႏြစကားေျပာအေပါင္းသင္းလုပ္တက္သည္

ေႏြ႕မွာရွားရွားပါးပါးသူငယ္ခ်င္းေယာက်ာ္းေလးတစ္ေယာက္ေတာ့ရွိသည္ သူ႔နာမည္ကေသာ္တာတဲ့
နာမည္ကိုကမိန္းမနာမည္...

သူနဲ႔ေပါင္းရတာကိုေတာ့ေႏြသေဘာက်တယ္ အကိုတစ္ေယာက္လို တစ္ခါတစ္ခါ ေျပာမနာဆိုမနာအမ်ိဳးသမီးသူငယ္ခ်င္းတစ္ေယာက္လို အေဖာ္ရသည္ လုံျခဳံတယ္ secure ျဖစ္တယ္လို႔ခံစားရသည္

ေနာက္ၿပီးေႏြကလြတ္လပ္တာကိုႀကိဳက္တယ္

ေႏြစားခ်င္တဲ့အခ်ိန္စားတယ္ အိပ္ခ်င္တဲ့အခ်ိန္အိပ္တယ္

တစ္ေယာက္တည္းသမားမို႔ထမင္းရယ္ဟင္းရယ္လို႔တစ္ခါမွေရေရရာရာပင္ခ်က္စားေလ့မရွိ

မနက္ဆိုေဆး႐ုံနားကဆိုင္မွာဝယ္စားတယ္

ညဆိုရွိတဲ့ဘီစကြတ္ေတြ မုန႔္ေတြေလာက္နဲ႔ပင္တင္းတိမ္နိုင္တယ္

တစ္ခါတစ္ခါစိတ္ပါရင္ေခါက္ဆြဲျပဳတ္ကို ရွိသမၽွအသားလုံးေတြအရြက္ေတြနဲ႔က်က်နနျပဳတ္စားတက္သည္မွလြဲၿပီးေႏြ႕အတြက္အထူးစပယ္ရွယ္ဆိုတာမရွိခဲ့

ေႏြ႕အိမ္ကလည္းအျမဲလိုလိုအေမွာင္က်ေနတက္ေသးသည္

ရႈတ္ရွပ္ခက္ေနေပမဲ့လည္း ေႏြ႕အိမ္ထဲကိုဧည့္သည္လည္းသိပ္လာေလ့လာထမရွိတဲ့အတြက္စိတ္ပူစရာမလိုပါ

အခုလည္း
ေႏြ အိမ္တံခါးကိုေသာ့ခက္ရင္း file တစ္ဖက္ ကားေသာ့တစ္ဖက္ျဖင့္ရႈပ္ရွပ္ခက္ေနခဲ့သည္

ေႏြကပ်င္းတက္ေပမဲ့ ေႏြ႕ရဲ့professional ကိုေတာ့ေလးစားသည္

ဘယ္ေလာက္အအိပ္ႀကီးႀကီး duty ေန႔ေတြဆိုေႏြ႕မ်က္လုံးက auto ဖြင့္ရက္သား

ဘယ္ေတာ့မွေနာက္က်ေလ့မရွိ

ေႏြ႕ရဲ့ေဖေဖက ေႏြ ၁၀ ႏွစ္အရြယ္ေလာက္မွာ accident တစ္ခုေၾကာင့္ ေဆးဘက္ဆိုင္ရာမွားယြင္းမႈတစ္ခုေၾကာင့္မဆုံးသင့္ပဲဆုံးသြားတာျဖစ္သည္

ဒါေတြေၾကာင့္ပဲေႏြ႕ရဲ့ငယ္အိမ္မက္ကလူေတြကိုမွန္မွန္ကန္ကန္နဲ႔ကယ္ခ်င္တဲ့စိတ္ျဖစ္လာခဲ့ျခင္းျဖစ္မည္

သူမရဲ့ demio ကားအျဖဴေရာင္ေလးမွာငွက္ေခ်းတစ္ခ်ိဳ႕ကိုစိတ္ပ်က္လက္ပ်က္ေတြ႕လိုက္ရသျဖင့္သက္ျပင္းခပ္ဖြဖြခ်ရင္း

file ေတြကိုစုျပဳံၿပီး ကားေနာက္ခန္းသို႔ထည့္လိုက္သည္

ေဆး႐ုံဘက္သို႔ကားကိုေျဖးေျဖးေမာင္းလာခဲ့သည္

လမ္းမွလူနည္းနည္းရႈပ္ေနသည္

ဒီၿမိဳ႕ေလးက local လူဦးေရထက္ ဧည့္သည္လူဦးေရကပိုမ်ားသည္

အျမဲလိုလို ဂယက္ထ ဓာတ္ပုံေတြေနရာတိုင္းလိုလိုရိုက္
social media မွာနာမည္ႀကီးတဲ့စားေသာက္ဆိုင္ေတြမွာအျမဲလိုလိုတိုးေဝွ႕ေနတာၾကည့္လိုက္ရင္ အဲ့ဒီ့ ဧည့္သည္ေတြပဲ

ဒီၿမိဳ႕ေလးကဧည့္သည္ဆီကဝင္ေငြနဲ႔ ထိုင္စားေနတဲ့ၿမိဳ႕ဟုေျပာရင္ပိုမွန္မည္

ဧည့္သည္မရွိတဲ့အခ်ိန္ဆိုၿမိဳ႕ေလးကအရင္အတိုင္းျပန္လည္ၿငိမ္သက္ အိပ္စက္သြားေလ့ရွိသည္

.......................

File မ်ားကိုစစ္ေဆးေနရင္း သူမေရွ႕ေရာက္လာတဲ့ sandwich ေပါင္မုန႔္ဗူးေၾကာင့္ သူမမ်က္လုံးကိုလွန္ၾကည့္လိုက္သည္
​ေသာ္တာျဖစ္သည္
" စားပါဦး ေဒါက္တာေႏြသစၥာခင္"
သူမေသာ္တာ့ဆီမွ ေကာ္ဖီဘူးကိုပါဆြဲလုလိုက္သည္
" ဟ ေပးမွာေပါ့ဒုကၡပဲ"
ခပ္ေစာင္းေစာင္းတစ္ခ်က္ၾကည့္ၿပီးသူမေခါင္းကိုသိမ့္ခနဲေနေအာင္ပုတ္လိုက္သည္

အဝင္ဝဆီမွ ခပ္႐ုတ္႐ုတ္သဲသဲအသံေၾကာင့္သူမတို႔ႏွစ္ေယာက္လုံးေခါင္းေထာင္ကာၾကည့္လိုက္သည္

" Patient လာတယ္ Doctor"

သူမတို႔ႏွစ္ေယာက္သားေျပးၾကည့္လိုက္ေတာ့

အကၤ်ီအျဖဴလႊလႊတစ္ထည္လုံးျမင္မေကာင္းေအာင္ေသြးေတြလႊမ္းေနသည့္ သတိလုံးဝမရွိေတာ့သည့္အမ်ိဳးသားတစ္ဦး

သူ႔ေနာက္တြင္အရပ္ခပ္ရွည္ရွည္လူႏွစ္ေယာက္လိုက္လာသည္

ကား accident တစ္ခုေၾကာင့္ေရာက္လာသည္ဟုဆိုသည္

ေႏြ ထိုသူ၏လက္ေကာက္ဝတ္ကိုစမ္းၾကည့္သည္

အသက္ရွိေသးသည္

သူမတို႔ cervical collar ကိုလူနာရဲ့လည္ပင္းတြင္ဂ႐ုတစိုက္ထိန္းတပ္လိုက္သည္

Head X ray အေရးေပၚရိုက္ဖို႔လိုမယ္

လူနာကေသြးထြက္လည္းလြန္ေနသျဖင့္သူမတို႔အေတာ္စိုးရိမ္သြားတယ္

ပုံမွန္ဆို ဒီလို accident လူနာမ်ိဳး သူမတို႔ေဆး႐ုံကိုသိပ္မေရာက္ဖူးပါ
အမ်ားဆုံးလာဖူးတာကေျခက်ိဳး လက္က်ိဳးေလာက္သာရွိဖူးသည္

ေလကိုဝဝရႉရင္းေႏြစိတ္ၿငိမ္ေအာင္ႀကိဳးစားလိုက္သည္

"လူနာက အေရးေပၚေသြးသြင္းရမယ္ AB minus ေသြး doctor"
သူမအေတာ္ပင္စိတ္ရႈတ္သြားခဲ့သည္
အလြန္ရွားပါးတဲ့ေသြးအမ်ိဳးအစားတစ္ခုမို႔အၾကပ္ရိုက္သြားသည္
"ေႏြ....နင္လည္း AB minus မလား" ေသာ္တာ့အေမးေၾကာင့္ သူမသတိရသြားသည္

သူမဆရာဝန္သာဆို သူမ်ားအသားကိုသာလွီးခ်င္လွီးမယ္ ကိုယ့္ကိုေဖာက္မဲ့အပ္ကိုေတာ့အလြန္ေၾကာက္သည္ အထူးသျဖင့္ ေသြးေဖာက္တဲ့ အပ္လုံးအထူႀကီးေတြကိုေပါ့

" When you save one life, it is as if you save the entire world" တဲ့အေဖေျပာဖူးတဲ့စကားတစ္ခုသူမအမွတ္ရသြားခဲ့သည္

"ေအးငါပဲလႉရေတာ့မွာေပါ့" စိတ္ရႈတ္ရႈတ္ျဖင့္သူမၿငီးညဴလိုက္သည္

လူနာအေျခေနကသတိမရလာေသးေသာ္လည္း စိတ္ခ်ရတဲ့အေနထားေရာက္ေတာ့မွသူမတို႔သက္ျပင္းခ်နိုင္ေတာ့သည္

မနက္ကတည္းက တစ္ကိုက္သာကိုက္ရေသးေသာsandwich လက္က်န္ႏွင့္ေကာ္ဖီေအးစက္စက္ကိုေသာက္ရင္းေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္

ဦးေႏွာက္မထိသြားတာကံေကာင္းတယ္ဟုသူမေတြးမိသည္

ထူးထူးျခားျခားသတိျပဳမိတာက ECG ဆြဲေနတုန္းေတြ႕လိုက္ရတဲ့ထိုလူနာရဲ့ ရင္ဘက္မွတက္တူးတစ္ခု....

ရင္အုပ္က်ယ္က်ယ္ေပၚမွာ
တစ္ျခမ္းကေဘးတိုက္အေနအထားအမ်ိဳးသမီးတစ္ေယာက္ရဲ့ပုံစံ တစ္ျခမ္းကေဘးတိုက္အေနအထားသေစၥမတစ္ေကာင္ရဲ့ပုံစံမ်ိဳး

တက္တူးနဲ႔လူေတာ္ေတာ္မ်ားမ်ားသူမျမင္ဖူးသည္
ျမင္ဖူးသေလာက္
ေတာ္ေတာ္မ်ားမ်ားကအေရာင္လြင့္ေနတာနဲ႔
ၾကာၿပီးအစိမ္းဘက္ေျပာင္းေနတာေၾကာင့္ သူ႔မစိတ္ထဲသေဘာမက်ခဲ့ပါ

ဒီလူနာရဲ့တက္တူးကေတာ့ ထူးထူးျခားျခားနဲ႔ မိုက္လိုက္တာ

သူမကိုယ္တိုင္ကတက္တူးႀကိဳက္တက္သူမဟုတ္ေတာင္ ခပ္ေသးေသးေလးတစ္ခုထိုးခ်င္လိုက္တာဟုေတြးမိသည္

ညေနပိုင္းေႏြတို႔ round လွည့္တဲ့အခ်ိန္ေရာက္လာခဲ့သည္
တစ္ေယာက္ခ်င္းစီရဲ့ file မ်ားအားညႊန္ၾကားရင္း လိုအပ္တာေတြမွာၾကားရင္း မနက္က accident ျဖင့္ေရာက္လာတဲ့ လူနာအခန္းသို႔ေရာက္လာသည္

သူမဝင္လာေတာ့လူနာေဘးမွလူမ်ားက ခပ္ကုတ္ကုတ္အေနာက္ကိုဆုတ္ေပးသည္

သူ႔နာမည္ကိုသူမဖတ္လိုက္သည္ နာမည္ကခပ္ဆန္းဆန္း မင္းညိဳ
အသက္ ၃၂ ကႏွစ္တဲ့

"ဘယ္လိုေနလဲ .... သက္သာလား ေခါင္းမူးေနလား အန္ခ်င္တာဘာညာရွိလား"

ေႏြ႕အေမးကို သူေခါင္းညိမ့္ျပရင္း

"ေက်းဇူးတင္ပါတယ္ဆရာမ" ဩရွရွအသံသူ႔အသံေၾကာင့္ေႏြ႕ရင္ထဲတမ်ိဳးျဖစ္သြားသည္

အသံက Deep ျဖစ္လိုက္တာ

ေႏြသူ႔မ်က္ႏွာကိုျမင္ဖူးသလိုလို.... ဘယ္မွာေတြ႕ဖူးမွန္းေသေသခ်ာခ်ာမသိေပမဲ့ရင္းႏွီးေနသည္

ေႏြသူ႔မ်က္ႏွာအနီးသို႔ကပ္သြားၿပီး သူ႔မ်က္လုံးကို ဓာတ္မီးျဖင့္တစ္ခ်က္ထိုးၾကည့္သည္

" အားလုံးေကာင္းတယ္ "
ေႏြ အသံကိုထိန္းေျပာလိုက္သည္
ထူးထူးျခားျခားထိုလူနာ၏မ်က္ႏွာနားကပ္သြားတဲ့အခ်ိန္မွာ
ေႏြရင္ေတြခုန္လာလိုက္တာ

ေႏြသူ႔ကိုေသာက္ေဆးမ်ားညႊန္ၾကားၿပီး ထိုအခန္းထဲမွထြက္လာခဲ့သည္

တျခားလူနာမ်ားကိုဆက္သြားေသာ္လည္း ရင္တလွပ္လွပ္ျဖင့္ ခုနကလူနာရဲ့မ်က္ႏွာအနားကပ္သြားခဲ့တဲ့ moment ေလးေတြးရင္းေႏြရန္ခုန္ေနခဲ့သည္

ရင္အုပ္က်ယ္က်ယ္
မုတ္ဆိတ္ၾကင္စခပ္ေရးေရးနဲ႔
ၾကမ္းတမ္းသလိုနဲ႔ႏူးညံ့တဲ့သူ႔မ်က္လုံးေတြနဲ႔
ခပ္တင္းတင္းေစ့ထားတဲ့ႏႈတ္ခမ္းေတြ
အာ......
What wrong with me သူမကိုယ္သူမေတြးမိသည္
ပုံမွန္ အမ်ိဳးသားေတြနဲ႔ allergy ရွိတဲ့သူမကိုယ္သူမ ေတာ္ေတာ္အံ့ဩမိသည္
ၿပီးေတာ့ မင္းညိဳဆိုတဲ့သူ႔နာမည္ကလြဲၿပီး ေႏြဘာမွမသိ
အသက္ ၃၂ ႏွစ္ဆို အိမ္ေထာင္ေတြပါေတြေတာင္ရွိေလာက္ေရာေပါ့ဟု သူမ မဆီမဆိုင္ေတြးမိသည္

............................

Continue Reading

You'll Also Like

658K 88.7K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
9.4K 167 32
ပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ​ချော​မောခန့်ညားတဲ့ ​ကျောင်းက ki...
758K 30.5K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
8K 238 6
ကျမရဲ့ စိတ်တွေကို အချုပ်အနှောင်ကလွတ်စေချင်တာမို့ ဖန်တီးဖြစ်တဲ့ အခန်းလွတ်လေးတစ်ခုပါ။ မေတ္တာရပ်ခံချင်တာတွေ ၊ တောင်းပန်ချင်တာတွေ ၊ဝမ်းပန်းတနည်းငိုချင်းခ...