❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး..❤
အပိုင္း ၁၂၃+၁၂၄+ ၁၂၅
႐ွန္းရႊီေမာင္းလာတဲ့ ကားေလးက သူ႔အစ္ကိုအိမ္ေရာက္ေတာ့ ကေလးႏွစ္ေယာက္လံုး ကားေနာက္ခန္းမွာ အိပ္ေပ်ာ္ေနၾကသည္။ ထို႔ေနာက္ သူ႔အစ္ကိုကိုေခၚၿပီး ကေလးေတြကိုခ်ီကာ အိပ္ခန္းထဲပို႔ခဲ့ၾက၏။ ခ်င္းယီကေတာ့ ညစာခ်က္ျပဳတ္ရင္း... အလုပ္႐ႈပ္လ်က္.....
႐ွန္းရီ...ေရခ်ိဳးၿပီးလို႔ မီးဖိုေခ်ာင္ထဲကို ဝင္လာေတာ့ ခ်င္းယီရဲ႕ ဖုန္းေျပာေနတဲ့ အသံကိုၾကားလိုက္ရသည္။ သူမကေတာ့ ႐ွန္းရီကို သတိမျပဳမိ။
႐ွန္းရီက သူမကိုယ္ေလးကို ထိမလို႔႐ွိေသး....သူမက ေလသံေဖ်ာ့ေဖ်ာ့နဲ႔ အျခားတစ္ဖက္ေျပာလိုက္ေခ်၏။
" အမေလး...ငါလည္း နင့္ကို လြမ္းပါတယ္..'' သူမရယ္လိုက္၏။
" အာ...ငါသိတာေပါ့...၊ ေဆာရီး... ေဆာရီး...ေနာက္တစ္ႀကိမ္ ေသခ်ာလာေတြ႔မယ္လို႔ ကတိေပးပါတယ္ေနာ္....''
" ဟုတ္တယ္....ငါလက္ထပ္ၿပီးသြားၿပီ...၊ ဒါေပမယ့္ ဘာလို႔ လာလို႔မရမွာလဲ....? ငါ့ေယာက်ၤားကို ငါႏိုင္ပါတယ္....''
".......''
" စိတ္မပူပါနဲ႔....သူ မသိပါဘူး...!''
သူမ ျပံဳးေနျပန္၏။
"ေကာင္းၿပီ....၊ သတိရတယ္...သတိရတယ္....၊နင္ ျပန္ေရာက္ရင္ ငါ့ကိုဖုန္းဆက္လိုက္...! အရင္ အပတ္က ငါ လာမေတြ႔ႏိုင္တာကို ေတာင္းပန္ပါတယ္....အလုပ္မ်ားသြားလို႔....''
႐ွန္းရီတစ္ေယာက္... သူ႔မိန္းမရဲ႕ စကားေတြကို နားမေထာင္ႏိုင္ေတာ့၍ ေျခလွမ္းေတြ ဆုတ္သြားသည္။
ဒါေပမယ့္...စိတ္မပူထိပါဘူးေလ....သူမမိဘေတြေ႐ွ႕မွာေတာင္ သူ႔ကို ခ်စ္ေၾကာင္း ဝန္ခံထားတယ္မလား....
လုခ်င္းယီ....႐ုတ္တရက္ ေခါင္းလွည့္လိုက္ေတာ့ တံခါးဝမွာရပ္ေနတဲ့ သူမေယာက်ၤားကို ေတြ႔လိုက္ရသည္။ ထို႔ေနာက္ အျခားတစ္ဖက္ကို ႏႈတ္ဆက္ကာ ဖုန္းခ်လိုက္၏။
" ဗိုက္ဆာေနၿပီလား...?''
သူမေမးလာ၏။ ႐ွန္းရီက သူမဆီ ေလ်ွာက္သြားလိုက္ကာ သူမခ်က္ထားတဲ့ ဟင္းေတြကို ၾကည့္လိုက္၏။
" အင္း...ဗိုက္အရမ္းဆာေနၿပီ...''
ထို႔ေနာက္ သူမ ႏႈတ္ခမ္းထက္၌ အနမ္းေႁခြလိုက္ကာ စားပြဲဆီကို ေလ်ွာက္သြားလိုက္သည္။
႐ွန္းရီ...ခံုမွာထိုင္လိုက္ၿပီး.... အေတြးေပါင္းမ်ားစြာနဲ႔ သူမကို ၾကည့္လိုက္၏။ ထူးေတာ့ ထူးဆန္းေပမယ့္ သူမကိုလည္း သူ မေမးခ်င္။ သူမနဲ႔ စကားေျပာတဲ့သူက ဘယ္သူလဲဆိုတာ သိခ်င္ေပမယ့္ သူမစိတ္ဆိုးသြားမွာလည္း ေၾကာက္သည္ေလ။ မဟုတ္ဘူး....ခ်င္းယီက လွည့္စားတတ္တဲ့ မိန္းမမ်ိဳးမဟုတ္ဘူး...! ထို႔ေနာက္ အေတြးထဲ ေမ်ာေနျပန္သည္။
သူ႔မိန္းမကို သူ လံုးဝ ယံုၾကည္သည္။ ၾကည့္ရတာ သူမနဲ႔ အရမ္းရင္းႏွီးတဲ့ သူျဖစ္ရမည္။ ဒါေပမယ့္ အဲ့လို ျပံဳးၿပီး စကားေျပာေနတာကို ျမင္ရေတာ့ သူ မနာလိုျဖစ္လွသည္။
...........
သံုးရက္ၾကာၿပီးေနာက္....
" ကြၽန္မအျပင္သြားမယ္...''
႐ွန္းရီ....လပ္ေတာ့ပ္ကေန အၾကည့္ခြာလိုက္ၿပီး သူ႔မိန္းမကို ၾကည့္လိုက္သည္။ ဟင္...?
ကိုးနာရီေတာင္ ထိုးေနၿပီေလ....ကေလးေတြေတာင္ အိပ္ကုန္ၿပီ......
လုခ်င္းယီက အမဲေရာင္ ကုတ္အက်ႌကို ဝတ္ဆင္ၿပီး မ်က္ႏွာမွာလည္း အရင္ကနဲ႔မတူဘဲ မိတ္ကပ္ေတြ ျပင္ဆင္ျခယ္သထား၏။ ေနာက္ၿပီး ဆက္ဆီက်တဲ့ ေဒါက္ဖိနပ္လည္း ဝတ္ထားေသးသည္။
" ဘယ္သူနဲ႔လဲ...?''
" ႐ႈလန္နဲ႔ ...ယြမ္က်င့္...''
ေယာက်ၤားေလးနာမည္ပါ ပါလာေတာ့ ႐ွန္းရီ မ်က္ေမွာင္ၾကဳတ္လိုက္၏။
" ဘယ္ေလာက္ၾကာမွာလဲ....?''
" မသိဘူးေလ...၊ ဘာျဖစ္လို႔လဲ...? ႐ွင္က ေပးမသြားခ်င္တာလား...?''
"......''
" ကြၽန္မကို မေစာင့္နဲ႔ေတာ့ေနာ္....၊စိတ္မပူနဲ႔... တစ္ေယာက္ေယာက္က ကြၽန္မကို အႏိုင္က်င့္ရင္ ႐ွင့္ကို ခ်က္ခ်င္းဖုန္းဆက္လိုက္မယ္....''
သူမက မ်က္လံုးမွိတ္ျပၿပီး ထြက္သြားေတာ့သည္။
႐ွန္းရီတစ္ေယာက္ တံခါးကို အၾကာႀကီး စိုက္ၾကည့္ေနမိသည္။ ထို႔ေနာက္ တစ္ခုခုကို ဆံုးျဖတ္ခ်က္ခ်ၿပီး ဖုန္း ေကာက္ကိုင္လိုက္ကာ.... သူ႔ညီဆီ ဖုန္းေခၚလိုက္၏။
" ရႊီ.....မဒမ္ဂ်င္ကို ေခၚလိုက္....၊ ကေလးေတြ...အိပ္ေနေပမယ့္ အိမ္မွာ တစ္ေယာက္ေယာက္႐ွိမွရမယ္....''
" အစ္ကို......ဘာလို႔ ဒီေလာက္ေတာင္ စိတ္ပူေနတာလဲ....?''
သူက ဒီည သူငယ္ခ်င္းေတြနဲ႔ လိုင္းေပၚမွာ ဂိမ္းကစားေနရမွာေလ....အာ..စိတ္ညစ္စရာေကာင္းလိုက္တာ....
႐ွန္းရႊီက သူ႔အစ္ကိုရဲ႕ ကားထဲမွာထိုင္ရင္း ၿငီးျငဴလိုက္၏။
" ငါ့မိန္းမကို ငါ ယံုတယ္....၊ တစ္ျခားေကာင္ေတြကို မယံုတာ...!''
သူ...ခ်င္းယီေနာက္ကို လိုက္လာမွန္းသာ ခ်င္းယီသိရင္ ဘယ္လိုဆက္ျဖစ္မလဲ...?
အား...ဘာပဲျဖစ္ျဖစ္....လိုက္သြားရမယ္..
ခ်င္းယီ ဘာမွမျဖစ္ဖို႔ပဲ အေရးႀကီးတယ္...
" အေနာက္ကေန ေခြးတစ္ေကာင္လိုက္ေနမယ့္အစား ေဘာ္ဒီဂတ္သာ ငွါးေပးလိုက္ဗ်ာ...!''
႐ွန္းရႊီ....ေဒါသထြက္စြာ ေျပာလာေလ၏။
သူတို႔ကိစၥထဲကို ငါက ဘာလို႔ ဆြဲသြင္းခံေနရတာလဲ...?
....................
❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း၁၂၄။
ကလပ္မွာေတာ့ လူေတြ ျပည့္က်ပ္ေနၿပီး အသံေတြလည္း ဆူညံလ်က္။ လုခ်င္းယီတစ္ေယာက္ လက္ကို ေလေပၚေျမႇာက္ကာ စိတ္လြတ္လက္လြတ္ ကေနသည္။ သူမ...ဒီလိုေနရာမ်ိဳးကို မလာရတာ အရမ္းၾကာေနေလၿပီ။ ဒီတစ္ေခါက္က ႐ွန္းရီ အျပင္ထြက္ခြင့္ေပးလို႔ ေတာ္သြားေသးသည္။
လု႐ႈလန္လည္း ခ်င္းယီနဲ႔အတူကရင္း ေပ်ာ္ရႊင္ေနေလသည္။
အာ...သူမတို ့ႏွစ္ေယာက္ ဒီလိုမဆံုရတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲ.....
ခဏၾကာေတာ့ ခ်င္းယီက သူမဝမ္းကြဲအစ္မကို ကတဲ့ေနရာကေန ဆြဲထုတ္လာကာ...
" ဝါး....ေပ်ာ္စရာေကာင္းလိုက္တာ...!''
လုခ်င္းယီ...ထိုင္ခံုမွာထိုင္ရင္း ရယ္ေန၏။
" ေမာသြားလို႔ ေရေတာင္ ဆာလာၿပီ...''
" ငါ...ႀကိဳမွာထားေပးတယ္....နင္တို႔ႏွစ္ေယာက္ကို မေတြ႔ရတာ ၾကာၿပီဆိုေတာ့ ဒကာခံရမွာေပါ့....''
လုခ်င္းယီေနာက္ကေန ေကာင္ေလးတစ္ေယာက္ ေပၚလာ၏။
" ေက်းဇူးပါ...အခ်စ္ေလး...၊ နင္ ေတာ္တယ္...!''
လုခ်င္းယီ.... ခြက္ကိုလွမ္းယူလိုက္ကာ တစ္ခါတည္း ေမာ့ခ်လိုက္သည္။
" အာ...အရမ္းျပင္းတာပဲ...!''
ထို႔ေနာက္ သူတို႔သံုးေယာက္က မေတြ႔ရတာ ၾကာၿပီျဖစ္တဲ့အတြက္....အရင္ကအေၾကာင္းေတြေျပာကာ အတင္းတုပ္ၾက၏။
" ေတြ႔လား...ခ်င္းခ်င္း....ငါ အစကတည္းက ေျပာတယ္ေလ...အဲ့ဒီ မသာမ မန္ေက်ာက္က ေစာက္စိတ္ဓာတ္မေကာင္းပါဘူးလို႔....ငါ... ဒင္းကို စေတြ႔ကတည္းက သိတယ္ ''
လုခ်င္းယီ ေနာက္တစ္ခြက္ကို ထပ္ေမာ့ျပန္သည္။
" ေဟး...နင့္ေယာက်ၤားက အရက္ေသာက္တာ မႀကိဳက္ဘူးလို႔ နင္ပဲ ေျပာတယ္ေလ...''
လု႐ႈလန္က သတိေပး၏။
" နင္...လက္ထပ္သြားၿပီဆိုတာ...ငါ ယံုေတာင္မယံုႏိုင္ဘူး.....၊ တကယ္ေရာ ဟုတ္ရဲ႕လား..''
ယြမ္က်င့္က ေျပာရင္း က်ိတ္ရယ္ေနသည္။
သူ ခ်င္းယီကို မေတြ႔ရတာ သံုးလပဲ႐ွိေသးတယ္...ခရီးက ျပန္ေရာက္တာနဲ႔... ခ်င္းယီက လက္ထပ္ၿပီးသြားၿပီတဲ့ေလ...
" ဟုတ္တယ္...''
ခ်င္းယီလည္း သူမ သူငယ္ခ်င္းေတြကို ညာဖို႔ အစီအစဥ္မ႐ွိေပ။
" အာ....နင့္ကိုရတဲ့ အဲလူႀကီးက ေတာ္ေတာ္ကံဆိုးတာပဲ....!''
ယြမ္က်င့္က စလာေလ၏။
ခ်င္းယီက ယြမ္က်င့္လက္ေမာင္းကို ႐ိုက္လိုက္သည္။
" နင္...ငါ့ကို စရဲတယ္ေပါ့ေလ...!''
ခ်င္းယီ လက္ပိုက္လိုက္ကာ...သူမ သူငယ္ခ်င္းရဲ႕ စကားကို ျပန္ေခ်ပဖို႔ ျပင္လိုက္၏။
" ငါ့ကို တစ္ခ်ိန္လံုး အႏိုင္က်င့္တဲ့ လူႀကီးကို နင္က ကံမေကာင္းဘူးလို႔ ေျပာတယ္ေပါ့ေလ...''
" အာ...နင္ ကံေကာင္းပါတယ္....၊ နင္က ဒီၿမိဳ႕ရဲ႕ အခ်မ္းသာဆံုး အေခ်ာဆံုး လူပ်ိဳႀကီးကို ရထားတာေလ....ၾကည့္ရတာ..နင့္ရဲ့ အလွေထာင္ေခ်ာက္ထဲမွာ ပိတ္မိသြားတာျဖစ္မယ္....''
လု႐ႈလန္က ခ်င္းယီကို မ်က္လံုးမွိတ္ျပလိုက္၏။
" နင္တို႔ ႏွစ္ေယာက္က ငါ့ကိုဆို အရမ္းလ်ိႈတာပဲ...ေျပာပါဦး.... ခ်င္းခ်င္းက ဘယ္သူနဲ႔ လက္ထပ္လိုက္တာလဲ...?''
လု႐ႈလန္က ယြမ္က်င့္ကို သူမနားေခၚလိုက္ၿပီး သူ႔နားအနားမွာ တိုးတိုးေလး ကပ္ေျပာလိုက္၏။ ၿပီးေနာက္ ခြက္ထိုးခြက္လန္ ရယ္ပါေတာ့သည္။
ယြမ္က်င့္ကေတာ့ မ်က္လံုးႀကီးျပဴးလ်က္.... ခ်င္းယီကို မယံုႏိုင္တဲ့ အၾကည့္နဲ႔ ၾကည့္လာ၏။
႐ႈလန္..သူ႔ကို ေျပာၿပီးတာနဲ႔ သူ႔ေခါင္းမွာ ဟာလာဟင္းလင္း ျဖစ္သြား၏။ သူ႔မ်က္လံုးမွာေတာ့ ေမးခ်င္ေနတဲ့ အရိပ္အေယာင္ေတြေပၚလ်က္....
" ဟုတ္တယ္....ငါ..႐ွန္းရီနဲ႔ လက္ထပ္လိုက္တာ...!''
လုခ်င္းယီက တစ္ျခားလူေတြ ၾကားမွာစိုး၍ အသံတိုးတိုးေလးနဲ႔ ေျပာ၏။
ယြမ္က်င့္က ထပ္ၿပီး စားပြဲခံုပါ အားရပါးရ ႐ိုက္ၿပီး ခြက္ထိုးခြက္လန္ ရယ္ျပန္သည္။
ဝါး....သူ မ႐ွိတဲ့ အခ်ိန္မွာ အေျခအေနေတြက အကုန္ေျပာင္းလဲသြားတာပါလား....
" ဘယ္ေလာက္ေတာင္ ရယ္ဖို႔ေကာင္းလိုက္လဲ....? သူက နင့္ကို လွည့္စားၿပီး လက္ထပ္ခဲ့တာပဲ ျဖစ္ရမယ္......အခုလိုထြက္လာတာကို နင့္အဖိုးႀကီးသိရင္ စိတ္ဆိုးေနေလာက္ၿပီ....''
" ဘာလို႔ စိတ္ဆိုးရမွာလဲ...? "
" ဒါဆို အိမ္ေထာင္သည္ဘဝကေရာ ဘယ္လိုအေျခအေနလဲ...? နင့္ကို ေကာင္းေကာင္းဆက္ဆံရဲ႕လား....?''
ခ်င္းယီ ...ကလပ္ထဲကို ဝင္လာကတည္းက သူမ ပံုစံကို ၾကည့္ၿပီး သူ သံုးသပ္မိပါ၏။ သူမက အရင္ကထက္လည္း ၾကည့္ေကာင္းလာၿပီး က်န္းမာေနပံုေပၚ၏။ သူမအျပံဳးေတြက ေတာက္ပေနၿပီး အရင္တုန္းကထက္စာရင္ ပိုၿပီး စိတ္ခ်မ္းသာ ေနပံုရသည္။ ၾကည့္ရတာ ႐ွန္းရီက လိုေလေသးမ႐ွိေအာင္ ထားလို႔နဲ႔တူတယ္....
" ေကာင္းတာေပါ့...သူက ငါ့အေပၚ အရမ္းေကာင္းတယ္...၊ သူနဲ႔ တစ္ခါမွ ျပႆ နာ ႀကီးႀကီးမားမားမ႐ွိခဲ့ေသးဘူး....''
ယြမ္က်င့္.... ေခါင္းၿငိမ့္လိုက္၏။
" ငါတို႔က ႐ွန္းရီ အေၾကာင္း ေျပာေနၾကတာေနာ္....၊ ဒါဆို..ေျပာပါဦး သခင္မေလး႐ွန္း....အိပ္ရာေပၚက ကိစၥေလး လင္းပါဦး...''
ယြမ္က်င့္က မ်က္ခံုးေလး လႈပ္ကာ လႈပ္ကာ ေမးလာ၏။
သူ႔ရဲ႕ အမူအယာေၾကာင့္ ထိုမိန္းကေလးႏွစ္ေယာက္လံုး ရယ္လိုက္ၾကသည္။
" ဘာလဲ...? ငါက သိခ်င္လို႔ပါ....၊ အေသးစိတ္မေျပာျပခ်င္ရင္ေတာင္...အနည္းဆံုး... .သူ႔ရဲ႕ ဟိုဟာ sizeကို ေျပာျပပါလား....?''
ယြမ္က်င့္က ေယာက်ၤားကိုယ္မွာ ပိတ္မိေနတဲ့ မိန္းမပ်ိဳေလးပါေနာ္
....................
❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း ၁၂၅။
" နင္...ေတာ္ေတာ္ ႏွာဘူးထတာပဲ...! အဲ့အေၾကာင္းေတြကို ဘာလို႔ ေျပာျပရမွာတုန္း...
ဘာလဲ...? နင့္ဟာနဲ႔ တိုင္းၾကည့္မလို႔လား..... ?''
လုခ်င္းယီရဲ႕ မ်က္ႏွာတစ္ခုလံုး နီရဲလာေလ၏။
ဘာလို႔ ဒီေလာက္ စပ္စုႏိုင္ရတာလဲ....?
" လုပ္ပါ...နင္ကလဲ...၊ နင္မေျပာခ်င္ရင္....လက္နဲ႔ပဲ ဘယ္ေလာက္ျကီးလဲ ျပ....''
လုခ်င္းယီကေတာ့ မ်က္လံုးႀကီး ျပဴ းကာ အံ ့ျသမွင္တက္လို႔ေနသည္။ ေ႐ွာင္လန္ကေတာ့ ရယ္ျမဲရယ္လ်က္....
" ငါ...ငါ...ဘယ္လိုေျပာျပရမွာလဲ...?''
ခ်င္းယီက အရမ္း႐ွက္ေနသည္။
" လာပါ...နင္က ဟိုမ်ိဳးမစစ္ေကာင္ ယီကြၽင္း နဲ႔လည္း မအိပ္ဖူးေတာ့ ....နင့္အဖိုးႀကီးနဲ႔က လံုးဝ innocentျဖစ္ေနတာေပါ့....၊ ငါလည္း အဲ့မ်ိဳးမစစ္ေကာင္ဟာ မသိခ်င္ဘူး.....အနည္းဆံုးေတာ့
႐ွန္းရီရဲ႕ ဟိုဟာ အေၾကာင္း ေျပာျပ....''
လု႐ႈလန္က ေထာက္ခံလာျပန္သည္။
" ဟုတ္တယ္...''
ယြမ္က်င့္ကလည္း ထပ္ေျပာျပန္သည္။
" နင္...သူ႔ဟာကို -ုပ္ေပးတဲ့အခါက်ရင္ ျမင္မွာပဲ...''
(ဇြတ္ပဲ😌😌😵😲😯)
" သူ႔ဟာကို -ုပ္ေပးတယ္...?''
သူတို႔ ဘာေျပာေနၾကတာလဲ....? လုခ်င္းယီ မ်က္ခံုးျမင့္တက္သြား၏။
" အမေလး ခ်င္းယီရယ္....''
႐ႈလန္က ခ်င္းယီ ပံုစံကိုၾကည့္ၿပီး ေခါင္းခါလိုက္သည္။
" နင္ အဲ့လိုမလုပ္ေပးဘူးလား....?''
" အာ.... ဘာေတြေျပာေနမွန္းမသိဘူး...၊ ညစ္ပတ္လိုက္တာ...!''
႐ႈလန္ေရာ ယြမ္က်င့္ေရာ... သူမကို ၾကည့္ၿပီး ရယ္ေနၾကသည္။
ခ်င္းယီမ်က္ႏွာလည္း ခရမ္းခ်ဥ္သီးလို ရဲတက္သြားၿပီး သူမက မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ အုပ္ထားလိုက္သည္။
" နင္...အဲ့လို ဖ်ားေယာင္းေသြးေဆာင္တာေတြ မလုပ္ဘူးလား....? အဲ့တာက အေရးႀကီးတယ္...''
လု႐ႈလန္က သူမေမးေစ့ကို ပြတ္သပ္ကာ ေျပာလာ၏။ၾကည့္ရတာ ခ်င္းယီကို သင္ေပးရေတာ့မယ္ထင္တယ္....
" ငါ့ရဲ႕ ခ်င္းခ်င္းေလးရယ္...၊ ငါ နင့္ကို သင္ေပးပါ့မယ္....''
႐ႈလန္က ေျပာင္ေျပာင္ပ်က္ပ်က္နဲ႔ ေျပာကာ ရယ္၏။
ခ်င္းယီကေတာ့ သူတို႔ေျပာေနတဲ့ အထူးအဆန္းေတြၾကားမွာ ေခါင္း႐ႈပ္လို႔ေနသည္။ သူတို႔ကလည္း လက္ထပ္ၿပီးခါစ ဇနီးေမာင္ႏွံပဲ ႐ွိေသးတာကိုး....
" နင့္ေယာက်ၤားက ေဂးဆိုၿပီး သတင္းကလည္း ထြက္ထားတာေနာ္...ငါတို႔ကေတာ့ အဲ့သတင္း မွန္လား မွားလားမသိဘူး...? ဒါေပမယ့္ ခ်င္းခ်င္းရဲ႕ !..မီးမ႐ွိဘဲ... မီးခိုးဆိုတာ ထြက္လာမွာမဟုတ္ဘူး.....''
လုခ်င္းယီ...လက္ေဝွ့ယမ္းျပလိုက္သည္။ သူမေယာက်ၤား ေဂးမဟုတ္တာေတာ့ ေသခ်ာသိသည္ေလ.....
" ဒီတစ္ခုကေတာ့ ေသခ်ာေျပာရဲတယ္...႐ွန္းရီက ေဂးမဟုတ္ဘူး....!.''
႐ွန္းရီ ခႏၶာကိုယ္က အရမ္းဆြဲေဆာင္မႈ႐ွိၿပီး အဲ့ဒီ အရသာ႐ွိလွတဲ့ ခႏၶာကိုယ္ကိုပဲ သူမႏွစ္သက္ေနရတယ္မလား.....
ႏိုး..ႏိုး...ငါက ခံရတဲ့သူပါဟ....ဒီတစ္ေခါက္ေတာ့ လာေၾကာလို႔ မရဘူး...!
" အိုး ဟိုး...ဒါဆို ငါတို႔ မသိတာေတြလည္း ႐ွိေသးတာေပါ့....''
" ဟုတ္တာေပါ့....နင့္တို႔ မသိတာေတြ အမ်ားႀကီး႐ွိတယ္....''
ခ်င္းယီ ျပံဳးလိုက္ကာ ထပ္ေသာက္ေနျပန္သည္။
" ရီကို နင္တို႔ ထင္ခ်င္သလို ထင္လို႔ရတယ္....ဒါေပမယ့္ အဲ့လို လံုးဝ မဟုတ္ဘူး....''
--------
ရႊီတစ္ေယာက္ ေခြၽး ဒီးဒီးက်ကာ ငရဲေရာက္ေ
နသလို ျဖစ္ေန၏။ သူ႔အစ္ကိုက ဘာလို႔ ဒီေလာက္ေတာင္ ၾကံ ့ၾကံ ့ခံနိင္ရတာလဲ....?
ရႊီနဲ႔ သူ႔အစ္ကိုက ခ်င္းယီတို႔ဝိုင္းရဲ႕ ေနာက္တစ္ဖက္မွာ ထိုင္ေန၏။ သူတို႔ေဘးမွာလည္း လူေတြ သိပ္မ႐ွိတာေၾကာင့္ ခ်င္းယီတို႔ ေျပာတာကို အကုန္ၾကားေနရသည္။
သူတို႔ေရာက္တာနဲ႔ တိတ္တိတ္ေလး ေနေနကာ သူမတို႔ ေျပာတာကိုပဲ နားေထာင္ေနခဲ့၏။
႐ွန္းရီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ခ်င္းခ်င္းကို အရက္ေတြ အမ်ားႀကီး မေသာက္နဲ႔လို႔ မွာထားတာကို သူမကေတာ့ လြတ္လြတ္လပ္လပ္နဲ႔ ထင္တိုင္းၾကဲေနပါလား...
သူကေတာ့ စိတ္ပူလို႔ လုိက္လာရတာ...သူမေျပာတဲ့ ေကာင္က ေဂးတဲ့ေလ.....
ဒီေကာင္က ခ်င္းယီကို အ႐ွက္မ႐ွိတဲ့ ေမးခြန္းေတြ ေမးၿပီး သူမကို ေနမထိထိုင္မထိျဖစ္ေအာင္ စေနတာလား ....?
' ဘာလဲ...? ငါ အရမ္းသိခ်င္တယ္.. ၊ နင္ အေသးစိတ္ မေျပာျပရင္ေတာင္ ႐ွန္းရီရဲ႕ size ဘယ္ေလာက္႐ွိလဲ.... ေျပာျပပါလား... '
အဲ့စကားကို ၾကားၿပီး ႐ွန္းရီလည္း အံ ့အားသင့္သြားသလို ရႊီကေတာ့ ေသာက္တဲ့ အရက္ပါ သီးသြားရသည္။
" သူတို႔ ဘယ္လိုေတာင္ ေျပာရဲၾကတာလဲ...? "
ရႊီက မေက်မနပ္ ေရရြတ္လာ၏။ ႐ွန္းရီကေတာ့ ဘာမွမေျပာ....တိတ္တိတ္ေနဖို႔သာ အမူအယာ လုပ္ျပလိုက္သည္။
" ခိုးနားေထာင္တာကို ရပ္လိုက္ရေအာင္....ကြၽန္ေတာ္တို႔ သြားသင့္ၿပီ ထင္တယ္....ကြၽန္ေတာ့္နားလည္း မခံႏိုင္ေတာ့ဘူး... ''
႐ွန္းရႊီက အတင္းသာ ျပန္ဖို႔ ေတာင္းဆိုေနေတာ့သည္။
(အၾကာႀကီးေပ်ာက္သြားမိတယ္😁 sorryပါေနာ္)
Unicode.....
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး..❤
အပိုင်း ၁၂၃+၁၂၄+ ၁၂၅
ရှန်းရွှီမောင်းလာတဲ့ ကားလေးက သူ့အစ်ကိုအိမ်ရောက်တော့ ကလေးနှစ်ယောက်လုံး ကားနောက်ခန်းမှာ အိပ်ပျော်နေကြသည်။ ထို့နောက် သူ့အစ်ကိုကိုခေါ်ပြီး ကလေးတွေကိုချီကာ အိပ်ခန်းထဲပို့ခဲ့ကြ၏။ ချင်းယီကတော့ ညစာချက်ပြုတ်ရင်း... အလုပ်ရှုပ်လျက်.....
ရှန်းရီ...ရေချိုးပြီးလို့ မီးဖိုချောင်ထဲကို ဝင်လာတော့ ချင်းယီရဲ့ ဖုန်းပြောနေတဲ့ အသံကိုကြားလိုက်ရသည်။ သူမကတော့ ရှန်းရီကို သတိမပြုမိ။
ရှန်းရီက သူမကိုယ်လေးကို ထိမလို့ရှိသေး....သူမက လေသံဖျော့ဖျော့နဲ့ အခြားတစ်ဖက်ပြောလိုက်ချေ၏။
" အမလေး...ငါလည်း နင့်ကို လွမ်းပါတယ်..'' သူမရယ်လိုက်၏။
" အာ...ငါသိတာပေါ့...၊ ဆောရီး... ဆောရီး...နောက်တစ်ကြိမ် သေချာလာတွေ့မယ်လို့ ကတိပေးပါတယ်နော်....''
" ဟုတ်တယ်....ငါလက်ထပ်ပြီးသွားပြီ...၊ ဒါပေမယ့် ဘာလို့ လာလို့မရမှာလဲ....? ငါ့ယောကျၤားကို ငါနိုင်ပါတယ်....''
".......''
" စိတ်မပူပါနဲ့....သူ မသိပါဘူး...!''
သူမ ပြုံးနေပြန်၏။
"ကောင်းပြီ....၊ သတိရတယ်...သတိရတယ်....၊နင် ပြန်ရောက်ရင် ငါ့ကိုဖုန်းဆက်လိုက်...! အရင် အပတ်က ငါ လာမတွေ့နိုင်တာကို တောင်းပန်ပါတယ်....အလုပ်များသွားလို့....''
ရှန်းရီတစ်ယောက်... သူ့မိန်းမရဲ့ စကားတွေကို နားမထောင်နိုင်တော့၍ ခြေလှမ်းတွေ ဆုတ်သွားသည်။
ဒါပေမယ့်...စိတ်မပူထိပါဘူးလေ....သူမမိဘတွေရှေ့မှာတောင် သူ့ကို ချစ်ကြောင်း ဝန်ခံထားတယ်မလား....
လုချင်းယီ....ရုတ်တရက် ခေါင်းလှည့်လိုက်တော့ တံခါးဝမှာရပ်နေတဲ့ သူမယောကျၤားကို တွေ့လိုက်ရသည်။ ထို့နောက် အခြားတစ်ဖက်ကို နှုတ်ဆက်ကာ ဖုန်းချလိုက်၏။
" ဗိုက်ဆာနေပြီလား...?''
သူမမေးလာ၏။ ရှန်းရီက သူမဆီ လျှောက်သွားလိုက်ကာ သူမချက်ထားတဲ့ ဟင်းတွေကို ကြည့်လိုက်၏။
" အင်း...ဗိုက်အရမ်းဆာနေပြီ...''
ထို့နောက် သူမ နှုတ်ခမ်းထက်၌ အနမ်းခြွေလိုက်ကာ စားပွဲဆီကို လျှောက်သွားလိုက်သည်။
ရှန်းရီ...ခုံမှာထိုင်လိုက်ပြီး.... အတွေးပေါင်းများစွာနဲ့ သူမကို ကြည့်လိုက်၏။ ထူးတော့ ထူးဆန်းပေမယ့် သူမကိုလည်း သူ မမေးချင်။ သူမနဲ့ စကားပြောတဲ့သူက ဘယ်သူလဲဆိုတာ သိချင်ပေမယ့် သူမစိတ်ဆိုးသွားမှာလည်း ကြောက်သည်လေ။ မဟုတ်ဘူး....ချင်းယီက လှည့်စားတတ်တဲ့ မိန်းမမျိုးမဟုတ်ဘူး...! ထို့နောက် အတွေးထဲ မျောနေပြန်သည်။
သူ့မိန်းမကို သူ လုံးဝ ယုံကြည်သည်။ ကြည့်ရတာ သူမနဲ့ အရမ်းရင်းနှီးတဲ့ သူဖြစ်ရမည်။ ဒါပေမယ့် အဲ့လို ပြုံးပြီး စကားပြောနေတာကို မြင်ရတော့ သူ မနာလိုဖြစ်လှသည်။
...........
သုံးရက်ကြာပြီးနောက်....
" ကျွန်မအပြင်သွားမယ်...''
ရှန်းရီ....လပ်တော့ပ်ကနေ အကြည့်ခွာလိုက်ပြီး သူ့မိန်းမကို ကြည့်လိုက်သည်။ ဟင်...?
ကိုးနာရီတောင် ထိုးနေပြီလေ....ကလေးတွေတောင် အိပ်ကုန်ပြီ......
လုချင်းယီက အမဲရောင် ကုတ်အကျႌကို ဝတ်ဆင်ပြီး မျက်နှာမှာလည်း အရင်ကနဲ့မတူဘဲ မိတ်ကပ်တွေ ပြင်ဆင်ခြယ်သထား၏။ နောက်ပြီး ဆက်ဆီကျတဲ့ ဒေါက်ဖိနပ်လည်း ဝတ်ထားသေးသည်။
" ဘယ်သူနဲ့လဲ...?''
" ရှုလန်နဲ့ ...ယွမ်ကျင့်...''
ယောကျၤားလေးနာမည်ပါ ပါလာတော့ ရှန်းရီ မျက်မှောင်ကြုတ်လိုက်၏။
" ဘယ်လောက်ကြာမှာလဲ....?''
" မသိဘူးလေ...၊ ဘာဖြစ်လို့လဲ...? ရှင်က ပေးမသွားချင်တာလား...?''
"......''
" ကျွန်မကို မစောင့်နဲ့တော့နော်....၊စိတ်မပူနဲ့... တစ်ယောက်ယောက်က ကျွန်မကို အနိုင်ကျင့်ရင် ရှင့်ကို ချက်ချင်းဖုန်းဆက်လိုက်မယ်....''
သူမက မျက်လုံးမှိတ်ပြပြီး ထွက်သွားတော့သည်။
ရှန်းရီတစ်ယောက် တံခါးကို အကြာကြီး စိုက်ကြည့်နေမိသည်။ ထို့နောက် တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီး ဖုန်း ကောက်ကိုင်လိုက်ကာ.... သူ့ညီဆီ ဖုန်းခေါ်လိုက်၏။
" ရွှီ.....မဒမ်ဂျင်ကို ခေါ်လိုက်....၊ ကလေးတွေ...အိပ်နေပေမယ့် အိမ်မှာ တစ်ယောက်ယောက်ရှိမှရမယ်....''
" အစ်ကို......ဘာလို့ ဒီလောက်တောင် စိတ်ပူနေတာလဲ....?''
သူက ဒီည သူငယ်ချင်းတွေနဲ့ လိုင်းပေါ်မှာ ဂိမ်းကစားနေရမှာလေ....အာ..စိတ်ညစ်စရာကောင်းလိုက်တာ....
ရှန်းရွှီက သူ့အစ်ကိုရဲ့ ကားထဲမှာထိုင်ရင်း ငြီးငြူလိုက်၏။
" ငါ့မိန်းမကို ငါ ယုံတယ်....၊ တစ်ခြားကောင်တွေကို မယုံတာ...!''
သူ...ချင်းယီနောက်ကို လိုက်လာမှန်းသာ ချင်းယီသိရင် ဘယ်လိုဆက်ဖြစ်မလဲ...?
အား...ဘာပဲဖြစ်ဖြစ်....လိုက်သွားရမယ်..
ချင်းယီ ဘာမှမဖြစ်ဖို့ပဲ အရေးကြီးတယ်...
" အနောက်ကနေ ခွေးတစ်ကောင်လိုက်နေမယ့်အစား ဘော်ဒီဂတ်သာ ငှါးပေးလိုက်ဗျာ...!''
ရှန်းရွှီ....ဒေါသထွက်စွာ ပြောလာလေ၏။
သူတို့ကိစ္စထဲကို ငါက ဘာလို့ ဆွဲသွင်းခံနေရတာလဲ...?
....................
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း၁၂၄။
ကလပ်မှာတော့ လူတွေ ပြည့်ကျပ်နေပြီး အသံတွေလည်း ဆူညံလျက်။ လုချင်းယီတစ်ယောက် လက်ကို လေပေါ်မြှောက်ကာ စိတ်လွတ်လက်လွတ် ကနေသည်။ သူမ...ဒီလိုနေရာမျိုးကို မလာရတာ အရမ်းကြာနေလေပြီ။ ဒီတစ်ခေါက်က ရှန်းရီ အပြင်ထွက်ခွင့်ပေးလို့ တော်သွားသေးသည်။
လုရှုလန်လည်း ချင်းယီနဲ့အတူကရင်း ပျော်ရွှင်နေလေသည်။
အာ...သူမတို ့နှစ်ယောက် ဒီလိုမဆုံရတာ ဘယ်လောက်တောင် ကြာပြီလဲ.....
ခဏကြာတော့ ချင်းယီက သူမဝမ်းကွဲအစ်မကို ကတဲ့နေရာကနေ ဆွဲထုတ်လာကာ...
" ဝါး....ပျော်စရာကောင်းလိုက်တာ...!''
လုချင်းယီ...ထိုင်ခုံမှာထိုင်ရင်း ရယ်နေ၏။
" မောသွားလို့ ရေတောင် ဆာလာပြီ...''
" ငါ...ကြိုမှာထားပေးတယ်....နင်တို့နှစ်ယောက်ကို မတွေ့ရတာ ကြာပြီဆိုတော့ ဒကာခံရမှာပေါ့....''
လုချင်းယီနောက်ကနေ ကောင်လေးတစ်ယောက် ပေါ်လာ၏။
" ကျေးဇူးပါ...အချစ်လေး...၊ နင် တော်တယ်...!''
လုချင်းယီ.... ခွက်ကိုလှမ်းယူလိုက်ကာ တစ်ခါတည်း မော့ချလိုက်သည်။
" အာ...အရမ်းပြင်းတာပဲ...!''
ထို့နောက် သူတို့သုံးယောက်က မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက်....အရင်ကအကြောင်းတွေပြောကာ အတင်းတုပ်ကြ၏။
" တွေ့လား...ချင်းချင်း....ငါ အစကတည်းက ပြောတယ်လေ...အဲ့ဒီ မသာမ မန်ကျောက်က စောက်စိတ်ဓာတ်မကောင်းပါဘူးလို့....ငါ... ဒင်းကို စတွေ့ကတည်းက သိတယ် ''
လုချင်းယီ နောက်တစ်ခွက်ကို ထပ်မော့ပြန်သည်။
" ဟေး...နင့်ယောကျၤားက အရက်သောက်တာ မကြိုက်ဘူးလို့ နင်ပဲ ပြောတယ်လေ...''
လုရှုလန်က သတိပေး၏။
" နင်...လက်ထပ်သွားပြီဆိုတာ...ငါ ယုံတောင်မယုံနိုင်ဘူး.....၊ တကယ်ရော ဟုတ်ရဲ့လား..''
ယွမ်ကျင့်က ပြောရင်း ကျိတ်ရယ်နေသည်။
သူ ချင်းယီကို မတွေ့ရတာ သုံးလပဲရှိသေးတယ်...ခရီးက ပြန်ရောက်တာနဲ့... ချင်းယီက လက်ထပ်ပြီးသွားပြီတဲ့လေ...
" ဟုတ်တယ်...''
ချင်းယီလည်း သူမ သူငယ်ချင်းတွေကို ညာဖို့ အစီအစဉ်မရှိပေ။
" အာ....နင့်ကိုရတဲ့ အဲလူကြီးက တော်တော်ကံဆိုးတာပဲ....!''
ယွမ်ကျင့်က စလာလေ၏။
ချင်းယီက ယွမ်ကျင့်လက်မောင်းကို ရိုက်လိုက်သည်။
" နင်...ငါ့ကို စရဲတယ်ပေါ့လေ...!''
ချင်းယီ လက်ပိုက်လိုက်ကာ...သူမ သူငယ်ချင်းရဲ့ စကားကို ပြန်ချေပဖို့ ပြင်လိုက်၏။
" ငါ့ကို တစ်ချိန်လုံး အနိုင်ကျင့်တဲ့ လူကြီးကို နင်က ကံမကောင်းဘူးလို့ ပြောတယ်ပေါ့လေ...''
" အာ...နင် ကံကောင်းပါတယ်....၊ နင်က ဒီမြို့ရဲ့ အချမ်းသာဆုံး အချောဆုံး လူပျိုကြီးကို ရထားတာလေ....ကြည့်ရတာ..နင့်ရဲ့ အလှထောင်ချောက်ထဲမှာ ပိတ်မိသွားတာဖြစ်မယ်....''
လုရှုလန်က ချင်းယီကို မျက်လုံးမှိတ်ပြလိုက်၏။
" နင်တို့ နှစ်ယောက်က ငါ့ကိုဆို အရမ်းလျှိုတာပဲ...ပြောပါဦး.... ချင်းချင်းက ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ...?''
လုရှုလန်က ယွမ်ကျင့်ကို သူမနားခေါ်လိုက်ပြီး သူ့နားအနားမှာ တိုးတိုးလေး ကပ်ပြောလိုက်၏။ ပြီးနောက် ခွက်ထိုးခွက်လန် ရယ်ပါတော့သည်။
ယွမ်ကျင့်ကတော့ မျက်လုံးကြီးပြူးလျက်.... ချင်းယီကို မယုံနိုင်တဲ့ အကြည့်နဲ့ ကြည့်လာ၏။
ရှုလန်..သူ့ကို ပြောပြီးတာနဲ့ သူ့ခေါင်းမှာ ဟာလာဟင်းလင်း ဖြစ်သွား၏။ သူ့မျက်လုံးမှာတော့ မေးချင်နေတဲ့ အရိပ်အယောင်တွေပေါ်လျက်....
" ဟုတ်တယ်....ငါ..ရှန်းရီနဲ့ လက်ထပ်လိုက်တာ...!''
လုချင်းယီက တစ်ခြားလူတွေ ကြားမှာစိုး၍ အသံတိုးတိုးလေးနဲ့ ပြော၏။
ယွမ်ကျင့်က ထပ်ပြီး စားပွဲခုံပါ အားရပါးရ ရိုက်ပြီး ခွက်ထိုးခွက်လန် ရယ်ပြန်သည်။
ဝါး....သူ မရှိတဲ့ အချိန်မှာ အခြေအနေတွေက အကုန်ပြောင်းလဲသွားတာပါလား....
" ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ....? သူက နင့်ကို လှည့်စားပြီး လက်ထပ်ခဲ့တာပဲ ဖြစ်ရမယ်......အခုလိုထွက်လာတာကို နင့်အဖိုးကြီးသိရင် စိတ်ဆိုးနေလောက်ပြီ....''
" ဘာလို့ စိတ်ဆိုးရမှာလဲ...? "
" ဒါဆို အိမ်ထောင်သည်ဘဝကရော ဘယ်လိုအခြေအနေလဲ...? နင့်ကို ကောင်းကောင်းဆက်ဆံရဲ့လား....?''
ချင်းယီ ...ကလပ်ထဲကို ဝင်လာကတည်းက သူမ ပုံစံကို ကြည့်ပြီး သူ သုံးသပ်မိပါ၏။ သူမက အရင်ကထက်လည်း ကြည့်ကောင်းလာပြီး ကျန်းမာနေပုံပေါ်၏။ သူမအပြုံးတွေက တောက်ပနေပြီး အရင်တုန်းကထက်စာရင် ပိုပြီး စိတ်ချမ်းသာ နေပုံရသည်။ ကြည့်ရတာ ရှန်းရီက လိုလေသေးမရှိအောင် ထားလို့နဲ့တူတယ်....
" ကောင်းတာပေါ့...သူက ငါ့အပေါ် အရမ်းကောင်းတယ်...၊ သူနဲ့ တစ်ခါမှ ပြဿ နာ ကြီးကြီးမားမားမရှိခဲ့သေးဘူး....''
ယွမ်ကျင့်.... ခေါင်းငြိမ့်လိုက်၏။
" ငါတို့က ရှန်းရီ အကြောင်း ပြောနေကြတာနော်....၊ ဒါဆို..ပြောပါဦး သခင်မလေးရှန်း....အိပ်ရာပေါ်က ကိစ္စလေး လင်းပါဦး...''
ယွမ်ကျင့်က မျက်ခုံးလေး လှုပ်ကာ လှုပ်ကာ မေးလာ၏။
သူ့ရဲ့ အမူအယာကြောင့် ထိုမိန်းကလေးနှစ်ယောက်လုံး ရယ်လိုက်ကြသည်။
" ဘာလဲ...? ငါက သိချင်လို့ပါ....၊ အသေးစိတ်မပြောပြချင်ရင်တောင်...အနည်းဆုံး... .သူ့ရဲ့ ဟိုဟာ sizeကို ပြောပြပါလား....?''
ယွမ်ကျင့်က ယောကျၤားကိုယ်မှာ ပိတ်မိနေတဲ့ မိန်းမပျိုလေးပါနော်
....................
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၁၂၅။
" နင်...တော်တော် နှာဘူးထတာပဲ...! အဲ့အကြောင်းတွေကို ဘာလို့ ပြောပြရမှာတုန်း...
ဘာလဲ...? နင့်ဟာနဲ့ တိုင်းကြည့်မလို့လား..... ?''
လုချင်းယီရဲ့ မျက်နှာတစ်ခုလုံး နီရဲလာလေ၏။
ဘာလို့ ဒီလောက် စပ်စုနိုင်ရတာလဲ....?
" လုပ်ပါ...နင်ကလဲ...၊ နင်မပြောချင်ရင်....လက်နဲ့ပဲ ဘယ်လောက်ကြီးလဲ ပြ....''
လုချင်းယီကတော့ မျက်လုံးကြီး ပြူ းကာ အံ ့သြမှင်တက်လို့နေသည်။ ရှောင်လန်ကတော့ ရယ်မြဲရယ်လျက်....
" ငါ...ငါ...ဘယ်လိုပြောပြရမှာလဲ...?''
ချင်းယီက အရမ်းရှက်နေသည်။
" လာပါ...နင်က ဟိုမျိုးမစစ်ကောင် ယီကျွင်း နဲ့လည်း မအိပ်ဖူးတော့ ....နင့်အဖိုးကြီးနဲ့က လုံးဝ innocentဖြစ်နေတာပေါ့....၊ ငါလည်း အဲ့မျိုးမစစ်ကောင်ဟာ မသိချင်ဘူး.....အနည်းဆုံးတော့
ရှန်းရီရဲ့ ဟိုဟာ အကြောင်း ပြောပြ....''
လုရှုလန်က ထောက်ခံလာပြန်သည်။
" ဟုတ်တယ်...''
ယွမ်ကျင့်ကလည်း ထပ်ပြောပြန်သည်။
" နင်...သူ့ဟာကို -ုပ်ပေးတဲ့အခါကျရင် မြင်မှာပဲ...''
(ဇွတ်ပဲ😌😌😵😲😯)
" သူ့ဟာကို -ုပ်ပေးတယ်...?''
သူတို့ ဘာပြောနေကြတာလဲ....? လုချင်းယီ မျက်ခုံးမြင့်တက်သွား၏။
" အမလေး ချင်းယီရယ်....''
ရှုလန်က ချင်းယီ ပုံစံကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
" နင် အဲ့လိုမလုပ်ပေးဘူးလား....?''
" အာ.... ဘာတွေပြောနေမှန်းမသိဘူး...၊ ညစ်ပတ်လိုက်တာ...!''
ရှုလန်ရော ယွမ်ကျင့်ရော... သူမကို ကြည့်ပြီး ရယ်နေကြသည်။
ချင်းယီမျက်နှာလည်း ခရမ်းချဉ်သီးလို ရဲတက်သွားပြီး သူမက မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားလိုက်သည်။
" နင်...အဲ့လို ဖျားယောင်းသွေးဆောင်တာတွေ မလုပ်ဘူးလား....? အဲ့တာက အရေးကြီးတယ်...''
လုရှုလန်က သူမမေးစေ့ကို ပွတ်သပ်ကာ ပြောလာ၏။ကြည့်ရတာ ချင်းယီကို သင်ပေးရတော့မယ်ထင်တယ်....
" ငါ့ရဲ့ ချင်းချင်းလေးရယ်...၊ ငါ နင့်ကို သင်ပေးပါ့မယ်....''
ရှုလန်က ပြောင်ပြောင်ပျက်ပျက်နဲ့ ပြောကာ ရယ်၏။
ချင်းယီကတော့ သူတို့ပြောနေတဲ့ အထူးအဆန်းတွေကြားမှာ ခေါင်းရှုပ်လို့နေသည်။ သူတို့ကလည်း လက်ထပ်ပြီးခါစ ဇနီးမောင်နှံပဲ ရှိသေးတာကိုး....
" နင့်ယောကျၤားက ဂေးဆိုပြီး သတင်းကလည်း ထွက်ထားတာနော်...ငါတို့ကတော့ အဲ့သတင်း မှန်လား မှားလားမသိဘူး...? ဒါပေမယ့် ချင်းချင်းရဲ့ !..မီးမရှိဘဲ... မီးခိုးဆိုတာ ထွက်လာမှာမဟုတ်ဘူး.....''
လုချင်းယီ...လက်ဝှေ့ယမ်းပြလိုက်သည်။ သူမယောကျၤား ဂေးမဟုတ်တာတော့ သေချာသိသည်လေ.....
" ဒီတစ်ခုကတော့ သေချာပြောရဲတယ်...ရှန်းရီက ဂေးမဟုတ်ဘူး....!.''
ရှန်းရီ ခန္ဓာကိုယ်က အရမ်းဆွဲဆောင်မှုရှိပြီး အဲ့ဒီ အရသာရှိလှတဲ့ ခန္ဓာကိုယ်ကိုပဲ သူမနှစ်သက်နေရတယ်မလား.....
နိုး..နိုး...ငါက ခံရတဲ့သူပါဟ....ဒီတစ်ခေါက်တော့ လာကြောလို့ မရဘူး...!
" အိုး ဟိုး...ဒါဆို ငါတို့ မသိတာတွေလည်း ရှိသေးတာပေါ့....''
" ဟုတ်တာပေါ့....နင့်တို့ မသိတာတွေ အများကြီးရှိတယ်....''
ချင်းယီ ပြုံးလိုက်ကာ ထပ်သောက်နေပြန်သည်။
" ရီကို နင်တို့ ထင်ချင်သလို ထင်လို့ရတယ်....ဒါပေမယ့် အဲ့လို လုံးဝ မဟုတ်ဘူး....''
--------
ရွှီတစ်ယောက် ချွေး ဒီးဒီးကျကာ ငရဲရောက်ေ
နသလို ဖြစ်နေ၏။ သူ့အစ်ကိုက ဘာလို့ ဒီလောက်တောင် ကြံ ့ကြံ ့ခံနိင်ရတာလဲ....?
ရွှီနဲ့ သူ့အစ်ကိုက ချင်းယီတို့ဝိုင်းရဲ့ နောက်တစ်ဖက်မှာ ထိုင်နေ၏။ သူတို့ဘေးမှာလည်း လူတွေ သိပ်မရှိတာကြောင့် ချင်းယီတို့ ပြောတာကို အကုန်ကြားနေရသည်။
သူတို့ရောက်တာနဲ့ တိတ်တိတ်လေး နေနေကာ သူမတို့ ပြောတာကိုပဲ နားထောင်နေခဲ့၏။
ရှန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ ချင်းချင်းကို အရက်တွေ အများကြီး မသောက်နဲ့လို့ မှာထားတာကို သူမကတော့ လွတ်လွတ်လပ်လပ်နဲ့ ထင်တိုင်းကြဲနေပါလား...
သူကတော့ စိတ်ပူလို့ လိုက်လာရတာ...သူမပြောတဲ့ ကောင်က ဂေးတဲ့လေ.....
ဒီကောင်က ချင်းယီကို အရှက်မရှိတဲ့ မေးခွန်းတွေ မေးပြီး သူမကို နေမထိထိုင်မထိဖြစ်အောင် စနေတာလား ....?
' ဘာလဲ...? ငါ အရမ်းသိချင်တယ်.. ၊ နင် အသေးစိတ် မပြောပြရင်တောင် ရှန်းရီရဲ့ size ဘယ်လောက်ရှိလဲ.... ပြောပြပါလား... '
အဲ့စကားကို ကြားပြီး ရှန်းရီလည်း အံ ့အားသင့်သွားသလို ရွှီကတော့ သောက်တဲ့ အရက်ပါ သီးသွားရသည်။
" သူတို့ ဘယ်လိုတောင် ပြောရဲကြတာလဲ...? "
ရွှီက မကျေမနပ် ရေရွတ်လာ၏။ ရှန်းရီကတော့ ဘာမှမပြော....တိတ်တိတ်နေဖို့သာ အမူအယာ လုပ်ပြလိုက်သည်။
" ခိုးနားထောင်တာကို ရပ်လိုက်ရအောင်....ကျွန်တော်တို့ သွားသင့်ပြီ ထင်တယ်....ကျွန်တော့်နားလည်း မခံနိုင်တော့ဘူး... ''
ရှန်းရွှီက အတင်းသာ ပြန်ဖို့ တောင်းဆိုနေတော့သည်။