"အမေ့ ဟိုတယောက်ကော"
နေ့လယ် ထမင်းစားပြန်ချိန် အိမ်ပြန်ရောက်ကတည်းက အရိပ်ပင်မတွေ့ရတာ အခုကိုယ်တောင် စားပြီးလယ်ထဲပြန်သွားတော့မယ် ခါတိုင်းလိုလူမြင်အသေကပ်တဲ့သူကပေါ်မလာ
"ဘယ်တယောက် "
အမေကလည်း ဆန်ပြာနေရင်းနဲ့မေးလာသည် အော်အမေရယ် ခက်လိုက်ပါဘိ အိမ်လူဘယ်နှယောက်ရှိတာကြလို့
"အမေ့ သမက်ပြောတာ ဘယ်သွားရှုပ်နေပြန်ပြီလဲ အမေနော် လွှတ်မထားနဲ့နော် ဘယ်ချိန်ဘာထ လုပ်မလဲ သားတကယ် ခေါင်းကျိန်းတယ်"
ချန်းယောလ်က အမေ့နားပြန်ဝင်ထိုင်ရင်းပြောတော့ အမေက ဆန်ပြာလက်စ စကောကို ဘေးချလိုက်ကာ
"အဲ့လောက်လဲ မဆိုးရှာပါဘူးသားရယ် လိမ္မာပါတယ် "
"အမေ မသိဘူးနော် ဒီတယောက်က ဆရာတောင် လက်လန်တဲ့အထိနော်"
"ဟက် ချစ်စရာလေးနေမှာပါသားရယ် ဘတ်ဟျွန်းလေးက ကလေးလိုပဲနေတာမို့ပါ"
"မနိုင်ဘူး အမေတော့ သူ့သမက်ဘက်ကပဲ"
"အမေတော့ ကျေနပ်တယ်သားရယ် ဘတ်ဟျွန်းလေးက ချစ်မွှေးပါရှာတယ် "
"ချစ်မွှေးကော ငရှုပ်မွှေးကော အကုန်ပါတယ် အမေ့သမက်က"
"ဟားဟားးးးငါ့သားကတော့ဟေ့ သဘောကျနေပြီမို့လား"
"မကျပါဘူးအမေရာ သူစိတ်ကုန်သွားရင် သားက ကွာရှင်းပေးလိုက်မှာ တကယ့်ငရှုပ် အဲ့ကောင်က "
ချန်းယောလ် စကားဆုံးတော့ အမေက အသံထွက်ရယ်မောကာ ခေါင်းတရမ်းရမ်းနဲ့ ဘေးကစကောကိုပြန်ယူကာ ဆန်ဆက်ပြာရင်း
"ဆယ်ဟွန်းတို့ကျောင်း လိုက်ကြည့်ချည်လေရဲ့"
"ဟင် ကျောင်းက ဖွင့်ပြီမို့လို့လား"
"မဖွင့်သေးဘူးလေ သိတဲ့အတိုင်း မင်းညီ ဆယ်ဟွန်းက နေရာသွားဦးး"
"အရီး အရီးရေ အရီး ဟာ အကိုချန်းယောလ်ကောရှိတာလား "
အမေ့စကားပင်မဆုံးလိုက်သေး အော်ကြီးဟစ်ကျယ် အော်ကာ ပြေးလာတဲ့ ငပု
"ဟောဟဲ....ဟောာာဟောဟဲ ဟူးးးး"
"ဘာဖြစ်တာလဲ ငပုရယ် ငါ့ရင်ထိတ်လိုက်တာ"
အမေက ရင်ဘတ်ပေါ်လက်ဖိကာ မေးလိုက်သလို ချန်းယောလ်ကလဲ အမောဖြေနေတဲ့ ငပုကိုသာ အာရုံစိုက်ကြည့်နေမိသည်
"ဟူးးး အရီး အကိုချန်းယောလ် မကောင်းတော့ဘူး မကောင်းတော့ဘူး"
"မြန်မြန်ပြောကွာ ငပု ဘာလဲ သေချာပြော"
"ဆယ်ဟွန်းနဲ့အကိုချန်းယောလ်မိန်းမ အဲ ယောကျ်ား ရန်ဖြစ်လို့ အခု အုပ်ချုပ်ရေးမှုးအိမ်မှာ "
"ဘာ......"
ချန်းယောလ်ကော အမေပါ ခမောက်ကိုယ်စီဆောင်းကာ အုပ်ချုပ်ရေးမှူးအိမ်ဆီသို့ သုတ်ချေတင်ပြေးရတော့သည် ဘေးကနေရင်တမမနဲ့လိုက်လာတဲ့အမေ့ကိုလည်း မပြောဘူးလားဆိုတဲ့စကားတခွန်းသာ ချန်းယောလ်ပြောနိုင်တော့သည်
********************
တွေ့ပါပြီဗျာ အုပ်ချုပ်ရေးမှူးနဲ့မျက်နှာချင်းဆိုင်ခုံမှာ ငြိမ်ကုပ်ကာ ထိုင်နေတဲ့ အမွှေ၂ကောင်
"ဟော လာဗျာ အရီးနဲ့ ချန်းယောလ် "
"ဘယ်လိုဖြစ်တာလဲ အုပ်ချုပ်ရေးမှူးကြီးရယ် ကျမ ရင်ထိတ်လိုက်တာ"
"အဖြစ်ကတော့ဗျာ ကျနော်လည်းမပြောချင်တော့ပါဘူး အရီးရယ် "
အုပ်ချုပ်ရေးမှူးနဲ့အမေနဲ့သာ အပြန်အလှန်ပြောနေကြပေမဲ့ချန်းယောလ်စကားဝိုင်းထဲဝင်မပါဖြစ် ငရှုပ်နဲ့ ကြက်ပေါက်ကိုသာ စိုက်ကြည့်နေမိသည် ဟို၂ကောင်ကလည်း ခေါင်းကိုမော့မလာတော့
"ဘယ်လိုဖြစ်တာလဲ အုပ်ချုပ်ရေးမှူး"
"ဒီလိုရှိတယ်ချန်းယောလ် ဟော့ဒီက မင်းယောကျာ်း နဲ့ ဟိုဘက်ရပ်ကွက်က ကလေးတသိုက်စကားများတာကနေစတာပဲ "
"ဘယ်လို"
"လူငယ်သဘာဝ ဆယ်ဟွန်းတို့အတွက်ခုံနေရာဦးရင်း စကားများတာကနေ တွေ့ရာဆွဲကိုင်ပြီး လက်သီးသုံးကြတာ ဆယ်ဟွန်းတို့ကဘာမှမဖြစ်ပေမဲ့ ဟိုဘက်ကလေးတွေက ခေါင်းကွဲတဲ့သူကော ခြေထောက်ကျိုးတဲ့သူကော အကုန်ဆေးရုံမှာ"
အုပ်ချုပ်ရေးမှူးစကားဆုံးတော့ အမေက သွေးတက်သွားဟန် နထင်ကို လက်ထောက်ကာနေ နေပေမဲ့ ချန်းယောလ်ကတော့ မျက်မှောင်ကုပ်ပြီး ကြည့်နေသည်
"ဆယ်ဟွန်းအမေကော"
"ကြိုက်တာသာ လုပ်လိုက်ပါတဲ့ ရှက်လွန်းလို့မလာချင်ဘူးတဲ့"
"သူတို့ဘက်က ဘာလုပ်မှာတဲ့လဲအုပ်ကြီး"
"တရားစွဲမယ် ထောင်ချမယ် ပြောနေလို့ ငါဝင်ညှိုပေးထားတယ် ကျသင့်တဲ့ဆေးဖိုးပေးရင် အဆင်ပြေပြီကွာ"
"ရတယ် ၂ကောင်လုံး လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်လိုက်ပါ အမေ ထ ပြန်မယ်"
"မောင်...."
အမေကိုဆွဲထူကာ ထခိုင်းပြီး ပြန်မယ်လုပ်မှ အသံလေးညှောင့်တောင့်တောင့်နဲ့ ထွက်လာတဲ့အသံ စိုက်ကြည့်ပေးလိုက်တော့လဲ ခေါင်းကိုပြန်ငုံ့သွားသည်
"သားရယ် ကလေးတွေကို အဲ့လိုမလုပ်စမ်းပါနဲ့ လာ ပြန်ထိုင်"
"အမေ"
အမေ အတင်းနားချတာနဲ့ပဲ နောက်ရက် ကျသင့်တဲ့ဆေးဖိုး အလျော် ပေးချေပါ့မယ်လို့ပြောခဲ့ရသလို ဟို၂ကောင်လဲ ခံဝန်ကတိမှာ လက်မှတ်ထိုးခဲ့ရပြီး ကိစ္စက အပြီးသတ်သွားလေရဲ့
*အိမ်ရောက်မှလားကွာ ဒီလောက်ကလေးတွေနဲ့အပြိုင်အငြိမ်မနေတာ ငါနဲ့တွေ့မယ်*
*********************
TBC
LOVE U ALL💛
"အေမ့ ဟိုတေယာက္ေကာ"
ေန႔လယ္ ထမင္းစားျပန္ခ်ိန္ အိမ္ျပန္ေရာက္ကတည္းက အရိပ္ပင္မေတြ႕ရတာ အခုကိုယ္ေတာင္ စားၿပီးလယ္ထဲျပန္သြားေတာ့မယ္ ခါတိုင္းလိုလူျမင္အေသကပ္တဲ့သူကေပၚမလာ
"ဘယ္တေယာက္ "
အေမကလည္း ဆန္ျပာေနရင္းနဲ႔ေမးလာသည္ ေအာ္အေမရယ္ ခက္လိုက္ပါဘိ အိမ္လူဘယ္ႏွေယာက္ရွိတာၾကလို႔
"အေမ့ သမက္ေျပာတာ ဘယ္သြားရႈပ္ေနျပန္ၿပီလဲ အေမေနာ္ လႊတ္မထားနဲ႔ေနာ္ ဘယ္ခ်ိန္ဘာထ လုပ္မလဲ သားတကယ္ ေခါင္းက်ိန္းတယ္"
ခ်န္းေယာလ္က အေမ့နားျပန္ဝင္ထိုင္ရင္းေျပာေတာ့ အေမက ဆန္ျပာလက္စ စေကာကို ေဘးခ်လိုက္ကာ
"အဲ့ေလာက္လဲ မဆိုးရွာပါဘူးသားရယ္ လိမၼာပါတယ္ "
"အေမ မသိဘူးေနာ္ ဒီတေယာက္က ဆရာေတာင္ လက္လန္တဲ့အထိေနာ္"
"ဟက္ ခ်စ္စရာေလးေနမွာပါသားရယ္ ဘတ္ဟြၽန္းေလးက ကေလးလိုပဲေနတာမို႔ပါ"
"မႏိုင္ဘူး အေမေတာ့ သူ႔သမက္ဘက္ကပဲ"
"အေမေတာ့ ေက်နပ္တယ္သားရယ္ ဘတ္ဟြၽန္းေလးက ခ်စ္ေမႊးပါရွာတယ္ "
"ခ်စ္ေမႊးေကာ ငရႈပ္ေမႊးေကာ အကုန္ပါတယ္ အေမ့သမက္က"
"ဟားဟားးးးငါ့သားကေတာ့ေဟ့ သေဘာက်ေနၿပီမို႔လား"
"မက်ပါဘူးအေမရာ သူစိတ္ကုန္သြားရင္ သားက ကြာရွင္းေပးလိုက္မွာ တကယ့္ငရႈပ္ အဲ့ေကာင္က "
ခ်န္းေယာလ္ စကားဆုံးေတာ့ အေမက အသံထြက္ရယ္ေမာကာ ေခါင္းတရမ္းရမ္းနဲ႔ ေဘးကစေကာကိုျပန္ယူကာ ဆန္ဆက္ျပာရင္း
"ဆယ္ဟြန္းတို႔ေက်ာင္း လိုက္ၾကည့္ခ်ည္ေလရဲ႕"
"ဟင္ ေက်ာင္းက ဖြင့္ၿပီမို႔လို႔လား"
"မဖြင့္ေသးဘူးေလ သိတဲ့အတိုင္း မင္းညီ ဆယ္ဟြန္းက ေနရာသြားဦးး"
"အရီး အရီးေရ အရီး ဟာ အကိုခ်န္းေယာလ္ေကာရွိတာလား "
အေမ့စကားပင္မဆုံးလိုက္ေသး ေအာ္ႀကီးဟစ္က်ယ္ ေအာ္ကာ ေျပးလာတဲ့ ငပု
"ေဟာဟဲ....ေဟာာာေဟာဟဲ ဟူးးးး"
"ဘာျဖစ္တာလဲ ငပုရယ္ ငါ့ရင္ထိတ္လိုက္တာ"
အေမက ရင္ဘတ္ေပၚလက္ဖိကာ ေမးလိုက္သလို ခ်န္းေယာလ္ကလဲ အေမာေျဖေနတဲ့ ငပုကိုသာ အာ႐ုံစိုက္ၾကည့္ေနမိသည္
"ဟူးးး အရီး အကိုခ်န္းေယာလ္ မေကာင္းေတာ့ဘူး မေကာင္းေတာ့ဘူး"
"ျမန္ျမန္ေျပာကြာ ငပု ဘာလဲ ေသခ်ာေျပာ"
"ဆယ္ဟြန္းနဲ႔အကိုခ်န္းေယာလ္မိန္းမ အဲ ေယာက်္ား ရန္ျဖစ္လို႔ အခု အုပ္ခ်ဳပ္ေရးမႈးအိမ္မွာ "
"ဘာ......"
ခ်န္းေယာလ္ေကာ အေမပါ ခေမာက္ကိုယ္စီေဆာင္းကာ အုပ္ခ်ဳပ္ေရးမႉးအိမ္ဆီသို႔ သုတ္ေခ်တင္ေျပးရေတာ့သည္ ေဘးကေနရင္တမမနဲ႔လိုက္လာတဲ့အေမ့ကိုလည္း မေျပာဘူးလားဆိုတဲ့စကားတခြန္းသာ ခ်န္းေယာလ္ေျပာႏိုင္ေတာ့သည္
********************
ေတြ႕ပါၿပီဗ်ာ အုပ္ခ်ဳပ္ေရးမႉးနဲ႔မ်က္ႏွာခ်င္းဆိုင္ခုံမွာ ၿငိမ္ကုပ္ကာ ထိုင္ေနတဲ့ အေမႊ၂ေကာင္
"ေဟာ လာဗ်ာ အရီးနဲ႔ ခ်န္းေယာလ္ "
"ဘယ္လိုျဖစ္တာလဲ အုပ္ခ်ဳပ္ေရးမႉးႀကီးရယ္ က်မ ရင္ထိတ္လိုက္တာ"
"အျဖစ္ကေတာ့ဗ်ာ က်ေနာ္လည္းမေျပာခ်င္ေတာ့ပါဘူး အရီးရယ္ "
အုပ္ခ်ဳပ္ေရးမႉးနဲ႔အေမနဲ႔သာ အျပန္အလွန္ေျပာေနၾကေပမဲ့ခ်န္းေယာလ္စကားဝိုင္းထဲဝင္မပါျဖစ္ ငရႈပ္နဲ႔ ၾကက္ေပါက္ကိုသာ စိုက္ၾကည့္ေနမိသည္ ဟို၂ေကာင္ကလည္း ေခါင္းကိုေမာ့မလာေတာ့
"ဘယ္လိုျဖစ္တာလဲ အုပ္ခ်ဳပ္ေရးမႉး"
"ဒီလိုရွိတယ္ခ်န္းေယာလ္ ေဟာ့ဒီက မင္းေယာက်ာ္း နဲ႔ ဟိုဘက္ရပ္ကြက္က ကေလးတသိုက္စကားမ်ားတာကေနစတာပဲ "
"ဘယ္လို"
"လူငယ္သဘာဝ ဆယ္ဟြန္းတို႔အတြက္ခုံေနရာဦးရင္း စကားမ်ားတာကေန ေတြ႕ရာဆြဲကိုင္ၿပီး လက္သီးသုံးၾကတာ ဆယ္ဟြန္းတို႔ကဘာမွမျဖစ္ေပမဲ့ ဟိုဘက္ကေလးေတြက ေခါင္းကြဲတဲ့သူေကာ ေျခေထာက္က်ိဳးတဲ့သူေကာ အကုန္ေဆး႐ုံမွာ"
အုပ္ခ်ဳပ္ေရးမႉးစကားဆုံးေတာ့ အေမက ေသြးတက္သြားဟန္ နထင္ကို လက္ေထာက္ကာေန ေနေပမဲ့ ခ်န္းေယာလ္ကေတာ့ မ်က္ေမွာင္ကုပ္ၿပီး ၾကည့္ေနသည္
"ဆယ္ဟြန္းအေမေကာ"
"ႀကိဳက္တာသာ လုပ္လိုက္ပါတဲ့ ရွက္လြန္းလို႔မလာခ်င္ဘူးတဲ့"
"သူတို႔ဘက္က ဘာလုပ္မွာတဲ့လဲအုပ္ႀကီး"
"တရားစြဲမယ္ ေထာင္ခ်မယ္ ေျပာေနလို႔ ငါဝင္ညႇိဳေပးထားတယ္ က်သင့္တဲ့ေဆးဖိုးေပးရင္ အဆင္ေျပၿပီကြာ"
"ရတယ္ ၂ေကာင္လုံး လုပ္ထုံးလုပ္နည္းအတိုင္းသာ လုပ္လိုက္ပါ အေမ ထ ျပန္မယ္"
"ေမာင္...."
အေမကိုဆြဲထူကာ ထခိုင္းၿပီး ျပန္မယ္လုပ္မွ အသံေလးေညႇာင့္ေတာင့္ေတာင့္နဲ႔ ထြက္လာတဲ့အသံ စိုက္ၾကည့္ေပးလိုက္ေတာ့လဲ ေခါင္းကိုျပန္ငုံ႔သြားသည္
"သားရယ္ ကေလးေတြကို အဲ့လိုမလုပ္စမ္းပါနဲ႔ လာ ျပန္ထိုင္"
"အေမ"
အေမ အတင္းနားခ်တာနဲ႔ပဲ ေနာက္ရက္ က်သင့္တဲ့ေဆးဖိုး အေလ်ာ္ ေပးေခ်ပါ့မယ္လို႔ေျပာခဲ့ရသလို ဟို၂ေကာင္လဲ ခံဝန္ကတိမွာ လက္မွတ္ထိုးခဲ့ရၿပီး ကိစၥက အၿပီးသတ္သြားေလရဲ႕
*အိမ္ေရာက္မွလားကြာ ဒီေလာက္ကေလးေတြနဲ႔အၿပိဳင္အၿငိမ္မေနတာ ငါနဲ႔ေတြ႕မယ္*
*********************
TBC
LOVE U ALL💛