If the Deep Sea forgets you (...

Par MayHoney127

852K 96.9K 1.6K

Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် က... Plus

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

93

3.8K 534 5
Par MayHoney127

Unicode Ver

၉၃။ လှပသည့်ကောင်မလေး

အဖြစ်မှန်ကတော့ မော့ဟန်ဖုန်းဖြေသည့်အချိန်တွင် ရှုချင်းရီမှာ ဧည့်ခန်းထဲတွင် ထိုင်နေသည်။ သူမက ထုံးစံအတိုင်း ဆိုဖာပေါ်တွင် မထိုင်ဘဲ အောက်ကအခင်းပေါ်တွင်သာ ထိုင်နေကာ ဆိုဖာကိုမှီနေသည်။ ခြေထောက်များကို ဖြစ်သလိုချထားကာ TVတွင်ပြနေသည့် ဇာတ်ကားတစ်ခုကိုကြည့်ရင်း မုန့်ထုတ်ကိုပိုက်ကာ စားနေသည်။ ထိုအချိန်တွင် ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးအား မှင်သေသေဖြင့် သူကတိတ်ဆိတ်ငြိမ်သက်သည့် ဘဝမျိုးကိုသာ ကြိုက်သည်ဟု ပြောနေသည့်အခန်း လာနေသည်။ ထိုအခါ ရှုချင်းရီက
"အဓိပ္ပာယ်မရှိလိုက်တာ။ ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးနဲ့တွေ့ဖို့ အပြင်ထွက်ရမှာပေါ့"
ဟု မှတ်ချက်ပေးနေသည်။

သူမက စိတ်ဝင်တစားကြည့်ရင်းကနေ တစ်ယောက်တည်း စကားပြောနေလေသည်။
"ယောက်ျားတိုင်းက အပြင်ဘက်က လှပတဲ့လောကကြီးကို သွားရမှာပေါ့။ သူ့မှာ အပေါင်းအသင်းမရှိလို့ တိတ်ဆိတ်ငြိမ်သက်တဲ့ဘဝလိုချင်တယ်လို့ ပြောနေတာ သနားဖို့ကောင်းလိုက်တာ"

သူမဘေးတွင် ထိုင်နေသည့် မော့ဟန်မှာ သူမကို လှည့်ကြည့်လိုက်မိသည်။ ထို့နောက် မူလက ငြင်းမယ်လုပ်ထားသည့် စကားများအား မြိုချလိုက်ကာ ပွဲတက်မည်ဟု သူ့အတွင်းရေးမှူးမအား ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ဇာတ်ကားထဲမှာ မြောပါနေသည့် ရှူချင်းရီကတော့ ဘာတွေဖြစ်သွားခဲ့မှန်း လုံးဝကို မသိခဲ့ပါ။

ထိုပွဲမှာ စနေနေ့ ၇နာရီတွင် ကျင်းပမည် ဖြစ်သည်။ သူ့ရုံးကလူများမှာ မြို့ထဲက နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင် သီးသန့်ခန်းတစ်ခုကို ကြိုတင်မှာယူထားသည်။ သူတို့က ညနေစာ စားသောက်ပြီးသည့်နောက်တွင် ပွဲကျင်းပမည်ဟု ပြောကြသည်။

မော့ဟန်မှာ ဆေးရုံကဆင်းလာပြီးနောက် သူ့ရုံးတွင် အလုပ်များဆက်လုပ်နေသလို ရှုချင်းရီကလည်း ကျောင်းတက်လိုက် အားလပ်ချိန်များတွင် အပိုငွေရရန် စုံထောက်အေဂျင်စီတွင် အလုပ်လိုက်ဖြင့် အချိန်များမှာ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ ရှုချင်းရီအတွက် ကောင်းသည်ကတော့ ထိုစုံထောက်အေဂျင်စီက သူဌေးမှာ သူမ၏အရည်အချင်းကို သဘောကျကာ ညဏ်ကောင်းသည့်ကလေးမဟု ချီးကျူးရင်း သူမအားရိုးရှင်းသည့်အလုပ်များကို ပေးနိုင်သမျှပေးလေသည်။

စနေနေ့ နေ့လည်တွင် မော့ဟန်က ရှုချင်းရီအား ဖုန်းခေါ်ကာ သူဒီနေ့ည နောက်ကျမည် ဖြစ်သောကြောင့် သူမကို စောစောအိပ်ယာဝင်နှင့်ဟု ပြောသွားသည်။

ရှုချင်းရီက ထူးဆန်းသလို ခံစားရသောကြောင့်
"ဘယ်ကိုသွားဖို့ရှိလို့လဲ?"

"ရုံးက ပွဲလုပ်မှာ ရှိတယ်။ သူတို့ပြောတာကတော့ ငါနေကောင်းလာတာကို ဂုဏ်ပြုတဲ့ပွဲတဲ့"

"ညီမလေးလည်း လိုက်ချင်တယ်"
ရှုချင်းရီက ပြောသည်။

"ဘာသွားလုပ်ချင်လို့လဲ?"

"အစားကောင်းကောင်းစားရမှာပေါ့။ ညီမလေး အိမ်မှာတစ်ယောက်တည်း နေရမှာ ပျင်းဖို့ကောင်းတယ်"
ရှုချင်းရီက သနားစဖွယ် ညည်းညူသည်။

မော့ဟန်က မျက်မှောင်ကျုံကာ စဉ်းစားကြည့်နေသည်။

ရှုချင်းရီက အချွဲလေးဖြင့် တောင်းဆိုလေသည်။
"ကိုကြီးကလည်း လိုက်ချင်လို့ပါနော်။ ညီမလေး ပြဿနာမရှာဘူးလေ။ ပြောစရာမလိုအောင်ကို ကိုကြီးရုံးကလူတွေကလည်း ညီမလေးနဲ့ခင်တာပဲမလား? ကိုကြီးရဲ့ ညီမလေးပဲလေ။ လူတွေအများကြီးပဲဆိုတော့ ပျော်ဖို့ကောင်းမှာ!"

"ကိုကြီး . . ."
ရှုချင်းရီက ထပ်ပြောသည်။

မော့ဟန်က ရှုချင်းရီအား သူ့မိဘအကြောင်းများကို ရင်ဖွင့်သည့်နေ့ကစ၍ သူမမှာ သူ့အကိုကြီးအား ပို၍ခင်တွယ်လာပြီ ဖြစ်သည်။ သူမအိပ်ရာမဝင်ခင် ညတိုင်းနီးပါးတွင် မော့ဟန်အား Goodnightနော် ကိုကြီးဟု ပြောလေ့ရှိသည်။

"အင်း လာလို့ရတယ်။ ငါသူတို့ကို ပြောလိုက်မယ်"
မော့ဟန်က သဘောတူလိုက်သည်။

ရှုချင်းရီက ပြုံးရွှင်ကာ ပြောသည်။
"ကျေးဇူးပဲနော် ကိုကြီး"

"နေ့လည်ပိုင်း အတန်းပြီးတာနဲ့ ငါ့ဆီကိုလာခဲ့။ ရုံးမှာ စောင့်နေမယ်"

"ဟုတ်ကဲ့ပါရှင့်"

ရှုချင်းရီက မော့ဟန်ဆီကို ရောက်လာသည့်အခါ မော့ဟန်မှာ ရုံးအရှေ့တွင် သူ့လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောရင်း သူမအား စောင့်နေနှင့်ပြီ။ ရှုချင်းရီမှာ ကားပေါ်က ဆင်းလျှင်ဆင်းချင်း မော့ဟန်အား လှမ်းခေါ်ကာ အပြုံးကြီးပြုံးရင်း သူ့ဆီသို့ ပြေးလာသည်။

မော့ဟန်နှင့် စကားပြောနေသည့် လူစုမှာ အသံလာရာကို လှည့်ကြည့်လိုက်တော့ တဆက်တည်းဝတ်စုံကို ဝတ်ထားသည့် ဆံပင်အတိုဖြင့် ကောင်မလေးတစ်ယောက်မှာ လွယ်အိတ်ကို လွယ်ရင်း သူတို့ဆီကို ပြေးလာနေသည်။ သူမ၏အပြုံးမှာ နေအသေးစားလေးကဲ့သို့ နွေးထွေးလွန်းလှသည်။

သူတို့၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ ထိုလုပ်ဖော်ကိုင်ဖက် ယောက်ျားလေးများမှာ မော့ဟန်၏ညီမလေးက အရမ်းကြည့်ကောင်းကြမှန်း သိကြတာကြာလေပြီ။ ယခုတွင် အပြင်မှာ သူမပြုံးရွှင်နေသည်ကို ကိုယ်တိုင်မြင်ရသည့်အခါတွင်တော့ အရင်တုန်းက သူမအားကြည့်ကောင်းသည်ဟူသည့်အမြင်ထက် လှပလွန်းသည်ဟူ၍ ပြောင်းလဲသွားတော့သည်။ ကြယ်များလို ရွန်းလဲ့တောက်ပနေသည့် သူမ၏မျက်လုံးများအား ဘယ်သူကမှ အကြည့်မလွှဲနိုင်ကြပါ။

ရှုချင်းရီမှာ မော့ဟန်၏ဘေးနားကို အပြေးအလွှားရောက်လာသည်။ သူမက ဘေးနားကလူများအား အပြုံးလေးဖြင့် ခေါင်းညွတ်ပြကာ နှုတ်ဆက်လိုက်သည်။

သူမကိုအနီးကပ်မြင်လိုက်ရသည့် ထိုလူများက သူမသည် ငယ်ရွယ်လွန်းကာ လှသည်ထက်တောင် ပိုလွန်းသည်ဟု တွေးမိနေကြသည်။ လူငယ်ပီသလိုက်တာ။

"ဘယ်ကျောင်းတက်နေတာလဲ ကလေးမလေး?"
သူတို့ဟာ သူမနှင့် ရင်းနှီးချင်ကြသည်။

ရှုချင်းရီကတော့ သူမအား လူတွေက ကလေးတစ်ယောက်လို ဆက်ဆံခြင်းအား မုန်းလို့သာနေသည်။ ထို့ကြောင့် သူမက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့်
"ကျွန်မက XXတက္ကသိုလ်မှာ တက်နေတာပါ"

Zawgyi Ver

၉၃။ လွပသည့္ေကာင္မေလး

အျဖစ္မွန္ကေတာ့ ေမာ့ဟန္ဖုန္းေျဖသည့္အခ်ိန္တြင္ ရႈခ်င္းရီမွာ ဧည့္ခန္းထဲတြင္ ထိုင္ေနသည္။ သူမက ထုံးစံအတိုင္း ဆိုဖာေပၚတြင္ မထိုင္ဘဲ ေအာက္ကအခင္းေပၚတြင္သာ ထိုင္ေနကာ ဆိုဖာကိုမွီေနသည္။ ေျခေထာက္မ်ားကို ျဖစ္သလိုခ်ထားကာ TVတြင္ျပေနသည့္ ဇာတ္ကားတစ္ခုကိုၾကည့္ရင္း မုန့္ထုတ္ကိုပိုက္ကာ စားေနသည္။ ထိုအခ်ိန္တြင္ ဇာတ္လိုက္မင္းသားက ဇာတ္လိုက္မင္းသမီးအား မွင္ေသေသျဖင့္ သူကတိတ္ဆိတ္ၿငိမ္သက္သည့္ ဘဝမ်ိဳးကိုသာ ႀကိဳက္သည္ဟု ေျပာေနသည့္အခန္း လာေနသည္။ ထိုအခါ ရႈခ်င္းရီက
"အဓိပၸာယ္မရွိလိုက္တာ။ ဇာတ္လိုက္မင္းသားက ဇာတ္လိုက္မင္းသမီးနဲ႕ေတြ႕ဖို႔ အျပင္ထြက္ရမွာေပါ့"
ဟု မွတ္ခ်က္ေပးေနသည္။

သူမက စိတ္ဝင္တစားၾကည့္ရင္းကေန တစ္ေယာက္တည္း စကားေျပာေနေလသည္။
"ေယာက္်ားတိုင္းက အျပင္ဘက္က လွပတဲ့ေလာကႀကီးကို သြားရမွာေပါ့။ သူ႕မွာ အေပါင္းအသင္းမရွိလို႔ တိတ္ဆိတ္ၿငိမ္သက္တဲ့ဘဝလိုခ်င္တယ္လို႔ ေျပာေနတာ သနားဖို႔ေကာင္းလိုက္တာ"

သူမေဘးတြင္ ထိုင္ေနသည့္ ေမာ့ဟန္မွာ သူမကို လွည့္ၾကည့္လိုက္မိသည္။ ထို႔ေနာက္ မူလက ျငင္းမယ္လုပ္ထားသည့္ စကားမ်ားအား ၿမိဳခ်လိဳက္ကာ ပြဲတက္မည္ဟု သူ႕အတြင္းေရးမႉးမအား ျပန္ေျဖလိုက္သည္။

ထိုအခ်ိန္တြင္ ဇာတ္ကားထဲမွာ ေျမာပါေနသည့္ ရႉခ်င္းရီကေတာ့ ဘာေတြျဖစ္သြားခဲ့မွန္း လုံးဝကို မသိခဲ့ပါ။

ထိုပြဲမွာ စေနေန႕ ၇နာရီတြင္ က်င္းပမည္ ျဖစ္သည္။ သူ႕႐ုံးကလူမ်ားမွာ ၿမိဳ႕ထဲက နာမည္ႀကီးစားေသာက္ဆိုင္တစ္ခုတြင္ သီးသန့္ခန္းတစ္ခုကို ႀကိဳတင္မွာယူထားသည္။ သူတို႔က ညေနစာ စားေသာက္ၿပီးသည့္ေနာက္တြင္ ပြဲက်င္းပမည္ဟု ေျပာၾကသည္။

ေမာ့ဟန္မွာ ေဆး႐ုံကဆင္းလာၿပီးေနာက္ သူ႕႐ုံးတြင္ အလုပ္မ်ားဆက္လုပ္ေနသလို ရႈခ်င္းရီကလည္း ေက်ာင္းတက္လိုက္ အားလပ္ခ်ိန္မ်ားတြင္ အပိုေငြရရန္ စုံေထာက္ေအဂ်င္စီတြင္ အလုပ္လိုက္ျဖင့္ အခ်ိန္မ်ားမွာ တေ႐ြ႕ေ႐ြ႕ကုန္ဆုံးသြားေလသည္။ ရႈခ်င္းရီအတြက္ ေကာင္းသည္ကေတာ့ ထိုစုံေထာက္ေအဂ်င္စီက သူေဌးမွာ သူမ၏အရည္အခ်င္းကို သေဘာက်ကာ ညဏ္ေကာင္းသည့္ကေလးမဟု ခ်ီးက်ဴးရင္း သူမအားရိုးရွင္းသည့္အလုပ္မ်ားကို ေပးနိုင္သမွ်ေပးေလသည္။

စေနေန႕ ေန႕လည္တြင္ ေမာ့ဟန္က ရႈခ်င္းရီအား ဖုန္းေခၚကာ သူဒီေန႕ည ေနာက္က်မည္ ျဖစ္ေသာေၾကာင့္ သူမကို ေစာေစာအိပ္ယာဝင္ႏွင့္ဟု ေျပာသြားသည္။

ရႈခ်င္းရီက ထူးဆန္းသလို ခံစားရေသာေၾကာင့္
"ဘယ္ကိုသြားဖို႔ရွိလို႔လဲ?"

"႐ုံးက ပြဲလုပ္မွာ ရွိတယ္။ သူတို႔ေျပာတာကေတာ့ ငါေနေကာင္းလာတာကို ဂုဏ္ျပဳတဲ့ပြဲတဲ့"

"ညီမေလးလည္း လိုက္ခ်င္တယ္"
ရႈခ်င္းရီက ေျပာသည္။

"ဘာသြားလုပ္ခ်င္လို႔လဲ?"

"အစားေကာင္းေကာင္းစားရမွာေပါ့။ ညီမေလး အိမ္မွာတစ္ေယာက္တည္း ေနရမွာ ပ်င္းဖို႔ေကာင္းတယ္"
ရႈခ်င္းရီက သနားစဖြယ္ ညည္းၫူသည္။

ေမာ့ဟန္က မ်က္ေမွာင္က်ဳံကာ စဥ္းစားၾကည့္ေနသည္။

ရႈခ်င္းရီက အခြၽဲေလးျဖင့္ ေတာင္းဆိုေလသည္။
"ကိုႀကီးကလည္း လိုက္ခ်င္လို႔ပါေနာ္။ ညီမေလး ျပႆနာမရွာဘူးေလ။ ေျပာစရာမလိုေအာင္ကို ကိုႀကီး႐ုံးကလူေတြကလည္း ညီမေလးနဲ႕ခင္တာပဲမလား? ကိုႀကီးရဲ႕ ညီမေလးပဲေလ။ လူေတြအမ်ားႀကီးပဲဆိုေတာ့ ေပ်ာ္ဖို႔ေကာင္းမွာ!"

"ကိုႀကီး . . ."
ရႈခ်င္းရီက ထပ္ေျပာသည္။

ေမာ့ဟန္က ရႈခ်င္းရီအား သူ႕မိဘအေၾကာင္းမ်ားကို ရင္ဖြင့္သည့္ေန႕ကစ၍ သူမမွာ သူ႕အကိုႀကီးအား ပို၍ခင္တြယ္လာၿပီ ျဖစ္သည္။ သူမအိပ္ရာမဝင္ခင္ ညတိုင္းနီးပါးတြင္ ေမာ့ဟန္အား Goodnightေနာ္ ကိုႀကီးဟု ေျပာေလ့ရွိသည္။

"အင္း လာလို႔ရတယ္။ ငါသူတို႔ကို ေျပာလိုက္မယ္"
ေမာ့ဟန္က သေဘာတူလိုက္သည္။

ရႈခ်င္းရီက ၿပဳံး႐ႊင္ကာ ေျပာသည္။
"ေက်းဇူးပဲေနာ္ ကိုႀကီး"

"ေန႕လည္ပိုင္း အတန္းၿပီးတာနဲ႕ ငါ့ဆီကိုလာခဲ့။ ႐ုံးမွာ ေစာင့္ေနမယ္"

"ဟုတ္ကဲ့ပါရွင့္"

ရႈခ်င္းရီက ေမာ့ဟန္ဆီကို ေရာက္လာသည့္အခါ ေမာ့ဟန္မွာ ႐ုံးအေရွ႕တြင္ သူ႕လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ စကားေျပာရင္း သူမအား ေစာင့္ေနႏွင့္ၿပီ။ ရႈခ်င္းရီမွာ ကားေပၚက ဆင္းလွ်င္ဆင္းခ်င္း ေမာ့ဟန္အား လွမ္းေခၚကာ အၿပဳံးႀကီးၿပဳံးရင္း သူ႕ဆီသို႔ ေျပးလာသည္။

ေမာ့ဟန္ႏွင့္ စကားေျပာေနသည့္ လူစုမွာ အသံလာရာကို လွည့္ၾကည့္လိုက္ေတာ့ တဆက္တည္းဝတ္စုံကို ဝတ္ထားသည့္ ဆံပင္အတိုျဖင့္ ေကာင္မေလးတစ္ေယာက္မွာ လြယ္အိတ္ကို လြယ္ရင္း သူတို႔ဆီကို ေျပးလာေနသည္။ သူမ၏အၿပဳံးမွာ ေနအေသးစားေလးကဲ့သို႔ ေႏြးေထြးလြန္းလွသည္။

သူတို႔၏ မ်က္လုံးမ်ားမွာ ေတာက္ပသြားၾကသည္။ ထိုလုပ္ေဖာ္ကိုင္ဖက္ ေယာက္်ားေလးမ်ားမွာ ေမာ့ဟန္၏ညီမေလးက အရမ္းၾကည့္ေကာင္းၾကမွန္း သိၾကတာၾကာေလၿပီ။ ယခုတြင္ အျပင္မွာ သူမၿပဳံး႐ႊင္ေနသည္ကို ကိုယ္တိုင္ျမင္ရသည့္အခါတြင္ေတာ့ အရင္တုန္းက သူမအားၾကည့္ေကာင္းသည္ဟူသည့္အျမင္ထက္ လွပလြန္းသည္ဟူ၍ ေျပာင္းလဲသြားေတာ့သည္။ ၾကယ္မ်ားလို ႐ြန္းလဲ့ေတာက္ပေနသည့္ သူမ၏မ်က္လုံးမ်ားအား ဘယ္သူကမွ အၾကည့္မလႊဲနိုင္ၾကပါ။

ရႈခ်င္းရီမွာ ေမာ့ဟန္၏ေဘးနားကို အေျပးအလႊားေရာက္လာသည္။ သူမက ေဘးနားကလူမ်ားအား အၿပဳံးေလးျဖင့္ ေခါင္းၫြတ္ျပကာ ႏႈတ္ဆက္လိုက္သည္။

သူမကိုအနီးကပ္ျမင္လိုက္ရသည့္ ထိုလူမ်ားက သူမသည္ ငယ္႐ြယ္လြန္းကာ လွသည္ထက္ေတာင္ ပိုလြန္းသည္ဟု ေတြးမိေနၾကသည္။ လူငယ္ပီသလိုက္တာ။

"ဘယ္ေက်ာင္းတက္ေနတာလဲ ကေလးမေလး?"
သူတို႔ဟာ သူမႏွင့္ ရင္းႏွီးခ်င္ၾကသည္။

ရႈခ်င္းရီကေတာ့ သူမအား လူေတြက ကေလးတစ္ေယာက္လို ဆက္ဆံျခင္းအား မုန္းလို႔သာေနသည္။ ထို႔ေၾကာင့္ သူမက စိတ္အေႏွာင့္အယွက္ျဖစ္စြာျဖင့္
"ကြၽန္မက XXတကၠသိုလ္မွာ တက္ေနတာပါ"

Continuer la Lecture

Vous Aimerez Aussi

2.5M 249K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
61.7K 3.5K 25
ချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တက...
180K 16.1K 43
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
1.5M 246K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...