"ဘာတွေ ရှုပ်ဖို့တွေးနေပြန်တာလဲ"
အရင်ညတွေလို လှုပ်စိခတ်ကာမနေ အိပ်မယ့်အရေးကိုလည်း မအိပ်နိုင်ဘဲ ကုတင်ပေါ်ငုတ်တုပ် ခေါင်းအုံးပေါ်မေးထောက်ကာ တွေဝေနေတဲ့သူကို ကိုယ်ကပဲ မနေနိုင်စွာ စကားစမိတော့သည်
"ဒီလို မောင်ရ"
ကိုယ့်ဘက်ကို လှည့်ကာ တကယ့်အဓိပ္ပါယ်လေးနက်ပြီး အရေးကြီးမယ့်အကြောင်းပြောတော့မည့်ပုံစံ အားယူပြီးတော့မှ
"ကလေးကို ဟိုလိုမလုပ်ပဲနဲ့ဘယ်လို ရအောင်လုပ်မလဲလို့"
"ဟမ်"
ပြောလိုက်မှဖြင့် ပတ်ချန်းတို့မျက်လုံးပြူးရသည် သူ့ကြည့်ရတာလဲ အတည်ကြီးပြောနေတဲ့ပုံ
"ဘာကို ဟိုလိုမလုပ်တာလဲ"
"ဟာ မောင်ကလည်းဝေးပြန်ပြီ ဟိုလိုပါဆိုနေ ဟိုလေသွေးသားဖလှယ်တာ အဲ့တာပြောတာ"
ရှက်ရဲရဲနဲ့ပြောလာတဲ့ကောင်လေးက တကယ့်ကို အဲ့လိုတွေးနေသည့်ပုံ
"လေဥ ဥအောင်လုပ်လေ"
ချန်းယောလ် ခပ်တည်တည်နဲ့ပြောလိုက်တော့
"လေဥ အဲ့တာဘယ်လိုလုပ်ရမှာလဲဟင် မောင်သိလား"
"ဘတ်ဟျွန်း ဘာရူးနေပြန်တာလဲ ဟမ် လေဥ ရအောင်ဘယ်လိုလုပ်လဲ အလကားငါကသိပါ့မလား"
"သူပဲပြောပြီးတော့ ဒါဆိုကလေးရအောင် ဘယ်လိုလုပ်ရမလဲလို့ ပြော"
"ဒီမှာတွေ့လား"
"တွေ့တယ်လေ လက်ညိုးကြီး"
ချန်းယောလ် လက်ညိုးတစ်ချောင်းထောင်ကာ နောက်လက်တဖက်ကလက်မနဲ့လက်ညှိုးကို အကွင်းပုံစံလုပ်လိုက်ပြီး လက်ညှိုးနဲ့အကွင်းလေးထဲဝင်လိုက်ထွက်လိုက်လုပ်ပြကာ
"အေး အဲ့လို လုပ်မှရမှာ"
ကြောင်တောင်တောင်နဲ့ကြည့်နေတဲ့ ဘတ်ဟျွန်းက အားရဝမ်းသာတဲ့အပြုံးကြီးနဲ့
"လုပ်ရအောင်လေ ဒါဆို ကလေးယူရအောင်နော် လာ လုပ်ပေး"
ခပ်တည်တည်ပဲ အိပ်ယာပေါ် ပက်လက်လှန်ချကာ ပြောလာတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ် ရုပ်တည်ကြီးနဲ့ပဲဖြဲခြောက်ရတော့မည် တကယ်ဒီကလေးအကြောက်အလန့်မရှိ
"နာမှာနော် တဖြေးဖြေးနဲ့ အူတွေပြတ်ထွက်သွားတော့မှာလိုမျိုး အားးးးလို့တောင် အော်နိုင်မှာမဟုတ်လောက်တဲ့ထိ အရမ်းးးးးနာမှာ နောက်နေ့တွေလဲ နာလွန်းလို့သေချင်လောက်တဲ့အထိခံစားရမှာ"
ပက်လက်လေးအိပ်နေတဲ့ ဘတ်ဟျွန်းအပေါ်ကနေ အုပ်မိုးကာ ချန်းယောလ် အသံကိုဆွဲဆွဲငင်ငင်နဲ့ ခြောက်ကာပြောလိုက်တာက ထိရောက်သည့်ပုံ ဘတ်ဟျွန်းမျက်ဝန်းလေးထဲ အရည်ကြည်လေးတွေရစ်ဝိုင်းလာကာ ချန်းယောလ်စကားဆုံးတဲ့နောက်အတင်းတွန်းတိုက်ပြီး ထထိုင်တော့သည်
"ဒီလက်ချောင်းလေးနဲ့ပဲကို အဲ့လောက်ကြီးနာမှာလား"
ချန်းယောလ် လက်ကိုဆွဲကိုင်ကြည့်ရင်းပြောလာတော့ ချန်းယောလ်ရယ်ချင်ပက်ကျိဖြစ်သွားရသည်
"သေးပေါက်တဲ့ဟာနဲ့လုပ်မှာပေါ့ကွ လခွမ်းဒီလက်ချောင်းနဲ့ လုပ်စရာလား"
"ဟင် တကယ်ကြီးအရမ်းနာမှာပေါ့ အဲ့တာဆို မလုပ်ချင်ဘူး မလုပ်တော့ဘူး "
ခေါင်းတယမ်းယမ်းနဲ့ အကြောက်ကန်ပြောလာတဲ့ဘတ်ဟျွန်း
"မင်းပဲ ကလေးလိုချင်တာဆို"
ချန်းယောလ်ပြောလိုက်တော့ ခန ငြိမ်ကျသွားပြီး
"ဒီလို လုပ်ရအောင်လေ ကလေးမွေးစားကြရအောင်လေ နော် နော်...."
"........."
လက်မောင်းရင်းကို ကိုင်လှုပ်ကာ ပြောလာတဲ့ ဘတ်ဟျွန်းကိုချန်းယောလ် ဘာမှပြန်မပြောဘဲ ဒီတိုင်းသာကြည့်နေလိုက်တော့သည်
"မွေးစားရအောင်လေ နော် ဒီတိုင်းဆို ကျနော့်အတွက်က ဘယ်မှာလွယ်မှာလဲလို့ ကလေးရအောင်လုပ်ရင်လဲနာမှာ မွေးရင်လဲနာမှာ နာချည်းပဲနာနေရမှာ "
"ယောကျ်ားယူထားမှတော့ နာရမှာပဲလေ မင်းပဲအတင်းယူထားတာမဟုတ်ဘူးလား"
"ဟင့် မောင်ကလည်း ချစ်လို့ယူထားတာ နာချင်လို့မှ မဟုတ်တာ တော်ပြီ အိပ်တော့မယ် မွေးစားရအောင်လို့စဉ်းစားထားဦးနော်"
သူနာမှာတော့ အသေကြောက်တဲ့ပုံနဲ့ အနားတောင်မကပ်တော့ ပြောချင်ရာပြောပြီး ကုတင်စွန်းဘက်တိုးကာ ကျောပေးသွားသည်
ကြောင်တောင်တောင်နဲ့ပေါက်ကရတွေ လာမေးနေလို့သာ လျှောက်ပြောလိုက်တာ ချန်းယောလ် ဘတ်ဟျွန်းအပေါ် အဲ့လိုလုပ်ဖို့မပြောနဲ့ အတွေးထဲတောင်မရှိ တကယ်ချစ်တဲ့သူနဲ့သာသွေးသာဖလှယ်ဖို့စိတ်ကူးရှိသည် ဒီကလေးကလည်းအခုထိသူ့အပေါ်စိတ်ပျက်ခဲ့ခြင်းမရှိ အိမ်ပြန်ချင်တယ်လဲမပြော သူ့အဖေဆီတောင်ဖုန်းဆက်တာမမြင် အတူနေလာတာကြာတော့ တကယ့်ညီငယ်လေးလိုသံယောဇဉ်ဖြစ်မိတာတော့အမှန်
အခုလည်း ကလေးမွေးစားဖို့တကယ်စိတ်အားထက်သန်နေသည့်ဟန် အွမ်းလေအမေကောကိုယ်ကော ကလေးချစ်တတ်သလို တနေ့တနေ့ သူလည်းအိမ်မှာပျင်းနေရှာမှာပေါ့ နောက်ဆို ဆယ်ဟွန်းကြက်ပေါက်ကလည်းကျောင်းတက်ရတော့မှာနဲ့ အင်းးးး
အသက်ရှူသံ ပုံမှန်လေးနဲ့ အိပ်ပျော်နေပြီဖြစ်တဲ့ကောင်လေးကို စောင်လေးသေချာပြန်ခြုံပေးလိုက်ကာ ကိုယ်ကိုတိုင်လည်း မျက်လုံးများကိုအနားပေးလိုက်ပြီး အိပ်စက်ခြင်းဆီသို့........
********************
TBC
LOVE U ALL💛
"ဒီလို မောင်ရ"
"ဟမ်"
"လေဥ ဥအောင်လုပ်လေ"
"ဒီမှာတွေ့လား"
"အေး အဲ့လို လုပ်မှရမှာ"
"........."
"ယောက်ျားယူထားမှတော့ နာရမှာပဲလေ မင်းပဲအတင်းယူထားတာမဟုတ်ဘူးလား"
********************
TBC
LOVE U ALL💛