❤စီးအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း ၁၁၉။
" ဒီေနရာကို ဘာလာလုပ္တာလဲ...? ဒီေနရာက ဥကၠဌႀကီး လာရမယ့္ေနရာ မဟုတ္ဘူးထင္တယ္....''
လုခ်င္းယီ....အံႀကိတ္ကာ ေျပာလာေခ်၏။ သူမရဲ႕ ေဘးမွာေတာ့ ႐ွန္းရီ ရပ္ေနၿပီး ဘာမွေတာ့ ဝင္မေျပာေပ။
ဆန္းဥကၠဌႀကီးနဲ႔က အရင္....စီးပြားေရးကိစၥနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့ဖူးေပမယ့္ အခု အေျခအေနကေတာ့ တကယ္ကို ကြဲျပားသြားေလၿပီ....
" အဖိုး...ခဏပဲေနမွာ.....ေျမးေလးအေမဆီကို လာခ်င္တဲ့စိတ္ ေပၚလာလို႔ပါ...''
ဆန္းဥကၠဌႀကီးကေတာ့ သူ႔ေျမးမေလး ေနာက္ဆံုးျပံဳးျပခဲ့တာကိုေတာင္ ေမ့လို႔ေနေလၿပီ။ ဒါေတြကလည္း သူ႔အတၱေတြေၾကာင့္ပဲ မဟုတ္လား.........မိသားစုကို ဂ႐ုမစိုက္ဘဲ စီးပြားေရးနဲ႔သာ လံုးပမ္းေနခဲ့တဲ့ သူ႔ရဲ႕ အျပစ္ေတြေၾကာင့္ ဒီလိုျဖစ္လာရတာ...! အတိတ္ကအျဖစ္အပ်က္ေတြက သူ႔ကို ေျခာက္လွန္႔လို႔ေန၏။
သူ႔ရဲ႕ ေျမးမေလးက ပင္ပန္းဆင္းရဲစြာနဲ႔ ေလာကဒဏ္ကို ဘယ္ေလာက္ေတာင္ ခံလိုက္ရမလဲ...? ေနာက္ၿပီး သူ႔ရဲ႕ ေနာက္ထပ္ သားသမီးေတြကလည္း အႏိုင္က်င့္ၾကေသးတယ္.......ဒါေပမယ့္.....
အခုေတာ့ အဲ့ဒီဒုကၡေတြကေန သူမျဖတ္ေက်ာ္ႏိုင္ၿပီ ထင္ပါတယ္.....
" ဒါဆိုလည္း သြားပါေတာ့.....အခုအခ်ိန္မွ ကြၽန္မအေမအေပၚ.....မလုပ္ေပးခဲ့တာေတြ႐ွိတယ္ဆိုၿပီး ေနာင္တရေနလို႔ ဘာမွမထူးေတာ့ဘူး....''
လုခ်င္းယီ ....တဆတ္ဆတ္တုန္ရီရင္း ေျပာလာ၏။
ဟုတ္တယ္...အရမ္းကို ေနာက္က်သြားၿပီပါလား.......ငါသာ ေနာက္မိန္းမ မယူခဲ့ဘူးဆိုရင္ ငါ့မိန္းမေရာ ငါ့သမီးေရာ ဒီလိုခံစားရမွာမဟုတ္ဘူး......ငါ...မကာကြယ္ေပးလိုက္ႏိုင္ခဲ့ဘူး......ငါ့သမီးကို အေမြျဖတ္ခဲ့မိတာ အမွားဆံုး လုပ္ရပ္ပဲ....!
" ဘယ္အခ်ိန္ျပန္လာဖို႔ စိတ္ကူးထားလဲ..
.? ခ်င္းအာ...''
ဆန္းဥကၠဌႀကီး ေမးလာ၏။ သူ႔ေျမးမေလးကို ကာကြယ္ဖို႔ေတာ့ ေနာက္မက်ေသးဘူးမလား...? ဘယ္လိုပဲျဖစ္ျဖစ္ လုခ်င္းယီဟာ သူ႔ရဲ႕ ေသြးသားပါပဲ.....
" ကြၽန္မအေမရဲ႕ ရင္ထိုးကို ျပန္ေပးရင္ေတာ့ ျပန္လာရင္ျပန္လာမွာေပါ့......ေဖးရန္က ငယ္ငယ္ေလးကတည္းက ကြၽန္မဆီကေန လုသြားတာ...''
ဒီပစၥည္းေလးက ဆန္းမိသားစုကေန သူမအလိုခ်င္ဆံုးတစ္ခုပင္။ ေနာက္ၿပီး ဒီပစၥည္းကဆန္းမိသားစု အစဥ္အဆက္ ဆက္ခံခဲ့တဲ့ ပစၥည္းဆိုလည္း ဟုတ္ေပသည္။ အဲ့ဒီပစၥည္းကို ပိုင္ဆိုင္တဲ့သူသာလ်ွင္ ဆန္းမိသားစုရဲ႕ အေမြေတြကို ဆက္ခံရလိမ့္မည္။
သူမရဲ႕ ႐ွစ္ႏွစ္ျပည့္ေမြးေန႔တုန္းက ရင္ထိုးကို သူမအေမေပးခဲ့တာျဖစ္ၿပီး သူမအေမရဲ႕ ေနာက္ဆံုးလက္ေဆာင္ဆိုလည္း မမွားေပ။ သူမ ဆန္းစံအိမ္မွာေနတုန္းက သူမရဲ႕ ဝမ္းကြဲေမာင္ႏွမျဖစ္တဲ့ ဆန္းေဖးယန္...လုယူသြားခဲ့သည္။ သူမျပန္ရေအာင္ ႀကိဳးစားခဲ့ေပမယ့္ ဆန္းေဖးယန္က လြန္ခဲ့တဲ့ ဆယ္ႏွစ္ကတည္းက ႏိုင္ငံျခားမွာ ပညာသြားသင္တဲ့အတြက္ အစအနေတာင္ မေတြ႔ရေတာ့ေပ။
ဆန္းေဖးယန္က စာအရမ္းေတာ္တဲ့အတြက္ ဆန္းမိသားစုရဲ႕ အားကိုးရာတစ္ေယာက္ျဖစ္ေခ်၏။
သူမက ဥာဏ္ေကာင္းျပီး ပညာေရးဘက္မွာလည္း ထူးခြၽန္တာေၾကာင့္ ဆန္းေကာ္ပိုေရး႐ွင္းရဲ႕ ဆက္ခံသူအျဖစ္လ်ာထားၾကသည္။
" ရင္ထိုးလား...?''
ဆန္းဥကၠဌႀကီးက မ်က္ေမွာင္ၾကဳတ္ကာ လက္ေနာက္ပစ္ၿပီး ေျပာလာေခ်၏။
" ကိုယ့္ကိုယ္ကို အေမြဆက္ခံသူအျဖစ္ သတ္မွတ္ထားေစခ်င္ရင္ ေျမးေလးမွာ ရင္ထိုး႐ွိေနရမွာေပါ့....''
" မဟုတ္ဘူး....!''
လုခ်င္းယီ... ေဒါသထြက္ၿပီး ေအာ္လာေလ၏။
႐ွန္းရီကေတာ့ သူ႔မိန္းမရဲ႕ ထူးဆန္းတဲ့ အျပဳအမူေၾကာင့္ အံ ့ျသလိုေန၏။ သေဘၤာခရီးစဥ္ကေန အခုေနလာတဲ့တစ္ေလ်ွာက္ သူမ...အခုလို ေဒါသထြက္ေနတာမ်ိဳးကို တစ္ခါမွ မျမင္ဖူးေပ။ သူမမိသားစုရဲ႕ ျပႆ နာက အဲ့ေလာက္ထိေတာင္ ေဒါသထြက္ေစတာလား... ? အရင္ကလည္း ရင္ထိုးအေၾကာင္း သူ႔ကို မေျပာဖူးပါဘူး.....
ဆန္းေဖးယန္။ ဒီနာမည္ကို သူၾကားဖူးေနေပမယ့္....မမွတ္မိေနေပ။
သူမက ႐ွန္းစံအိမ္မွာ..... သူမအေဒၚနဲ႔ ဆန္းက်ီရန္ကို ခနဲ႔တဲ့စကားေတြနဲ႔ ဆန္းမိသားစုကို ျပန္လာမယ္ဆိုၿပီး ေျပာဆိုခဲ့မိသည္။ တကယ့္ေတာ့ သူမ အဲ့ဆီကို လံုးဝမသြားခ်င္ေတာ့ပါ။ ႐ွန္းရီနားမွာပဲ တစ္သက္လံုး ေအးေအးခ်မ္းခ်မ္းနဲ႔ေနၿပီး သူမအေမပိုင္တဲ့ ပစၥည္းကိုသာ ျပန္လိုခ်င္ေနခဲ့တာပင္။
" နင့္အေမက နင့္ကို အဲ့ပစၥည္းေပးခဲ့တယ္....အဲ့ဒီပစၥည္းက ဆန္းမိသားစုရဲ႕ ေသြးသားအရင္းသာ ပိုင္ဆိုင္ခြင့္႐ွိတယ္ဆိုတာလည္း မွန္ပါတယ္.....ဒါေပမယ့္ နင့္ကိုယ္နင္ အဲ့အေမြပစၥည္းနဲ႔ ထိုက္တန္တယ္လို႔ ထင္ေနလား....!''
ဆန္းဥကၠဌႀကီးက ခ်င္းယီကို အဲ့လိုနာေအာင္ေျပာရင္....သူမလည္း မခံခ်င္တဲ့စိတ္နဲ႔ သူမကိုယ္သူမ ကိုယ္ရည္ကိုယ္ေသြး ျမႇင့္တင္လာမလား ဆိုတဲ႕ အၾကံနဲ႔ သူ႔ရဲ႕ စိတ္ကူးကို ေျပာင္းလဲပစ္ခဲ့သည္။ ခ်င္းယီက ဒီပစၥည္းကို တကယ္လိုခ်င္ရင္ ဆန္းေဖးယန္ကို ရင္ဆိုင္ရလိမ့္မည္။ အဲ့တာမွ သူမရဲ႕ အရည္အခ်င္းေတြ ထြက္လာမွာ.....
တကယ္ေတာ့ ခ်င္းယီက အေမြဆက္ခံထိုက္သူ ျဖစ္ၿပီးသားပါ.....
❤စီးအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၁၁၉။
" ဒီနေရာကို ဘာလာလုပ်တာလဲ...? ဒီနေရာက ဥက္ကဌကြီး လာရမယ့်နေရာ မဟုတ်ဘူးထင်တယ်....''
လုချင်းယီ....အံကြိတ်ကာ ပြောလာချေ၏။ သူမရဲ့ ဘေးမှာတော့ ရှန်းရီ ရပ်နေပြီး ဘာမှတော့ ဝင်မပြောပေ။
ဆန်းဥက္ကဌကြီးနဲ့က အရင်....စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ဖူးပေမယ့် အခု အခြေအနေကတော့ တကယ်ကို ကွဲပြားသွားလေပြီ....
" အဖိုး...ခဏပဲနေမှာ.....မြေးလေးအမေဆီကို လာချင်တဲ့စိတ် ပေါ်လာလို့ပါ...''
ဆန်းဥက္ကဌကြီးကတော့ သူ့မြေးမလေး နောက်ဆုံးပြုံးပြခဲ့တာကိုတောင် မေ့လို့နေလေပြီ။ ဒါတွေကလည်း သူ့အတ္တတွေကြောင့်ပဲ မဟုတ်လား.........မိသားစုကို ဂရုမစိုက်ဘဲ စီးပွားရေးနဲ့သာ လုံးပမ်းနေခဲ့တဲ့ သူ့ရဲ့ အပြစ်တွေကြောင့် ဒီလိုဖြစ်လာရတာ...! အတိတ်ကအဖြစ်အပျက်တွေက သူ့ကို ခြောက်လှန့်လို့နေ၏။
သူ့ရဲ့ မြေးမလေးက ပင်ပန်းဆင်းရဲစွာနဲ့ လောကဒဏ်ကို ဘယ်လောက်တောင် ခံလိုက်ရမလဲ...? နောက်ပြီး သူ့ရဲ့ နောက်ထပ် သားသမီးတွေကလည်း အနိုင်ကျင့်ကြသေးတယ်.......ဒါပေမယ့်.....
အခုတော့ အဲ့ဒီဒုက္ခတွေကနေ သူမဖြတ်ကျော်နိုင်ပြီ ထင်ပါတယ်.....
" ဒါဆိုလည်း သွားပါတော့.....အခုအချိန်မှ ကျွန်မအမေအပေါ်.....မလုပ်ပေးခဲ့တာတွေရှိတယ်ဆိုပြီး နောင်တရနေလို့ ဘာမှမထူးတော့ဘူး....''
လုချင်းယီ ....တဆတ်ဆတ်တုန်ရီရင်း ပြောလာ၏။
ဟုတ်တယ်...အရမ်းကို နောက်ကျသွားပြီပါလား.......ငါသာ နောက်မိန်းမ မယူခဲ့ဘူးဆိုရင် ငါ့မိန်းမရော ငါ့သမီးရော ဒီလိုခံစားရမှာမဟုတ်ဘူး......ငါ...မကာကွယ်ပေးလိုက်နိုင်ခဲ့ဘူး......ငါ့သမီးကို အမွေဖြတ်ခဲ့မိတာ အမှားဆုံး လုပ်ရပ်ပဲ....!
" ဘယ်အချိန်ပြန်လာဖို့ စိတ်ကူးထားလဲ..
.? ချင်းအာ...''
ဆန်းဥက္ကဌကြီး မေးလာ၏။ သူ့မြေးမလေးကို ကာကွယ်ဖို့တော့ နောက်မကျသေးဘူးမလား...? ဘယ်လိုပဲဖြစ်ဖြစ် လုချင်းယီဟာ သူ့ရဲ့ သွေးသားပါပဲ.....
" ကျွန်မအမေရဲ့ ရင်ထိုးကို ပြန်ပေးရင်တော့ ပြန်လာရင်ပြန်လာမှာပေါ့......ဖေးရန်က ငယ်ငယ်လေးကတည်းက ကျွန်မဆီကနေ လုသွားတာ...''
ဒီပစ္စည်းလေးက ဆန်းမိသားစုကနေ သူမအလိုချင်ဆုံးတစ်ခုပင်။ နောက်ပြီး ဒီပစ္စည်းကဆန်းမိသားစု အစဉ်အဆက် ဆက်ခံခဲ့တဲ့ ပစ္စည်းဆိုလည်း ဟုတ်ပေသည်။ အဲ့ဒီပစ္စည်းကို ပိုင်ဆိုင်တဲ့သူသာလျှင် ဆန်းမိသားစုရဲ့ အမွေတွေကို ဆက်ခံရလိမ့်မည်။
သူမရဲ့ ရှစ်နှစ်ပြည့်မွေးနေ့တုန်းက ရင်ထိုးကို သူမအမေပေးခဲ့တာဖြစ်ပြီး သူမအမေရဲ့ နောက်ဆုံးလက်ဆောင်ဆိုလည်း မမှားပေ။ သူမ ဆန်းစံအိမ်မှာနေတုန်းက သူမရဲ့ ဝမ်းကွဲမောင်နှမဖြစ်တဲ့ ဆန်းဖေးယန်...လုယူသွားခဲ့သည်။ သူမပြန်ရအောင် ကြိုးစားခဲ့ပေမယ့် ဆန်းဖေးယန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက နိုင်ငံခြားမှာ ပညာသွားသင်တဲ့အတွက် အစအနတောင် မတွေ့ရတော့ပေ။
ဆန်းဖေးယန်က စာအရမ်းတော်တဲ့အတွက် ဆန်းမိသားစုရဲ့ အားကိုးရာတစ်ယောက်ဖြစ်ချေ၏။
သူမက ဉာဏ်ကောင်းပြီး ပညာရေးဘက်မှာလည်း ထူးချွန်တာကြောင့် ဆန်းကော်ပိုရေးရှင်းရဲ့ ဆက်ခံသူအဖြစ်လျာထားကြသည်။
" ရင်ထိုးလား...?''
ဆန်းဥက္ကဌကြီးက မျက်မှောင်ကြုတ်ကာ လက်နောက်ပစ်ပြီး ပြောလာချေ၏။
" ကိုယ့်ကိုယ်ကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ထားစေချင်ရင် မြေးလေးမှာ ရင်ထိုးရှိနေရမှာပေါ့....''
" မဟုတ်ဘူး....!''
လုချင်းယီ... ဒေါသထွက်ပြီး အော်လာလေ၏။
ရှန်းရီကတော့ သူ့မိန်းမရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အံ ့သြလိုနေ၏။ သငေ်္ဘာခရီးစဉ်ကနေ အခုနေလာတဲ့တစ်လျှောက် သူမ...အခုလို ဒေါသထွက်နေတာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူမမိသားစုရဲ့ ပြဿ နာက အဲ့လောက်ထိတောင် ဒေါသထွက်စေတာလား... ? အရင်ကလည်း ရင်ထိုးအကြောင်း သူ့ကို မပြောဖူးပါဘူး.....
ဆန်းဖေးယန်။ ဒီနာမည်ကို သူကြားဖူးနေပေမယ့်....မမှတ်မိနေပေ။
သူမက ရှန်းစံအိမ်မှာ..... သူမအဒေါ်နဲ့ ဆန်းကျီရန်ကို ခနဲ့တဲ့စကားတွေနဲ့ ဆန်းမိသားစုကို ပြန်လာမယ်ဆိုပြီး ပြောဆိုခဲ့မိသည်။ တကယ့်တော့ သူမ အဲ့ဆီကို လုံးဝမသွားချင်တော့ပါ။ ရှန်းရီနားမှာပဲ တစ်သက်လုံး အေးအေးချမ်းချမ်းနဲ့နေပြီး သူမအမေပိုင်တဲ့ ပစ္စည်းကိုသာ ပြန်လိုချင်နေခဲ့တာပင်။
" နင့်အမေက နင့်ကို အဲ့ပစ္စည်းပေးခဲ့တယ်....အဲ့ဒီပစ္စည်းက ဆန်းမိသားစုရဲ့ သွေးသားအရင်းသာ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာလည်း မှန်ပါတယ်.....ဒါပေမယ့် နင့်ကိုယ်နင် အဲ့အမွေပစ္စည်းနဲ့ ထိုက်တန်တယ်လို့ ထင်နေလား....!''
ဆန်းဥက္ကဌကြီးက ချင်းယီကို အဲ့လိုနာအောင်ပြောရင်....သူမလည်း မခံချင်တဲ့စိတ်နဲ့ သူမကိုယ်သူမ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်လာမလား ဆိုတဲ့ အကြံနဲ့ သူ့ရဲ့ စိတ်ကူးကို ပြောင်းလဲပစ်ခဲ့သည်။ ချင်းယီက ဒီပစ္စည်းကို တကယ်လိုချင်ရင် ဆန်းဖေးယန်ကို ရင်ဆိုင်ရလိမ့်မည်။ အဲ့တာမှ သူမရဲ့ အရည်အချင်းတွေ ထွက်လာမှာ.....
တကယ်တော့ ချင်းယီက အမွေဆက်ခံထိုက်သူ ဖြစ်ပြီးသားပါ.....