"ဖေဖေ လိမ္မော်သီး"
သမီးကို ပွေ့ကာ ဧည့်ခန်းမှာ TVထိုင်ကြည့်နေတဲ့ဖေဖေ
"တော်ပါပြီဆို သားရာ ဖေဖေ ဝနေပြီ ဘယ်နှလုံးတောင်ရှိနေပြီလဲ"
စိတ်ပြေလက်ပျောက် ဖေဖေ့ကို အိမ်အောက်ထပ် ဧည့်ခန်းထဲ ခေါ်ကာ သမီးနဲ့အတူ TVကြည့်ခိုင်းနေခြင်းပင်
"ခိခ်ခိခ် စားပေါ့ ဖေဖေကလည်း အားရှိတာပေါ့"
"ခွေးကောင်လေး သွားကျိန်းနေပြီကွ ဒီမှာ"
"ခိခ်ခိခ်"
ဖေဖေက သူ့လက်နဲ့ ဆံပင်တွေက ခပ်ဖွဖွ ထိုးဆွရင်းပြောလာတာမို့ ဘတ်ဟျွန်းခေါင်းကိုပိုငုံ့ပေးလိုက်သည်
"ဒါနဲ့ နှစ်ကူးပြီနော် ဒီည နေ့တွေလတွေကလဲ မြန်လိုက်တာ....."
"ဟုတ်ပါ့ ဖေဖေရယ် "
"ဒါနဲ့ သမက်လေးက မလာသေးဘူးလား"
"နက်ဖန်လောက် လာမလားမသိဘူး မနေ့ကနေ့လယ်ကလည်းဖုန်းဆက်ဆိုတာ မဆက်ဘူး ညကဆက်တော့လဲ မကိုင်ဘူး"
"မအားလို့နေမယ် ကြိုးစားတယ်ကွာ ငါ့သမက်ကတော့"
"ဖေဖေ့သား အရွေးတော်တာပါ"
"ဟားဟားးးး ဟုတ်ပါ့ဗျာ ကောက်ကောက်ပါအောင်ကို လိုက်သွားတာ ငါ့သားကတော့"
"ဟိဟိ ဖေဖေ့မြေး နေ့လယ်စာကျွေးမှထင်တယ် ခနနေ စျေးဝယ်ထွက်ရမှာနဲ့"
"ဖေဖေကျွေးထားလိုက်မယ်လေ သားစိတ်ချလက်ချသွား"
"ဟုတ် ဖေဖေကောနေကောင်းရဲ့လား"
"ကောင်းပါ့ဗျာ ကောင်းပါ့ ဒီလိုပုံစံနဲ့ဆို နောက်၁၀နှစ်လောက်နေနိုင်သေးတယ်ထင်ပါ့ ဒီမြေးလေးမျက်နှာကြည့်ပြီး"
"အဲ့ဟက်"
ဖေဖေကသမီးမေးလေးကို ကိုင်ကာပြောတော့သမီးက သဘောကျနေဟန်
"အဲ့ဒါဆို သားဆယ်ဟွန်းကို ခေါ်သွားမယ် ဂျုံလေးကို လည်းဖေဖေနဲ့သမီးအတွက်နေ့လယ်စာပြင်ပေးဖို့ မှာထားခဲ့မယ်နော်"
"အေးအေး သား ကောင်းကောင်းသွား"
***********************
"ဆယ်ဟွန်း ဆယ်ဟွန်း ငါနဲ့ခန လိုက်ခဲ့ဦးစျေးဝယ်"
"အကိုဘတ်ဟျွန်း"
ဆယ်ဟွန်းတို့အခန်းရှေ့ရပ်ကာအော်လိုက်တော့ ဂျုံအင်က တံခါးဖွင့်ကာအရင်ထွက်လာတာမို့
"ဂျုံလေး ဖေဖေနဲ့သမီးကို နေ့လယ်စာလေး ဂရုစိုက်ပေးပါဦး အကို ဆယ်ဟွန်းနဲ့ ဒီညနှစ်ကူးဆိုတော့ မုန့်လေးဘာလေးလုပ်စားရအောင် စျေးသွားဦးမယ်"
"........"
"ကြားလား ဟမ် ဘာဖြစ်နေတာလဲ ဂျုံလေး မျက်နှာမကောင်းဘူး ရန်ဖြစ်ထားကြတာလား "
"အိုဆယ်ဟွန်း အနိုင်ကျင့်နေပြန်ပြီလားမင်း"
အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်သွားတော့ မျက်ရည် အရွှဲသားနဲ့ကုတင်ဘေးထိုင်နေတဲ့ ဆယ်ဟွန်း
"ဘာဖြစ်နေကြတာလဲ မင်းတို့က"
အပေါက်ဝမှာရပ်နေတဲ့ ဂျုံအင့်ကိုတလှည့် ဆယ်ဟွန်းကို တလှည့် ကြည့်ကာမေးတော့လည်း နှစ်ယောက်သားမှိုင်တွေတွေနဲ့သာ
"ဘာဖြစ်နေတာလဲလို့ ဟမ် ဘာလို့ငိုနေတာလဲ"
အသဲအသန် ငိုချင်းချနေတဲ့ ဆယ်ဟွန်းနားပဲ သွားကာ မေးလိုက်တော့
" ယောက် ယောက်ဖ ဟင့် အင့် မခံစားနိုင်ဘူး အီးးးးဟီးးးး"
"ဟာ ရင်ပူလာပြီ ဘာလဲလို့"
ဘတ်ဟျွန်း ဆယ်ဟွန်းလက်မောင်းရင်းကနေ ခပ်ကြမ်းကြမ်းလှုပ်မေးလိုက်တော့မှ
"အရီး အရီးဖုန်းဆက်တယ်"
"အွမ်း အဲ့တော့"
"မ မနေ့ က နေ့လယ်ခင်း"
"ဘာဖြစ်တာလဲလို့ ထစ်မနေနဲ့ဆယ်ဟွန်း"
မေးနေရင်း ရင်တွေပင်ပူလာကာ အော်လိုက်မိသည်
"အကိုချန်းယောလ် အကို ဟင့်ဟီးးးး"
"အိုဆယ်ဟွန်း ငါ့ယောကျ်ားဘာဖြစ်တာလဲလို့ ဟမ် ဘာဖြစ်တာလဲလို့"
ရင်တခုလုံးဗြောင်းဆန်ကာ မျက်ရည်တွေပင် မသိလိုက်ဘဲ ကျလာတော့သည်
"အင့် ခေါင်းရိုက်ခံထိလို့တဲ့ အဲ့ဒါ ဟင့် အခုနေ့ထိသတိမရသေးဘူးတဲ့ ယောက်ဖရဲ့ ဟီးးးးးဟင့်"
"ဘာ ဘာာာာ ဘယ်သူက လုပ်တာတုန်းဟမ် ဘယ်သူကလုပ်လိုက်တာလဲ ဖြစ်ဖြစ်ချင်းပြောလေ ဟာာာ"
ကြမ်းခင်းပေါ်ထိုင်ချကာ မေးခွန်းတွေသာထုတ်နေမိသည်
"အရီးက သားဇောနဲ့မေ့နေပုံပဲ အခုစိုးရိမ်ရတဲ့အခြေအနေ ရောက်နေပြီမို့သာ ဘေးကပြောမှ အကြောင်းကြားဖို့သတိရတာမို့မြန်မြန်ပြန်ခဲ့ပါတဲ့ အီးးးးးအကိုချန်းယောလ်သနားပါတယ်"
"ဟာကွာ....."
လှေကားထစ်ပေါင်းများစွာကို အမြန်ပြေးဆင်းကာ ဖေဖေ့လက်ထဲက သမီးကိုဆွဲယူပြီး
"ဖေဖေ ဖေဖေ သားယောကျ်ား သားဟင့် သူလေ ဆေးရုံရောက်နေလို့ အဲ့ဒါ ဟီးးးးးးအီ သား သားဘာလုပ်ရမှာလဲ ဟင့်"
စကားကိုလဲ ဆုံးအောင်မပြောသူ့သမီးကို ချီကာ အပေါ်ထပ်ကိုပြေးတက်သွားပြန်သည်
"ဟင့် ခနနော် သမီး ငြိမ်ငြိမ်လေးနေ အင့်"
သမီးကိုမွေ့ယာပေါ်ထားကာ အဝတ်တွေနဲ့ လိုတာတွေကိုအမြန်ကောက်ထည့်မိသည်
"မောင် ဟင့် အဲ့ဒါကြောင့်မနေ့ကဖုန်းမခေါ်တာကို ဟီးးအင့် ငါကစဆက်ရမှာ အလကာနေ စိတ်ကောက်ချင်နေတာ ဟင့်"
လိုတာတွေ ထည့်ပြီးသမီးကိုချီကာ အောက်ပြန်ဆင်းမယ်လုပ်တော့ အခန်းပေါက်ဝရှေ့ရပ်နေတဲ့ ဂျုံအင်
"အကိုဘတ်ဟျွန်း ပေး သမီးကိုကျနော့်ဆီ ဆယ်ဟွန်းနဲ့သွားအကိုဘတ်ဟျွန်း သမီးကိုထားခဲ့ ပင်ပန်းလိမ့်မယ်"
ခေါင်းကိုတွင်တွင်ခါယမ်းကာ
"ဟင့်အင် ဟင့်အင် မပေးဘူး သမီးကိုမထားခဲ့ဘူး ဖေကြီးလည်းသမီးကိုတွေ့ချင်မှာ"
ပါးစပ်ကနေ ပြောချင်တာတွေပြောကာ အိတ်တဖက် သမီးတဖက်နဲ့ လောလော လောလော ထွက်သွားတဲ့အကိုဘတ်ဟျွန်းကြောင့် ဆယ်ဟွန်းနောက်က အမြန်လိုက်သွားရသည်
"အကို ဘတ်ဟျွန်း စောင့်ဦးလေ"
အောက်ထပ်ရောက်တော့
"သား အိမ်ရှေ့ကဘဲလ်တီးနေတယ် ကြည့်လိုက်ဦး "
" ဟင့် သား သားပြန်လိုက်ဦးမယ်ဖေဖေ"
"သား ဘယ်သွားမလို့တုန်း ကားယူသွားလေ သား"
ဖေဖေပြောတဲ့စကားကိုပင် နားထဲမဝင် အိမ်ထဲက အမြန် ထွက်လာခဲ့ပြီး ခြံပေါက်ဝကို ဖွင့်လိုက်တော့
"ဟင့် ဟင်"
"ဘတ်ဟျွန်း"
"မောင်"
တခါတည်းကို ရင်ခွင်ကျယ်ကြီးထဲ လုံးနေအောင်ပြေးဝင်မိသည်
"ဘာဖြစ်လာတဲ့လဲ ဟမ် ဖေဖေနဲ့စကားများလာတာလား"
မေးနေတာကိုပင် မဖြေနိုင်သေးဘဲ လမ်းပေါ် ခွေရက် ထိုင်ချလိုက်တာမို့ ကိုယ်ပါလိုက်ထိုင်လိုက်ရသည်
"ဘာဖြစ်တာလဲ "
"ဟင့် အင့် မောင်ပဲခေါင်း ခေါင်းရိုက်ခံထိတာ ဟင့် အရေးပေါ် စိုးရိမ်ရတဲ့အခြေအနေဆို ဟင့်အင့်"
"ဟမ် ဘယ်သူပြောတာလဲ"
"အမေ ဖုန်း ဖုန်းဆက်တာတဲ့ဟင့်"
ရှိုက်သံတွေနဲ့ ဖုံးလွှမ်းကာ တုန်ခါနေတဲ့ အသံလေးကို မနည်းနားထောင်လိုက်ရသည်
"အာ မဟုတ်တာ ဒီမှာလေ မောင်က အကောင်းကြီးရှိနေတာကို ဟိုနှစ်ကောင်ကော"
မေးရင်း နောက်ကိုလှမ်းကြည့်မှ စပ်ဖြဲဖြဲ မျက်နှာနဲ့ နှစ်ယောက်သားရပ်နေကြသည်
"အဲ့ဒါဆို အမေက ဘာလို့ ဖုန်း.."
"အော် အမေက မောင်စောပြီးလာတာကိုဖုန်းဆက်တာနေမယ် "
"မောင် ကဘာလို့ ဒီနေ့လာတာလဲ ဒီနေ့ပြီးမှဆို"
"အစောင့်ငှားလို့ရတာနဲ့ ဒီကချစ်ချစ်တုံးတို့သားအဖက်ိုလွမ်းလို့ စောလာခဲ့တာ"
"ဟင့် အင့် စိတ်ပူသွားတာပဲ"
"ကဲပါ ပေးပေးသမီးကို "
ဂျုံအင်က ဘတ်ဟျွန်းပွေ့ထားတဲ့ သမီးကိုဆွဲပွေ့သွားသည်
"အကိုချန်းယောလ်ပါတာကော ယောက်ဖကြီးဟာရောပေး ကျနော်သယ်ပေးမယ် "
ဆယ်ဟွန်းအသံလဲကြားကော....
"ခွေးစုတ်ကောင် ငါ့ကိုသေအောင်သတ်နေတာလား ဟမ် မင်း"
ဘုန်း ခွပ် ခွပ်
လက်သီးသေးသေးလေးတွေက ဆယ်ဟွန်းရဲ့ ကိုယ့်အနှံ့ ကျရောက်သွားတော့သည်
"ဟာ နာတယ်ဗျ ဒီကလည်းသူတို့ လင်လင်ရင်တုန်ရင်ခုန်အောင်လုပ်ပေးရသေးတယ်"
"ငါ လုပ်ထည့်လိုက်ရ အိုဆယ်ဟွန်း ငါကွက်တိရောက်လို့ပေါ့ကွာ နောက်စရာလားမင်း"
ဖတ်
ချန်းယောလ်ကပါ လက်မောင်းကို လှမ်းရိုက်လိုက်တော့
"အမလေး သူများလူကို အနိုင်ကျင့်နေကြတာ ဒီလိုစဖို့ကြည့်ပါဦး ပရုတ်ဆီတွေလူးပြီး သူ့မှာ ငိုပြထားရတာကို "
"ပူနေတာပဲ"
ဂျုံအင့်ရဲ့အကာအကွယ်စကားကို ဆယ်ဟွန်းက သံယောင်လိုက်ကာပြောလိုက်တော့
"ကန်းသွားရမှာ မင်း"
"ဟာကွာ ဒီလင်လင် စေတနာကို မရှိဘူး လာ ချစ်တူမလေးခေါ်ခဲ့ သွားမယ် သူတို့ခြံပြင်မှာ ပစ်ကိုထားမယ်"
ကော့တော့ကော့တော့နဲ့ လျှောက်သွားကာ ခပ်တည်တည်နဲ့ ခြံတံခါးပိတ်သွားတဲ့ အိုဆယ်ကြက်ပေါက်ကြောင့်
"အိုဆယ်ဟွန်း မင်းးးးး သေတော့မယ်"
"ကဲပါ စိတ်လျှော့ပါ "
လမ်းသွားလမ်းလာ လူတွေလဲစိတ်ထဲမရှိ မြေပြင်ကလဲ ထဖို့မတွေး လွမ်းနေရတဲ့ ရင်ခွင်ကျယ်ကြီးထဲကိုသာ ပိုလို့တိုးဝင်မိတော့သည်
******************************
TBC
LOVE U ALL❣️
"ဖေဖေ လိမ္မော်သီး"
"ခိခ်ခိခ်"
"ဟုတ်ပါ့ ဖေဖေရယ် "
"ဟိဟိ ဖေဖေ့မြေး နေ့လယ်စာကျွေးမှထင်တယ် ခနနေ ဈေးဝယ်ထွက်ရမှာနဲ့"
"အဲ့ဟက်"
***********************
"ဆယ်ဟွန်း ဆယ်ဟွန်း ငါနဲ့ခန လိုက်ခဲ့ဦးဈေးဝယ်"
"အကိုဘတ်ဟျွန်း"
"ဂျုံလေး ဖေဖေနဲ့သမီးကို နေ့လယ်စာလေး ဂရုစိုက်ပေးပါဦး အကို ဆယ်ဟွန်းနဲ့ ဒီညနှစ်ကူးဆိုတော့ မုန့်လေးဘာလေးလုပ်စားရအောင် ဈေးသွားဦးမယ်"
"........"
"အရီး အရီးဖုန်းဆက်တယ်"
"အွမ်း အဲ့တော့"
"မ မနေ့ က နေ့လယ်ခင်း"
"အိုဆယ်ဟွန်း ငါ့ယောက်ျားဘာဖြစ်တာလဲလို့ ဟမ် ဘာဖြစ်တာလဲလို့"
"ဟာကွာ....."
"ဖေဖေ ဖေဖေ သားယောက်ျား သားဟင့် သူလေ ဆေးရုံရောက်နေလို့ အဲ့ဒါ ဟီးးးးးးအီ သား သားဘာလုပ်ရမှာလဲ ဟင့်"
အောက်ထပ်ရောက်တော့
"ဟင့် ဟင်"
"ဘတ်ဟျွန်း"
"မောင်"
"ဘာဖြစ်တာလဲ "
"ဟမ် ဘယ်သူပြောတာလဲ"
"အစောင့်ငှားလို့ရတာနဲ့ ဒီကချစ်ချစ်တုံးတို့သားအဖကိုလွမ်းလို့ စောလာခဲ့တာ"
"ကဲပါ ပေးပေးသမီးကို "
ဘုန်း ခွပ် ခွပ်
ဖတ်
"ပူနေတာပဲ"
"ကန်းသွားရမှာ မင်း"
"ကဲပါ စိတ်လျှော့ပါ "
******************************
TBC
LOVE U ALL❣️