ေပြလီငရႈပ္ေလးရဲ႕ခ်စ္ရသူ

By naneikhin

85.6K 8.6K 462

PCY-ေတာ္ေတာ္လည္တဲ့ငရႈပ္ BBH-သဲ လည္တာခ်စ္ဖို႔မေကာင္းဘူးလားလို႔ ဟင္ ဘဲႀကီး More

ချစ်ရပါသော မောင်မောင်ဗိုက် Fic Book Announcement 💌
Intro
Intro
1 zaw
1 uni
🙋✨
2 zaw
2 uni
3 zaw
3 uni
4 zaw
4 uni
5 zaw
5 uni
6 Zaw+Uni
7 Zaw+Uni
8 Zaw + Uni
9 Zaw+Uni
10 Zaw+Uni
11 Zaw+Uni
12 Zaw+Uni
14 Zaw+Uni
15 Zaw+Uni
16 Zaw+Uni
17 (1) Zaw+Uni
17(2)Zaw+Uni
18 Zaw+Uni
19 Zaw+Uni
20 Zaw+Uni
21 Zaw+Uni
22(1)Zaw+Uni
22(2)Zaw+Uni
23 Zaw+Uni
24 Zaw+Uni
25 Zaw+Uni
26(1)Zaw+Uni
26(2) Zaw+Uni
27 Zaw+Uni
28 Zaw+Uni
29 Zaw+Uni
30 Zaw+Uni
Final ❤️
Extra✨

13 Zaw+Uni

1.8K 264 15
By naneikhin

"မျက်နှာကြီးကလည်း မှုန်ကုပ်လို့ ယောက်ဖကြီးရာ စောစောစီးစီး"

မနက်စာစားပြီးလို့ ပန်းကန်ဆေးနေတဲ့အနား အိုဆယ်ပေါက်က ပန်ကန်တချို့ယူလာပေးရင်းပြောတာမို့

"........"

"ဟိုတယောက်လဲကြည့်ဦး တကယ်ပဲဘာဖြစ်နေကြတာလဲ ဟမ် အဲ့လိုတွေစူပုတ်နေကြတော့ကျနော်တောင်မနေတတ်တော့ဘူး"

အနားတိုးလာပြီး တိုးတိုး တိုးတိုးနဲ့ကပ်မေးနေတဲ့ကြက်ပေါက်ကို အသာတွန်းလိုက်ပြီး

"အတင်းကပ်မနေနဲ့ကွာ စိတ်ညစ်ရတဲ့အထဲ"

"သိချင်လို့ပြောဗျာ ဘာလဲမနေ့ကကိစ္စအခဲမကြေကြသေးတာလား"

"မဟုတ်ပါဘူးကွာ.....ငါထပ်အမှားလုပ်လိုက်လို့"

"ကောင်းရော ယောက်ဖကြီးတို့ကတော့ လွဲလွဲစိန်ပဲနော် မနေ့ကလည်းပြောတယ်လက်လွန်မယ်လို့ကျနော်တားနေတာကို"

ဆယ်ဟွန်းက ဆေးပြီးသားပန်းကန်တွေကူထပ်ပေးရင် ပွစိပွစိပြောနေတာ လူကြီးလိုလိုနဲ့

"ဒီဖေ ငါဆဲမိတော့မယ် မနေ့က ယောက်ဖကြီး ချချ နဲ့အားပေးတာ ဘယ်ကခွေးပေါက်လဲ မင်း ငါမပြောချင်ဘူး"

"ဟီးးးးးး အဲ့လိုအားပေးခဲ့မိလို့လားး"

သွားအဖြီးသားနဲ့ခေါင်းကုတ်ဖင်ကုတ်မေးလာတဲ့ဆယ်ဟွန်းကိုလေတယ်ဆိုတဲ့ပုံမျိုးနဲ့ကြည့်လိုက်ပြီး

"လိ့တဲ့မှပဲ ပြန်ရစ်ပြလို့ရရင် ရစ်ပြလိုက်ချင်တယ်"

"စိတ်ထိန်းယောက်ဖ စိတ်ထိန်း ဟဲဟဲ ပြီးခဲ့တာလဲ ပြီးပါစေတော့လေ"

"ခုမှ တရားပေါက်သလိုပြောမနေနဲ့ မင်းဖေက ငါ့ကြည်မနေတော့ဘူး"

"ဟားးဟားးးလင်နဲ့လင်ပဲဗျာ တော်ပြီ အိမ်ပြန်တော့မယ် ဂျုံဂျုံ လေးနဲ့မတွေ့တာကြာပြီ သွားချောင်းပြီးမှပဲ အိမ်ပြန်မယ် လိုက်ဦးမလား"

"ဟိုမှာ ဟိုးးမှာ တွေ့လား"

ဘတ်ဟျွန်းလက်ညိုးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ မနက်စာစားအပြီးကုလားထိုင်ပေါ်ထိုင်ကာ သတင်းစာထိုင်ဖတ်နေတဲ့ သူ့ချစ်လှစွာသောလင်တော်မောင်အကိုချန်းယောလ်

"အကိုချန်းယောလ်လေ ဘာဖြစ်လို့လဲ"

"အေး အဲ့ငါ့လင်က ငါလက်ယားလက်ယား အပြင်ထွက်မိရင် မကြည်ရုံတင်မကဘူးနောက်ပြီး အိမ်ပေါ်ကပါကန်ချနိုင်တယ် နားလည်လား"

"........."

"အဲ့တော့ ကိုယ်တော် ကိုယ့်ဘာသာကိုယ် ကြွတော့ဗျာ"

"အမလေးလေး  သူ့လင်ကျကြောက်လိုက်တာလွန်ရော သွားပြီ သွားပြီ "

ခြေဆောင့်ကာ ထွက်သွားတဲ့ဆယ်ဟွန်းနောက် ဘတ်ဟျွန်းပွစိပွစိရွတ်ရင်းသာ ပန်းကန်ဆေးရင်းကျန်ခဲ့တော့သည်

********************

"ဟာ ဖေဖေ"

"သားးး"

အမေ့ကို နေ့လယ်စာဟင်းအတွက် ဟင်းရွက်ကူခြွေနေတုန်း ခြံပေါက်ဝကနေ ဘွားကတည်းပေါ်လာတဲ့ဖေဖေ့ကြောင့်အပြေးသွားမိသည်

"သားက ဖေဖေ့ကိုခုနေ့ မလာတော့ဘူးလားလို့"

"နဲနဲနောက်ကျသွားတာသားရေ ဟိုမှာလေ မင်းမေမေနဲ့ညီမလေးက လိုက်ချင်ပါတယ်ဆိုလို့စောင့်နေရတာ"

ပြောလည်းပြော အနောက်ကိုညွှန်ပြနေနဲ့ဖေဖေ့ကြောင့်ကြည့်မိတော့ ဖေဖေ့နောက်ကနေ ကိုယ့်ကို မချိပြုံး လှမ်းပြုံးပြနေတဲ့ သားအမိ၂ယောက်

"အာ"

"ဟဲ့ သမက်လေး သားဖေဖေတို့ကိုအိမ်ထဲခေါ်လေ ခြံဝကြီးမှာအားနာစရာ"

"အာ ဟုတ်သားပဲ လာဖေဖေ အထဲဝင် အန်တီ ညီမလေး လာလာ"

"ကြွပါဦးရှင့် အိမ်ထဲကို"

ဖေဖေတို့ကို အိမ်ရှေ့ခန်းမှာနေရာချထားပေးပြီးမှ အမေနဲ့အတူ မုန့်နဲ့အအေးပြင်ဆင်ပေးရသေးသည်

"မင်းအမျိုးသားကော သား"

"လယ်ထဲ ခနသွားတယ်ဖေဖေ မနက်ကတော့ မောင်ကစောင့်နေသေးတယ် အဲ့တာ ဖေဖေတို့လည်းမလာသေးတာကော လယ်ထဲကလည်းကိစ္စရှိတာနဲ့ ခနထွက်သွားတာ ပြန်လာတော့မှာရယ်"

"ထိုင်လေသားရယ် သားဖေဖေနဲ့အတူ ထိုင်နေ "

အမေက အကြမ်းရည်အိုးလာချပေးရင်းနဲ့ ဘေးကနေမတ်တပ်ရပ်ကာပြောနေသောဘတ်ဟျွန်းကို ဖေဖေ့နားသွားထိုင်ခိုင်းနေသည်

"မေ့နေတာ ဖေဖေ ဒါမောင့်အမေလေ"

"တွေ့ရတာဝမ်းသာပါတယ်ဗျ"

"ဟုတ်ကဲ့ပါရှင် ကျမက အားနာနေတာ သူဋ္ဌေးကြီးတို့ အဆင်ပြေကြရဲ့လားမသိဘူး နယ်ဆိုတော့လဲ"

"အာ မဟုတ်တာ အဆင်ပြေပါတယ်ဗျာ ပြီးတော့ကျေးဇူးတင်တယ်ဗျာ အမကြီးတို့ကို ဒီမှာကျနော့်သားသိပ်စိတ်ချမ်းသာနေပုံပဲ ဝကစ်လို့"

"ဟာ ဖေဖေကလည်း"

"သုံးဆောင်ပါဦး ဒီကညီမတို့လည်း"

"ဟုတ်"

ဖေဖေကသာ စကားတွေ ရွှန်းရွှန်းဝေအောင်ပြောနေပေမဲ့ ဘေးကတိတ်နေတဲ့ အန်တီတို့ကို အမေက ဆန်မုန့်ပန်းကန်တိုးပေးရင်း ဧည့်ခံရှာသည်

"ဟော သားပြန်လာပြီ လာလာသားရေ ဒီမှာ ဘတ်ဟျွန်းလေး ဖေဖေတို့ရောက်နေပြီ"

"ဟုတ် "

အိမ်ထဲဝင်ကာရှိသေး အနားကိုလှစ်ခနဲရောက်လာကာ လက်မောင်းကနေဆွဲပြီးသူ့အဖေရှေ့ခေါ်သွားကာ

"ဖေဖေ ဒါသား အမျိုးသား ပတ်ချန်းယောလ်တဲ့"

"သားရေ တွေ့ရတာဝမ်းသာတယ်ကွယ် အလုပ်မအားတာနဲ့ပဲ ခုမှလာတွေ့ရတော့တယ်"

"ဟာ မဟုတ်တာ အန်ကယ်ရယ် ကျနော်တို့လူငယ်တွေက လာတွေ့ရမှာကို"

မောင်ကပြောတော့ ဖေဖေကပြုံးပြီးတော့သာ ကြည့်နေသည်

"ကိုကို ညီမလေးနာမည်က ဗြောင်နာယောင်းတဲ့ မှတ်ထားနော်"

"အာ ဟုတ် "

တချိန်လုံးတိတ်ဆိတ်နေတဲ့သူက မောင့်ကို အပြုံးကြီးနဲ့ အတင်းလာမိတ်ဆက်နေတာမို့ သိပ်ဘဝင်မကျချင်ပေမဲ့လဲ ဘာမှပြောလို့မရတဲ့ကိုယ့်ဘဝ

"ဟို နေ့လယ်စာ စားကြတော့မလား"

"ရတယ်အမကြီး ကျနော်တို့က စားခဲ့ပြီရယ် ခနနေ ပြန်တော့မှာမို့ ဘာမှ မလုပ်ပါနဲ့တော့ဗျာ"

"ဟင် နေပါဦးဖေဖေကလည်း"

"ညနေ လေယာဉ်ချိန်နဲ့သွားရမှာမို့သားရေ အခုက ဖေဖေသားကိုလာပြန်ခေါ်တာ"

"ဟင်"

"ဖေဖေ သွားရင် အိမ်မှာ မင်းမေမေတို့သားအမိ၂ယောက်တည်းမို့ ဖေဖေပြန်လာတဲ့ထိ ခနပြန်လာနေပေးပါလားကွယ်"

"ဟို အန်တီကြီးတို့ ခြံစောင့်ဦးလေးကြီးတို့ကကော"

"သူတို့က ခွင့်နဲ့ပြန်သွားလို့ကွဲ့ ဘတ်လေးရဲ့"

ခပ်မဲ့မဲ့အပြုံးနဲ့ပြောလာတဲ့အန်တီ့ကြောင့် ဘတ်ဟျွန်းအန်တီတို့ဘယ်ခြေလှမ်းလှမ်းနေပြီဆိုတာသိလိုက်ပြီ ဟိုးငယ်ငယ်တည်းက ဖေဖေ နိုင်ငံခြားခရီးစဉ်ရက်ရှည်သွားရပြီဆို သားမိ၂ယောက်ပေါင်းကာ အလုပ်သမားတွေအကုန်ခွင့်ပေးပြီ အကုန်ကိုယ့်ပဲ အစအဆုံးလုပ်ခိုင်းခဲ့တာမို့လား အခုလည်းအိမ်မှာမနေတော့တာတောင် ဒီထိရောက်လာရတယ်လို့

"ဟို"

ဘတ်ဟျွန်း ချန်းယောလ်ကိုသာ လှမ်းကြည့်လိုက်ပြီး လိုက်မသွားဖို့တားပါစေလို့သာ ဆုတောင်းနေမိသည် မလိုက်သွားချင်ဘူး မောင်နဲ့ခွဲပြီးမနေချင်ဘူး

"သွားလေ ဘတ်ဟျွန်း လိုက်သွား"

"မောင်...."

"ငါ့သားက သမက်လေးကိုမခွဲနိုင်ဘူးထင်ပါ့ ဟုတ်လား သမက်လေးကောဒီကအမကြီးကော အလည်သဘောအနေနဲ့လိုက်ခဲ့ပါလား ခနတဖြုတ်"

"ဟုတ်တယ် ဟုတ်တယ် ကိုကိုကော လိုက်ခဲ့ပါလား "

လှုပ်စလိခတ်ကာ အတင်းကာရောဝင်ထောက်ခံနေတဲ့ သူကြောင့် ဘတ်ဟျွန်းပိုလို့စိတ်နောက်သွားရသည်

"မလိုက်တော့ပါဘူး အန်ကယ်ရယ် လယ်ကိစ္စတွေကလည်းရှိသေးတယ် အမေကလည်းအသက်ကြီးနေပြီဆိုတော့ ခရီးသိပ်မသွားစေချင်တော့ဘူး"

"အေးပေါ့ ဟုတ်ပါတယ်လေ သားဘတ်လေး လိုက်ခဲ့မယ်မို့လား"

"အင်းးးအဲ့တာက"

"ကိုဘတ် လိုက်ခဲ့လေ"

"လိုက်ခဲ့ပါ ဘတ်လေးရဲ့ ခနတင်ကို "

"သား လိုက်ခဲ့ရင်တော့ ဖေဖေ နောက်ဆံမတင်းရတာပေါ့ကွယ်"

"ဟုတ်သားပဲသားရယ် ခန အလည်သဘောပေါ့ လိုက်သွားလိုက်ပါ"

ဖေဖေကလည်းလိုက်စေချင်နေသည့်ပုံ အမေကလည်း မတား မောင်ကလည်းတခွန်းမှ မဟလာတာမို့

"အွမ်းပါ သားလိုက်ခဲ့ပါမယ် ဖေဖေရဲ့"

*******************

TBC

LOVE U ALL💛

VOTE 80ပြည့်မှ ပြန်လာမယ်ပြောထားတာ ယူတို့ကရက်စက်ပေမဲ့ တို့ကမရဘူးအတင်းတွေUPချင်နေလို့UPလိုက်ပြီ😢

"မ်က္ႏွာႀကီးကလည္း မႈန္ကုပ္လို႔ ေယာက္ဖႀကီးရာ ေစာေစာစီးစီး"

မနက္စာစားၿပီးလို႔ ပန္းကန္ေဆးေနတဲ့အနား အိုဆယ္ေပါက္က ပန္ကန္တခ်ိဳ႕ယူလာေပးရင္းေျပာတာမို႔

"........"

"ဟိုတေယာက္လဲၾကည့္ဦး တကယ္ပဲဘာျဖစ္ေနၾကတာလဲ ဟမ္ အဲ့လိုေတြစူပုတ္ေနၾကေတာ့က်ေနာ္ေတာင္မေနတတ္ေတာ့ဘူး"

အနားတိုးလာၿပီး တိုးတိုး တိုးတိုးနဲ႔ကပ္ေမးေနတဲ့ၾကက္ေပါက္ကို အသာတြန္းလိုက္ၿပီး

"အတင္းကပ္မေနနဲ႔ကြာ စိတ္ညစ္ရတဲ့အထဲ"

"သိခ်င္လို႔ေျပာဗ်ာ ဘာလဲမေန႔ကကိစၥအခဲမေၾကၾကေသးတာလား"

"မဟုတ္ပါဘူးကြာ.....ငါထပ္အမွားလုပ္လိုက္လို႔"

"ေကာင္းေရာ ေယာက္ဖႀကီးတို႔ကေတာ့ လြဲလြဲစိန္ပဲေနာ္ မေန႔ကလည္းေျပာတယ္လက္လြန္မယ္လို႔က်ေနာ္တားေနတာကို"

ဆယ္ဟြန္းက ေဆးၿပီးသားပန္းကန္ေတြကူထပ္ေပးရင္ ပြစိပြစိေျပာေနတာ လူႀကီးလိုလိုနဲ႔

"ဒီေဖ ငါဆဲမိေတာ့မယ္ မေန႔က ေယာက္ဖႀကီး ခ်ခ် နဲ႔အားေပးတာ ဘယ္ကေခြးေပါက္လဲ မင္း ငါမေျပာခ်င္ဘူး"

"ဟီးးးးးး အဲ့လိုအားေပးခဲ့မိလို႔လားး"

သြားအၿဖီးသားနဲ႔ေခါင္းကုတ္ဖင္ကုတ္ေမးလာတဲ့ဆယ္ဟြန္းကိုေလတယ္ဆိုတဲ့ပုံမ်ိဳးနဲ႔ၾကည့္လိုက္ၿပီး

"လိ့တဲ့မွပဲ ျပန္ရစ္ျပလို႔ရရင္ ရစ္ျပလိုက္ခ်င္တယ္"

"စိတ္ထိန္းေယာက္ဖ စိတ္ထိန္း ဟဲဟဲ ၿပီးခဲ့တာလဲ ၿပီးပါေစေတာ့ေလ"

"ခုမွ တရားေပါက္သလိုေျပာမေနနဲ႔ မင္းေဖက ငါ့ၾကည္မေနေတာ့ဘူး"

"ဟားးဟားးးလင္နဲ႔လင္ပဲဗ်ာ ေတာ္ၿပီ အိမ္ျပန္ေတာ့မယ္ ဂ်ဳံဂ်ဳံ ေလးနဲ႔မေတြ႕တာၾကာၿပီ သြားေခ်ာင္းၿပီးမွပဲ အိမ္ျပန္မယ္ လိုက္ဦးမလား"

"ဟိုမွာ ဟိုးးမွာ ေတြ႕လား"

ဘတ္ဟြၽန္းလက္ညိဳးၫႊန္ျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ မနက္စာစားအၿပီးကုလားထိုင္ေပၚထိုင္ကာ သတင္းစာထိုင္ဖတ္ေနတဲ့ သူ႔ခ်စ္လွစြာေသာလင္ေတာ္ေမာင္အကိုခ်န္းေယာလ္

"အကိုခ်န္းေယာလ္ေလ ဘာျဖစ္လို႔လဲ"

"ေအး အဲ့ငါ့လင္က ငါလက္ယားလက္ယား အျပင္ထြက္မိရင္ မၾကည္႐ုံတင္မကဘူးေနာက္ၿပီး အိမ္ေပၚကပါကန္ခ်ႏိုင္တယ္ နားလည္လား"

"........."

"အဲ့ေတာ့ ကိုယ္ေတာ္ ကိုယ့္ဘာသာကိုယ္ ႂကြေတာ့ဗ်ာ"

"အမေလးေလး  သူ႔လင္က်ေၾကာက္လိုက္တာလြန္ေရာ သြားၿပီ သြားၿပီ "

ေျခေဆာင့္ကာ ထြက္သြားတဲ့ဆယ္ဟြန္းေနာက္ ဘတ္ဟြၽန္းပြစိပြစိ႐ြတ္ရင္းသာ ပန္းကန္ေဆးရင္းက်န္ခဲ့ေတာ့သည္

********************

"ဟာ ေဖေဖ"

"သားးး"

အေမ့ကို ေန႔လယ္စာဟင္းအတြက္ ဟင္း႐ြက္ကူေႁခြေနတုန္း ၿခံေပါက္ဝကေန ဘြားကတည္းေပၚလာတဲ့ေဖေဖ့ေၾကာင့္အေျပးသြားမိသည္

"သားက ေဖေဖ့ကိုခုေန႔ မလာေတာ့ဘူးလားလို႔"

"နဲနဲေနာက္က်သြားတာသားေရ ဟိုမွာေလ မင္းေမေမနဲ႔ညီမေလးက လိုက္ခ်င္ပါတယ္ဆိုလို႔ေစာင့္ေနရတာ"

ေျပာလည္းေျပာ အေနာက္ကိုၫႊန္ျပေနနဲ႔ေဖေဖ့ေၾကာင့္ၾကည့္မိေတာ့ ေဖေဖ့ေနာက္ကေန ကိုယ့္ကို မခ်ိၿပဳံး လွမ္းၿပဳံးျပေနတဲ့ သားအမိ၂ေယာက္

"အာ"

"ဟဲ့ သမက္ေလး သားေဖေဖတို႔ကိုအိမ္ထဲေခၚေလ ၿခံဝႀကီးမွာအားနာစရာ"

"အာ ဟုတ္သားပဲ လာေဖေဖ အထဲဝင္ အန္တီ ညီမေလး လာလာ"

"ႂကြပါဦးရွင့္ အိမ္ထဲကို"

ေဖေဖတို႔ကို အိမ္ေရွ႕ခန္းမွာေနရာခ်ထားေပးၿပီးမွ အေမနဲ႔အတူ မုန႔္နဲ႔အေအးျပင္ဆင္ေပးရေသးသည္

"မင္းအမ်ိဳးသားေကာ သား"

"လယ္ထဲ ခနသြားတယ္ေဖေဖ မနက္ကေတာ့ ေမာင္ကေစာင့္ေနေသးတယ္ အဲ့တာ ေဖေဖတို႔လည္းမလာေသးတာေကာ လယ္ထဲကလည္းကိစၥရွိတာနဲ႔ ခနထြက္သြားတာ ျပန္လာေတာ့မွာရယ္"

"ထိုင္ေလသားရယ္ သားေဖေဖနဲ႔အတူ ထိုင္ေန "

အေမက အၾကမ္းရည္အိုးလာခ်ေပးရင္းနဲ႔ ေဘးကေနမတ္တပ္ရပ္ကာေျပာေနေသာဘတ္ဟြၽန္းကို ေဖေဖ့နားသြားထိုင္ခိုင္းေနသည္

"ေမ့ေနတာ ေဖေဖ ဒါေမာင့္အေမေလ"

"ေတြ႕ရတာဝမ္းသာပါတယ္ဗ်"

"ဟုတ္ကဲ့ပါရွင္ က်မက အားနာေနတာ သူေ႒းႀကီးတို႔ အဆင္ေျပၾကရဲ႕လားမသိဘူး နယ္ဆိုေတာ့လဲ"

"အာ မဟုတ္တာ အဆင္ေျပပါတယ္ဗ်ာ ၿပီးေတာ့ေက်းဇူးတင္တယ္ဗ်ာ အမႀကီးတို႔ကို ဒီမွာက်ေနာ့္သားသိပ္စိတ္ခ်မ္းသာေနပုံပဲ ဝကစ္လို႔"

"ဟာ ေဖေဖကလည္း"

"သုံးေဆာင္ပါဦး ဒီကညီမတို႔လည္း"

"ဟုတ္"

ေဖေဖကသာ စကားေတြ ႐ႊန္း႐ႊန္းေဝေအာင္ေျပာေနေပမဲ့ ေဘးကတိတ္ေနတဲ့ အန္တီတို႔ကို အေမက ဆန္မုန႔္ပန္းကန္တိုးေပးရင္း ဧည့္ခံရွာသည္

"ေဟာ သားျပန္လာၿပီ လာလာသားေရ ဒီမွာ ဘတ္ဟြၽန္းေလး ေဖေဖတို႔ေရာက္ေနၿပီ"

"ဟုတ္ "

အိမ္ထဲဝင္ကာရွိေသး အနားကိုလွစ္ခနဲေရာက္လာကာ လက္ေမာင္းကေနဆြဲၿပီးသူ႔အေဖေရွ႕ေခၚသြားကာ

"ေဖေဖ ဒါသား အမ်ိဳးသား ပတ္ခ်န္းေယာလ္တဲ့"

"သားေရ ေတြ႕ရတာဝမ္းသာတယ္ကြယ္ အလုပ္မအားတာနဲ႔ပဲ ခုမွလာေတြ႕ရေတာ့တယ္"

"ဟာ မဟုတ္တာ အန္ကယ္ရယ္ က်ေနာ္တို႔လူငယ္ေတြက လာေတြ႕ရမွာကို"

ေမာင္ကေျပာေတာ့ ေဖေဖကၿပဳံးၿပီးေတာ့သာ ၾကည့္ေနသည္

"ကိုကို ညီမေလးနာမည္က ေျဗာင္နာေယာင္းတဲ့ မွတ္ထားေနာ္"

"အာ ဟုတ္ "

တခ်ိန္လုံးတိတ္ဆိတ္ေနတဲ့သူက ေမာင့္ကို အၿပဳံးႀကီးနဲ႔ အတင္းလာမိတ္ဆက္ေနတာမို႔ သိပ္ဘဝင္မက်ခ်င္ေပမဲ့လဲ ဘာမွေျပာလို႔မရတဲ့ကိုယ့္ဘဝ

"ဟို ေန႔လယ္စာ စားၾကေတာ့မလား"

"ရတယ္အမႀကီး က်ေနာ္တို႔က စားခဲ့ၿပီရယ္ ခနေန ျပန္ေတာ့မွာမို႔ ဘာမွ မလုပ္ပါနဲ႔ေတာ့ဗ်ာ"

"ဟင္ ေနပါဦးေဖေဖကလည္း"

"ညေန ေလယာဥ္ခ်ိန္နဲ႔သြားရမွာမို႔သားေရ အခုက ေဖေဖသားကိုလာျပန္ေခၚတာ"

"ဟင္"

"ေဖေဖ သြားရင္ အိမ္မွာ မင္းေမေမတို႔သားအမိ၂ေယာက္တည္းမို႔ ေဖေဖျပန္လာတဲ့ထိ ခနျပန္လာေနေပးပါလားကြယ္"

"ဟို အန္တီႀကီးတို႔ ၿခံေစာင့္ဦးေလးႀကီးတို႔ကေကာ"

"သူတို႔က ခြင့္နဲ႔ျပန္သြားလို႔ကြဲ႕ ဘတ္ေလးရဲ႕"

ခပ္မဲ့မဲ့အၿပဳံးနဲ႔ေျပာလာတဲ့အန္တီ့ေၾကာင့္ ဘတ္ဟြၽန္းအန္တီတို႔ဘယ္ေျခလွမ္းလွမ္းေနၿပီဆိုတာသိလိုက္ၿပီ ဟိုးငယ္ငယ္တည္းက ေဖေဖ ႏိုင္ငံျခားခရီးစဥ္ရက္ရွည္သြားရၿပီဆို သားမိ၂ေယာက္ေပါင္းကာ အလုပ္သမားေတြအကုန္ခြင့္ေပးၿပီ အကုန္ကိုယ့္ပဲ အစအဆုံးလုပ္ခိုင္းခဲ့တာမို႔လား အခုလည္းအိမ္မွာမေနေတာ့တာေတာင္ ဒီထိေရာက္လာရတယ္လို႔

"ဟို"

ဘတ္ဟြၽန္း ခ်န္းေယာလ္ကိုသာ လွမ္းၾကည့္လိုက္ၿပီး လိုက္မသြားဖို႔တားပါေစလို႔သာ ဆုေတာင္းေနမိသည္ မလိုက္သြားခ်င္ဘူး ေမာင္နဲ႔ခြဲၿပီးမေနခ်င္ဘူး

"သြားေလ ဘတ္ဟြၽန္း လိုက္သြား"

"ေမာင္...."

"ငါ့သားက သမက္ေလးကိုမခြဲႏိုင္ဘူးထင္ပါ့ ဟုတ္လား သမက္ေလးေကာဒီကအမႀကီးေကာ အလည္သေဘာအေနနဲ႔လိုက္ခဲ့ပါလား ခနတျဖဳတ္"

"ဟုတ္တယ္ ဟုတ္တယ္ ကိုကိုေကာ လိုက္ခဲ့ပါလား "

လႈပ္စလိခတ္ကာ အတင္းကာေရာဝင္ေထာက္ခံေနတဲ့ သူေၾကာင့္ ဘတ္ဟြၽန္းပိုလို႔စိတ္ေနာက္သြားရသည္

"မလိုက္ေတာ့ပါဘူး အန္ကယ္ရယ္ လယ္ကိစၥေတြကလည္းရွိေသးတယ္ အေမကလည္းအသက္ႀကီးေနၿပီဆိုေတာ့ ခရီးသိပ္မသြားေစခ်င္ေတာ့ဘူး"

"ေအးေပါ့ ဟုတ္ပါတယ္ေလ သားဘတ္ေလး လိုက္ခဲ့မယ္မို႔လား"

"အင္းးးအဲ့တာက"

"ကိုဘတ္ လိုက္ခဲ့ေလ"

"လိုက္ခဲ့ပါ ဘတ္ေလးရဲ႕ ခနတင္ကို "

"သား လိုက္ခဲ့ရင္ေတာ့ ေဖေဖ ေနာက္ဆံမတင္းရတာေပါ့ကြယ္"

"ဟုတ္သားပဲသားရယ္ ခန အလည္သေဘာေပါ့ လိုက္သြားလိုက္ပါ"

ေဖေဖကလည္းလိုက္ေစခ်င္ေနသည့္ပုံ အေမကလည္း မတား ေမာင္ကလည္းတခြန္းမွ မဟလာတာမို႔

"အြမ္းပါ သားလိုက္ခဲ့ပါမယ္ ေဖေဖရဲ႕"

*******************

TBC

LOVE U ALL💛

VOTE 80ျပည့္မွ ျပန္လာမယ္ေျပာထားတာ ယူတို႔ကရက္စက္ေပမဲ့ တို႔ကမရဘူးအတင္းေတြUPခ်င္ေနလို႔UPလိုက္ၿပီ😢











Continue Reading

You'll Also Like

1.8M 81.2K 75
" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန္! ! ငါ မင္းကိုေသေလာက္ေအာင္မုန္းတယ္ " "...
29.6K 2.8K 20
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
165K 25.8K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
229K 15.1K 46
ချစ်ခြင်းအစ မုန်းခြင်းက။ ဒါပေမဲ့ ကျနော်နဲ့ ဦးငယ်ရဲ့ဇာတ်လမ်းက မုန်းခြင်းအစ ချစ်ခြင်းကပင်။ ခ်စ္ျခင္းအစ မုန္းျခင္းက။ ဒါေပမဲ့ က်ေနာ္နဲ႕ ဦးငယ္ရဲ႕ဇာတ္လမ္...