"ရွှတ်....ရှူးးးးး ရွှတ်"
တရေးနိုး နောက်ကျောဘက်ဆီက တရွှတ် တရွှတ်နဲ့ အသံကြောင့် ထကြည့်လိုက်မိတော့ နှာရည် အရွှဲသားနဲ့ ဘတ်ဟျွန်း ကြည့်ရတာနှာစေးလို့ အသက်ရှူပါ မဝနေတဲ့ပုံ
"ဘတ်ဟျွန်း ဘတ်ဟျွန်း ထ....ထ "
"ဟင်...အင်း"
ပုခုံးကို ပုတ်ကာ နှိုးလိုက်တော့ ယိုင်တိုင်တိုင်လေးနဲ့ ထထိုင်လို့လာသည်
"ညှစ် "
နှာခေါင်းကို လက်ညိုးနဲ့လက်မသုံးကာ နှပ်ညှစ်ခိုင်းတော့ အလိုက်တသိ လိုက်လုပ်ရှာသည်
"နှာစေးနေတာကိုကွာ မောင့်ကိုမနှိုးဘူး မှန်းစမ်း ဖျားနေပြီလား"
နီသွမ်းသွေးနေတဲ့ ပါးပြင်၂ဖက်ကြောင့် နဖူးလေးအသာအယာစမ်းကြည့်မိတော့ ပူနွေးနွေး အနေအထားမှာ ရှိနေပေသည်
"ပြန်လှဲ အခု ရေးပတ်တင်ပေးမယ်"
အိပ်ယာပေါ် ပြန်လှဲချပေးကာ ထွက်သွားမည်အပြု
"မောင် စိတ်ဆိုးနေတာလား"
"မဆိုးပါဘူး"
အမြန် အောက်ထပ်သို့ ပြေးဆင်းကာ ရေပတ်ဝတ်နဲ့ ရေဇလုံ ယူရသည် အမေမနိုးအောင်လည်း အသံမထွက်စေရန် သတိထားရသေးသည်
"ဟင့်.....ရွှတ် အင့်"
အပေါ် ပြန်ရောက်တော့ ငိုနေပြန်တဲ့သူကြောင့်
"ဟောဗျာ ဘာဖြစ်လို့လဲ"
"ခေါင်းကိုက်တယ် ဟင့် ...."
ကလေးတွေလို အနားရောက်လာတဲ့ ချန်းယောလ်ကိုယ်ပေါ် ခွတက်လာတာမို့ ချန်းယောလ်မှာ အမြန်ထိန်းလိုက်ရသည်
ခါးမှာခြေထောက်၂ချောင်းက ခွလျက်အနေအထားနဲ့ လည်ပင်းကိုလည်း မြဲမြဲ သိုင်းဖက်ထားသေးသည်
"မငိုနဲ့လေ....ခေါင်းပိုကိုက်နေမှာပေါ့"
အလယ်က ဖုဖုလေး ဖြစ်နေတဲ့ဗိုက်ကြောင့်လဲ ချန်းယောလ်မှာ သတိထားနေရသေးသည်
"ဟင့်....မောင်က မခေါ်ဘူး"
"ဟမ် ဘာကို မခေါ်တာလဲ"
"ဟင့်အင့် စကားလဲမပြောဘူး အီဟီးးးးး"
"ဟာဗျာ မငိုပါနဲ့ဆို တိတ်တော့နော် တိတ်တိတ်"
အိပ်ယာပေါ် ဝင်ထိုင်လိုက်တော့လဲ ကိုယ်ပေါ်ကမဆင်းသေးဘဲ တအိအိနဲ့သာ ငိုနေပြန်သည်
"စိတ်ဆိုးနေတာ...ဟုတ်တယ် ဟင့် ငေါက်လဲမငေါက်ဘူး"
ကိုယ့်ကို အတင်းဆွဲဖက်ထားတာကို ဖယ်ကာ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲခွာလိုက်တော့ ကိုယ်တော်ကနှာရည်တွေကော မျက်ရည်တွေပါ တကယ့်ကြောင်ဂျီးအိုးလေး
"မောင်ကစိတ်မကောင်းဖြစ်သွားတာ"
"ဟင့် ဟုတ်လား"
မျက်ရည်ကြည်တွေရစ်ဝိုင်းနေတဲ့ မျက်လုံးလေးတွေနဲ့မေးလာတာမို့ ခေါင်းငြိမ့်ပြလိုက်ပြီး
"မောင် ၃လလောက် ခေါင်းမူတာတွေ အန်တာတွေ မစားနိုင်တာတွေ လူးလဲ ခံခဲ့ရတာ အဲ့ဒါကို မင်းက ပေါ့ပေါ့လေးတွေး"
"မဟုတ်ပါဘူး အဲ့လိုမဟုတ်ပါဘူး"
"အင်း ကိုယ်သိပါတယ် မငိုနဲ့တော့နော် "
"ဟင့် "
ချန်းယောလ်လဲ ဘာမှဆက်မပြောတော့ အဆိုးလေးက အမေပြောသလို ဒီအချိန်အားငယ်တတ် သိမ်ငယ်တတ်တယ်ဆိုတာတွေ စနေပြီ ထင်ပါရဲ့ နဲနဲလေးကိုယ့်ဘက်က ပျက်လိုက်တာနဲ့ တအိအိနဲ့ ခံစားနေတော့တာ
********************
"ယောက်ဖကြီး ဗိုက်ကလဲဗျာ မီးပုံးပျံကြီးလိုပဲ"
မနက်အစောကတည်းက အိမ်လာကာ တောင်ပြောမြောက်ပြော ပြောနေတဲ့ဆယ်ဟွန်း
"အား ယားလိုက်တာ"
ဂနာကလည်း မငြိမ် ဟိုကုတ် ဒီကုတ်နဲ့သာ....
"ယောက်ဖကြီးက ဝကော ဝလာသလိုပဲ"
မွေးခါနီး လွန်းနေပြီဖြစ်သလို သက်ဦးမို့လို့လားပင်မသိ ပိုလို့ကြီးမားနေတဲ့ ဗိုက်ကြောင့် မိန်းမ မဟုတ်သော်ငြား ဘောင်းဘီဝတ်ရလဲ အဆင်မပြေတာမို့ တောက်လျှောက် ဂါဝန်လို အပွကြီးတွေကိုသာ ဝတ်ဆင်တော့သည်
"အင်္ကျီအပွ ကြီးမို့ပါကွ မင်းကလည်း နေပါဦး ဂျုံအင်ကော"
"အကိုချန်းယောလ်နဲ့သွားတယ်လေ"
ဘတ်ဟျွန်း မျက်မှောင်ကုတ်မိသည်
သူတောင် မသိလိုက်ပါလား
"ဘယ်တဲ့လဲ"
"ဈေးဝယ်လေ အရီးလွှတ်လို့"
"ငါတောင် မသိလိုက်ဘူး"
"သူပဲ အခုမှနိုးပြီးတော့ ကျနော့်တောင် ယောက်ဖကြီးနိုးလာရင် အိမ်ပေါ်က အောက်ထပ်ဆင်းဖို့ သေချာထိန်းပေးရအောင်နေခဲ့ဆိုလို့"
"ဟုတ်ပါပြီ"
"အရီး ကျက်တော့မှာလား"
"အေး ရတော့မှာပါဟဲ့ နင်တို့က ညနေမှ သိရမှာ မဟုတ်ဘူးလား"
"ဟုတ် ထင်တာပဲ"
အမေနဲ့ ဆယ်ဟွန်းပြောတာတွေ ဘတ်ဟျွန်းနားမလည်
"ဘာလဲ ဘာသိရမှာလဲ ဘာလို့ငါမသိတာတွေ များနေရတာလဲ"
"လုပ်ပြီ ဒီနေ့ အထက်တန်းအောင်စာရင်းထွက်မှာဗျာ.... အဲ့ဒါကြောင့်အောင်စာရင်းလာစောင့်တာ"
"အောင်မယ် ကိုယ့်အိမ်ကို စောင့်ကြပါလား ဘယ့်နှယ် ဂျုံအင်ကော ဘာလို့သူများအိမ်လဲ"
"သူများအိမ်ကနေ စောင့်ချင်လွန်းလို့ ထင်မနေနဲ့ အမေက ကျရင်ရိုက်မှာမို့ ဒီမှာလာနေနေရတာ ပြီးတော့ ချစ်လေးနဲ့ အတူ ရင်ခုန်ရအောင်လို့ နားလည်လား"
မချိုမချဉ်ရုပ်နဲ့ ပြောနေလိုက်တာများ ဟွင့် အိုဆယ်ပေါက်
"မသာ အကြံကြီးနဲ့"
အားကြီးနဲ့ဆဲလိုက်တော့ ဆယ်ဟွန်းက လက်ညိုးတထိုးထိုးနဲ့
"ဟယ် တကယ့်အရိုင်းတုံးနော် အမလေး ဒီဗိုက်ထဲက ထွက်လာမယ့်ကလေးအတွက်ရင်လေးတယ်'
"ဟာကွာ မင်း မပြေးနဲ့"
ပြောကာ လှစ်ကနဲ ပြေးထွက်သွားတဲ့ဆယ်ဟွန်းကြောင့် အနားရှိတဲ့ ယပ်တောင်နဲ့သာ ကောက်ထုပစ်လိုက်သည်
"ခွေးကောင်"
"ဟားဟားးးးးဟားးး"
ဆယ်ဟွန်းကတော့ ခြံပေါက်နားကနေ ဒူးပေါ်လက်ထောက်ကာ ကုန်းကုန်းကြီးလုပ်ပြီး အော်ရယ်နေပြန်သည် ဘတ်ဟျွန်းရဲ့လေးလံလွန်းတဲ့ဗိုက်ကြောင့် သူ့အမှီမလိုက်နိုင်တာကို ခွေးကောင်က ဂုဏ်ဆာပြနေတာ
"ရယ်မနေနဲ့ ဆယ်ဟွန်း"
"ဟမ်...."
ခြံဝက ဈေးခြင်းတောင်းကြီးနဲ့ ဝင်ဝင်လာချင်းပြောလာတဲ့ ချန်းယောလ်ကြောင့် ဆယ်ဟွန်း အရယ်ရပ်သွားရသည်
"ဟုတ်တယ် ဆယ်ဟွန်း"
"ဘာလို့လဲ ဂျုံလေး"
"အောင်စာရင်းက စောထွက်တယ်"
"ဟမ်....ဘာ အခုမှ နေ့ခင်ရှိသေးတာ"
"အွမ်း"
"ဘာ ဘာတဲ့ လဲ"
"ငါတို့နှစ်ယောက်လုံး...."
"အွမ်း"
********************
TBC
LOVE U ALL❤️
"ရွှတ်....ရှူးးးးး ရွှတ်"
"ဟင်...အင်း"
"ညှစ် "
"မဆိုးပါဘူး"
"ဟင့်.....ရွှတ် အင့်"
"ဟောဗျာ ဘာဖြစ်လို့လဲ"
"ခေါင်းကိုက်တယ် ဟင့် ...."
"ဟင့်....မောင်က မခေါ်ဘူး"
"ဟမ် ဘာကို မခေါ်တာလဲ"
"ဟင့် ဟုတ်လား"
"ဟင့် "
********************
"အား ယားလိုက်တာ"
"ဘယ်တဲ့လဲ"
"ငါတောင် မသိလိုက်ဘူး"
"ဟုတ်ပါပြီ"
"အရီး ကျက်တော့မှာလား"
"ဟုတ် ထင်တာပဲ"
"မသာ အကြံကြီးနဲ့"
"ဟာကွာ မင်း မပြေးနဲ့"
"ခွေးကောင်"
"ဟားဟားးးးးဟားးး"
"ရယ်မနေနဲ့ ဆယ်ဟွန်း"
"ဟမ်...."
"ဟုတ်တယ် ဆယ်ဟွန်း"
"ဘာလို့လဲ ဂျုံလေး"
"အွမ်း"
"ဘာ ဘာတဲ့ လဲ"
"ငါတို့နှစ်ယောက်လုံး...."
"အွမ်း"
********************
TBC
LOVE U ALL❤️