[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

640K 78.6K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

3[Zawgyi & Unicode]

7.6K 923 9
By thiriWoonie

ကြာရွင္းစာခ်ဳပ္

စကၠန္႕မ်ားစြာျကာျပီးေနာက္တြင္ေတာ့ သူမလက္ေမာင္းသည္ ျကီးမားျပီးျကမ္းတမ္းေသာ လက္နွင့္ ဆုပ္ကိုင္ျခင္းခံလိုက္ရေလ၏။ ျပီးေနာက္ ေခါင္မိုးေပၚသို႕ ထိုလူ၏ ျပန္ဆြဲတင္ျခင္းခံလိုက္ရကာ ျကံ့ခိုင္ေသာရင္ဘတ္ေပၚသို႕ က်သြား၏။ အျဖစ္အပ်က္အားလံုးသည္ ျမန္ဆန္လြန္းလွေသာေျကာင့္ နင္မုန္႕တစ္ေယာက္ သူမကိုကယ္ထားေသာ ထိုလူ႕ခႏၶာကိုယ္အား သူမ ေျခလက္တို႕ျဖင့္ ခိုင္ျမဲစြာတြယ္ထားလိုက္သည္။ ျပိဳင္ဘက္ကင္းေသာ အေငြ႕အသက္နွင့္ ထိုသူ၏ နွလံုးခုန္သံတို႕ေျကာင့္ မယံုနိုင္ေလာက္ေအာင္ပင္ သူမ၏အေျကာက္တရားတုိ႕မွာ ေျဖးေျဖးခ်င္း ေျဖေလ်ာ့လာ၏။

"အေပၚကဆင္း"

နက္ရွု္ိင္းမာေက်ာေသာ အသံအား ျကားလိုက္ရသည္။ နင္မုန္႕သည္လည္း ေခါင္းေထာင္ကာ သူမကိုကယ္ေပးခဲ့ေသာ လူအား ေမာ့ျကည့္လိုက္သည္။ သူ႕မ်က္ခံုးေတြသည္ က်ံဳ႕ေနသလို အျကည့္တုိ႕မွာ စိမ္းကားလွ၏။ ထိုပံုစံက မသိရင္ နင္မုန္႕ကိုအခုလို ထပ္ျပီး ဖက္မထားခ်င္ေတာ့တဲ့အတိုင္းပဲ...။ သို႕ေပမယ့္ နင္မုန္႕အတြက္ေတာ့ ထိုလူသည္ သူမကိုကယ္တင္ေပးလိုက္ဖို႕ ေကာင္းကင္မွလြွြတ္ေပးလိုက္ေသာ ကယ္တင္ရွင္သာျဖစ္သလို ထို႕အတြက္ အမွန္တကယ္ေက်းဇူးတင္မိေလ၏။ ေဟာ္ေပ့ခ်န္အား ခ်ီးမြမ္းခ်င္စိတ္ေတြသည္ သူမတြင္ ေပါက္ဖြားလာသည္။

"ခုနက ကိစၥအတြက္...."

ေက်းဇူးတင္စကား နင္မုန္႕ မေျပာရေသးခင္မွာပဲ ေဟာ္ေပ့ခ်န္သည္ သူမအား ျပန္ထိုင္ခိုင္းေစျပီး ေအးစက္စြာျကည့္ျပီးေနာက္ ေခါင္မိုးေပၚမွ ဆင္းသြားေလေတာ့၏။

"....."

နင္မုန္႕တစ္ေယာက္ အျကီးအက်ယ္ စကားလံုးတို႕ေပ်ာက္ရွသြားသည္။

"မုန္႕မုန္႕ အဆင္ေျပရဲ့လား?"

ေခ်ာင္ရြွယ္ဟြာသည္ သူမဆီ ကမန္းကတမ္း ေျပးလာရင္း စိတ္ပူမွုကုိျပ၏။ ေခ်ာင္ရြွယ္ဟြာ မ်က္ဝန္းထဲတြင္ စကၠန္႕ပိုင္းအတြင္းသာ ေပၚလာေသာ မေက်နပ္အျကည့္နွင့္စိတ္ပ်က္မွုမ်ားကို နင္မုန္႕သတိျပဳမိလုိက္သလို တမင္သက္သက္လုပ္သည္ကိုပါ နင္မုန္႕ သေဘာေပါက္သြားသည္။ ဒီကိစၥသည္ မေတာ္တဆမဟုတ္။ သူမကိုသတ္ခ်င္ေသာ အေျကာင္းျပခ်က္သည္ သူမဘက္မွ ေဟာ္ေပ့ခ်န္ကို ထပ္မံျပီးကြာရွင္းဖို႕ ဆႏၵမရိွေတာ့ေသာေျကာင့္ ျဖစ္မည္။

စာအုပ္ထဲတြင္ ရုတ္တရက္ျကီး အျပင္ဘက္မွဝင္လာေသာ ဆင္းရဲေသာသူက ခ်က္ခ်င္းျကီး အစ္မတစ္ေယာက္ျဖစ္လာသည္ကို နင္မုန္႕သည္ လက္မခံနုိင္ခဲ့ေပ။ ထို႕ေျကာင့္ သူမသည္ စကားလံုးတို႕နွင့္ စေနာက္ျခင္းျပဳခဲ့ေလ၏။ ထိုအျခင္းအရာတို႕ေျကာင့္ အဓိကဇာတ္ေဆာင္၏မိခင္သည္ သူမကုိသတ္ဖို႕ ဆံုးျဖတ္ခ်က္ ခ်ခဲ့ျခင္းျဖစ္သည္။

သူမ ဒီစာအုပ္ကိုဖတ္တိုင္း စာေရးဆရာက အျမဲတမ္း အဓိကဇာတ္ေဆာင္ကို အနိုင္က်င့္ခဲ့ေသာ သူကို သတ္ဖို႕လြဲေခ်ာ္သြားသည္မ်ားကို  ဖတ္တုိင္း နင္မုန္႕ မေက်မနပ္ျဖစ္ခဲ့ရသည္။ တကယ့္တကယ္တြင္ေတာ့ မိေထြးနွင့္ သမီးျဖစ္သူသည္လည္း ဆိုးတာကအတူတူပင္။

"ကြ်န္မအဆင္ေျပလို႕ စိတ္ပ်က္သြားတာလား?" နင္မုန္႕ေမးလိုက္သည္။

"ဘာေတြေျပာေနတာလဲ? သမီးအဆင္ေျပလို႕ အေမက ဝမ္းေတာင္သာေသးတယ္! တကယ္လို႕ သမီးသာတစ္ခုခုျဖစ္သြားရင္ သမီးအေဖကို ဘယ္လိုေျပာရမလဲ အေမသိမွာေတာင္ မဟုတ္ေတာ့ဘူး" ေခ်ာင္ရြွယ္ဟြာ ေျပာေလသည္။

မသိုးမသန္႕ျဖစ္ေနေသာ သူမပံုရိပ္ကို ရွင္းလင္းစြာျမင္ေနရသည္။ ယခုလက္ရိွ နင္မုန္႕သည္ ယခင္နင္မုန္႕လို ဟာသအျဖစ္ခံျပီး နာခံတတ္တဲ့သူ မဟုတ္ေတာ့။ သူမအစီအစဥ္ေတြကို သိေနသည့္ နင္မုန္႕၏အျကည့္တို႕ေျကာင့္ ေခ်ာင္ရြွယ္ဟြာသည္လည္း အျပစ္ခံရိွသလိုခံစားလာရသည္။

ထုိ႕ေနာက္ ေခ်ာင္းဆိုးခ်င္ ဟန္ေဆာင္လိုက္ျပီး "မုန္႕မုန္႕ ငါအရင္ဆံုးအိမ္ျပန္နွင့္ေတာ့မယ္။ တခုခုလုပ္စရာရိွတာ ေမ့ေနတာ! ဒီေလာက္နဲ႕ သည္းခံထားေနာ္ နင္ခံစားရတဲ့ ေဝဒနာေတြ ျပီးဆုံးသြားေအာင္ ေသခ်ာေပါက္လုပ္ေပးမယ္" မတ္တပ္ရပ္ရင္း ေခ်ာင္ရြွယ္ဟြာ ေျပာေလသည္။

ေခ်ာင္ရြွယ္ဟြာတြင္ နင္မုန္႕အား ငါးမ်ွားခ်ိတ္မွ လြွတ္ေပးစရာ အေျကာင္းမရိွ။

ျပီးခဲ့သည့္ နွစ္ေတြတြင္ ေဟာ္ေပ့ခ်န္သည္ ပစၥည္းဥစၥာ အမ်ားျကီးကို ဝယ္ယူခဲ့ျပီးျပီေပ။ လက္ထပ္ပြဲျပီးဆံုးျပီးေနာက္ နင္မုန္႕ကေတာ့ တိုက္ခန္းတြင္သာ ေနထိုင္ရန္ ေရြးခ်ယ္ခဲ့သည္။ အထပ္တစ္ထပ္စီတြင္ အခန္းတစ္ခန္းသာရ္ွိ၏။ သူမေနေသာ တုိက္ခန္းသည္ မီတာ၃၀၀က်ယ္ဝန္းျပီး လူတစ္ေယာက္ သက္ေသာင့္သက္သာေနဖို႕အတြက္ လံုေလာက္သည္ဆိုတာထက္ပင္ ပိုသည္။

ေခါင္မိုးေပၚမွ သူမဆင္းလာျပီးေနာက္ အေဆာက္အဦးဆီမွ ထြက္မသြားရေသးေသာ ေဟာ္ေပ့ခ်န္အား ျမင္လိုက္ရသည္။ ထို႕အစား သူသည္ သူမအခန္းထဲသို႕ ဝင္သြားေလ၏။ ထိုေျကာင့္ပင္ နင္မုန္႕သည္ မကူမကယ္နုိင္စြာပင္ ရင္တုန္လို႕လာသည္။ novelထဲတြင္ စာေရးဆရာသည္ ေဟာ္ေပ့ခ်န္ အေျကာင္းကို အမ်ားျကီးမေဖာ္ျပထား။ တစ္ကိုယ္တည္းသမားျဖစ္ျပီး ရိုင္းစုိင္းျကမ္းတမ္းေသာ လူဆိုတာသာ သိသမ်ွ အကုန္ျဖစ္သည္။ အရိွန္အဝါေတာက္ပေသာ အဓိကအမ်ိဳးသာဇာတ္ေဆာင္သည္ပင္ သူ႕အားေျကာက္ရသည္။ သူမ ေခါင္းထဲတြင္ သူ႕အားခ်ီးမြမ္းျပီးေနာက္ လက္ထပ္ပြဲကို ျပန္အဖတ္ဆယ္ဖို႕ရန္သာရိွ၏။

သတိထားစြာပင္ တံခါးအားဖြင့္လိုက္ေတာ့ သားေရဆိုဖာေပၚတြင္ ထိုင္ေနေသာ ေဟာ္ေပ့ခ်န္အား ျမင္လိုက္ရသည္။ လက္ေထာက္  ခ်ီရွန္ကေတာ့ သူ႕အား တင္ျပေနေလ၏။

“သူေ႒း...ဒါက သူေ႒းခုနက ကြ်န္ေတာ့ကို ျပင္ဆင္ဖို႕ ေျပာထားတဲ့ ကြာရွင္းစာခ်ဳပ္..."

နင္မုန္႕ တံခါးဖြင့္လိုက္ခ်ိန္တြင္ ေဟာ္ေပ့ခ်န္ေရာ ခ်ီရွန္ပါ သူမအား လွည့္ျကည့္လာျက၏။ သူမသည္လည္း ခင္ပြန္းျဖစ္သူ၏ အျကည့္တို႕ေျကာင့္ ေျကာက္လန္႕သြားရသည္။

ကြာရွင္းစာခ်ဳပ္?

ဇာတ္ေျကာင္းကို ျပင္ဖို႕ သူမျကိုးစားတာ က်ရွံုးသြားျပီလား?

---------------------------

[Unicode]

ကွာရှင်းစာချုပ်

စက္ကန့်များစွာကြာပြီးနောက်တွင်တော့ သူမလက်မောင်းသည် ကြီးမားပြီးကြမ်းတမ်းသော လက်နှင့် ဆုပ်ကိုင်ခြင်းခံလိုက်ရလေ၏။ ပြီးနောက် ခေါင်မိုးပေါ်သို့ ထိုလူ၏ ပြန်ဆွဲတင်ခြင်းခံလိုက်ရကာ ကြံ့ခိုင်သောရင်ဘတ်ပေါ်သို့ ကျသွား၏။ အဖြစ်အပျက်အားလုံးသည် မြန်ဆန်လွန်းလှသောကြောင့် နင်မုန့်တစ်ယောက် သူမကိုကယ်ထားသော ထိုလူ့ခန္ဓာကိုယ်အား သူမ ခြေလက်တို့ဖြင့် ခိုင်မြဲစွာတွယ်ထားလိုက်သည်။ ပြိုင်ဘက်ကင်းသော အငွေ့အသက်နှင့် ထိုသူ၏ နှလုံးခုန်သံတို့ကြောင့် မယုံနိုင်လောက်အောင်ပင် သူမ၏အကြောက်တရားတို့မှာ ဖြေးဖြေးချင်း ဖြေလျော့လာ၏။

"အပေါ်ကဆင်း"

နက်ရှိုင်းမာကျောသော အသံအား ကြားလိုက်ရသည်။ နင်မုန့်သည်လည်း ခေါင်းထောင်ကာ သူမကိုကယ်ပေးခဲ့သော လူအား မော့ကြည့်လိုက်သည်။ သူ့မျက်ခုံးတွေသည် ကျုံ့နေသလို အကြည့်တို့မှာ စိမ်းကားလှ၏။ ထိုပုံစံက မသိရင် နင်မုန့်ကိုအခုလို ထပ်ပြီး ဖက်မထားချင်တော့တဲ့အတိုင်းပဲ...။ သို့ပေမယ့် နင်မုန့်အတွက်တော့ ထိုလူသည် သူမကိုကယ်တင်ပေးလိုက်ဖို့ ကောင်းကင်မှလွှတ်ပေးလိုက်သော ကယ်တင်ရှင်သာဖြစ်သလို ထို့အတွက် အမှန်တကယ်ကျေးဇူးတင်မိလေ၏။ ဟော်ပေ့ချန်အား ချီးမွမ်းချင်စိတ်တွေသည် သူမတွင် ပေါက်ဖွားလာသည်။

"ခုနက ကိစ္စအတွက်...."

ကျေးဇူးတင်စကား နင်မုန့် မပြောရသေးခင်မှာပဲ ဟော်ပေ့ချန်သည် သူမအား ပြန်ထိုင်ခိုင်းစေပြီး အေးစက်စွာကြည့်ပြီးနောက် ခေါင်မိုးပေါ်မှ ဆင်းသွားလေတော့၏။

"....."

နင်မုန့်တစ်ယောက် အကြီးအကျယ် စကားလုံးတို့ပျောက်ရှသွားသည်။

"မုန့်မုန့် အဆင်ပြေရဲ့လား?"

ချောင်ရွှယ်ဟွာသည် သူမဆီ ကမန်းကတမ်း ပြေးလာရင်း စိတ်ပူမှုကိုပြ၏။ ချောင်ရွှယ်ဟွာ မျက်ဝန်းထဲတွင် စက္ကန့်ပိုင်းအတွင်းသာ ပေါ်လာသော မကျေနပ်အကြည့်နှင့်စိတ်ပျက်မှုများကို နင်မုန့်သတိပြုမိလိုက်သလို တမင်သက်သက်လုပ်သည်ကိုပါ နင်မုန့် သဘောပေါက်သွားသည်။ ဒီကိစ္စသည် မတော်တဆမဟုတ်။ သူမကိုသတ်ချင်သော အကြောင်းပြချက်သည် သူမဘက်မှ ဟော်ပေ့ချန်ကို ထပ်မံပြီးကွာရှင်းဖို့ ဆန္ဒမရှိတော့သောကြောင့် ဖြစ်မည်။

စာအုပ်ထဲတွင် ရုတ်တရက်ကြီး အပြင်ဘက်မှဝင်လာသော ဆင်းရဲသောသူက ချက်ချင်းကြီး အစ်မတစ်ယောက်ဖြစ်လာသည်ကို နင်မုန့်သည် လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် စကားလုံးတို့နှင့် စနောက်ခြင်းပြုခဲ့လေ၏။ ထိုအခြင်းအရာတို့ကြောင့် အဓိကဇာတ်ဆောင်၏မိခင်သည် သူမကိုသတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

သူမ ဒီစာအုပ်ကိုဖတ်တိုင်း စာရေးဆရာက အမြဲတမ်း အဓိကဇာတ်ဆောင်ကို အနိုင်ကျင့်ခဲ့သော သူကို သတ်ဖို့လွဲချော်သွားသည်များကို  ဖတ်တိုင်း နင်မုန့် မကျေမနပ်ဖြစ်ခဲ့ရသည်။ တကယ့်တကယ်တွင်တော့ မိထွေးနှင့် သမီးဖြစ်သူသည်လည်း ဆိုးတာကအတူတူပင်။

"ကျွန်မအဆင်ပြေလို့ စိတ်ပျက်သွားတာလား?" နင်မုန့်မေးလိုက်သည်။

"ဘာတွေပြောနေတာလဲ? သမီးအဆင်ပြေလို့ အမေက ဝမ်းတောင်သာသေးတယ်! တကယ်လို့ သမီးသာတစ်ခုခုဖြစ်သွားရင် သမီးအဖေကို ဘယ်လိုပြောရမလဲ အမေသိမှာတောင် မဟုတ်တော့ဘူး" ချောင်ရွှယ်ဟွာ ပြောလေသည်။

မသိုးမသန့်ဖြစ်နေသော သူမပုံရိပ်ကို ရှင်းလင်းစွာမြင်နေရသည်။ ယခုလက်ရှိ နင်မုန့်သည် ယခင်နင်မုန့်လို ဟာသအဖြစ်ခံပြီး နာခံတတ်တဲ့သူ မဟုတ်တော့။ သူမအစီအစဉ်တွေကို သိနေသည့် နင်မုန့်၏အကြည့်တို့ကြောင့် ချောင်ရွှယ်ဟွာသည်လည်း အပြစ်ခံရှိသလိုခံစားလာရသည်။

ထို့နောက် ချောင်းဆိုးချင် ဟန်ဆောင်လိုက်ပြီး "မုန့်မုန့် ငါအရင်ဆုံးအိမ်ပြန်နှင့်တော့မယ်။ တခုခုလုပ်စရာရှိတာ မေ့နေတာ! ဒီလောက်နဲ့ သည်းခံထားနော် နင်ခံစားရတဲ့ ဝေဒနာတွေ ပြီးဆုံးသွားအောင် သေချာပေါက်လုပ်ပေးမယ်" မတ်တပ်ရပ်ရင်း ချောင်ရွှယ်ဟွာ ပြောလေသည်။

ချောင်ရွှယ်ဟွာတွင် နင်မုန့်အား ငါးမျှားချိတ်မှ လွှတ်ပေးစရာ အကြောင်းမရှိ။

ပြီးခဲ့သည့် နှစ်တွေတွင် ဟော်ပေ့ချန်သည် ပစ္စည်းဥစ္စာ အများကြီးကို ဝယ်ယူခဲ့ပြီးပြီပေ။ လက်ထပ်ပွဲပြီးဆုံးပြီးနောက် နင်မုန့်ကတော့ တိုက်ခန်းတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့သည်။ အထပ်တစ်ထပ်စီတွင် အခန်းတစ်ခန်းသာရ်ှိ၏။ သူမနေသော တိုက်ခန်းသည် မီတာ၃၀၀ကျယ်ဝန်းပြီး လူတစ်ယောက် သက်သောင့်သက်သာနေဖို့အတွက် လုံလောက်သည်ဆိုတာထက်ပင် ပိုသည်။

ခေါင်မိုးပေါ်မှ သူမဆင်းလာပြီးနောက် အဆောက်အဦးဆီမှ ထွက်မသွားရသေးသော ဟော်ပေ့ချန်အား မြင်လိုက်ရသည်။ ထို့အစား သူသည် သူမအခန်းထဲသို့ ဝင်သွားလေ၏။ ထိုကြောင့်ပင် နင်မုန့်သည် မကူမကယ်နိုင်စွာပင် ရင်တုန်လို့လာသည်။ novelထဲတွင် စာရေးဆရာသည် ဟော်ပေ့ချန် အကြောင်းကို အများကြီးမဖော်ပြထား။ တစ်ကိုယ်တည်းသမားဖြစ်ပြီး ရိုင်းစိုင်းကြမ်းတမ်းသော လူဆိုတာသာ သိသမျှ အကုန်ဖြစ်သည်။ အရှိန်အဝါတောက်ပသော အဓိကအမျိုးသာဇာတ်ဆောင်သည်ပင် သူ့အားကြောက်ရသည်။ သူမ ခေါင်းထဲတွင် သူ့အားချီးမွမ်းပြီးနောက် လက်ထပ်ပွဲကို ပြန်အဖတ်ဆယ်ဖို့ရန်သာရှိ၏။

သတိထားစွာပင် တံခါးအားဖွင့်လိုက်တော့ သားရေဆိုဖာပေါ်တွင် ထိုင်နေသော ဟော်ပေ့ချန်အား မြင်လိုက်ရသည်။ လက်ထောက်  ချီရှန်ကတော့ သူ့အား တင်ပြနေလေ၏။

“သူဋ္ဌေး...ဒါက သူဋ္ဌေးခုနက ကျွန်တော့ကို ပြင်ဆင်ဖို့ ပြောထားတဲ့ ကွာရှင်းစာချုပ်..."

နင်မုန့် တံခါးဖွင့်လိုက်ချိန်တွင် ဟော်ပေ့ချန်ရော ချီရှန်ပါ သူမအား လှည့်ကြည့်လာကြ၏။ သူမသည်လည်း ခင်ပွန်းဖြစ်သူ၏ အကြည့်တို့ကြောင့် ကြောက်လန့်သွားရသည်။

ကွာရှင်းစာချုပ်?

ဇာတ်ကြောင်းကို ပြင်ဖို့ သူမကြိုးစားတာ ကျရှုံးသွားပြီလား?

Continue Reading

You'll Also Like

325K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
445K 38.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ