❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း ၁၂၉။
လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က....
" ရီ..၊.မင္း ဘာေတြေလ်ွာက္လုပ္ေနတာလဲ....?
အရင္အပတ္ထဲက မင္း ပိုက္ဆံေတြ အရမ္းသံုးေနတယ္လို႔ ေခ်ာင္ဟဲဆီက ၾကားတယ္ေနာ္...''
႐ွန္းရီရဲ႕ ရံုးခန္းထဲကို သူ႔အေဖ အစီရင္ခံစာတစ္ေစာင္ကို ကိုင္ကာ..ဒုန္းစိုင္းဝင္လာခဲ့သည္။
ပိုက္ဆံေတြကို ႐ွန္းလုပ္ငန္းစုက ထုတ္ယူသံုးစြဲတာလည္း မဟုတ္တဲ့အတြက္ သူ႔သားတစ္ခုခုလုပ္ေနၿပီဆိုတာကို သူ အတတ္သိလိုက္ၿပီ။
" အဲ့ဒီကိစၥအတြက္ စိတ္မပူပါနဲ႔....၊ အက်ိဳးအျမတ္ရဖို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံထားတာပဲ...''
ရွန္းရီ ျပန္ေျဖလိုက္ျပီး သူ႔ရဲ႕ လက္ေခ်ာင္းေတြကို လပ္ေတာ့ပ္ေပၚ ေျပးလႊားေစလိုက္သည္။
" လုခ်င္းယီအတြက္ အဲ့လိုေတြ လုပ္ေနတာလား...?''
သူ႔အေဖရဲ႕ စကားေၾကာင့္ ႐ွန္းရီ စာ႐ိုက္ေနတာကို ရပ္လိုက္ၿပီး သူ႔အေဖကို ၾကည့္လိုက္၏။
" ကြၽန္ေတာ္လုပ္ေနတဲ့ အရာအားလံုးက ခ်င္းယီအတြက္နဲ႔ ကြၽန္ေတာ္တို႔ရဲ႕ အနာဂတ္အတြက္ပဲ...''
သူလည္း ျငင္းဆန္စရာအေၾကာင္းမ႐ွိတဲ့အတြက္...တည့္တိုးပဲေျဖလိုက္၏။
႐ွန္းေဟာင္က သူ႔သား.... SYလုပ္ငန္းစုကို စတင္ေနၿပီဆိုတဲ့အေၾကာင္းလည္း သူ ၾကားထားပါ၏။ ေနာက္သံုးႏွစ္ေလာက္ၾကာရင္ သူ႔သားရဲ႕ ကုမၸဏီ အ႐ွိန္အဟုန္နဲ႔ အင္အားႀကီးမားလာေတာ့မည္။
အခုေလာေလာဆယ္.... ရီရဲ႕စီမံခန္႔ခြဲမႈေၾကာင့္ပဲ ႐ွန္းလုပ္ငန္းစုက ေအာင္ျမင္ေနတယ္ မဟုတ္ပါလား....အိမ္ျခံေျမအက်ိဳးေဆာင္တာတင္မက... .ေ႐ွာ့ပင္းေမာေတြ... ကြန္ဒိုေတြပါ ဖြင့္လွစ္ႏိုင္ေအာင္ သူ ႀကိဳးစားေပးခဲ့သည္ေလ....
" မင္း...႐ွန္းလုပ္ငန္းစုကေန မထြက္သြားပါဘူးေနာ္...?''
႐ွန္းေဟာင္ ေမးလာ၏။ ကုမၸဏီႏွစ္ခုကို စီမံခန္႔ခြဲဖို႔ဆိုတာလည္း လြယ္တဲ့ကိစၥမွ မဟုတ္တာ....အခ်ိန္ေရာ ပိုက္ဆံေရာ...လူအင္အားေရာ စိုက္ထုတ္ရသည္ေလ...
" ဟင့္အင္း.... မထြက္ပါဘူး...၊ SY လုပ္ငန္းစုက အခုမွအစပဲ႐ွိေသးတယ္....''
လုပ္ငန္းစဖို႔အတြက္ ဝန္ထမ္းေတြလည္း မငွါးရေသးသလို ပစၥည္းကလည္း အဆင္သင့္မျဖစ္ေသးတာေၾကာင့္ပင္။ ေနာက္ၿပီး သူက အရည္အခ်င္း႐ွိတဲ့ ဝန္ထမ္းေတြကိုပဲ စစ္ေဆးၿပီး ေခၚယူတာေၾကာင့္ အခ်ိန္ေပးရဦးမည္။ သူက... သေဘာမက်တဲ့ ဝန္ထမ္းေတြကို ခ်က္ခ်င္းထုတ္ပစ္တတ္တဲ့ အက်င့္႐ွိသည္ေလ...
..........
အားလပ္ရက္မွာ လူေတြက ေစ်းဝယ္ထြက္တာေတြ....မိသားစုနဲ႔ အခ်ိန္ျဖဳန္းတာေတြ လုပ္ၿပီး ေပ်ာ္ရႊင္ေနၾကသည္။ အဲ့ဒီျမင္ကြင္းကို ၾကည့္ၿပီး ကုန္းယီကြၽင္းတစ္ေယာက္ ေငးငိုင္ေန၏။
သူ႔မွာလည္း ဘာမွမ႐ွိေတာ့ဘူးေလ....
မန္ေက်ာက္လည္း သူ႔ရဲ႕ ျပတ္သြားေလၿပီ။မယ္မင္းႀကီးမက Silver Leafကို သြားရမယ္ဆိုၿပီး ကိုယ္ဝန္ပါ ျဖတ္ခ်သြားခဲ့သည္။
ကုမၸဏီအလုပ္ကို ဆံုး႐ွံုးၿပီးကတည္းက တစ္ျခားအလုပ္ရေအာင္ ႀကိဳးစား႐ွာေဖြခဲ့ရသည္။
ဒါေပမယ့္ အခုေလာေလာဆယ္ေတာ ဘာမွအဆင္မေျပေသး။
ကုန္းယီကြၽင္းတစ္ေယာက္....သူတို႔ရဲ႕ အရင္ဆိုင္ေလးမွာပဲ စိတ္ပ်က္လက္ျပတ္ထိုင္ေနမိသည္။
ထို႔ေနာက္ သူက တံခါးဖြင့္သံၾကားတာနဲ႔......
" အာ....ေတာင္းပန္ပါတယ္...ဆိုင္ပိတ္သြားပါၿပီ....''
ကုန္းယီကြၽင္း ေျပာလိုက္၏။
ဒါေပမယ့္ အမဲေရာင္ ဝတ္စံုနဲ႔အမ်ိဳးသားက ခန္႔ခန္႔ညားညားနဲ႔ သူ႔ဆီကို ဆက္ေလ်ွာက္လာခဲ့သည္။
" ဒီလိုပဲျဖစ္သင့္တယ္...!''
႐ွန္းရီေနာက္မွာ လိုက္လာတဲ့ ေခ်ာင္ဟဲက ဆိုင္ဝန္းက်င္ကို ၾကည့္ၿပီး ႏွာေခါင္း႐ွံု႔လိုက္သည္။
ကုန္းယီကြၽင္းက ႐ွန္းရီကို ေတြ႔တာနဲ႔ အံႀကိတ္လိုက္ၿပီး.....
" မင္းပဲ...! ငါသိတယ္....၊ ဒီျပႆ နာေတြအကုန္လံုးက မင္းေၾကာင့္ျဖစ္လာရတာ...ေခြးမသား...! အဲ့ဒီဟာမက ငါ့ကို လက္စားေခ်ဖို႔အတြက္ မင္းဆီမွာ အေရာင္းစားခံလိုက္တာမလား...?''
ကုန္းယီကြၽင္း..ေဒါသတႀကီး ေအာ္ဟစ္လို႔လာ၏။
ကုန္းယီက်ြင္းေျပာၿပီးတာနဲ႔ ေခ်ာင္ဟဲက သူ႔ရဲ႕ေကာ္လံကို ဆြဲလိုက္ကာ ေကာင္တာစားပြဲနဲ႔ သူ႔မ်က္ႏွာကို အ႐ွိန္ျပင္းျပင္းနဲ႔ ဆြဲကပ္လိုက္သည္။
ကုန္းယီကြၽင္း...နာက်င္မႈေၾကာင့္ စူးစူးဝါးဝါး ေအာ္ဟစ္လိုက္ေပမယ့္ သူ႔ကို ဘယ္သူမွ ကယ္မယ့္သူ မ႐ွိေပ။
" မင္း သင္ခန္းစာ မရေသးဘူးနဲ႔တူတယ္....''
႐ွန္းရီရဲ႕ ေအးစက္စက္အသံေၾကာင့္ ကုန္းယီကြၽင္း ေၾကာက္ဒူးတုန္လာရသည္။
" မင္းက ဘာကိစၥနဲ႔ ငါတို႔ရဲ႕ သခင္မေလးကို ေစာ္ကားေနရတာလဲ....?''
ေခ်ာင္ဟဲရဲ ့လက္က ကုန္းယီကြၽင္းရဲ႕လည္ပင္းဆီကို ေရာက္သြား၏။
" ေဘာ့စ္ရီ...၊ ကြၽန္ေတာ့္ကို အမိန္႔ေပးလိုက္ပါ...''
႐ွန္းရီ ႏႈတ္ခမ္းေကြးတက္သြားၿပီး နီးရာစားပြဲမွာထိုင္လိုက္ကာ....
" ငါ့ေယာကၡမရဲ႕ စာအုပ္ကို ရေအာင္ယူခဲ့....၊ မင္း...ဘာနည္းလမ္းပဲသံုးသံုး ငါ ဂ႐ုမစိုက္ဘူး.....! စာအုပ္ ငါ့ဆီ ေရာက္ဖို႔ပဲ အေရးႀကီးတယ္...!''
...................
❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း ၁၃၀။
ေခ်ာင္ဟဲကေတာ့ ကုန္းယီကြၽင္းကို ေဆာ္ပေလာ္တီးလို႔ေန၏။ ေဘာ့စ္ရီရဲ႕ ေ႐ွ႕မွာ သခင္မေလးကိုသာ မေစာ္ကားဘူးဆိုရင္ ဒီေလာက္ထိ ျဖစ္လာမွာမဟုတ္။
ဒါေပမယ့္ သိပ္မၾကာလိုက္.....ကုန္းယီကြၽင္း ...စာအုပ္ ထုတ္ေပးလာသည္။ သူ႔အေမလည္း ႐ွိသမ်ွကို ေပါင္ႏွံေရာင္းခ်ၿပီး ဒီၿမိဳ႕ကေန ထြက္သြားေတာ့မည္ျဖစ္တဲ့အတြက္ လုခ်င္းယီအေဖရဲ႕ စာအုပ္က သူ႔အတြက္ အေရးမႀကီးေတာ့ေပ။
ေခ်ာင္ဟဲက ကုန္းယီကြၽင္းဆီကေန စာအုပ္ဆြဲယူလိုက္ကာ ႐ွန္းရီကို ကမ္းေပးလိုက္၏။ ႐ွန္းရီက ကုန္းယီကြၽင္းကို မၾကည့္ဘဲ အျခားတစ္ဖက္လွည့္ထားသည္။
ထို႔ေနာက္ ခ်င္းယီ အေဖရဲ႕ ကိုယ္တိုင္လက္ေရးနဲ႔ ေရးထားတဲ့ စာအုပ္ေဟာင္းႀကီးကို သူ...တစ္ရြက္ၿပီးတစ္ရြက္ လွန္ၾကည့္ၿပီးသည့္ေနာက္.....
" ငါ...ဒါကိုလာျပန္ယူတာ...''
႐ွန္းရီ ေအးစက္စြာနဲ႔ ေျပာလိုက္ၿပီး.....
" သူမဆီကို ထပ္ၿပီး ဖုန္းေခၚရဲဖုန္းေခၚၾကည့္.... ! သူမအနားလည္း ကပ္ဖို႔မႀကိဳးစားနဲ႔....၊ မဟုတ္ရင္...မင္း.အသက္...ဘယ္နားကထြက္သြားမွန္းမသိျဖစ္သြားမယ္....''
႐ွန္းရီနဲ႔ ေခ်ာင္ဟဲက ဆိုင္ထဲကေန ထြက္သြားေတာ့ ကုန္းယီကြၽင္းတစ္ေယာက္ လဲက်ေနကာ...သတိလြတ္တစ္ခ်က္မလြတ္တစ္ခ်က္ ျဖစ္ေနသည္။ သူ႔ရင္ထဲမွာေတာ့ မုန္းတီးမႈေတြ ျပည့္ႏွက္လ်က္.....
မိန္းမတစ္ေယာက္ေၾကာင့္.... သူ အခုလိုဘဝ ေရာက္သြားၿပီလား....?
" လုခ်င္းယီ....! မင္း...ျပန္ေပးဆပ္ရမယ္...!''
ကုန္းယီကြြၽင္းက နာက်င္မႈေတြၾကားမွာ အံတုရင္း က်ိန္းဝါးလိုက္သည္။
----------
ေႏြရာသီရဲ႕ ေနာက္ဆံုးေန႔ေလးေတြမွာေတာ့.....
" အပန္းေျဖခရီး....! အား...ၾကယ္ငါးေတြနဲ႔ လင္းပိုင္ေလးေတြကို ၾကည့္ဖို႔မေစာင့္ႏိုင္ေတာ့ဘူး....''
ယြီရန္နဲ႔ ဇီခ်န္ေလးက အခန္းတစ္ဝိုက္ ေပ်ာ္ရႊင္စြာ ေျပးလႊားေနၾက၏။ ထို႔ေနာက္ သူတို႔ရဲ႕ အ႐ုပ္ေတြကို ၾကည့္လိုက္ကာ...
" မီးမီးက ယုန္အ႐ုပ္ေလးကို သယ္သြားမယ္...''
ယြီရန္ ေျပာလာ၏။
" ငါက ဒိုင္ႏိုေဆာကို သယ္သြားမယ္....၊ နဂါးအ႐ုပ္ကို သယ္သြားခ်င္ေပမယ့္ အရမ္းႀကီးတယ္ေလ....''
ဇီခ်န္ေလးက ထပ္ေျပာလာျပန္သည္။
သူလည္း အန္တီခ်င္းခ်င္း အထုပ္အပိုးျပင္တဲ့အခါက်ရင္ အဆင္ေျပဖို႔ သင့္ေတာ္မယ့္ အ႐ုပ္ကိုသာ စဥ္းစားၿပီး ေရြးခ်ယ္လိုက္သည္။
ေနာက္ေန႔မနက္ေရာက္ေတာ့ ရႊီက ေလဆိပ္ဆီကို ကားေမာင္းပို႔ေပးဖို႔ သူ႔အစ္ကိုအိမ္ကို ေရာက္လာ၏။ ခ်င္းယီကေတာ့ အရင္အတိုင္း အထုပ္အပိုးေတြမ်ားလ်က္....ကေလးႏွစ္ေယာက္အတြက္ပါဆိုေတာ့ ပိုဆိုးသြားသည္။
ရႊီက ကားထဲကို အထုပ္အပိုးေတြ သယ္ထည့္ေပးၿပီးေနာက္ ကေလးေတြကို....
" လက္ေဆာင္ဝယ္ခဲ့ေနာ္......၊ အန္ကယ္ရႊီ...ဒီတစ္ေခါက္ မလိုက္ေတာ့ဘူး....''
" ဟုတ္ကဲ့...အန္ကယ္ရႊီ...၊ လက္ေဆာင္ေတြ အမ်ားႀကီး ဝယ္ခဲ့မယ္ေနာ္....''
ဇီခ်န္ေလးက ျပန္ေျဖ၏။
" သြားဖို႔အဆင္သင့္ပဲလား....?''
႐ွန္းရီက ခ်င္းယီရဲ႕ လက္ကိုဆြဲကာ ေရာက္လာ၏။
ကေလးႏွစ္ေယာက္လံုး....ျပံဳးကာ ေခါင္းၿငိမ့္လိုက္ၾကသည္။ ထို႔ေနာက္.... ေလယာဥ္ကြင္းေသးကို ထြက္လာခဲ့ေတာ့သည္။
လုခ်င္းယီ....ကားထဲကေန ထြက္လိုက္တာနဲ႔ ေၾကာက္ရြံ ့စိတ္ေတြျဖစ္ေပၚ၏။
သူမေ႐ွ႕မွာ ႐ွိေနတာ ဂ်က္ေလယာဥ္ငယ္ေလးေလ.......႐ွန္းရီက ကေလးေတြနဲ႔သြားတာဆိုေတာ့ သီးသန္႔ျဖစ္ခ်င္လို႔နဲ႔တူသည္။ ဝန္ထမ္းေတြကေတာ့ သူမတို႔ဆီလာၿပီး... အထုပ္ေတြကို သယ္သြားၾက၏။
" တကယ္ မလိုက္ေတာ့ဘူးဆိုတာ ေသခ်ာလား....?''
ခ်င္းယီက ရြွီကို ေမးလိုက္သည္။
႐ွန္းရႊီ ေခါင္းခါလိုက္သည္။ လိုက္သြားတာနဲ႔ ကေလးထိန္းျဖစ္မွာကို သူသိသည္ေလ...အဲ့လိုျဖစ္မယ့္အစား အလုပ္လုပ္ရင္း အိမ္မွာႏွပ္ေနတာက ေကာင္းေသးသည္။
ဂ်က္ေလယာဥ္ေပၚေရာက္ေတာ့ လုခ်င္းယီ...သူမမ်က္လံုးကို မယံုၾကည္ႏိုင္ ျဖစ္ေနေလ၏။ အထဲမွာက ဇိမ္ခံအသံုးအေဆာင္ေတြ႐ွိၿပီး ဆိုဖာကလည္း သက္ေသာင့္သက္သာ႐ွိလွသည္။
' အာ....ဟုတ္သားပဲ....! ငါယူထားတာက အခ်မ္းသာဆံုးစာရင္းဝင္ပုဂၢိဳလ္ေလ.....ဒီေလာက္က သူ႔အတြက္ အမႊားေလးပဲ.....'
ေနာက္ႏွစ္နာရီၾကာေတာ့ သူတို႔သြားခ်င္တဲ့ ေနရာကို ဂ်က္ေလယာဥ္ ဆိုက္ေရာက္ခဲ့သည္။ ပန္းျခံေတြ ထူးဆန္းတဲ့ ေနရာေတြကို သြားဖို႔ကလည္း အရမ္းေစာေနတာေၾကာင့္ ႐ွန္း အပန္းေျဖအိမ္တစ္ခုမွာ အထုပ္အပိုးေတြခ်ၿပီး နီးရာ ေစ်းကိုပဲ အရင္သြားၾကေတာ့သည္။
လုခ်င္းယီက ပင္လယ္စာေစ်းတန္းမွာ ေစ်းဝယ္ေနတုန္း ကေလးေတြကို ပုစြန္ထုပ္ေတြ... ပုစြန္လံုးေတြအေၾကာင္း ႐ွင္းျပေန၏။ ယြီရန္ေလးက လက္မႀကီးႀကီးနဲ႔ ကဏန္းကိုျမင္ေတာ့ အံ ့ျသစြာနဲ႔ ေ႐ွ႕တိုးသြားၿပီး ထိမလို႔႐ွိတုန္း....
" ယြီရန္...! သြားမထိနဲ႔...!''
ဇီခ်န္ေလးက သူ႔ညီမကို ေအာ္ေျပာလာ၏။
ယြီရန္ေလးကေတာ့ ဆက္ၿပီး ကိုင္ခ်င္ေနတာေၾကာင့္ ႏႈတ္ခမ္းစူလိုက္သည္။
ထိုျမင္ကြင္းကို ျမင္သြားတဲ့ ေစ်းဆိုင္ပိုင္႐ွင္က...
" အာ....မင္းတို႔က အရမ္းခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးေတြ ရထားတာပဲ....မင္းတို႔စံုတြဲလည္း အရမ္းလိုက္ဖက္တယ္....''
ဆိုင္ပိုင္႐ွင္လူႀကီးက ႐ွန္းရီနဲ႔ လုခ်င္းယီကို ေျပာလာေလ၏။
လုခ်င္းယီကေတာ့ မ်က္လံုးျပဴ းသြား၏။
ဘာလို႔ လူေတြက သူမတို႔ ကေလးျမႏ္ုျမန္ရထားတယ္လို႔ ထင္ေနၾကတာလဲ....?
႐ွန္းရီက ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး ေခါင္းခါလိုက္၏။
" သားတို႔က ကေလးေလးေတြ မဟုတ္ေတာ့ဘူးေလ...''
ဇီခ်န္ေလးက ၿငီးတြားလိုက္သည္။
" အန္ကယ္ရီနဲ႔ အန္တီခ်င္းခ်င္းက သားတို႔အတြက္ ကေလးေမြးေပးမွာ....''
" ကေလးေလးေတြက ဘယ္ကေန ဘယ္လိုျဖစ္လာတာလဲဟင္...?''
႐ွန္းယြီရန္က လုခ်င္းယီကိုေမးေတာ့ လုခ်င္းယီတစ္ေယာက္ ေရေသာက္ေနရင္းနဲ႔ သီးသြားရျပန္သည္။
Unicode.....
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၁၂၉။
လွန်ခဲ့တဲ့နှစ်ရက်လောက်က....
" ရီ..၊.မင်း ဘာတွေလျှောက်လုပ်နေတာလဲ....?
အရင်အပတ်ထဲက မင်း ပိုက်ဆံတွေ အရမ်းသုံးနေတယ်လို့ ချောင်ဟဲဆီက ကြားတယ်နော်...''
ရှန်းရီရဲ့ ရုံးခန်းထဲကို သူ့အဖေ အစီရင်ခံစာတစ်စောင်ကို ကိုင်ကာ..ဒုန်းစိုင်းဝင်လာခဲ့သည်။
ပိုက်ဆံတွေကို ရှန်းလုပ်ငန်းစုက ထုတ်ယူသုံးစွဲတာလည်း မဟုတ်တဲ့အတွက် သူ့သားတစ်ခုခုလုပ်နေပြီဆိုတာကို သူ အတတ်သိလိုက်ပြီ။
" အဲ့ဒီကိစ္စအတွက် စိတ်မပူပါနဲ့....၊ အကျိုးအမြတ်ရဖို့အတွက် ရင်းနှီးမြှုပ်နှံထားတာပဲ...''
ရှန်းရီ ပြန်ဖြေလိုက်ပြီး သူ့ရဲ့ လက်ချောင်းတွေကို လပ်တော့ပ်ပေါ် ပြေးလွှားစေလိုက်သည်။
" လုချင်းယီအတွက် အဲ့လိုတွေ လုပ်နေတာလား...?''
သူ့အဖေရဲ့ စကားကြောင့် ရှန်းရီ စာရိုက်နေတာကို ရပ်လိုက်ပြီး သူ့အဖေကို ကြည့်လိုက်၏။
" ကျွန်တော်လုပ်နေတဲ့ အရာအားလုံးက ချင်းယီအတွက်နဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက်ပဲ...''
သူလည်း ငြင်းဆန်စရာအကြောင်းမရှိတဲ့အတွက်...တည့်တိုးပဲဖြေလိုက်၏။
ရှန်းဟောင်က သူ့သား.... SYလုပ်ငန်းစုကို စတင်နေပြီဆိုတဲ့အကြောင်းလည်း သူ ကြားထားပါ၏။ နောက်သုံးနှစ်လောက်ကြာရင် သူ့သားရဲ့ ကုမ္ပဏီ အရှိန်အဟုန်နဲ့ အင်အားကြီးမားလာတော့မည်။
အခုလောလောဆယ်.... ရီရဲ့စီမံခန့်ခွဲမှုကြောင့်ပဲ ရှန်းလုပ်ငန်းစုက အောင်မြင်နေတယ် မဟုတ်ပါလား....အိမ်ခြံမြေအကျိုးဆောင်တာတင်မက... .ရှော့ပင်းမောတွေ... ကွန်ဒိုတွေပါ ဖွင့်လှစ်နိုင်အောင် သူ ကြိုးစားပေးခဲ့သည်လေ....
" မင်း...ရှန်းလုပ်ငန်းစုကနေ မထွက်သွားပါဘူးနော်...?''
ရှန်းဟောင် မေးလာ၏။ ကုမ္ပဏီနှစ်ခုကို စီမံခန့်ခွဲဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စမှ မဟုတ်တာ....အချိန်ရော ပိုက်ဆံရော...လူအင်အားရော စိုက်ထုတ်ရသည်လေ...
" ဟင့်အင်း.... မထွက်ပါဘူး...၊ SY လုပ်ငန်းစုက အခုမှအစပဲရှိသေးတယ်....''
လုပ်ငန်းစဖို့အတွက် ဝန်ထမ်းတွေလည်း မငှါးရသေးသလို ပစ္စည်းကလည်း အဆင်သင့်မဖြစ်သေးတာကြောင့်ပင်။ နောက်ပြီး သူက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကိုပဲ စစ်ဆေးပြီး ခေါ်ယူတာကြောင့် အချိန်ပေးရဦးမည်။ သူက... သဘောမကျတဲ့ ဝန်ထမ်းတွေကို ချက်ချင်းထုတ်ပစ်တတ်တဲ့ အကျင့်ရှိသည်လေ...
..........
အားလပ်ရက်မှာ လူတွေက ဈေးဝယ်ထွက်တာတွေ....မိသားစုနဲ့ အချိန်ဖြုန်းတာတွေ လုပ်ပြီး ပျော်ရွှင်နေကြသည်။ အဲ့ဒီမြင်ကွင်းကို ကြည့်ပြီး ကုန်းယီကျွင်းတစ်ယောက် ငေးငိုင်နေ၏။
သူ့မှာလည်း ဘာမှမရှိတော့ဘူးလေ....
မန်ကျောက်လည်း သူ့ရဲ့ ပြတ်သွားလေပြီ။မယ်မင်းကြီးမက Silver Leafကို သွားရမယ်ဆိုပြီး ကိုယ်ဝန်ပါ ဖြတ်ချသွားခဲ့သည်။
ကုမ္ပဏီအလုပ်ကို ဆုံးရှုံးပြီးကတည်းက တစ်ခြားအလုပ်ရအောင် ကြိုးစားရှာဖွေခဲ့ရသည်။
ဒါပေမယ့် အခုလောလောဆယ်တော ဘာမှအဆင်မပြေသေး။
ကုန်းယီကျွင်းတစ်ယောက်....သူတို့ရဲ့ အရင်ဆိုင်လေးမှာပဲ စိတ်ပျက်လက်ပြတ်ထိုင်နေမိသည်။
ထို့နောက် သူက တံခါးဖွင့်သံကြားတာနဲ့......
" အာ....တောင်းပန်ပါတယ်...ဆိုင်ပိတ်သွားပါပြီ....''
ကုန်းယီကျွင်း ပြောလိုက်၏။
ဒါပေမယ့် အမဲရောင် ဝတ်စုံနဲ့အမျိုးသားက ခန့်ခန့်ညားညားနဲ့ သူ့ဆီကို ဆက်လျှောက်လာခဲ့သည်။
" ဒီလိုပဲဖြစ်သင့်တယ်...!''
ရှန်းရီနောက်မှာ လိုက်လာတဲ့ ချောင်ဟဲက ဆိုင်ဝန်းကျင်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
ကုန်းယီကျွင်းက ရှန်းရီကို တွေ့တာနဲ့ အံကြိတ်လိုက်ပြီး.....
" မင်းပဲ...! ငါသိတယ်....၊ ဒီပြဿ နာတွေအကုန်လုံးက မင်းကြောင့်ဖြစ်လာရတာ...ခွေးမသား...! အဲ့ဒီဟာမက ငါ့ကို လက်စားချေဖို့အတွက် မင်းဆီမှာ အရောင်းစားခံလိုက်တာမလား...?''
ကုန်းယီကျွင်း..ဒေါသတကြီး အော်ဟစ်လို့လာ၏။
ကုန်းယီကျွင်းပြောပြီးတာနဲ့ ချောင်ဟဲက သူ့ရဲ့ကော်လံကို ဆွဲလိုက်ကာ ကောင်တာစားပွဲနဲ့ သူ့မျက်နှာကို အရှိန်ပြင်းပြင်းနဲ့ ဆွဲကပ်လိုက်သည်။
ကုန်းယီကျွင်း...နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ပေမယ့် သူ့ကို ဘယ်သူမှ ကယ်မယ့်သူ မရှိပေ။
" မင်း သင်ခန်းစာ မရသေးဘူးနဲ့တူတယ်....''
ရှန်းရီရဲ့ အေးစက်စက်အသံကြောင့် ကုန်းယီကျွင်း ကြောက်ဒူးတုန်လာရသည်။
" မင်းက ဘာကိစ္စနဲ့ ငါတို့ရဲ့ သခင်မလေးကို စော်ကားနေရတာလဲ....?''
ချောင်ဟဲရဲ ့လက်က ကုန်းယီကျွင်းရဲ့လည်ပင်းဆီကို ရောက်သွား၏။
" ဘော့စ်ရီ...၊ ကျွန်တော့်ကို အမိန့်ပေးလိုက်ပါ...''
ရှန်းရီ နှုတ်ခမ်းကွေးတက်သွားပြီး နီးရာစားပွဲမှာထိုင်လိုက်ကာ....
" ငါ့ယောက္ခမရဲ့ စာအုပ်ကို ရအောင်ယူခဲ့....၊ မင်း...ဘာနည်းလမ်းပဲသုံးသုံး ငါ ဂရုမစိုက်ဘူး.....! စာအုပ် ငါ့ဆီ ရောက်ဖို့ပဲ အရေးကြီးတယ်...!''
.............
Unicode.....
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၁၃၀။
ချောင်ဟဲကတော့ ကုန်းယီကျွင်းကို ဆော်ပလော်တီးလို့နေ၏။ ဘော့စ်ရီရဲ့ ရှေ့မှာ သခင်မလေးကိုသာ မစော်ကားဘူးဆိုရင် ဒီလောက်ထိ ဖြစ်လာမှာမဟုတ်။
ဒါပေမယ့် သိပ်မကြာလိုက်.....ကုန်းယီကျွင်း ...စာအုပ် ထုတ်ပေးလာသည်။ သူ့အမေလည်း ရှိသမျှကို ပေါင်နှံရောင်းချပြီး ဒီမြို့ကနေ ထွက်သွားတော့မည်ဖြစ်တဲ့အတွက် လုချင်းယီအဖေရဲ့ စာအုပ်က သူ့အတွက် အရေးမကြီးတော့ပေ။
ချောင်ဟဲက ကုန်းယီကျွင်းဆီကနေ စာအုပ်ဆွဲယူလိုက်ကာ ရှန်းရီကို ကမ်းပေးလိုက်၏။ ရှန်းရီက ကုန်းယီကျွင်းကို မကြည့်ဘဲ အခြားတစ်ဖက်လှည့်ထားသည်။
ထို့နောက် ချင်းယီ အဖေရဲ့ ကိုယ်တိုင်လက်ရေးနဲ့ ရေးထားတဲ့ စာအုပ်ဟောင်းကြီးကို သူ...တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်ပြီးသည့်နောက်.....
" ငါ...ဒါကိုလာပြန်ယူတာ...''
ရှန်းရီ အေးစက်စွာနဲ့ ပြောလိုက်ပြီး.....
" သူမဆီကို ထပ်ပြီး ဖုန်းခေါ်ရဲဖုန်းခေါ်ကြည့်.... ! သူမအနားလည်း ကပ်ဖို့မကြိုးစားနဲ့....၊ မဟုတ်ရင်...မင်း.အသက်...ဘယ်နားကထွက်သွားမှန်းမသိဖြစ်သွားမယ်....''
ရှန်းရီနဲ့ ချောင်ဟဲက ဆိုင်ထဲကနေ ထွက်သွားတော့ ကုန်းယီကျွင်းတစ်ယောက် လဲကျနေကာ...သတိလွတ်တစ်ချက်မလွတ်တစ်ချက် ဖြစ်နေသည်။ သူ့ရင်ထဲမှာတော့ မုန်းတီးမှုတွေ ပြည့်နှက်လျက်.....
မိန်းမတစ်ယောက်ကြောင့်.... သူ အခုလိုဘဝ ရောက်သွားပြီလား....?
" လုချင်းယီ....! မင်း...ပြန်ပေးဆပ်ရမယ်...!''
ကုန်းယီကွျွင်းက နာကျင်မှုတွေကြားမှာ အံတုရင်း ကျိန်းဝါးလိုက်သည်။
----------
နွေရာသီရဲ့ နောက်ဆုံးနေ့လေးတွေမှာတော့.....
" အပန်းဖြေခရီး....! အား...ကြယ်ငါးတွေနဲ့ လင်းပိုင်လေးတွေကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး....''
ယွီရန်နဲ့ ဇီချန်လေးက အခန်းတစ်ဝိုက် ပျော်ရွှင်စွာ ပြေးလွှားနေကြ၏။ ထို့နောက် သူတို့ရဲ့ အရုပ်တွေကို ကြည့်လိုက်ကာ...
" မီးမီးက ယုန်အရုပ်လေးကို သယ်သွားမယ်...''
ယွီရန် ပြောလာ၏။
" ငါက ဒိုင်နိုဆောကို သယ်သွားမယ်....၊ နဂါးအရုပ်ကို သယ်သွားချင်ပေမယ့် အရမ်းကြီးတယ်လေ....''
ဇီချန်လေးက ထပ်ပြောလာပြန်သည်။
သူလည်း အန်တီချင်းချင်း အထုပ်အပိုးပြင်တဲ့အခါကျရင် အဆင်ပြေဖို့ သင့်တော်မယ့် အရုပ်ကိုသာ စဉ်းစားပြီး ရွေးချယ်လိုက်သည်။
နောက်နေ့မနက်ရောက်တော့ ရွှီက လေဆိပ်ဆီကို ကားမောင်းပို့ပေးဖို့ သူ့အစ်ကိုအိမ်ကို ရောက်လာ၏။ ချင်းယီကတော့ အရင်အတိုင်း အထုပ်အပိုးတွေများလျက်....ကလေးနှစ်ယောက်အတွက်ပါဆိုတော့ ပိုဆိုးသွားသည်။
ရွှီက ကားထဲကို အထုပ်အပိုးတွေ သယ်ထည့်ပေးပြီးနောက် ကလေးတွေကို....
" လက်ဆောင်ဝယ်ခဲ့နော်......၊ အန်ကယ်ရွှီ...ဒီတစ်ခေါက် မလိုက်တော့ဘူး....''
" ဟုတ်ကဲ့...အန်ကယ်ရွှီ...၊ လက်ဆောင်တွေ အများကြီး ဝယ်ခဲ့မယ်နော်....''
ဇီချန်လေးက ပြန်ဖြေ၏။
" သွားဖို့အဆင်သင့်ပဲလား....?''
ရှန်းရီက ချင်းယီရဲ့ လက်ကိုဆွဲကာ ရောက်လာ၏။
ကလေးနှစ်ယောက်လုံး....ပြုံးကာ ခေါင်းငြိမ့်လိုက်ကြသည်။ ထို့နောက်.... လေယာဉ်ကွင်းသေးကို ထွက်လာခဲ့တော့သည်။
လုချင်းယီ....ကားထဲကနေ ထွက်လိုက်တာနဲ့ ကြောက်ရွံ ့စိတ်တွေဖြစ်ပေါ်၏။
သူမရှေ့မှာ ရှိနေတာ ဂျက်လေယာဉ်ငယ်လေးလေ.......ရှန်းရီက ကလေးတွေနဲ့သွားတာဆိုတော့ သီးသန့်ဖြစ်ချင်လို့နဲ့တူသည်။ ဝန်ထမ်းတွေကတော့ သူမတို့ဆီလာပြီး... အထုပ်တွေကို သယ်သွားကြ၏။
" တကယ် မလိုက်တော့ဘူးဆိုတာ သေချာလား....?''
ချင်းယီက ရွှီကို မေးလိုက်သည်။
ရှန်းရွှီ ခေါင်းခါလိုက်သည်။ လိုက်သွားတာနဲ့ ကလေးထိန်းဖြစ်မှာကို သူသိသည်လေ...အဲ့လိုဖြစ်မယ့်အစား အလုပ်လုပ်ရင်း အိမ်မှာနှပ်နေတာက ကောင်းသေးသည်။
ဂျက်လေယာဉ်ပေါ်ရောက်တော့ လုချင်းယီ...သူမမျက်လုံးကို မယုံကြည်နိုင် ဖြစ်နေလေ၏။ အထဲမှာက ဇိမ်ခံအသုံးအဆောင်တွေရှိပြီး ဆိုဖာကလည်း သက်သောင့်သက်သာရှိလှသည်။
' အာ....ဟုတ်သားပဲ....! ငါယူထားတာက အချမ်းသာဆုံးစာရင်းဝင်ပုဂ္ဂိုလ်လေ.....ဒီလောက်က သူ့အတွက် အမွှားလေးပဲ.....'
နောက်နှစ်နာရီကြာတော့ သူတို့သွားချင်တဲ့ နေရာကို ဂျက်လေယာဉ် ဆိုက်ရောက်ခဲ့သည်။ ပန်းခြံတွေ ထူးဆန်းတဲ့ နေရာတွေကို သွားဖို့ကလည်း အရမ်းစောနေတာကြောင့် ရှန်း အပန်းဖြေအိမ်တစ်ခုမှာ အထုပ်အပိုးတွေချပြီး နီးရာ ဈေးကိုပဲ အရင်သွားကြတော့သည်။
လုချင်းယီက ပင်လယ်စာဈေးတန်းမှာ ဈေးဝယ်နေတုန်း ကလေးတွေကို ပုစွန်ထုပ်တွေ... ပုစွန်လုံးတွေအကြောင်း ရှင်းပြနေ၏။ ယွီရန်လေးက လက်မကြီးကြီးနဲ့ ကဏန်းကိုမြင်တော့ အံ ့သြစွာနဲ့ ရှေ့တိုးသွားပြီး ထိမလို့ရှိတုန်း....
" ယွီရန်...! သွားမထိနဲ့...!''
ဇီချန်လေးက သူ့ညီမကို အော်ပြောလာ၏။
ယွီရန်လေးကတော့ ဆက်ပြီး ကိုင်ချင်နေတာကြောင့် နှုတ်ခမ်းစူလိုက်သည်။
ထိုမြင်ကွင်းကို မြင်သွားတဲ့ ဈေးဆိုင်ပိုင်ရှင်က...
" အာ....မင်းတို့က အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေ ရထားတာပဲ....မင်းတို့စုံတွဲလည်း အရမ်းလိုက်ဖက်တယ်....''
ဆိုင်ပိုင်ရှင်လူကြီးက ရှန်းရီနဲ့ လုချင်းယီကို ပြောလာလေ၏။
လုချင်းယီကတော့ မျက်လုံးပြူ းသွား၏။
ဘာလို့ လူတွေက သူမတို့ ကလေးမြန်ုမြန်ရထားတယ်လို့ ထင်နေကြတာလဲ....?
ရှန်းရီက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ခေါင်းခါလိုက်၏။
" သားတို့က ကလေးလေးတွေ မဟုတ်တော့ဘူးလေ...''
ဇီချန်လေးက ငြီးတွားလိုက်သည်။
" အန်ကယ်ရီနဲ့ အန်တီချင်းချင်းက သားတို့အတွက် ကလေးမွေးပေးမှာ....''
" ကလေးလေးတွေက ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲဟင်...?''
ရှန်းယွီရန်က လုချင်းယီကိုမေးတော့ လုချင်းယီတစ်ယောက် ရေသောက်နေရင်းနဲ့ သီးသွားရပြန်သည်။