"အိုဆယ်ဟွန်းးးးး မင့် နောက်နောင် ဘယ်တော့မှ ငါ့ရှေ့မလာနဲ့"
ဒေါသတကြီးအော်ဟစ်ကာ အိမ်ပေါ်ထပ်သို့ သူ့လင်လေး ကို ချီပွေ့ကာတက်သွားသော အကိုချန်းယောလ်ကြောင့် အရီးကလည်း နားမလည်သလိုကြည့်လာသလို ကိုယ်ကိုတိုင်လည်း ထွက်ပြေးချင်စိတ်ပင် ပေါက်နေမိပြီ
ဒုန်းးးးး
အကိုချန်းယောလ်ရဲ့ အပေါ်ထပ်တံခါးကို ဆောင့်ကာ ပိတ်လိုက်သံကြားတော့မှ အရီးက အနားတိုးလာကာ
"နင် ဘာတွေရှုပ်ခဲ့ပြန်ပြီလဲ ဟမ် ဟမ်"
နားရွက်ကို ခပ်ဆတ်ဆတ် လိမ်ဆွဲရင်း မေးတာမို့ ဆယ်ဟွန်းနာနေပေမဲ့လည်း မအော်ရဲ မျက်နှာပင် နီရဲလာကာ
"အ အ နာတယ် အရီးရ လွှတ် လွှတ်...."
"ပြောစမ်းပါ့ ဘာလုပ်ခဲ့ကြတာလဲ ဘာဖြစ်ခဲ့ကြတာလဲလို့"
နားရွက် ဆွဲထားရာကနေ လွှတ်လိုက်ပြီး ခါးကို စိတ်မရှည်တော့သည့် သဘောမျိုးထောက်လိုက်ကာမေးလာတော့
"ဟိုလေ ဟိုဘက်ရပ်ကွက်ကိုသွားတာ သိတယ်မို့လား"
"အေးလေ"
"အဲ့ဒါ ကျနော်တို့ ချိန်းတွေ့နေတုန်း အကိုချန်းယောလ် ရောက်အလာနဲ့ အကိုဘတ်ဟျွန်းကောက်ရိုးပုံပေါ်က ပြုတ်ကျတာနဲ့ကွက်တိဖြစ်သွားတာ"
သူ့စကားကို ကြားလိုက်တာနဲ့ အရီးက ရင်ဘတ်ကိုဖိကာ
"ဟယ်တော် ဟယ်တော်အေ မပေါ့မပါးနဲ့ ဘာ ဘာဖြစ်သွားသေးလဲ"
"မဖြစ်ဘူး တော်သေးလို့ ပြုတ်ကျတာက ရေထဲဖြစ်နေလို့"
"တော်သေးတာပေါ့အေဟဲ့ ငါတော့မပြောချင်ဘူး ဟိုကလည်းငရှုပ် ဒီကလည်းယွစိန် မပြောတော့ဘူး ဆယ်ဟွန်း ငါမပြောတော့ဘူး"
"အရီးကလဲ"
"အရီးကလဲ မနေနဲ့ သွားသွားပြန်တော့ နေတောင်စောင်းနေပြီ နောက်ခါဘယ်တော့မှ ဘတ်ဟျွန်းကိုလာမခေါ်နဲ့နော်နင့်အကိုနဲ့သေခန်းမပြတ်ချင်ရင် ဟိုက သူ့လင်လေးကိုရွှေလိုဥနေတာ"
"ဟုတ်အရီး အဲ့ဒါဆို ကျနော်ပြန်ပြီ"
"အေးအေး ငါ့နဲ့ ဒုက္ခ ဒုက္ခ ဟွင်းးးးကလေးတွေနဲ့တော့"
**********************
ကုတင်ပေါ် သူတင်ပေးထားတဲ့အတိုင်းလေးသာငြိမ်ငြိမ်လေး ထိုင်နေမိသည်
"လက်မြှောက်"
ဘာစကားတခွန်းမှ အပိုမပြောပဲ လက်မြှောက်ခိုင်းကာ ရေစိုနေတဲ့အင်္ကျီတွေ ဘောင်းဘီတွေကို သူ့ဘာသာသူချွတ် ရေပတ်တိုက်နဲ့ လုပ်ပေးနေတဲ့ ချန်းယောလ်
သာမန်ထက်ပိုကာ တည်တင်းနေတဲ့ မျက်နှာထားကြောင့် ဘတ်ဟျွန်း ဘာမှ မပြောရဲ
"ချမ်းလား"
ဘောင်းဘီက ရှည်နေတဲ့ အောက်နားလေးကိုခေါက်တင်ပေးရင်းမေးလာတာမို့ဘတ်ဟျွန်း အမြန်ခေါင်းငြိမ့်ပြလိုက်ကာ
"အွမ်း ချမ်းတယ်"
အမွှေးပွ ခြေအိတ်လေးပါစွပ်ပေးပြီး စောင်တထည်ကို ထိုင်နေတဲ့ ကိုယ့်အပေါ် လွှားခြုံပေးကာ
"ငြိမ်ငြိမ်နေခဲ့"
အောက်ထပ်ကို ပြန်ဆင်းသွားခဲ့ပြန်သည်
ထင်တာက အပေါ်ထပ်ရောက်ရင် လုံးဝကို စိတ်ဆိုးတကြီး အော်ခံရမယ် စိတ်ဆိုးခံရမယ် ငေါက်ခံရမယ်ပေါ့ ထင်တာနဲ့ကွဲလွဲစွာ အားလုံးက ငြိမ်သက်နေသလိုပင်
"ရော့ ဆေးပါသောက်လိုက် ရေနွေးလေးနဲ့"
တွေးလို့ပင် မဆုံးသေး ပြန်ရောက်လာတဲ့သူကြောင့် လက်ထဲထည့်ပေးလာတဲ့ ဆေးကိုသာ ရေနွေးလေးနဲ့အသာမျှောချလိုက်သည်
"အိပ်တော့ "
ထိုင်နေလက်စ ကိုယ့်ကိုပင် ဘာမှ မမေးမပြောပဲ အိပ်တော့ လို့တခွန်းသာ ပြောကာ ကုတင်တဖက်ခြမ်းမှာ ဝင်အိပ်သွားတဲ့သူကြောင့် ရင်ထဲဆို့နင့်သွားရသည်
တွေတွေလေး ကိုယ့်ကိုကျောပေးကာ အိပ်နေတဲ့ သူကို ငေးနေမိတုန်း
ဒေါက် ဒေါက် ဒေါက်
"သားတို့ ညနေစာမစားတော့ဘူးလား"
အခန်းတံခါးခေါက်ကာမေးလာတဲ့ အမေ့ကြောင့်
"ဟုတ် သားဂျုံအင်တို့ အိမ်က စားခဲ့လို့ ဝနေပြီ အမေ "
"အော် အေးအေး သားချန်းယောလ်ကော"
သူအိပ်နေတဲ့ဆီကြည့်မိတော့ မလှုပ်မယှက်နဲ့ပင်
"မစားတော့ဘူး အမေ"
"ဟယ် သား စားပါဦးလား နေ့လယ်စာလဲ မစားပဲနဲ့ကို"
"ဗိုက်မဆာလို့ပါ"
"အေးပါ အေးပါ ဒါဆိုလဲ စောစောအနားယူကြ ဟင်းးးး"
သက်ပြင်းရှိုက်သံ အချို့နဲ့အတူ အမေအောက်ထပ်ကို ဆင်းသွားပြီ ဆိုတော့မှ အသာလေး အိပ်နေတဲ့သူအနားတိုးကာ
"မောင်.... မောင် "
မထူး ၂ခါခေါ်လည်းမထူး ၃ခါခေါ်လဲ ထိုနည်းလည်းကောင်းပင်
"ဟို စားလိုက်ပါလားမောင်ရယ် အစာ အိမ်နာနေလိမ့်မယ်"
"ငါအိပ်ချင်ပြီ"
ခြေရင်းကစောင်ကို ဆွဲခြုံရင်းပြောလိုက်ကာ ထို့ထက် ဘာမှပြောစရာစကားမရှိတော့တဲ့သူလိုပင် ပြုမူနေပြန်သည်
ဘတ်ဟျွန်း အရင်ကထက် အဆပေါင်းများစွာ စိတ်ဆင်းရဲသလိုခံစားနေရတယ် ဒီအခြေအနေကဘာလဲ စိတ်ဆိုးခံနေရတာလား လျစ်လျူရှုခံနေရတာလား ကိုယ်တိုင်ပင် မခွဲခြားနိုင်တော့ပေ........
********************
TBC
LOVE U ALL❤️
"အိုဆယ္ဟြန္းးးးး မင့္ ေနာက္ေနာင္ ဘယ္ေတာ့မွ ငါ့ေရွ႕မလာနဲ႔"
ေဒါသတႀကီးေအာ္ဟစ္ကာ အိမ္ေပၚထပ္သို႔ သူ႔လင္ေလး ကို ခ်ီေပြ႕ကာတက္သြားေသာ အကိုခ်န္းေယာလ္ေၾကာင့္ အရီးကလည္း နားမလည္သလိုၾကည့္လာသလို ကိုယ္ကိုတိုင္လည္း ထြက္ေျပးခ်င္စိတ္ပင္ ေပါက္ေနမိၿပီ
ဒုန္းးးးး
အကိုခ်န္းေယာလ္ရဲ႕ အေပၚထပ္တံခါးကို ေဆာင့္ကာ ပိတ္လိုက္သံၾကားေတာ့မွ အရီးက အနားတိုးလာကာ
"နင္ ဘာေတြရႈပ္ခဲ့ျပန္ၿပီလဲ ဟမ္ ဟမ္"
နား႐ြက္ကို ခပ္ဆတ္ဆတ္ လိမ္ဆြဲရင္း ေမးတာမို႔ ဆယ္ဟြန္းနာေနေပမဲ့လည္း မေအာ္ရဲ မ်က္ႏွာပင္ နီရဲလာကာ
"အ အ နာတယ္ အရီးရ လႊတ္ လႊတ္...."
"ေျပာစမ္းပါ့ ဘာလုပ္ခဲ့ၾကတာလဲ ဘာျဖစ္ခဲ့ၾကတာလဲလို႔"
နား႐ြက္ ဆြဲထားရာကေန လႊတ္လိုက္ၿပီး ခါးကို စိတ္မရွည္ေတာ့သည့္ သေဘာမ်ိဳးေထာက္လိုက္ကာေမးလာေတာ့
"ဟိုေလ ဟိုဘက္ရပ္ကြက္ကိုသြားတာ သိတယ္မို႔လား"
"ေအးေလ"
"အဲ့ဒါ က်ေနာ္တို႔ ခ်ိန္းေတြ႕ေနတုန္း အကိုခ်န္းေယာလ္ ေရာက္အလာနဲ႔ အကိုဘတ္ဟြၽန္းေကာက္႐ိုးပုံေပၚက ျပဳတ္က်တာနဲ႔ကြက္တိျဖစ္သြားတာ"
သူ႔စကားကို ၾကားလိုက္တာနဲ႔ အရီးက ရင္ဘတ္ကိုဖိကာ
"ဟယ္ေတာ္ ဟယ္ေတာ္ေအ မေပါ့မပါးနဲ႔ ဘာ ဘာျဖစ္သြားေသးလဲ"
"မျဖစ္ဘူး ေတာ္ေသးလို႔ ျပဳတ္က်တာက ေရထဲျဖစ္ေနလို႔"
"ေတာ္ေသးတာေပါ့ေအဟဲ့ ငါေတာ့မေျပာခ်င္ဘူး ဟိုကလည္းငရႈပ္ ဒီကလည္းယြစိန္ မေျပာေတာ့ဘူး ဆယ္ဟြန္း ငါမေျပာေတာ့ဘူး"
"အရီးကလဲ"
"အရီးကလဲ မေနနဲ႔ သြားသြားျပန္ေတာ့ ေနေတာင္ေစာင္းေနၿပီ ေနာက္ခါဘယ္ေတာ့မွ ဘတ္ဟြၽန္းကိုလာမေခၚနဲ႔ေနာ္နင့္အကိုနဲ႔ေသခန္းမျပတ္ခ်င္ရင္ ဟိုက သူ႔လင္ေလးကိုေ႐ႊလိုဥေနတာ"
"ဟုတ္အရီး အဲ့ဒါဆို က်ေနာ္ျပန္ၿပီ"
"ေအးေအး ငါ့နဲ႔ ဒုကၡ ဒုကၡ ဟြင္းးးးကေလးေတြနဲ႔ေတာ့"
**********************
ကုတင္ေပၚ သူတင္ေပးထားတဲ့အတိုင္းေလးသာၿငိမ္ၿငိမ္ေလး ထိုင္ေနမိသည္
"လက္ေျမႇာက္"
ဘာစကားတခြန္းမွ အပိုမေျပာပဲ လက္ေျမႇာက္ခိုင္းကာ ေရစိုေနတဲ့အက်ႌေတြ ေဘာင္းဘီေတြကို သူ႔ဘာသာသူခြၽတ္ ေရပတ္တိုက္နဲ႔ လုပ္ေပးေနတဲ့ ခ်န္းေယာလ္
သာမန္ထက္ပိုကာ တည္တင္းေနတဲ့ မ်က္ႏွာထားေၾကာင့္ ဘတ္ဟြၽန္း ဘာမွ မေျပာရဲ
"ခ်မ္းလား"
ေဘာင္းဘီက ရွည္ေနတဲ့ ေအာက္နားေလးကိုေခါက္တင္ေပးရင္းေမးလာတာမို႔ဘတ္ဟြၽန္း အျမန္ေခါင္းၿငိမ့္ျပလိုက္ကာ
"အြမ္း ခ်မ္းတယ္"
အေမႊးပြ ေျခအိတ္ေလးပါစြပ္ေပးၿပီး ေစာင္တထည္ကို ထိုင္ေနတဲ့ ကိုယ့္အေပၚ လႊားၿခဳံေပးကာ
"ၿငိမ္ၿငိမ္ေနခဲ့"
ေအာက္ထပ္ကို ျပန္ဆင္းသြားခဲ့ျပန္သည္
ထင္တာက အေပၚထပ္ေရာက္ရင္ လုံးဝကို စိတ္ဆိုးတႀကီး ေအာ္ခံရမယ္ စိတ္ဆိုးခံရမယ္ ေငါက္ခံရမယ္ေပါ့ ထင္တာနဲ႔ကြဲလြဲစြာ အားလုံးက ၿငိမ္သက္ေနသလိုပင္
"ေရာ့ ေဆးပါေသာက္လိုက္ ေရေႏြးေလးနဲ႔"
ေတြးလို႔ပင္ မဆုံးေသး ျပန္ေရာက္လာတဲ့သူေၾကာင့္ လက္ထဲထည့္ေပးလာတဲ့ ေဆးကိုသာ ေရေႏြးေလးနဲ႔အသာေမွ်ာခ်လိုက္သည္
"အိပ္ေတာ့ "
ထိုင္ေနလက္စ ကိုယ့္ကိုပင္ ဘာမွ မေမးမေျပာပဲ အိပ္ေတာ့ လို႔တခြန္းသာ ေျပာကာ ကုတင္တဖက္ျခမ္းမွာ ဝင္အိပ္သြားတဲ့သူေၾကာင့္ ရင္ထဲဆို႔နင့္သြားရသည္
ေတြေတြေလး ကိုယ့္ကိုေက်ာေပးကာ အိပ္ေနတဲ့ သူကို ေငးေနမိတုန္း
ေဒါက္ ေဒါက္ ေဒါက္
"သားတို႔ ညေနစာမစားေတာ့ဘူးလား"
အခန္းတံခါးေခါက္ကာေမးလာတဲ့ အေမ့ေၾကာင့္
"ဟုတ္ သားဂ်ဳံအင္တို႔ အိမ္က စားခဲ့လို႔ ဝေနၿပီ အေမ "
"ေအာ္ ေအးေအး သားခ်န္းေယာလ္ေကာ"
သူအိပ္ေနတဲ့ဆီၾကည့္မိေတာ့ မလႈပ္မယွက္နဲ႔ပင္
"မစားေတာ့ဘူး အေမ"
"ဟယ္ သား စားပါဦးလား ေန႔လယ္စာလဲ မစားပဲနဲ႔ကို"
"ဗိုက္မဆာလို႔ပါ"
"ေအးပါ ေအးပါ ဒါဆိုလဲ ေစာေစာအနားယူၾက ဟင္းးးး"
သက္ျပင္းရႈိက္သံ အခ်ိဳ႕နဲ႔အတူ အေမေအာက္ထပ္ကို ဆင္းသြားၿပီ ဆိုေတာ့မွ အသာေလး အိပ္ေနတဲ့သူအနားတိုးကာ
"ေမာင္.... ေမာင္ "
မထူး ၂ခါေခၚလည္းမထူး ၃ခါေခၚလဲ ထိုနည္းလည္းေကာင္းပင္
"ဟို စားလိုက္ပါလားေမာင္ရယ္ အစာ အိမ္နာေနလိမ့္မယ္"
"ငါအိပ္ခ်င္ၿပီ"
ေျခရင္းကေစာင္ကို ဆြဲၿခဳံရင္းေျပာလိုက္ကာ ထို႔ထက္ ဘာမွေျပာစရာစကားမရွိေတာ့တဲ့သူလိုပင္ ျပဳမူေနျပန္သည္
ဘတ္ဟြၽန္း အရင္ကထက္ အဆေပါင္းမ်ားစြာ စိတ္ဆင္းရဲသလိုခံစားေနရတယ္ ဒီအေျခအေနကဘာလဲ စိတ္ဆိုးခံေနရတာလား လ်စ္လ်ဴရႈခံေနရတာလား ကိုယ္တိုင္ပင္ မခြဲျခားႏိုင္ေတာ့ေပ........
********************
TBC
LOVE U ALL❤️