"ခေါင်းမူးနေသေးလား"
"အဟွတ် အင်းး"
"ကျွတ်ကျွတ် မောင့်ကို သနားနေပါပြီ"
ရင်ခွင်ထဲ ပိုတိုးလို့ ဝင်လာတဲ့ မောင့်ကို ပိုတင်းကြပ်အောင်ပွေ့ဖက်လိုက်ပြီး ကျောလေးကို အသာအယာ ပွတ်သပ်ပေးနေမိသည်
မနက်ကတည်းက လေတွေပဲအန်ပြီး ခေါင်းမူးနေတာ အခုနေ့ခင်းဘက်တောင်ရောက်နေပြီကို မပြေပျောက်နိုင်သေး ဘုရားဘုရား မလွယ်ပါလား
"အန်ကော အန်ချင်သေးလား "
"ဟင့်အင် ခေါင်းလဲနဲနဲပဲမူးတော့တာ"
"ဆေးသောက်လည်းမပျောက်နဲ့ မောင့်အစား ကျနော်ပဲဖြစ်လိုက်ချင်တော့တယ်"
ရင်ခွင်ထဲကနေ နဲနဲလေးတိုးဖယ်ထွက်လာကာ ကိုယ့်မျက်နှာကို ကြည့်လိုက်ပြီး
"မောင့်ကလေးလေးက နောက်လတွေမှာ မောင်တို့ရဲ့ကလေးလေးအတွက်အမြဲဂရုတစိုက်နဲ့ နေရတော့မှာ အခုမောင်ဖြစ်တာက ပမွှားလေးပါ စိတ်မကောင်းမဖြစ်နဲ့"
"ဟင့် အင့် ကျနော်ကစိတ်မကောင်းဖြစ်တာပေါ့လို့ အီဟီးးးးးးး မောင်က ဒီလောက်ထိခံစားနေရတာကို"
အာဗြဲကြီးနဲ့အော်ငိုလိုက်တော့ ရင်ခွင်ထဲကအတင်းလူးလဲထသွားကာ ကိုယ့်ကိုတပြန်သူ့ရင်ခွင်ထဲဆွဲသွင်းပြီး မျက်ရည်တွေသုတ်ပေးနေပြန်သည်
"မငိုပါနဲ့ဆို ပင်ပန်းလိမ့်မယ်"
"ဟင့် အင့် သူကျမပင်ပန်းတာကျနေတာပဲ ဟင့်"
"ပတ်ဘတ်လေး ငိုနေတာမြင်ရင် မောင်က ပိုပင်ပန်းတာပေါ့ကွ မငိုနဲ့နော် ကလေးကလိမ္မာတယ် တိတ်တိတ်"
"ဟင့်အင့်"
ရဲသွေးသန်းနေတဲ့ ပါးပြင်လေးတွေကို ဖွဖွလေး နေရာအနှံ့ နမ်းရှိုက်နေမိသည် အဆိုးလေး ကလေးလဲမဟုတ်တော့ဘဲနဲ့ကို ထစ်ခနဲရှိ ငိုဖို့ချောင်းနေ
"သားတို့ရေ နေ့လယ်စာ စားကြရအောင်ဟေ့ ဆင်းခဲ့ကြတော့"
အိမ်အောက်ထပ်က အော်ခေါ်နေတဲ့အမေ
"ဟော အမေတောင် လယ်ထဲက ပြန်ရောက်တာ ကြာပြီထင်တယ် လာနေ့လယ်စာစားကြရအောင်"
"မောင် ပြောဦးမယ် အမေက အသက်ကြီးနေပြီ မောင်ဒီလိုဖြစ်တိုင်း အမေလယ်ထဲသွားစီမံပေးရတာ မသင့်တော်ဘူး နောက်နေ့ ကျနော်ပဲ သွားလိုက်မယ်"
ကုတင်ပေါ်က ထထိုင်ကာ လက်ဖမိုးလေးနဲ့ နှာခေါင်းဝကနှာရည်လေးတွေကို သုတ်ရင်းပြောလာတဲ့ငရှုပ် ချန်းယောလ် အီလည်လည်နဲ့သာကြည့်နေမိတော့သည်
*အမလေးလေးးးး လယ်တခုလုံးဗြောင်းဆန်မှာက အကြောင်းမဟုတ်ဘူး ကလေးကသူ့ဗိုက်ထဲမှာ ချော်ပြုလဲနေမှ *
"ဟာာာ ပတ်ဘတ်လေးကလည်း သင့်တော်ပါတယ်"
ချန်းယောလ်ရဲ့လက်၂ဖက်လုံးကို ဆုပ်ကိုင်လှုပ်ယမ်းလိုက်ပြီး
"မသင့်တော်ပါဘူးဆိုနေကွာ နော် နောက်နေ့ ကျနော်ပဲ သွားပေးမယ် မောင်ကပြောလိုက်လေ ဘယ်သူ့ကိုဘာလုပ်ခိုင်း ဘာကို သေချာလုပ်ခိုင်းဆိုတာ"
ချန်းယောလ် သိလိုက်ပြီ ရိုးရိုးသာမန်နဲ့ ဒီကလေးကို ဖြောင့်ဖြလို့ရမှာမဟုတ်တာကို
"မောင့်အချစ်ကလည်း မောင်နေမကောင်းတာကို ပစ်ထားခဲ့ချင်တဲ့သဘောလားပြော မောင်ကဟော့ဒီလို လေး ရင်ခွင်လေးထဲမှာနေနေမှ ပျောက်သွားတာပါဆို"
ချန်းယောလ် ဗြောင်ဘတ်ရဲ့ အချွဲစကေးအတိုင်း ငုတ်တုတ်လေးထိုင်နေသူရဲ့ ရင်ခွင်ထဲကိုပြန်တိုးဝင်ကာ ခပ်ချွဲချွဲပြောလိုက်တော့ ခပ်ဟဟ ရယ်သံလေး ထွက်လာပြီး
"ဟ ဟ ဟ ဟုတ်သားပဲ မောင့်ဘေးမှာ နေပေးရမှာကို"
"အွမ်းလေ အွမ်းလေ မောင့်ကိုပစ်ထားချင်တာလားပြော"
ဘယ်တုန်းကမှ မမြင်မတွေ့ဘူးတဲ့ပုံစံ နှုတ်ခမ်းကြီးထော်ကာ ပြောလာတဲ့ချန်းယောလ်ရဲ့နှုတ်ခမ်းကို ဖွဖွလေးဆွဲလိမ်လိုက်ပြီး
"ဟုတ်ပါပြီ ဘဲကြီးရဲ့ မပစ်ထားချင်ပါဘူးဗျာ ချစ်လွန်းလို့ ဒီလူကောင်ကြီးကို သေးသေးလေး လုပ်ပြီးသာ ငုံထားမိချင်တာပါဗျာ"
"ဟားးဟားးး"
"ဟဲ့ ကလေးတွေမဆင်းလာသေးဘူးလား ကြာလှပြီ ဟင်းတွေအေးတော့မယ်"
"ဟုတ် လာပြီ အမေရေ လာပြီ"
*******************
"ဝါးးးး" "အော့ "
စလာပြီ အမေ့လက်ရာ ဟင်တွေမြင်ရင် ဒီရက်ပိုင်းအတွင်း ထွက်လာနေကျ အသံ၂သံ
"သား ချန်းယောလ် အန်ချင်ပြန်ပြီလား"
"ရ ရတယ်အမေ"
ချန်းယောလ် အန်ချင်တဲ့စိတ်ကို အဆုံးအစွန်ထိ ထိန်းချုပ်လိုက်ပြီး ထမင်းစစားဖို့ ကြိုးစားလိုက်သည် ဒီရက်တွေအတွင်း ဟင်းတွေမြင်ရုံ အနံ့ရရုံနဲ့ ထိုးအန်နေရတာနဲ့ပဲ ငတ်နေတာလဲကြာပြီလေ
"မောင် တကယ် ရရဲ့လားး"
"ရတယ် "
"အဲ့ဒါဆို စားစို့လေ ကျနော်လဲ တော်တော်စားချင်နေပြီ အမေရေကျေးဇူးပါ သားအရမ်းစားကောင်းနေတာ အခုတလော"
"အမလေး စားပါရှင် ၂ယောက်စာဆိုတော့ များများစား"
ရှိသမျှ ဟင်းတွေ အမေကလည်း ဘတ်ဟျွန်း ပန်းကန်ထဲ ထည့်ပေးသလို ဘတ်ဟျွန်းကလဲ အားရပါးရ ကြိတ်နေလေပြီ
အပြီအပြင်ဆွဲနေတဲ့ ဘတ်ဟျွန်းကိုကြည့်ပြီး သတွေးတချက်မျိုချလိုက်မိကာ ရှေ့က အရွက်နဲ့ကြက်သား ကြော်ပန်းကန်ထဲက ဟင်းတဇွန်းခပ်လိုက်ပြီး ထမင်းနဲနဲနဲ့ ပါးစပ်ထဲ ထည့်မည်အလုပ် ဟောင်ခနဲတက်လာတဲ့အနံ့
"အော့ ဝေါ့"
ဇွန်းကိုသာ ပန်းကန်ထဲအမြန်ချလိုက်ပြီး ပန်းကန်ဆေးစင်နားပြေးကာ ထိုးအန်မိတော့သည်
"ရလား မောင်"
"အွမ်း ရတယ် ရတယ် ထမင်းပဲ ဆက်စား စားနေတုန်းကြီးကို သွားသွား"
ကမ်းပေးလာတဲ့ ရေတခွက်ကို ပလုပ်ကျင်းကာ သောက်လိုက်ပြီးပြောတော့
"အွမ်းပါ မောင်ရဲ့ အန်ချင်သေးလား "
"ဟင့်အင် ရပြီ"
"ထ အဲ့တာဆို "
ထမင်းဝိုင်းနဲ့ မလှမ်းမကမ်း ပက်လက်ကုလားထိုင်မှာ ထိုင်ခိုင်ပြီး
"ဒီမှာပဲ ထိုင်နေတော့နော် ခေါင်းပြန်မူးမှာစိုးလို့ ရော့ သံပုရာသီးလေးကော ရှူနေ"
သူ့ဟာသူ အစဉ်တကျနဲ့ ဟုတ်နေရောပဲ
ချန်းယောလ်လဲ သူနေရာချပေးတဲ့နေရာမှာသာ ထိုင်နေရင်း သံပုရာသီးလေးကိုသာရှူနေမိသည်
*ဂွီ!!!!"
ပါးစပ်ကသာ စားချင်စိတ်မရှိတာ ဗိုက်ကတော့ ဆာနေလှပြီ လှမ်းကြည့်တော့လဲ အမေနဲ့ဘတ်ဟျွန်းတို့က အားရပါးရတွယ်နေကြပြီ
"အားးး ဆာလိုက်တာ"
ချန်းယောလ် တိုးတိုးလေး ညည်းလိုက်မိသည် တော်သေးတယ် ဒါမျိုးတွေသူ့ဆီမှာပဲ လာဖြစ်လို့ ငရှုပ်ဆီ ဖြစ်လို့ကတော့ မနဲ ချော့မော့နေရမယ့်အဖြစ်
" မောင် အင့် ခုနကမှပြုတ်နေလို့ ဆာနေပြီမို့လား"
သိပ်မကြာပါဘူး ခုံပုလေး ဆွဲလာကာ ဘေးနားလာထိုင်ပြီး ကန်စွန်းဥပြုတ်လေးကို သေချာအခွံနွှာပေးနေပြန်သည်
"နဲနဲဆို အရမ်းဆာနေပြီ"
"ဖူးးးးဖူးးးးး အင့် ပူဦးမယ်"
ပါးစပ်နားလေး ကပ်ကာ အပူသက်သာအောင် တဖူးဖူးမှုတ်လိုက်ပြီး လာခွံ့ကျွေးတာမို့ အလိုက်သင့်ပြန်စားပေးလိုက်သည်
"တော်သေးတာပေါ့ ဒါတော့ စားလို့ရလို့ အဆင်ပြေတယ်မို့လား"
ချန်းယောလ် ပါးစပ်ထဲက ဝါးနေရင်းနဲ့မို့ ခေါင်းသာ ဆက်တိုက် ငြိမ့်ပြလိုက်မိသည်
"ကျနော့်ရဲ့ ကန်စွန်းဥပြုတ် လူသားကြီး ခိခ်ခိခ်"
ဘတ်ဟျွန်းက ချန်းယောလ်ကိုပြောရင်း လက်ထဲက ကန်စွန်းဥပြုတ်ကို သူပါ စားလိုက်တာမို့
"အဟွတ် အဟွတ်"
"ဟာ ဖွဖွ သီးကုန်တော့မယ်"
"ဟီးးပြောချင်စိတ်လောသွားလို့ ကိုယ်တင်မကဘူး ဗိုက်ထဲက ဘေဘီပါ ကန်စွန်းဥဘေဘီ ဖြစ်တော့မှာ"
"ဟားးးဟားးးးးး တကယ်နော် အဲ့ဒါဆို ကန်စွန်းဥ မိသားစုပေါ့ ခိခ်ခိခ်"
********************
TBC
LOVE U ALL❤️
အပျင်းတစ်တာကော စသုံးလုံး လုပ်နေတာကောမို့ ကြာသွားတယ်🙇♀️ ကျနော်တို့လဲ စာဖတ်သူအဖြစ်ကနေမှ စာရေးသူဖြစ်လာတာပါ ကိုယ်သဘောကျတဲ့ စာရေးသူတွေRESTသွားတာ တကယ်စိတ်မကောင်းဘူး မBlameသင့်ပါဘူးနော် ဒီလိုလေးတွေရေးလို့ ကျနော်တို့လဲ ဘာအကျိုးအမြတ်မှ မရပါဘူး စာရေးသူတွေက အမြဲစာဖတ်သူတွေကို ဦးစားပေးပြီးသား ဝေဖန်မှုတွေ အကြံပေးထောက်ပြမှုတွေကို ကြိုဆိုပြီးသားပါ ❤️ ကိုယ်ကျိုးလဲမရှိပဲ ဝါသနာအရ ရေးနေတဲ့ စာရေးသူတွေကို ကျေးဇူးပြု ပြီး မBlameကြပါနဲ့❤️ ဒီလိုလေးပြောလို့ ကျနော်ကလဲ ဘာကောင်မှမဟုတ်ပါဘူး ကျနော့်ကိုပြောနေကြလို့လဲမဟုတ်ပါဘူး follower 1kတောင်မပြည့်သေးပါဘူး အခုဟာက ကိုယ်အရမ်းကြိုက်ခဲ့တဲ့ စာရေးသူတွေ rest လုပ်သွားလို့ နှမြောလို့ လာရင်ဖွင့်တာ❣️
"ခေါင်းမူးနေသေးလား"
"အဟွတ် အင်းး"
"အန်ကော အန်ချင်သေးလား "
"ဟင့်အင့်"
"ဟားးဟားးး"
"ဟုတ် လာပြီ အမေရေ လာပြီ"
*******************
"ဝါးးးး" "အော့ "
"ရ ရတယ်အမေ"
"မောင် တကယ် ရရဲ့လားး"
"ရတယ် "
"အော့ ဝေါ့"
"ရလား မောင်"
"ဟင့်အင် ရပြီ"
"ထ အဲ့တာဆို "
*ဂွီ!!!!"
"အားးး ဆာလိုက်တာ"
"နဲနဲဆို အရမ်းဆာနေပြီ"
"အဟွတ် အဟွတ်"
********************
TBC
LOVE U ALL❤️