ေပြလီငရႈပ္ေလးရဲ႕ခ်စ္ရသူ

By naneikhin

85.5K 8.6K 462

PCY-ေတာ္ေတာ္လည္တဲ့ငရႈပ္ BBH-သဲ လည္တာခ်စ္ဖို႔မေကာင္းဘူးလားလို႔ ဟင္ ဘဲႀကီး More

ချစ်ရပါသော မောင်မောင်ဗိုက် Fic Book Announcement 💌
Intro
Intro
1 zaw
1 uni
🙋✨
2 zaw
2 uni
3 zaw
3 uni
4 zaw
4 uni
5 zaw
5 uni
6 Zaw+Uni
7 Zaw+Uni
8 Zaw + Uni
9 Zaw+Uni
10 Zaw+Uni
11 Zaw+Uni
12 Zaw+Uni
13 Zaw+Uni
14 Zaw+Uni
15 Zaw+Uni
16 Zaw+Uni
17 (1) Zaw+Uni
17(2)Zaw+Uni
18 Zaw+Uni
19 Zaw+Uni
21 Zaw+Uni
22(1)Zaw+Uni
22(2)Zaw+Uni
23 Zaw+Uni
24 Zaw+Uni
25 Zaw+Uni
26(1)Zaw+Uni
26(2) Zaw+Uni
27 Zaw+Uni
28 Zaw+Uni
29 Zaw+Uni
30 Zaw+Uni
Final ❤️
Extra✨

20 Zaw+Uni

2K 212 12
By naneikhin

"ဟူးးးးးး ပျင်းလိုက်တာ အမေရာ"

ဆန်ပြာနေတဲ့ အမေ့နား တိုးလို့ထိုင်လိုက်ကာ ညည်းမိတော့

"ပျင်းနေပြီလားးး သားချန်းယောလ်လဲပြန်လာတော့မှာပါ"

"အမေ မောင် ပြန်မလာခင် လမ်းထိပ်ခနလောက်"

ပုခုံးပေါ်မှီတွယ်ရင်း ချွဲချွဲလေး ပြောလိုက်ပေမဲ့

"အမလေး အမလေး မသွားချင်ပါနဲ့ရှင် တော်လေးက အငြိမ်နေတာမဟုတ်ဘူး လဲပြုနေမှ"

ဘတ်ဟျွန်း မျက်နှာလေးကိုရှုံ့တွလိုက်ပြီး လက်ညိုးလေးတချောင်း တထောင်ထောင်နဲ့

"တခါတည်းပါ အမေရယ် ခနတင် မောင်ပြန်မရောက်ခင် ပြန်လာမယ်လေ နော်နော် ခနလေးတင်ပါ"

"မသွားပါနဲ့ သမက်လေးရယ် အင့် ဒါလေးယူ"

ပြာနေတဲ့ဆန်စကာ ထဲက ဆန်တဆုပ်ယူကာ လက်ထဲထည့်လာပေးတဲ့အမေကြောင့်

"ဘာကြီးလဲ "

"ပျင်းတယ်ဆို သွားခြံထောင့်မှာ ဟိုဘက်ခြံကကြက်လေးတွေ တွေ့လား"

အမေက ခြံစည်းရိုးကနေ အရှင်းသားမြင်နေရတဲ့ ခြံထောင့်က ကြက်တအုပ်ကို လက်ညိုးညွှန်ပြရင်းမေးလာသည်

"အွမ်း တွေ့တယ်လေ"

"အဲ့တာ တစေ့ချင်း ရေပြီး သွားကျွေးချည်သွား"

ပြောပြီးပြီးချင်း ဆန်ဆက်ပြာနေတဲ့အမေ ကြောင့် ဘတ်ဟျွန်းခနကြောင်သွားပြီးမှ လက်ထဲကဆန်တွေကို စကာထဲပြန်ထည့်လိုက်ပြီး

"အမေကလည်း လာနောက်နေပြန်ပါပြီ ပျင်းပါတယ်ဆို"

"ဟယ်ရေ အကောင်းပြောတာပါ သမက်လေးရဲ့ ကုသိုလ်လည်းရ သမက်လေးလည်းမပျင်းဘူးလေ အဲ့တာဆို"

"ဟွင်းးး"

"အရီးရေ ယောက်ဖ"

ကျွီ......

ခြံထဲထိ ဆိုင်ကယ်စီးကာ ဝင်လာသော ကြက်ပေါက်ကြောင့် အားတက်သွားရသည်

"လာလာ ဆယ်ဟွန်း ငါပျင်းနေတာကွ"

တက်ကြွစွာနဲ့ ခေါ်လိုက်သော်လဲ

"မလာတော့ဘူး ဒီမှာအရီး အမေက ပေးခိုင်းလိုက်လို့ ဟိုတနေ့က အရီးမှာထားတာဆိုလား"

အိုဆယ်ကိတ်က သူ့ဆိုင်ကယ်ရှေ့ခြင်းထဲက အဖြူအိတ်ကလေးကိုလှမ်းပေးလာသည်

"ဘာကြီးလဲအမေ"

"အော် အနှီးလုပ်ဖို့ ပိတ်စပါသမက်လေးရယ် သူ့အမေ မြို့ဘက်ဈေးသွားမယ်ဆိုလို့ အသားကောင်းတာမှာလိုက်တာ"

အမေ့စကားကြောင့် ဘတ်ဟျွန်း စူလုံးလုံးလေးဖြစ်နေပြီ ဖြစ်တဲ့သူ့ဗိုက်လေးကို ဖွဖွကိုင်လိုက်ကာ

"အမေကလည်း ခုမှ ၄လပဲရှိသေးတာကို ဒါတွေဝယ်ဖို့စောပါသေးတယ် "

"တဖြေးဖြေး ချင်းစုရမှာသမက်လေးရေ ဒါမှ မွေးခါနီးရင် အဆင်သင့်ဖြစ်မှာ"

အပြန်အလှန်ပြောနေမိတဲ့ကြား

"အရီး အဲ့ဒါဆို ကျနော် သွားလိုက်ဦးမယ်"

"နေပါဦး မင်းက ဘယ်လဲ "

"ဟိုဘက်ရပ်ကွက်လေ ယောက်ဖကြီးရဲ့ ဂျုံလုံးလေးက သူ့အဘွားဆီရောက်နေလို့သွားတွေ့မလို့"

"ဟင် အပြန်သူမပါတော့ဘူးမို့လား ငါ ငါကောလိုက်မယ်လေ"

"မလိုက်သွားရပါဘူး သမက်လေးရယ် အိမ်မှာပဲနေစမ်းပါ့ ဗိုက်က လရင့်တော့မှာ ဂရုစိုက်ရမယ့်ဟာ ဆိုင်ကယ်စီးလို့ အိုကွယ် မလိုက်ရဘူး"

အမေ့အပြောကြား အိုဆယ်ဟွန်းလည်း လိုက်ချင်လွန်းသူကို ခေါ်ရမလား ထားခဲ့ရမလား ဇဝေဇဝါ

"အဟမ်း ဟုတ်ပါတယ်လေ အဲ့ဒါဆို သားမလိုက်သွားတော့ဘူးနော် အမေနော်"

ဘတ်ဟျွန်းက ပြောလိုက်တော့ အမေလည်း ခေါင်းလေးဖွဖွပုတ်ပေးကာ ဆန်ဆက်ပြာနေသည်

အဲ့တော့မှ ဆိုင်ကယ်ပေါ်ခွရက်ဖြစ်နေတဲ့ ကြက်ပေါက်ကို ခြေဟန်လက်ဟန်နဲ့ ခြံနောက်မှာ စောင့်နေဖို့ပြောရတော့သည်

ကြက်ပေါက်က နားလည်သည့်သဘောခေါင်းငြိမ့်ပြလိုက်ပြီး

"သွားပြီနော် အရီး"

"အေးအေးးး"

ဝူးးးးးးးးးးး

ဆယ်ဟွန်း ဆိုင်ကယ်လေး အိမ်ထဲကနေ ပြန်မောင်းထွက်သွားတော့မှ

"အဲ့တာဆို အမေ သား အပေါ်ထပ်မှာ ရှိမယ်နော်"

"ဟေ ပျင်းတယ်ဆို ခုနကတော့"

"ဟုတ်တယ်လေ အဲ့ဒါကြောင့် သားတရေးတမော အိပ်မလားလို့"

"အေးပါ ကောင်းတယ် ကောင်းတယ် နေ့ခင်းအိပ်တာ အားရှိတယ် "

"ဟုတ်"

အမေက နောက်ကလိုက်ကြည့်နေတာမို့ အပေါ်တက်သယောင်ယောင် လှေကားတဝက်လောက်ထိတက်ပြီးမှ အမေဆန်ပြာတဲ့ဆီအာရုံပြန်ရောက်တာနဲ့ အိမ်နောက်က နဲနဲကျယ်နေသော ခွေးတိုးပေါက်ကနေ စောင့်နေတဲ့ ဆယ်ဟွန်းဆီ ပျော်ပျော်ကြီး ခိုးထွက်လာခဲ့သည်

*********************

"အမေ"

"ဟော သားတောင် ပြန်လာပြီ ဗိုက်ဆာနေပြီလား"

"သိပ်မဆာသေးပါဘူးအမေရယ် အားးး ပူလိုက်တာနော်"

ချန်းယောလ်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း စားပွဲပေါ်ရှိယပ်တောင်ကို ယူကာ အားပါးတရ လွှဲခပ်နေလိုက်သည်

"နွေဦးရှိသေးတယ်နော် ဒါတောင် "

"ငရှုပ်ကော"

"အပေါ်တက်သွားလေရဲ့ အိပ်ပျော်နေတယ်ထင်ပါ့"

"အားပြည့်တာပေါ့ များများအိပ်ပြီး များများစားခိုင်းရမယ်"

ပီတိဖြာနေတဲ့ အပြုံးကြီးနဲ့ပြောနေတဲ့သားတော်မောင် အစက မချစ်ဘူးဆိုပြီးတော့

"ဒါနဲ့ သားကော အဆင်ပြေသွားပြီလား မူးသေးလား"

"မမူးတော့ဘူး အမေ အန်ချင်စိတ်လည်းမရှိတော့ဘူး နဲနဲလရင့်တဲ့အပိုင်းရောက်လာလို့ထင်တယ် တော်သေးတာပေါ့ နို့မို့ဆို သားဝိတ်က ၁၀၀တောင်ပြည့်ပါတော့မလားစိုးရိမ်နေတာ"

"ဟားဟားးးဖြစ်ရလေ ခနပါသားရယ် အဲ့လက္ခဏာတွေက အခုအများကြီးစားပေတော့ပဲ သွားခေါ်လိုက်တော့ သားဘတ်ဟျွန်းကို အမေပြင်ထားလိုက်တော့မယ်"

"ဟုတ် အမေ"

ဒုန်းးးဒုန်းးးးဒုန်းးးး

အပေါ်ထပ်ကနေ အမြန်အပြေးဆင်းလာတဲ့ သားဖြစ်သူကြောင့်

"ဟဲ့သား ဘာဖြစ်ရတာလဲ ကလေးသွားနှိုးပါဆို"

"မရှိဘူး အမေ ဘတ်ဟျွန်းမရှိဘူး"

"ဟာ မဖြစ်နိုင်တာ အမေ့ရှေ့တင်တက်သွားတာ ပြန်ဆင်းမလာသေးပါဘူး"

ပြောစကားပင်မဆုံး သားတော်မောင်က အိမ်နောက်ဘက် ရေချိုးခန်း အိမ်သာဘက်ဆီသို့ပင် လှမ်းနေပြီ

"ဒီမှာလဲ မရှိဘူး အမေ သူဘာပြောသေးလဲ တနေရာရာများသွားလား"

"အယ် ဆယ်ဟွန်းတော့လာသေးတယ် ဒါပေမဲ့ အမေမလိုက်နဲ့ဆိုတော့ အိပ်တော့မယ်ဆိုပြီးတက်သွားတာပဲ"

"ဟာာာ လုပ်ပြန်ပြီ ခိုးထွက်ပြန်ပြီထင်တယ် တကယ်ပဲ ငရှုပ်ကောင် ဆယ်ဟွန်းကကော ဘယ်သွားမှာတဲ့လဲ"

"ဟိုဘက်ရပ်ကွက်က သူ့ကောင်လေး ဂျုံလုံးဆိုလား "

"ဂျုံအင်လား"

"အေး ဟုတ်တယ် ဟုတ်တယ် အဲ့ဆီသွားမယ်တဲ့ ဆိုင်ကယ်နဲ့"

"နမော်နမဲ့၂ယောက်ပေါင်းသွားရင်တော့ အမေရာ စိတ်မချလိုက်တာ သားလိုက်သွားလိုက်မယ် အမေ နေ့လယ်စာစားနှင့်တော့"

"ဟဲ့ ဘာနဲ့သွားမှာလဲ နာရီဝက်ကျော်လောက်ကြာမှာနော် လမ်းလျှောက်သွားရင်"

"ရတယ်အမေ သား ဟိုဘက်အိမ်က ဆိုင်ကယ်ငှားသွားလိုက်မယ်"

ချန်းယောလ် ဆိုင်ကယ်ငှားကာ ဟိုဘက်ရပ်ကွက်က ဂျုံအင်ဆိုတဲ့ကောင်လေးရဲ့ အဘွားအိမ်သို့သာ အလောတကြီး ထွက်လာခဲ့တော့သည်

********************

"ဝါးးးး သာယာနေတာပဲ"

ရေကန်လေးနဲ့ ကောက်ရိုးပုံတွေ ပုံထားတဲ့ နားကို ဘတ်ဟျွန်းတို့ရောက်နေခြင်း

"ဂျုံအင် မင်းတို့ဘက်က ပိုသာယာသလိုပဲ ကောက်ရိုးပုံတွေကလဲ အကြီးကြီးပဲ ရေကန်ကြီးနဲ့ မိုက်တယ်"

"ဟုတ်တယ် အကိုဘတ်ဟျွန်းရဲ့ ကျနော်တို့ ဘက်က လယ်ပိုလုပ်ပြီး ဒီနေရာကို ကောက်ရိုးတွေစုပြီးပုံကြတော့ ဒီလိုဖြစ်နေတာ"

"ဝါးးး ရေငှက်လေးတွေကော"

ဘတ်ဟျွန်းတယောက် ရေကန်ကိုကြည့်လိုက် ကောင်းကင်ကိုမော့ကြည့်လိုက်နဲ့သာ တဝါးဝါးဖြစ်နေတော့သည်

"ယောက်ဖကြီး အတွဲချိန်းတာကို လိုက်လာတာနော် နဲနဲလဲသတိကပ်ဦး"

ဆယ်ဟွန်းပြောလိုက်တော့မှ နောက်ပြန်လှည့်လာကာ

"အေးပါ သိပါတယ်ဟ"

"မေ့နေမှာစိုးလို့ ဒီမှာ ဂျုံအင့်အဘွာကို သူငယ်ချင်းပါဆိုပြီး မနဲခွင့်တောင်းခေါ်ခဲ့ရတာကို အခုယောက်ဖကြီးပဲ လိုက်ရှင်းပြနေရတာနဲ့ "

"ကဲပါ မင်းတို့မချိန်းတွေ့ရသေးဘူး ပြောချင်တာမို့လား သွားချိန်းချည်ကြ ငါ ဒီကောက်ရိုးပုံပေါ်ကပဲစောင့်နေလိုက်မယ်"

ဆယ်ဟွန်းက ခါးတဝက်လောက်ထိကိုညွှတ်ကာ ခေါင်းငုံ့ပြီး

"ကျေးဇူးကြီးလှပါတယ်ဗျာ ဒီလိုအလိုက်သိပေးလို့ သွားပြီ"

"ဆယ်ဟွန်းကလဲ"

ရှက်ရဲရဲဖြစ်နေတဲ့ ဂျုံအင့်ကို ဆွဲခေါ်သွားတာကို မျက်စိတဆုံးကြည့်ပြီးနောက်

"တော်သေးတာပေါ့ကွာ ဟိုကပြန်ကြိုက်လို့ နို့မို့ဆို အိုဆယ်ကြက်ပေါက်တို့ ရူးသွားမလားမသိဘူး အကဲစားကြီးတကယ့်ကို"

ကိုယ့်ဟာကိုယ် ခပ်တိုးတိုး ညည်းရင်း ရေကန်နဲ့အနီးဆုံး ရေကန်စပ်က သိပ်မမြင့်တဲ့ ကောက်ရိုးပုံပေါ်တက်ထိုင်လိုက်ကာ လေညှင်းသွဲ့သွဲ့တိုက်ခတ်နေတာကို အရသာခံရှူရှိုက်လိုက်သည်

"ဟူးးးး နေလို့ကောင်းလိုက်တာ ဒီလိုလေးမှပေါ့ နို့မို့ အိမ်ထဲအောင်းနေရတာ ကြာတော့လူက ရူးချင်နေပြီ ပျင်းတာ"

ပွစိပွစိရေရွတ်နေရင်း ခြေထောက်ကိုလွှဲလိုက်မိတော့ ဖိနပ်တဖက် ပြုတ်ကျသွားတာကြောင့် ရှေ့ကို ကုန်းအကောက်

"ရားးးး ပတ်ဘတ်ဟျွန်း"

"ဟင် မောင်"

"ဘာလုပ်နေတာလဲဟမ် ဘာအချိုး ချိုးတာလဲ"

"ဟို ဟို"

ဘယ်ကမှန်းမသိတဲ့ဆိုင်ကယ်ကို မာန်ပါပါနဲ့ ဒေါက်ထောက်လိုက်ကာ ကိုယ်ဆီကို ဒေါသအကြည့်နဲ့ ကြည့်ပြီးတန်းတန်းမတ်မတ် မြန်မြန်ကြီးလျှောက်လာတဲ့ သူကြောင့် လူက တုန်လှုပ်သွားရကာ ကျသွားတဲ့ဖိနပ်ကို မကြည့်ပဲ လက်ဝှေ့ယမ်းပြီးသာ ပြာယာခတ်ရှာနေမိတော့ လက်ကအရှိန်လွန်ကာ လူကဟပ်ထိုးကြီးလှဲချလိုက်သလိုဖြစ်သွားရပြီး

ဗွမ်းးးးးးးးးးး

"ဘတ်ဟျွန်းး!"

"ယောက်ဖကြီးးးး"

*********************

TBC

Love u all❤️

ကျနော့် စာဖတ်သူလေးတွေထဲ ၁၀တန်းလေးတွေပါခဲ့ရင် အမှတ်အများကြီးနဲ့ အောင်မြင်ကြပါစေနော် ကျနော်လည်းဒီည ရင်ခုန်ရဦးမှာ အိမ်ကသားသားအတွက်❤️

"ဟူးးးးးး ပ်င္းလိုက္တာ အေမရာ"

ဆန္ျပာေနတဲ့ အေမ့နား တိုးလို႔ထိုင္လိုက္ကာ ညည္းမိေတာ့

"ပ်င္းေနၿပီလားးး သားခ်န္းေယာလ္လဲျပန္လာေတာ့မွာပါ"

"အေမ ေမာင္ ျပန္မလာခင္ လမ္းထိပ္ခနေလာက္"

ပုခုံးေပၚမွီတြယ္ရင္း ခြၽဲခြၽဲေလး ေျပာလိုက္ေပမဲ့

"အမေလး အမေလး မသြားခ်င္ပါနဲ႔ရွင္ ေတာ္ေလးက အၿငိမ္ေနတာမဟုတ္ဘူး လဲျပဳေနမွ"

ဘတ္ဟြၽန္း မ်က္ႏွာေလးကိုရႈံ႕တြလိုက္ၿပီး လက္ညိဳးေလးတေခ်ာင္း တေထာင္ေထာင္နဲ႔

"တခါတည္းပါ အေမရယ္ ခနတင္ ေမာင္ျပန္မေရာက္ခင္ ျပန္လာမယ္ေလ ေနာ္ေနာ္ ခနေလးတင္ပါ"

"မသြားပါနဲ႔ သမက္ေလးရယ္ အင့္ ဒါေလးယူ"

ျပာေနတဲ့ဆန္စကာ ထဲက ဆန္တဆုပ္ယူကာ လက္ထဲထည့္လာေပးတဲ့အေမေၾကာင့္

"ဘာႀကီးလဲ "

"ပ်င္းတယ္ဆို သြားၿခံေထာင့္မွာ ဟိုဘက္ၿခံကၾကက္ေလးေတြ ေတြ႕လား"

အေမက ၿခံစည္း႐ိုးကေန အရွင္းသားျမင္ေနရတဲ့ ၿခံေထာင့္က ၾကက္တအုပ္ကို လက္ညိဳးၫႊန္ျပရင္းေမးလာသည္

"အြမ္း ေတြ႕တယ္ေလ"

"အဲ့တာ တေစ့ခ်င္း ေရၿပီး သြားေကြၽးခ်ည္သြား"

ေျပာၿပီးၿပီးခ်င္း ဆန္ဆက္ျပာေနတဲ့အေမ ေၾကာင့္ ဘတ္ဟြၽန္းခနေၾကာင္သြားၿပီးမွ လက္ထဲကဆန္ေတြကို စကာထဲျပန္ထည့္လိုက္ၿပီး

"အေမကလည္း လာေနာက္ေနျပန္ပါၿပီ ပ်င္းပါတယ္ဆို"

"ဟယ္ေရ အေကာင္းေျပာတာပါ သမက္ေလးရဲ႕ ကုသိုလ္လည္းရ သမက္ေလးလည္းမပ်င္းဘူးေလ အဲ့တာဆို"

"ဟြင္းးး"

"အရီးေရ ေယာက္ဖ"

ကြၽီ......

ၿခံထဲထိ ဆိုင္ကယ္စီးကာ ဝင္လာေသာ ၾကက္ေပါက္ေၾကာင့္ အားတက္သြားရသည္

"လာလာ ဆယ္ဟြန္း ငါပ်င္းေနတာကြ"

တက္ႂကြစြာနဲ႔ ေခၚလိုက္ေသာ္လဲ

"မလာေတာ့ဘူး ဒီမွာအရီး အေမက ေပးခိုင္းလိုက္လို႔ ဟိုတေန႔က အရီးမွာထားတာဆိုလား"

အိုဆယ္ကိတ္က သူ႔ဆိုင္ကယ္ေရွ႕ျခင္းထဲက အျဖဴအိတ္ကေလးကိုလွမ္းေပးလာသည္

"ဘာႀကီးလဲအေမ"

"ေအာ္ အႏွီးလုပ္ဖို႔ ပိတ္စပါသမက္ေလးရယ္ သူ႔အေမ ၿမိဳ႕ဘက္ေဈးသြားမယ္ဆိုလို႔ အသားေကာင္းတာမွာလိုက္တာ"

အေမ့စကားေၾကာင့္ ဘတ္ဟြၽန္း စူလုံးလုံးေလးျဖစ္ေနၿပီ ျဖစ္တဲ့သူ႔ဗိုက္ေလးကို ဖြဖြကိုင္လိုက္ကာ

"အေမကလည္း ခုမွ ၄လပဲရွိေသးတာကို ဒါေတြဝယ္ဖို႔ေစာပါေသးတယ္ "

"တေျဖးေျဖး ခ်င္းစုရမွာသမက္ေလးေရ ဒါမွ ေမြးခါနီးရင္ အဆင္သင့္ျဖစ္မွာ"

အျပန္အလွန္ေျပာေနမိတဲ့ၾကား

"အရီး အဲ့ဒါဆို က်ေနာ္ သြားလိုက္ဦးမယ္"

"ေနပါဦး မင္းက ဘယ္လဲ "

"ဟိုဘက္ရပ္ကြက္ေလ ေယာက္ဖႀကီးရဲ႕ ဂ်ဳံလုံးေလးက သူ႔အဘြားဆီေရာက္ေနလို႔သြားေတြ႕မလို႔"

"ဟင္ အျပန္သူမပါေတာ့ဘူးမို႔လား ငါ ငါေကာလိုက္မယ္ေလ"

"မလိုက္သြားရပါဘူး သမက္ေလးရယ္ အိမ္မွာပဲေနစမ္းပါ့ ဗိုက္က လရင့္ေတာ့မွာ ဂ႐ုစိုက္ရမယ့္ဟာ ဆိုင္ကယ္စီးလို႔ အိုကြယ္ မလိုက္ရဘူး"

အေမ့အေျပာၾကား အိုဆယ္ဟြန္းလည္း လိုက္ခ်င္လြန္းသူကို ေခၚရမလား ထားခဲ့ရမလား ဇေဝဇဝါ

"အဟမ္း ဟုတ္ပါတယ္ေလ အဲ့ဒါဆို သားမလိုက္သြားေတာ့ဘူးေနာ္ အေမေနာ္"

ဘတ္ဟြၽန္းက ေျပာလိုက္ေတာ့ အေမလည္း ေခါင္းေလးဖြဖြပုတ္ေပးကာ ဆန္ဆက္ျပာေနသည္

အဲ့ေတာ့မွ ဆိုင္ကယ္ေပၚခြရက္ျဖစ္ေနတဲ့ ၾကက္ေပါက္ကို ေျခဟန္လက္ဟန္နဲ႔ ၿခံေနာက္မွာ ေစာင့္ေနဖို႔ေျပာရေတာ့သည္

ၾကက္ေပါက္က နားလည္သည့္သေဘာေခါင္းၿငိမ့္ျပလိုက္ၿပီး

"သြားၿပီေနာ္ အရီး"

"ေအးေအးးး"

ဝူးးးးးးးးးးး

ဆယ္ဟြန္း ဆိုင္ကယ္ေလး အိမ္ထဲကေန ျပန္ေမာင္းထြက္သြားေတာ့မွ

"အဲ့တာဆို အေမ သား အေပၚထပ္မွာ ရွိမယ္ေနာ္"

"ေဟ ပ်င္းတယ္ဆို ခုနကေတာ့"

"ဟုတ္တယ္ေလ အဲ့ဒါေၾကာင့္ သားတေရးတေမာ အိပ္မလားလို႔"

"ေအးပါ ေကာင္းတယ္ ေကာင္းတယ္ ေန႔ခင္းအိပ္တာ အားရွိတယ္ "

"ဟုတ္"

အေမက ေနာက္ကလိုက္ၾကည့္ေနတာမို႔ အေပၚတက္သေယာင္ေယာင္ ေလွကားတဝက္ေလာက္ထိတက္ၿပီးမွ အေမဆန္ျပာတဲ့ဆီအာ႐ုံျပန္ေရာက္တာနဲ႔ အိမ္ေနာက္က နဲနဲက်ယ္ေနေသာ ေခြးတိုးေပါက္ကေန ေစာင့္ေနတဲ့ ဆယ္ဟြန္းဆီ ေပ်ာ္ေပ်ာ္ႀကီး ခိုးထြက္လာခဲ့သည္

*********************

"အေမ"

"ေဟာ သားေတာင္ ျပန္လာၿပီ ဗိုက္ဆာေနၿပီလား"

"သိပ္မဆာေသးပါဘူးအေမရယ္ အားးး ပူလိုက္တာေနာ္"

ခ်န္းေယာလ္ထိုင္ခုံမွာ ဝင္ထိုင္လိုက္ရင္း စားပြဲေပၚရွိယပ္ေတာင္ကို ယူကာ အားပါးတရ လႊဲခပ္ေနလိုက္သည္

"ေႏြဦးရွိေသးတယ္ေနာ္ ဒါေတာင္ "

"ငရႈပ္ေကာ"

"အေပၚတက္သြားေလရဲ႕ အိပ္ေပ်ာ္ေနတယ္ထင္ပါ့"

"အားျပည့္တာေပါ့ မ်ားမ်ားအိပ္ၿပီး မ်ားမ်ားစားခိုင္းရမယ္"

ပီတိျဖာေနတဲ့ အၿပဳံးႀကီးနဲ႔ေျပာေနတဲ့သားေတာ္ေမာင္ အစက မခ်စ္ဘူးဆိုၿပီးေတာ့

"ဒါနဲ႔ သားေကာ အဆင္ေျပသြားၿပီလား မူးေသးလား"

"မမူးေတာ့ဘူး အေမ အန္ခ်င္စိတ္လည္းမရွိေတာ့ဘူး နဲနဲလရင့္တဲ့အပိုင္းေရာက္လာလို႔ထင္တယ္ ေတာ္ေသးတာေပါ့ ႏို႔မို႔ဆို သားဝိတ္က ၁၀၀ေတာင္ျပည့္ပါေတာ့မလားစိုးရိမ္ေနတာ"

"ဟားဟားးးျဖစ္ရေလ ခနပါသားရယ္ အဲ့လကၡဏာေတြက အခုအမ်ားႀကီးစားေပေတာ့ပဲ သြားေခၚလိုက္ေတာ့ သားဘတ္ဟြၽန္းကို အေမျပင္ထားလိုက္ေတာ့မယ္"

"ဟုတ္ အေမ"

ဒုန္းးးဒုန္းးးးဒုန္းးးး

အေပၚထပ္ကေန အျမန္အေျပးဆင္းလာတဲ့ သားျဖစ္သူေၾကာင့္

"ဟဲ့သား ဘာျဖစ္ရတာလဲ ကေလးသြားႏႈိးပါဆို"

"မရွိဘူး အေမ ဘတ္ဟြၽန္းမရွိဘူး"

"ဟာ မျဖစ္ႏိုင္တာ အေမ့ေရွ႕တင္တက္သြားတာ ျပန္ဆင္းမလာေသးပါဘူး"

ေျပာစကားပင္မဆုံး သားေတာ္ေမာင္က အိမ္ေနာက္ဘက္ ေရခ်ိဳးခန္း အိမ္သာဘက္ဆီသို႔ပင္ လွမ္းေနၿပီ

"ဒီမွာလဲ မရွိဘူး အေမ သူဘာေျပာေသးလဲ တေနရာရာမ်ားသြားလား"

"အယ္ ဆယ္ဟြန္းေတာ့လာေသးတယ္ ဒါေပမဲ့ အေမမလိုက္နဲ႔ဆိုေတာ့ အိပ္ေတာ့မယ္ဆိုၿပီးတက္သြားတာပဲ"

"ဟာာာ လုပ္ျပန္ၿပီ ခိုးထြက္ျပန္ၿပီထင္တယ္ တကယ္ပဲ ငရႈပ္ေကာင္ ဆယ္ဟြန္းကေကာ ဘယ္သြားမွာတဲ့လဲ"

"ဟိုဘက္ရပ္ကြက္က သူ႔ေကာင္ေလး ဂ်ဳံလုံးဆိုလား "

"ဂ်ဳံအင္လား"

"ေအး ဟုတ္တယ္ ဟုတ္တယ္ အဲ့ဆီသြားမယ္တဲ့ ဆိုင္ကယ္နဲ႔"

"နေမာ္နမဲ့၂ေယာက္ေပါင္းသြားရင္ေတာ့ အေမရာ စိတ္မခ်လိုက္တာ သားလိုက္သြားလိုက္မယ္ အေမ ေန႔လယ္စာစားႏွင့္ေတာ့"

"ဟဲ့ ဘာနဲ႔သြားမွာလဲ နာရီဝက္ေက်ာ္ေလာက္ၾကာမွာေနာ္ လမ္းေလွ်ာက္သြားရင္"

"ရတယ္အေမ သား ဟိုဘက္အိမ္က ဆိုင္ကယ္ငွားသြားလိုက္မယ္"

ခ်န္းေယာလ္ ဆိုင္ကယ္ငွားကာ ဟိုဘက္ရပ္ကြက္က ဂ်ဳံအင္ဆိုတဲ့ေကာင္ေလးရဲ႕ အဘြားအိမ္သို႔သာ အေလာတႀကီး ထြက္လာခဲ့ေတာ့သည္

********************

"ဝါးးးး သာယာေနတာပဲ"

ေရကန္ေလးနဲ႔ ေကာက္႐ိုးပုံေတြ ပုံထားတဲ့ နားကို ဘတ္ဟြၽန္းတို႔ေရာက္ေနျခင္း

"ဂ်ဳံအင္ မင္းတို႔ဘက္က ပိုသာယာသလိုပဲ ေကာက္႐ိုးပုံေတြကလဲ အႀကီးႀကီးပဲ ေရကန္ႀကီးနဲ႔ မိုက္တယ္"

"ဟုတ္တယ္ အကိုဘတ္ဟြၽန္းရဲ႕ က်ေနာ္တို႔ ဘက္က လယ္ပိုလုပ္ၿပီး ဒီေနရာကို ေကာက္႐ိုးေတြစုၿပီးပုံၾကေတာ့ ဒီလိုျဖစ္ေနတာ"

"ဝါးးး ေရငွက္ေလးေတြေကာ"

ဘတ္ဟြၽန္းတေယာက္ ေရကန္ကိုၾကည့္လိုက္ ေကာင္းကင္ကိုေမာ့ၾကည့္လိုက္နဲ႔သာ တဝါးဝါးျဖစ္ေနေတာ့သည္

"ေယာက္ဖႀကီး အတြဲခ်ိန္းတာကို လိုက္လာတာေနာ္ နဲနဲလဲသတိကပ္ဦး"

ဆယ္ဟြန္းေျပာလိုက္ေတာ့မွ ေနာက္ျပန္လွည့္လာကာ

"ေအးပါ သိပါတယ္ဟ"

"ေမ့ေနမွာစိုးလို႔ ဒီမွာ ဂ်ဳံအင့္အဘြာကို သူငယ္ခ်င္းပါဆိုၿပီး မနဲခြင့္ေတာင္းေခၚခဲ့ရတာကို အခုေယာက္ဖႀကီးပဲ လိုက္ရွင္းျပေနရတာနဲ႔ "

"ကဲပါ မင္းတို႔မခ်ိန္းေတြ႕ရေသးဘူး ေျပာခ်င္တာမို႔လား သြားခ်ိန္းခ်ည္ၾက ငါ ဒီေကာက္႐ိုးပုံေပၚကပဲေစာင့္ေနလိုက္မယ္"

ဆယ္ဟြန္းက ခါးတဝက္ေလာက္ထိကိုၫႊတ္ကာ ေခါင္းငုံ႔ၿပီး

"ေက်းဇူးႀကီးလွပါတယ္ဗ်ာ ဒီလိုအလိုက္သိေပးလို႔ သြားၿပီ"

"ဆယ္ဟြန္းကလဲ"

ရွက္ရဲရဲျဖစ္ေနတဲ့ ဂ်ဳံအင့္ကို ဆြဲေခၚသြားတာကို မ်က္စိတဆုံးၾကည့္ၿပီးေနာက္

"ေတာ္ေသးတာေပါ့ကြာ ဟိုကျပန္ႀကိဳက္လို႔ ႏို႔မို႔ဆို အိုဆယ္ၾကက္ေပါက္တို႔ ႐ူးသြားမလားမသိဘူး အကဲစားႀကီးတကယ့္ကို"

ကိုယ့္ဟာကိုယ္ ခပ္တိုးတိုး ညည္းရင္း ေရကန္နဲ႔အနီးဆုံး ေရကန္စပ္က သိပ္မျမင့္တဲ့ ေကာက္႐ိုးပုံေပၚတက္ထိုင္လိုက္ကာ ေလညႇင္းသြဲ႕သြဲ႕တိုက္ခတ္ေနတာကို အရသာခံရႉရႈိက္လိုက္သည္

"ဟူးးးး ေနလို႔ေကာင္းလိုက္တာ ဒီလိုေလးမွေပါ့ ႏို႔မို႔ အိမ္ထဲေအာင္းေနရတာ ၾကာေတာ့လူက ႐ူးခ်င္ေနၿပီ ပ်င္းတာ"

ပြစိပြစိေရ႐ြတ္ေနရင္း ေျခေထာက္ကိုလႊဲလိုက္မိေတာ့ ဖိနပ္တဖက္ ျပဳတ္က်သြားတာေၾကာင့္ ေရွ႕ကို ကုန္းအေကာက္

"ရားးးး ပတ္ဘတ္ဟြၽန္း"

"ဟင္ ေမာင္"

"ဘာလုပ္ေနတာလဲဟမ္ ဘာအခ်ိဳး ခ်ိဳးတာလဲ"

"ဟို ဟို"

ဘယ္ကမွန္းမသိတဲ့ဆိုင္ကယ္ကို မာန္ပါပါနဲ႔ ေဒါက္ေထာက္လိုက္ကာ ကိုယ္ဆီကို ေဒါသအၾကည့္နဲ႔ ၾကည့္ၿပီးတန္းတန္းမတ္မတ္ ျမန္ျမန္ႀကီးေလွ်ာက္လာတဲ့ သူေၾကာင့္ လူက တုန္လႈပ္သြားရကာ က်သြားတဲ့ဖိနပ္ကို မၾကည့္ပဲ လက္ေဝွ႔ယမ္းၿပီးသာ ျပာယာခတ္ရွာေနမိေတာ့ လက္ကအရွိန္လြန္ကာ လူကဟပ္ထိုးႀကီးလွဲခ်လိုက္သလိုျဖစ္သြားရၿပီး

ဗြမ္းးးးးးးးးးး

"ဘတ္ဟြၽန္းး!"

"ေယာက္ဖႀကီးးးး"

*********************

TBC

Love u all❤️

က်ေနာ့္ စာဖတ္သူေလးေတြထဲ ၁၀တန္းေလးေတြပါခဲ့ရင္ အမွတ္အမ်ားႀကီးနဲ႔ ေအာင္ျမင္ၾကပါေစေနာ္ က်ေနာ္လည္းဒီည ရင္ခုန္ရဦးမွာ အိမ္ကသားသားအတြက္❤️

































Continue Reading

You'll Also Like

426K 60.8K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
9.1K 2.1K 39
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
420K 84K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
143K 18.7K 13
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."