"ဟိတ် ဘာလို့လိုက်ခဲ့တာလဲ ကိုယ့်အိမ်ကိုယ်ပြန်"
ခြံတံခါးလှည့်ပိတ်မှ နောက်ကနေ ခေါင်းငိုက်စိုက်ချကာ လိုက်ဝင်လာတဲ့ဆယ်ဟွန်းကြောင့် ချန်းယောလ်အော်လိုက်တော့အမေ့နားကိုပြေးကပ်ကာ
"အကို ချန်းယောလ်ကလည်း ဒီချိန်အိမ်ပြန်ရင် အသားတခြားအရိုးတခြားဖြစ်သွားမှာပေါ့ဗျ"
"သိရင် မလုပ်နဲ့လေ မလုပ်နဲ့လေ"
ချန်းယောလ် ပိုပိုစိတ်တိုလာကာ အံကြိတ်ပြီးပြောလိုက်ရင်း ဆယ်ဟွန်းခေါင်းကို လေး ငါးချက်လောက်ဆင့်ခေါက်လိုက်သည်
"အ့ အားးးနာတယ်ဗျ သူများပဲ လှိမ့်ခေါက်နေတာ သူ့လင်ကျ "
"သူ့လင်ကျ ဘာဖြစ်လဲ ဟမ် ဆက်ပြော စမ်းးး"
"ဟဲ့ သားရယ် ကလေးတွေကိုကွယ် မလုပ်ပါနဲ့"
ချန်းယောလ်ထပ်ခေါက်ဖို့ပြင်လိုက်တော့ ဆယ်ဟွန်းက အမေ့နောက်ကို ကပ်ဝင်သွားပြီ အမေကလည်းတားနေပြီမို့
"အမေ အဲ့လို ကာစီး ကာစီး လုပ်နေလို့ အဲ့ဒီ အိုဆယ်ဟွန်းဆိုတဲ့ကောင်က ဆိုးလို့ကောင်းနေတာ ပြီးတော့ ဘတ်ဟျွန်းး"
ကပ်ကပ်လန်အောင် ပြန်ပြောနေတဲ့ဆယ်ဟွန်းအလှည့်ပြီးတော့ လင်တော်မောင်ငရှုပ်ကိုပြောဖို့ကြည့်လိုက်တော့ ကိုယ့်ဘေးမှာ ခေါင်းငုံ့ကာ ငြိမ်ကုပ်လို့ရပ်နေပြန်သည်
"မင်းအသက် ဘယ်လောက်လဲ"
"မောင် နဲ့တူတူပဲလေ "
"အော် တော်သေးတာပေါ့သိသေးလို့ ငါက မင်းများ ကိုယ့်ကိုကိုယ် ဆယ်ဟွန်းနဲ့ရွယ်တူ ထင်နေတာလားလို့"
ကိုယ်တော်က ခေါင်းတောင် မော့မလာတော့ နှုတ်ခမ်းစူပွပွနဲ့သာ လုပ်နေသည်
"ကဲပါသားရယ် အိမ်ထဲဝင်ကြရအောင် ခြံဝကြီးမှာကလေးတွေကိုဆူမနေပါနဲ့ ဘေးအိမ်တွေနဲ့ရှက်စရာ"
"အော်အမေရယ် ဟိုကောင်တော့ထားပါတော့ အမေ့သမက်က ကလေးလား ပြီးတော့ အုပ်ချုပ်းရေးမှူးဆီမှာတောင် ခံဝန်ကတိလက်မှတ်ထိုးခဲ့ရတာ ဒီလောက်တော့ဒင်းတို့ရှက်မယ် မထင်နဲ့"
"သားရယ် ပြောလေကဲလေ သွားတော့သွားတော့ လယ်ထဲပြန်သွားမှာမို့လား"
အမေက လက်တခါခါနဲ့ လယ်ထဲအတင်းပြန်သွားခိုင်းနေပြန်သည်
"နာရီလဲ ကြည့်ဦးအမေ ၃ခွဲနေပြီ မသွားတော့ဘူး "
"အေးမသွားလဲ နားတော့ကွယ် လာလာ ကလေးတွေလဲ ညစာ ကူလုပ်ပေးကြ"
အမေက ကြက်ပေါက်နဲ့ငရှုပ်ကိုလက်ကနေဆွဲကာ မီးဖိုခန်းထဲခေါ်သွားပြီမို့ ချန်းယောလ်လည်းအိမ်ရှေ့က ကုလားထိုင်မှာ ထိုင်ပြီး စိတ်ကိုမနည်းလျှော့နေရသည်
*******************
"အမေ သားကိုစိတ်ဆိုးနေလားဟင်"
ထမင်းအိုးတည်နေတဲ့နားကို ခြွေလက်စ အရွက်ဗန်းလေးကိုင်ကာ တိုးတိုးလေးလာမေးနေတဲ့ သမက်ဖြစ်သူကို အပြုံးနဲ့သာ ပြန်ကြည့်လိုက်ရင်း
"မဆိုးပါဘူးသမက်လေးရယ် နဲနဲတော့ အင်းး ဘာမှမဖြစ်ပါဘူး"
"သားတောင်းပန်ပါတယ်နော် ဟင့် သားက "
မျက်ရည်တွေပါကျလာတာမို့
"ဟယ် ဒီကလေးနဲ့တော့ ငိုစရာမဟုတ်တာကို "
"အမေက သားကိုစိတ်ပျက်သွားမှာ ဟင့်"
"အမလေးလေးးး မပျက်ပါဘူးရှင် အမေ့သမက်လေးကို မငိုနဲ့ တိတ်တိတ် သွားဟိုမှာ ထိုင်လုပ်ချည် မီးခိုးတွေနဲ့ ဒီက "
"ဟုတ်"
သမက်ကသာ ကိုယ်စိတ်ဆိုးမှာ ပူပန်ကြောင့်ကြနေသေးတာ ဟိုက အိုဆယ်ပေါက်ကတော့ မီးဖိုခန်းထဲရောက်ကတည်းက နိဗ္ဗာန်ပြန်တက်လာရသလိုပဲ အရွက်ခြွေလိုက် ကင်ချီနှိုက်စားလိုက်နဲ့ သာယာနေတာ မပြောချင်ဘူး
*********************
ညနေစာ စားပြီးကတည်းက ကြက်ပေါက်ကလည်း အမေနဲ့ပဲ နေမှာဆိုပြီး အမေ့အိပ်ခန်းထဲ လိုက်ဝင်သွားသည် အိမ်ရှေ့ခန်းမှာ ၂ယောက်ထဲကျန်ခဲ့တော့လည်း ကိုယ်ကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေတာသိပေမဲ့ စကားမပြောချင်တာကြောင့် ရှောင်ဖယ်နေလိုက်သည်
တော်တော်ကြာမှ အပေါ်ထပ်အခန်းထဲတက်သွားပြီဖြစ်တဲ့ကောင်လေးကြောင့် ရေကိုသာခေါင်းကနေစလောင်းကာ ဇိမ်ပြေနပြေ အချိန်ယူကာ ချိုးလိုက်ပြီးမှ အခန်းထဲဝင်ခဲ့တော့ ကုတင်ပေါ်ဒူးနှစ်ဖက်ကိုလက်နဲ့ပိုက်ကာ ကုပ်ကုပ်လေးထိုင်နေတဲ့ကောင်လေး
ဘာမှ ပြောမနေဘဲ တဖက်ခြမ်းကိုဝင်ထိုင်လိုက်တော့
"မောင်"
"......."
ကျောပေးထိုင်နေတဲ့ ကိုယ့်နားကိုတရွေ့ရွေ့နဲ့တိုးလာတာကိုခံစားနေရပေမဲ့ ပြန်မထူးခဲ့
"စိတ်မဆိုးပါနဲ့နော်လို့ "
"........"
"နောက်ခါ ဒီလိုထပ်မဖြစ်စေရပါဘူးနော်လို့ နော်"
ဝုန်းးး
"အမလေးးး လခွမ်းးးး"
နောက်ကနေ ကိုယ့်ရှေ့ ဝုန်းကနဲ ကျလာတာကြောင့် လန့်သွားရသည်
ပြီးမှ ကြည့်တော့ ကိုယ်တော်က ကိုယ့်ရှေ့ကြမ်းပြင်မှာဒူးတုပ်ထိုင်ရက်လေး
"မောင်လို့"
ငိုတော့မယ် အရိပ်အယောင် မျက်လုံးရွဲကြီးတွေနဲ့
"တကယ် ဒီတခါ လုံးဝနောက်ဆုံးပါ နောက်တကယ် တကယ် အိမ်မှာပဲနေပါ့မယ် ဘယ်မှမသွားဘူးလေ နော် "
ကိုယ့်ခြေထောက်တဖက်ကိုဆွဲကိုင်လှုပ်ကာပြောလာတာမို့ ဒေါသစိတ်ကပြေကာ သနားစိတ်က ဝင်ချင်ချင်ဖြစ်လာရပြန်သည်
" မျက်မှောင်ကြီးကုတ်ပြီး မကြည့်ပါနဲ့ အီးးးးဟင့် ဟင့်"
"ကဲ တော်ပြီ တော်ပြီ ဗြောင်ဘတ်ဟျွန်း ငါ"
"ပတ်ဘတ်ဟျွန်းပါဆို"
ခုနကတောင်းပန်တာနဲ့ပင်မတူ စူးကနဲအော်လာတာကြောင့်
"အေး အေး ပတ်ဘတ်ဟျွန်း ဟုတ်ပြီလား ငိုမနေနဲ့ ထတော့ကြမ်းပြင်ကအေးတယ်"
ပခုံးကနေဆွဲထူလိုက်တော့ အလိုက်သင့်လေးမတ်တပ်ရပ်လာကာ
"ဟင့် ချစ်တယ် အရမ်းပဲ ဟင့် စိတ်ပျက်ပြီထင်နေတာ ဟင့်"
ခပ်တည်တည်နဲ့ကုတင်ပေါ်ထိုင်နေတဲ့ကိုယ့်ကို သူ့ရင်ခွင်သေးသေးလေးထဲဆွဲထည့်ကာ ငိုနေပြန်သည်
"ဖယ်ကွာ ငါတကယ် စိတ်ပျက်မိတော့မှာနော်"
အသာတွန်းထုတ်ရင်း ပြောမိတော့ မဖယ်သေးဘဲ ကိုယ့်မျက်နှာကိုအသာမော့ယူကာ
"ဟင့် အဲ့မျက်ခုံးကြီးက အဲ့လိုကြီးမျက်မှောင်ကုတ်မထားနဲ့လေလို့ နော် ဟင့်"
"ကဲ ဖယ် ဖယ် မကုတ်ဘူးရပြီလား"
"ဟီးးးး အဲ့လိုမှပေါ့ "
အော် တတ်လည်းတတ်နိုင်တဲ့ ငရှုပ်
"ခေါင်းလျှော်လာတာလား မောင်ခေါင်းသုတ်ပေးမယ်လေနော်"
ကိုယ်တောင် ဘာမှမပြောရသေး ဘေးက တပတ်ကိုယူကာ သူ့လက်တွေက ကိုယ့်ဆံပင်တွေပေါ်နေရာယူပြီးနေပြီ
"မောင် ခုနက ဖေဖေ ဖုန်းဆက်တယ် သိလား"
"အွမ်း"
"အဲ့ဒါ နက်ဖန် ဒီကိုလာမလို့တဲ့ ဖေဖေ နိုင်ငံခြားကိုအလုပ်ကိစ္စမသွားရသေးခင်"
"အော် "
"အဲ့တာ မတွေ့တာလဲ ကြာပြီဆိုတော့လေ"
"အွမ်းပေါ့ ရတယ်လေ အိမ်တော့ တည်းဖို့အဆင်ပြေမှာမဟုတ်ဘူး"
"နေ့ချင်းပြန် လာမယ်ပြောတယ်"
"အော် "
တခါမှ မတွေ့ဖူးတဲ့ယောက္ခထီးကိုတွေ့ရမယ်ဆိုတော့ နဲနဲလေး စိတ်ထဲ ပူပန်နေမိသည် ဘာလို့ရယ်တော့မသိ
"ဆံပင်ကလည်း ဒီလောက်သုတ်တာကို စိုနေတုန်းရှိသေးတယ် အာာာ ခုမှသတိရတယ် မနေ့က အမေနဲ့အိမ်ရှင်းရင်း ဆံပင်အခြောက်ခံစက်တွေ့ထားတယ်ခန"
အောက်ထပ်ကို ပြေးဆင်းသွားကာခနနေ ပြန်တက်လာတော့ လက်ထဲမှာ ဆံပင်အခြောက်ခံစက်တခုပါလာသည်
ဝိုင်ယာကြိုးကိုဖြေကာ ပလပ်ပေါက်မှာ တပ်လိုက်ပြီး
"လာ ဒါနဲ့မှုတ်ပေးမယ်"
"နေဦး ဒါ ဒါဘယ်ကတွေ့တာလဲ ကောင်းသေးလို့လား"
ဝူးးးးဟူးးးး
ခလုတ်ကိုစမ်းနှိပ်ကြည့်လိုက်ရင်း
"ကောင်းမှာပါအမေပြောတာတော့ တခါမှမသုံးရသေးဘူးပြောတာပဲ"
"......"
ချန်းယောလ်တောင်ဘာမှပြန်မပြောလိုက်ရသေးဘူး သူကစတင်လှုပ်ရှားနေပြီ အစပိုင်းကတော့ ဟုတ်ပါသေးရဲ့ နောက်ပိုင်းခေါင်းပေါ်က ဆံပင်တွေတင်မကဘူး မျက်နှာပါ အရမ်းပူပူလာတာမို့
"ရာာားးး ဘတ်ဟျွန်းတော်ပြီ"
"နေဦး ခြောက်တော့မှာ ခန"
သူကသာ ဒီတိုင်းလေးကိုင်မှုတ်ပေးနေတာ ကိုယ်ကတော့လည်ပင်းတွေပါပူနေပြီ
"ဘတ်ဟျွန်းးးး! ငါတော်ပြီလို့ ပြောနေတယ်လေ လခွမ်းပူတယ်ဟ "
အသေ ကုန်းအော်လိုက်တော့မှ ခလုတ်ကိုအမြန်သွားပိတ်ကာ
"ဟို ဘယ်နား ဘယ်နားက ပူ "
"မင်းမေ ကျောတွေပါပူနေပြီ တော်တော် ဘတ်ဟျွန်း မင်းငါ ဘာမှ မပြောချင်တော့ဘူး"
ချန်းယောလ် တပတ်နဲ့သာ ကိုယ့်ဘာကိုယ်တချက် ၂ချက် သုတ်လိုက်ပြီး ခုနကအတိုင်းရပ်နေတဲ့ဘတ်ဟျွန်းကိုကျောပေးကာ အိပ်လိုက်တော့သည်
နောက်က တအိအိနဲ့ငိုသံတွေ ထပ်ထွက်လာတာကိုကြားမိပေမဲ့ အာရုံစိုက်ကာ နားထောင်မနေတော့ဘဲ မသိချင်ယောင်သာဆောင်နေလိုက်တော့သည် တခုမှားလို့ခွင့်လွှတ်ပြီးမကြာသေးဘူး နောက်တခုပါ လာမှားနေမှတော့ ကိုယ်လည်းစိတ်ထဲဘဝင်မကျတာတော့အမှန်
*******************
TBC
LOVE U ALL💛
VOTE 80ပြည့်ရင်ပြန်လာမယ်💛
"ဟိတ္ ဘာလို႔လိုက္ခဲ့တာလဲ ကိုယ့္အိမ္ကိုယ္ျပန္"
ၿခံတံခါးလွည့္ပိတ္မွ ေနာက္ကေန ေခါင္းငိုက္စိုက္ခ်ကာ လိုက္ဝင္လာတဲ့ဆယ္ဟြန္းေၾကာင့္ ခ်န္းေယာလ္ေအာ္လိုက္ေတာ့အေမ့နားကိုေျပးကပ္ကာ
"အကို ခ်န္းေယာလ္ကလည္း ဒီခ်ိန္အိမ္ျပန္ရင္ အသားတျခားအ႐ိုးတျခားျဖစ္သြားမွာေပါ့ဗ်"
"သိရင္ မလုပ္နဲ႔ေလ မလုပ္နဲ႔ေလ"
ခ်န္းေယာလ္ ပိုပိုစိတ္တိုလာကာ အံႀကိတ္ၿပီးေျပာလိုက္ရင္း ဆယ္ဟြန္းေခါင္းကို ေလး ငါးခ်က္ေလာက္ဆင့္ေခါက္လိုက္သည္
"အ့ အားးးနာတယ္ဗ် သူမ်ားပဲ လွိမ့္ေခါက္ေနတာ သူ႔လင္က် "
"သူ႔လင္က် ဘာျဖစ္လဲ ဟမ္ ဆက္ေျပာ စမ္းးး"
"ဟဲ့ သားရယ္ ကေလးေတြကိုကြယ္ မလုပ္ပါနဲ႔"
ခ်န္းေယာလ္ထပ္ေခါက္ဖို႔ျပင္လိုက္ေတာ့ ဆယ္ဟြန္းက အေမ့ေနာက္ကို ကပ္ဝင္သြားၿပီ အေမကလည္းတားေနၿပီမို႔
"အေမ အဲ့လို ကာစီး ကာစီး လုပ္ေနလို႔ အဲ့ဒီ အိုဆယ္ဟြန္းဆိုတဲ့ေကာင္က ဆိုးလို႔ေကာင္းေနတာ ၿပီးေတာ့ ဘတ္ဟြၽန္းး"
ကပ္ကပ္လန္ေအာင္ ျပန္ေျပာေနတဲ့ဆယ္ဟြန္းအလွည့္ၿပီးေတာ့ လင္ေတာ္ေမာင္ငရႈပ္ကိုေျပာဖို႔ၾကည့္လိုက္ေတာ့ ကိုယ့္ေဘးမွာ ေခါင္းငုံ႔ကာ ၿငိမ္ကုပ္လို႔ရပ္ေနျပန္သည္
"မင္းအသက္ ဘယ္ေလာက္လဲ"
"ေမာင္ နဲ႔တူတူပဲေလ "
"ေအာ္ ေတာ္ေသးတာေပါ့သိေသးလို႔ ငါက မင္းမ်ား ကိုယ့္ကိုကိုယ္ ဆယ္ဟြန္းနဲ႔႐ြယ္တူ ထင္ေနတာလားလို႔"
ကိုယ္ေတာ္က ေခါင္းေတာင္ ေမာ့မလာေတာ့ ႏႈတ္ခမ္းစူပြပြနဲ႔သာ လုပ္ေနသည္
"ကဲပါသားရယ္ အိမ္ထဲဝင္ၾကရေအာင္ ၿခံဝႀကီးမွာကေလးေတြကိုဆူမေနပါနဲ႔ ေဘးအိမ္ေတြနဲ႔ရွက္စရာ"
"ေအာ္အေမရယ္ ဟိုေကာင္ေတာ့ထားပါေတာ့ အေမ့သမက္က ကေလးလား ၿပီးေတာ့ အုပ္ခ်ဳပ္းေရးမႉးဆီမွာေတာင္ ခံဝန္ကတိလက္မွတ္ထိုးခဲ့ရတာ ဒီေလာက္ေတာ့ဒင္းတို႔ရွက္မယ္ မထင္နဲ႔"
"သားရယ္ ေျပာေလကဲေလ သြားေတာ့သြားေတာ့ လယ္ထဲျပန္သြားမွာမို႔လား"
အေမက လက္တခါခါနဲ႔ လယ္ထဲအတင္းျပန္သြားခိုင္းေနျပန္သည္
"နာရီလဲ ၾကည့္ဦးအေမ ၃ခြဲေနၿပီ မသြားေတာ့ဘူး "
"ေအးမသြားလဲ နားေတာ့ကြယ္ လာလာ ကေလးေတြလဲ ညစာ ကူလုပ္ေပးၾက"
အေမက ၾကက္ေပါက္နဲ႔ငရႈပ္ကိုလက္ကေနဆြဲကာ မီးဖိုခန္းထဲေခၚသြားၿပီမို႔ ခ်န္းေယာလ္လည္းအိမ္ေရွ႕က ကုလားထိုင္မွာ ထိုင္ၿပီး စိတ္ကိုမနည္းေလွ်ာ့ေနရသည္
*******************
"အေမ သားကိုစိတ္ဆိုးေနလားဟင္"
ထမင္းအိုးတည္ေနတဲ့နားကို ေႁခြလက္စ အ႐ြက္ဗန္းေလးကိုင္ကာ တိုးတိုးေလးလာေမးေနတဲ့ သမက္ျဖစ္သူကို အၿပဳံးနဲ႔သာ ျပန္ၾကည့္လိုက္ရင္း
"မဆိုးပါဘူးသမက္ေလးရယ္ နဲနဲေတာ့ အင္းး ဘာမွမျဖစ္ပါဘူး"
"သားေတာင္းပန္ပါတယ္ေနာ္ ဟင့္ သားက "
မ်က္ရည္ေတြပါက်လာတာမို႔
"ဟယ္ ဒီကေလးနဲ႔ေတာ့ ငိုစရာမဟုတ္တာကို "
"အေမက သားကိုစိတ္ပ်က္သြားမွာ ဟင့္"
"အမေလးေလးးး မပ်က္ပါဘူးရွင္ အေမ့သမက္ေလးကို မငိုနဲ႔ တိတ္တိတ္ သြားဟိုမွာ ထိုင္လုပ္ခ်ည္ မီးခိုးေတြနဲ႔ ဒီက "
"ဟုတ္"
သမက္ကသာ ကိုယ္စိတ္ဆိုးမွာ ပူပန္ေၾကာင့္ၾကေနေသးတာ ဟိုက အိုဆယ္ေပါက္ကေတာ့ မီးဖိုခန္းထဲေရာက္ကတည္းက နိဗၺာန္ျပန္တက္လာရသလိုပဲ အ႐ြက္ေႁခြလိုက္ ကင္ခ်ီႏႈိက္စားလိုက္နဲ႔ သာယာေနတာ မေျပာခ်င္ဘူး
*********************
ညေနစာ စားၿပီးကတည္းက ၾကက္ေပါက္ကလည္း အေမနဲ႔ပဲ ေနမွာဆိုၿပီး အေမ့အိပ္ခန္းထဲ လိုက္ဝင္သြားသည္ အိမ္ေရွ႕ခန္းမွာ ၂ေယာက္ထဲက်န္ခဲ့ေတာ့လည္း ကိုယ္ကို မ်က္ႏွာငယ္ေလးနဲ႔ လိုက္ၾကည့္ေနတာသိေပမဲ့ စကားမေျပာခ်င္တာေၾကာင့္ ေရွာင္ဖယ္ေနလိုက္သည္
ေတာ္ေတာ္ၾကာမွ အေပၚထပ္အခန္းထဲတက္သြားၿပီျဖစ္တဲ့ေကာင္ေလးေၾကာင့္ ေရကိုသာေခါင္းကေနစေလာင္းကာ ဇိမ္ေျပနေျပ အခ်ိန္ယူကာ ခ်ိဳးလိုက္ၿပီးမွ အခန္းထဲဝင္ခဲ့ေတာ့ ကုတင္ေပၚဒူးႏွစ္ဖက္ကိုလက္နဲ႔ပိုက္ကာ ကုပ္ကုပ္ေလးထိုင္ေနတဲ့ေကာင္ေလး
ဘာမွ ေျပာမေနဘဲ တဖက္ျခမ္းကိုဝင္ထိုင္လိုက္ေတာ့
"ေမာင္"
"......."
ေက်ာေပးထိုင္ေနတဲ့ ကိုယ့္နားကိုတေ႐ြ႕ေ႐ြ႕နဲ႔တိုးလာတာကိုခံစားေနရေပမဲ့ ျပန္မထူးခဲ့
"စိတ္မဆိုးပါနဲ႔ေနာ္လို႔ "
"........"
"ေနာက္ခါ ဒီလိုထပ္မျဖစ္ေစရပါဘူးေနာ္လို႔ ေနာ္"
ဝုန္းးး
"အမေလးးး လခြမ္းးးး"
ေနာက္ကေန ကိုယ့္ေရွ႕ ဝုန္းကနဲ က်လာတာေၾကာင့္ လန႔္သြားရသည္
ၿပီးမွ ၾကည့္ေတာ့ ကိုယ္ေတာ္က ကိုယ့္ေရွ႕ၾကမ္းျပင္မွာဒူးတုပ္ထိုင္ရက္ေလး
"ေမာင္လို႔"
ငိုေတာ့မယ္ အရိပ္အေယာင္ မ်က္လုံး႐ြဲႀကီးေတြနဲ႔
"တကယ္ ဒီတခါ လုံးဝေနာက္ဆုံးပါ ေနာက္တကယ္ တကယ္ အိမ္မွာပဲေနပါ့မယ္ ဘယ္မွမသြားဘူးေလ ေနာ္ "
ကိုယ့္ေျခေထာက္တဖက္ကိုဆြဲကိုင္လႈပ္ကာေျပာလာတာမို႔ ေဒါသစိတ္ကေျပကာ သနားစိတ္က ဝင္ခ်င္ခ်င္ျဖစ္လာရျပန္သည္
" မ်က္ေမွာင္ႀကီးကုတ္ၿပီး မၾကည့္ပါနဲ႔ အီးးးးဟင့္ ဟင့္"
"ကဲ ေတာ္ၿပီ ေတာ္ၿပီ ေျဗာင္ဘတ္ဟြၽန္း ငါ"
"ပတ္ဘတ္ဟြၽန္းပါဆို"
ခုနကေတာင္းပန္တာနဲ႔ပင္မတူ စူးကနဲေအာ္လာတာေၾကာင့္
"ေအး ေအး ပတ္ဘတ္ဟြၽန္း ဟုတ္ၿပီလား ငိုမေနနဲ႔ ထေတာ့ၾကမ္းျပင္ကေအးတယ္"
ပခုံးကေနဆြဲထူလိုက္ေတာ့ အလိုက္သင့္ေလးမတ္တပ္ရပ္လာကာ
"ဟင့္ ခ်စ္တယ္ အရမ္းပဲ ဟင့္ စိတ္ပ်က္ၿပီထင္ေနတာ ဟင့္"
ခပ္တည္တည္နဲ႔ကုတင္ေပၚထိုင္ေနတဲ့ကိုယ့္ကို သူ႔ရင္ခြင္ေသးေသးေလးထဲဆြဲထည့္ကာ ငိုေနျပန္သည္
"ဖယ္ကြာ ငါတကယ္ စိတ္ပ်က္မိေတာ့မွာေနာ္"
အသာတြန္းထုတ္ရင္း ေျပာမိေတာ့ မဖယ္ေသးဘဲ ကိုယ့္မ်က္ႏွာကိုအသာေမာ့ယူကာ
"ဟင့္ အဲ့မ်က္ခုံးႀကီးက အဲ့လိုႀကီးမ်က္ေမွာင္ကုတ္မထားနဲ႔ေလလို႔ ေနာ္ ဟင့္"
"ကဲ ဖယ္ ဖယ္ မကုတ္ဘူးရၿပီလား"
"ဟီးးးး အဲ့လိုမွေပါ့ "
ေအာ္ တတ္လည္းတတ္ႏိုင္တဲ့ ငရႈပ္
"ေခါင္းေလွ်ာ္လာတာလား ေမာင္ေခါင္းသုတ္ေပးမယ္ေလေနာ္"
ကိုယ္ေတာင္ ဘာမွမေျပာရေသး ေဘးက တပတ္ကိုယူကာ သူ႔လက္ေတြက ကိုယ့္ဆံပင္ေတြေပၚေနရာယူၿပီးေနၿပီ
"ေမာင္ ခုနက ေဖေဖ ဖုန္းဆက္တယ္ သိလား"
"အြမ္း"
"အဲ့ဒါ နက္ဖန္ ဒီကိုလာမလို႔တဲ့ ေဖေဖ ႏိုင္ငံျခားကိုအလုပ္ကိစၥမသြားရေသးခင္"
"ေအာ္ "
"အဲ့တာ မေတြ႕တာလဲ ၾကာၿပီဆိုေတာ့ေလ"
"အြမ္းေပါ့ ရတယ္ေလ အိမ္ေတာ့ တည္းဖို႔အဆင္ေျပမွာမဟုတ္ဘူး"
"ေန႔ခ်င္းျပန္ လာမယ္ေျပာတယ္"
"ေအာ္ "
တခါမွ မေတြ႕ဖူးတဲ့ေယာကၡထီးကိုေတြ႕ရမယ္ဆိုေတာ့ နဲနဲေလး စိတ္ထဲ ပူပန္ေနမိသည္ ဘာလို႔ရယ္ေတာ့မသိ
"ဆံပင္ကလည္း ဒီေလာက္သုတ္တာကို စိုေနတုန္းရွိေသးတယ္ အာာာ ခုမွသတိရတယ္ မေန႔က အေမနဲ႔အိမ္ရွင္းရင္း ဆံပင္အေျခာက္ခံစက္ေတြ႕ထားတယ္ခန"
ေအာက္ထပ္ကို ေျပးဆင္းသြားကာခနေန ျပန္တက္လာေတာ့ လက္ထဲမွာ ဆံပင္အေျခာက္ခံစက္တခုပါလာသည္
ဝိုင္ယာႀကိဳးကိုေျဖကာ ပလပ္ေပါက္မွာ တပ္လိုက္ၿပီး
"လာ ဒါနဲ႔မႈတ္ေပးမယ္"
"ေနဦး ဒါ ဒါဘယ္ကေတြ႕တာလဲ ေကာင္းေသးလို႔လား"
ဝူးးးးဟူးးးး
ခလုတ္ကိုစမ္းႏွိပ္ၾကည့္လိုက္ရင္း
"ေကာင္းမွာပါအေမေျပာတာေတာ့ တခါမွမသုံးရေသးဘူးေျပာတာပဲ"
"......"
ခ်န္းေယာလ္ေတာင္ဘာမွျပန္မေျပာလိုက္ရေသးဘူး သူကစတင္လႈပ္ရွားေနၿပီ အစပိုင္းကေတာ့ ဟုတ္ပါေသးရဲ႕ ေနာက္ပိုင္းေခါင္းေပၚက ဆံပင္ေတြတင္မကဘူး မ်က္ႏွာပါ အရမ္းပူပူလာတာမို႔
"ရာာားးး ဘတ္ဟြၽန္းေတာ္ၿပီ"
"ေနဦး ေျခာက္ေတာ့မွာ ခန"
သူကသာ ဒီတိုင္းေလးကိုင္မႈတ္ေပးေနတာ ကိုယ္ကေတာ့လည္ပင္းေတြပါပူေနၿပီ
"ဘတ္ဟြၽန္းးးး! ငါေတာ္ၿပီလို႔ ေျပာေနတယ္ေလ လခြမ္းပူတယ္ဟ "
အေသ ကုန္းေအာ္လိုက္ေတာ့မွ ခလုတ္ကိုအျမန္သြားပိတ္ကာ
"ဟို ဘယ္နား ဘယ္နားက ပူ "
"မင္းေမ ေက်ာေတြပါပူေနၿပီ ေတာ္ေတာ္ ဘတ္ဟြၽန္း မင္းငါ ဘာမွ မေျပာခ်င္ေတာ့ဘူး"
ခ်န္းေယာလ္ တပတ္နဲ႔သာ ကိုယ့္ဘာကိုယ္တခ်က္ ၂ခ်က္ သုတ္လိုက္ၿပီး ခုနကအတိုင္းရပ္ေနတဲ့ဘတ္ဟြၽန္းကိုေက်ာေပးကာ အိပ္လိုက္ေတာ့သည္
ေနာက္က တအိအိနဲ႔ငိုသံေတြ ထပ္ထြက္လာတာကိုၾကားမိေပမဲ့ အာ႐ုံစိုက္ကာ နားေထာင္မေနေတာ့ဘဲ မသိခ်င္ေယာင္သာေဆာင္ေနလိုက္ေတာ့သည္ တခုမွားလို႔ခြင့္လႊတ္ၿပီးမၾကာေသးဘူး ေနာက္တခုပါ လာမွားေနမွေတာ့ ကိုယ္လည္းစိတ္ထဲဘဝင္မက်တာေတာ့အမွန္
*******************
TBC
LOVE U ALL💛
VOTE 80ျပည့္ရင္ျပန္လာမယ္💛