ပွေလီငရှုပ်လေးရဲ့ချစ်ရသူ

By naneikhin

85.5K 8.6K 462

PCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး More

ချစ်ရပါသော မောင်မောင်ဗိုက် Fic Book Announcement 💌
Intro
Intro
1 zaw
1 uni
🙋✨
2 zaw
2 uni
3 zaw
3 uni
4 zaw
4 uni
5 zaw
5 uni
6 Zaw+Uni
7 Zaw+Uni
8 Zaw + Uni
9 Zaw+Uni
10 Zaw+Uni
11 Zaw+Uni
12 Zaw+Uni
13 Zaw+Uni
14 Zaw+Uni
15 Zaw+Uni
16 Zaw+Uni
17 (1) Zaw+Uni
17(2)Zaw+Uni
18 Zaw+Uni
19 Zaw+Uni
20 Zaw+Uni
21 Zaw+Uni
22(1)Zaw+Uni
22(2)Zaw+Uni
23 Zaw+Uni
24 Zaw+Uni
25 Zaw+Uni
26(1)Zaw+Uni
26(2) Zaw+Uni
27 Zaw+Uni
28 Zaw+Uni
29 Zaw+Uni
Final ❤️
Extra✨

30 Zaw+Uni

1.6K 201 8
By naneikhin

"ရှေ့တန်းက စာလေးတွေရောက်လာ....ထပ်တလဲလဲ ပြန်ဖတ်နေမိတာ တာဝန်ကြားထဲ မအားမလပ် ရေးတဲ့မောင်တစ်ယောက်ပါ.......လူကြုံပါးမယ့် သတင်းများကို အစဉ်နားစွင့်ရတာ ဒါ...ဒါ...ဒါ..."

သီချင်းလေး တညည်းညည်းနဲ့ ညနေစာ အတွက် ချက်ပြုတ်နေတုန်း

🎶🎶🎶🎶🎶

"သား မင့်ဖုန်းလာနေတယ်"

"လာပြီ ဖေဖေ လာပြီ အန်တီကြီး ဟင်းအိုးလေးကြည့်ထားနော် ဆားထပ်မထည့်နဲ့တော့"

"ဟုတ်ပြီ ဘတ်လေး ကြည့်ထားမယ်"

ဘတ်ဟျွန်း အိမ်ရှေ့ကိုအမြန်ပြေးကာ စားပွဲပေါ်က ဖုန်းကိုကောက်ကိုင်လိုက်တော့ မောင်

"မောင် ပြော"

"............"

"အွမ်း အဲ့ဒါဆို သမီးကိုပါ တခါတည်းဝင်ကြိုခဲ့လိုက်တော့ ကျနော်မကြိုတော့ဘူး"

".............."

"အိုခေ မောင်တို့အကြိုက် ရှယ်ချက်ထားတယ်"

"..............."

"မွမွ အူးးးမွ ချစ်တယ် ဒါပဲ"

စိတ်ရှိလက်ရှိပြောပြီးမှ အနားမှာTVထိုင်ကြည့်နေတဲ့ ဖေဖေ့ကို သတိရကာကြည့်လိုက်တော့ ကိုယ့်ကိုရှုံ့တွကာကြည့်နေသည်

"ငါ့သားမလဲ အရမ်းတွေက ကဲစိန်လုပ်တာ အဖေရှိနေတာလေးလဲ သတိထားဦး"

"ဟောဗျာ ချစ်တာကို ဖုံးကွယ်နေရဦးမှာလား ဖေဖေရဲ့"

ထိုအချိန် ဖေဖေ့ခါးကြားထဲက ရုတ်တရက်မြည်လာတဲ့ဖုန်းသံ

"အဟမ်း သွား သွားတော့လေ ဟင်းအိုးတူးမယ်"

မျက်စိ မျက်နှာပျက်ကာ ရှက်ရမ်းရမ်းပြီးနှင်ထုတ်နေတဲ့ ဖေဖေကြောင့် ဘတ်ဟျွန်းစချင်သွားကာ

"အန်တီ့ကို ပြောလိုက်ပါဦး ညီမလေးကော အားရင်လာလည်လို့ ဖေဖေတို့နဲ့တော့ခက်ပြီ မသိတာလဲမဟုတ်"

"ဟေ့ကောင် မင်း"

ပြောချင်တာတွေပြောပြီး လျှာထုတ်ပြောင်ပြကာ မီးဖိုချောင်ထဲသာ အပြေးပြန်ဝင်ခဲ့တော့သည်

အခုဆို သမီးက၄နှစ်ကျော်လို့၅နှစ်ထဲ ရောက်နေပြီ မူကြိုတောင်စထားနေပြီ.....ကျားကျားကတော့ ဖေဖေ့နေရာအစားဝင်ပြီးလုပ်နေပြီ ပိတ်ရက်၂ရက်ကိုတော့ အမေတို့ဆီပြန်နေကြတယ် အမေကလဲဟိုမှာအေးဆေး ဆယ်ဟွန်းအမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတယ် ဘဝကဘာပူပန်စရာမှမရှိဘဲ အေးချမ်းနေတာပါပဲ

ဖေဖေကလည်း အန်တီနဲ့ကွဲပြီး၁နှစ်ကျော်လောက်နေတော့ ကိုယ်တွေမသိအောင် အချင်းချင်းပြန်ဆက်သွယ်နေကြသည်လေ သိသားပဲ ရှက်မှာစိုးလို့ ကိုယ်ကဘာမှမပြောတာ လူပဲလေ ချစ်တာကို

********************

"သမီး"

ကျောင်းဝန်းထဲကနေ ထမင်းဘူးလေးဆွဲကာ ထွက်လာတဲ့သမီးက ချန်းယောလ် လဲမြင်ရော အပြေးပြေးလာသည်

ဆီးကြိုကာ ပွေ့ဖက်လိုက်ပြီး

"လဲနေဦးမယ် ‌ဖြည်းဖြည်းလာလဲ ရတာကိုသမီးရယ်"

"ဟီးဟီးးးးး ဖေကြီး ချောကလက်ဝယ်ကျွေး"

သွားအဖြီးသားနဲ့ပြောလာတဲ့သမီး နှာခေါင်းလုံးလုံးလေးကို အသာဆွဲလိမ်လိုက်ပြီး

"ဟုတ်ပါပြီဗျာ ဝယ်ကျွေးပါ့မယ်ဗျာ "

"ခိခ်ခိခ် ချစ်တယ် ဖေကြီး"

"အမယ် သူလိုချင်တာရတော့ "

*******************

"ဖိုးဖိုးကြီး ပြန်လာပါပြီရှင် ဖေဖေပြန်လာပါပြီရှင်"

"ဟေးး ငါ့မြေးတို့ပြန်လာပြီဟေ့"

ဘတ်ဟျွန်း အိမ်ပေါ်ထပ်ကနေ အမြန်ပြေးဆင်းလာကာ

"အားရီးဂူး ငါ့သမီးတို့က ဒီနေ့စောလိုက်တာ"

သမီးကိုပွေ့ချီကာ ချန်းယောလ် လက်ထဲက အထုပ်တွေပြောင်းယူလိုက်ပြီး

"မောင် ရေသွားချိုးတော့ ပြီးရင် ညစာစားမယ်"

"အွမ်း သမီးကိုလဲ မောင်ပဲချိုးပေးလိုက်မယ်လေ"

"သမီးကို မချိုးပေးတော့ဘူးလားလို့ မနက်ကျလည်း အစောကြီး အမေတို့ဆီသွားရမှာဆိုတော့လေ နေမကောင်းမှာစိုးလို့"

"ဟုတ်ပါပြီ အဖေ ကျနော် ရေသွားချိုးလိုက်ဦးမယ်ဗျ"

"ကောင်းပြီ ကောင်းပြီ ချန်းယောလ် မြန်မြန်တော့ချိုးကွာ ညနေစောင်းပြီ"

"ဟုတ်"

*******************

"ဒီနေ့ ကျောင်းမှာ ဘာတွေသင်လိုက်တာလဲ"

"ကဗျာတွေ သင်လိုက်တာ ဝက်ဝံအကြီးကြီးအကြောင်းတွေကော"

"ဟုတ်လား အာ"

သမီးကို ထမင်းခွံ့ရင်း တနေ့တာအကြောင်းတွေ မေးမြန်းစပ်စုနေရသေးသည်

"အခြေအနေ ဘယ်လိုရှိလဲ ချန်းယောလ်လေး လုပ်ငန်းက"

ချန်းယောလ် စားလက်စကို ခနထားကာ

"တရုတ်ဘက်နဲ့ချိတ်ဖို့ရာတော့ နဲနဲခက်နေတယ် အဖေ ဟိုဘက်က တင်းခံနေသလိုပဲ"

"ကြိုးစားကွာ မင်းအစွမ်းအစကို အဖေယုံတယ်"

"ဟုတ် ‌အဖေ"

"ဖေဖေ သားတို့နက်ဖန် အမေတို့ဆီသွားမှာနော် စိတ်ပြေလက်ပျောက် လိုက်ခဲ့ဦးမလား"

"တော်ပါပြီသားရယ် အဖေ အပန်းမခံနိုင်သေးပါဘူး နောက်များမှပေါ့"

"အဲ့ဒါဆို တခုခုနေမကောင်းဖြစ်ချင်တာတွေဆို ဖုန်းဆက်နော် ချက်ချင်းပြန်လာမယ်"

"ဟဟဟ ဟုတ်ကဲ့ပါ အဖေလေးရယ်"

*********************

"ဟုတ်ပါပြီ ဝင်ဝယ်ခဲ့ပါ့မယ်"

"..............."

"မနက်စောစော ထွက်လာခဲ့မှာပဲကွာ ဘယ်ချိန်ရောက်မလဲတော့သေချာမပြောနိုင်ဘူး "

".............."

"အွမ်း ဘာထပ်မှာဦးမှာလဲ "

"................"

"ဟုတ်ပါပြီ တခုမှ မမေ့စေရဘူး ဝယ်လာမယ် အားပြည့်အောင်လဲနေဦး ဂျုံလေး ဒီအချိန်က ဂရုစိုက်ရတယ်"

"................"

ဂျုံအင်နဲ့ ဖုန်းပြောနေတုန်း အိပ်ပျော်နေတဲ့သမီးကိုပွေ့ကာ အခန်းထဲဝင်လာတဲ့ချန်းယောလ်

သမီးကို အိပ်ယာပေါ်သေချာချကာ ထားပြီးမှ ဘတ်ဟျွန်းလုပ်သမျှ ထိုင်ကြည့်နေသည်

"အိုခေအိုခေ အကိုအကုန်ယူခဲ့ပေးမယ် ဒါဆိုဒါပဲနော် ဂျုံလေး"

"ဂျုံအင်တို့ဆီကလား"

"ဟုတ်တယ် အမေနဲ့လဲပြောပြီးပြီ အမေကတော့ မှာစရာမရှိဘူးတဲ့"

"အွမ်းပါ မောင်တို့နဲနဲစောထွက်ရအောင်လေ ဝင်ဝယ်စရာတွေကောပါတယ်မို့လား"

"အွမ်း "

ဘတ်ဟျွန်းက ဖုန်းအားသွင်းကာ ချန်းယောလ် ထိုင်နေတဲ့ ကုတင်တစ်ဖက်ဆီသို့ လျှောက်လာပြီး

ကုတင်ခေါင်းရင်းကို ကျောမှီကာထိုင်နေတဲ့ ချန်းယောလ်ပေါ် တက်ထိုင်ကာ
ဖက်ထားလိုက်ပြီး ပုခုံးပေါ် ခေါင်းမှီထားရင်

"ဘာလို့လဲ မသိဘူး ပင်ပန်းနေသလိုကြီး မောင်ရယ် "

"နေမကောင်းဘူးလား "

ချန်းယောလ်ကမေးတော့ ခေါင်းထောင်လာကာ နှုတ်ခမ်းပါးကြီးကြီးကို စိတ်လွတ်လက်လွတ် နမ်းရှိုက်လိုက်ပြီး

"နေကကောင်းတယ် အီလည်လည်နဲ့ တမျိုးကြီးပဲ"

ဘတ်ဟျွန်းစကားတွေက ချန်းယောလ်ခေါင်းထဲ ခေါင်းလောင်းထိုးသံတွေလိုဝင်ရောက်လာကာ

"ကိုယ် ကိုယ်ဝန်များလား"

"ဟာ မဖြစ်နိုင်တာ အတူမနေတာဖြင့်ကြာနေပြီကို"

"မဖြစ်နိုင်ဘူးလား"

"အွမ်း"

ပျင်းတိပျင်းရွဲနဲ့ဖြေကာ ပုခုံးပေါ် ခေါင်းပြန်မှီသွားပြန်သည်

"အိပ်ချင်နေပြီ ချော့သိပ်"

"ဟမ် အော် အင်းအင်း"

ချန်းယောလ် ကိုယ်ပေါ် ဖားပျံလေးလိုကပ်နေတဲ့ ကောင်လေးကို ခပ်ဖွဖွဖက်ကာ နောက်ကျောလေးကို ပွတ်သပ်ရင်း သိပ်လိုက်တော့ ခဏနဲ့ အိပ်ပျော်သွားလေသည်

အိပ်ပျော်သွားသည်နဲ့ တပြေးညီ စိုစိစိုစိနဲ့ ပုခုံးတဖက် စိုရွှဲလာသော သရေများလည်း ချန်းယောလ် မရွံရှာနိုင် ချစ်နေသည်မို့လားးး...........

*******************

TBC
Love u all❣️



🎶🎶🎶🎶🎶

"သား မင့်ဖုန်းလာနေတယ်"




"မောင် ပြော"

"............"


".............."


"..............."









"ဟေ့ကောင် မင်း"




********************

"သမီး"









*******************











"ဟုတ်"

*******************



"ဟုတ်လား အာ"






"ဟုတ် ‌အဖေ"





*********************


"..............."


".............."


"................"


"................"




"ဂျုံအင်တို့ဆီကလား"



"အွမ်း "




"နေမကောင်းဘူးလား "






"မဖြစ်နိုင်ဘူးလား"

"အွမ်း"



"ဟမ် အော် အင်းအင်း"



*******************

TBC
Love u all❣️

Continue Reading

You'll Also Like

94.1K 5.5K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
66.5K 9.2K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
240K 43.3K 55
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
102K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...