စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး (...

By cherrymay607

540K 57.9K 845

ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဘဲ ဂေးလို့ ကောလဟာလထွက်ရှိထားသော အသက်၃၀အရွယ် ရှန်းဥက္ကဌနှင့် ..... မိမိချစ်သူနှင်... More

အပိုင္း ။ ၁+၂+၃+၄
၅။ ရည္းစားရွိလား ။
၆။ ေက်းဇူးပါ ။ Mr. Hollandaise
၇။ မင္း ..ငါ့ကို ဘယ္လိုေခၚလိုက္တာ..?
၈။ မင္းကို ...ငါ့ဇနီး..ျဖစ္ေစခ်င္တယ္။
Attention please 🔔📣
၉။ ဘဏ္တိုက္ႏွင့္ ေအာင္ျမင္မႈ​ေတြကို ယူေဆာင္ေပးတဲ့ ဇနီး ။
၁၀။ ငါ့ဇနီးေလးကို ဘယ္အ႐ူးကမ်ား အႏိုင္က်င့္ရဲမလဲ?
၁၁။ ကိုယ္ ဖရဲသီး ႀကီးႀကီးေတြ မႀကိဳက္ဘူး.
၁၂။ ေခြးေလွာင္အိမ္ထဲ....သြားအိပ္ခ်င္တာလား?
၁၃။ မင္းအနာဂတ္ရဲ႕.....တစ္စိတ္တစ္ပိုင္း ျဖစ္ေစရမယ္။
၁၄။ မင္းကိုယ္မင္းလည္း .... ေလ်ွာ့မတြက္ပါနဲ႔။
၁၅။ ဘယ္လိုမ်ိဳး ခံစားေနရလဲ.....မစၥစ္ ႐ွန္း..?
၁၆။ သူႀကိဳက္တဲ့. ......အနမ္းမ်ိဳး
၁၇။ တကယ္ကို....အဆင္ေျပေစတဲ့ အိမ္ေထာင္ေရး?
၁၈။ ကိုယ္တို႔ရဲ႕ ပတ္သက္မႈကို လက္မေလ်ာ့လိုက္ပါနဲ႔။
၁၉။ မင္းက ကိုယ္နဲ႔ပဲ ေနရမယ္...ဒါေနာက္ဆံုးစကားပဲ..။
၂၀။ ႐ွန္းရီ....ရံႈးနိမ့္သြားၿပီ....။
၂၁။ ကိုယ့္ရဲ႕ မဂၤလာဦး....အနမ္းေလးေရာ ..?
၂၂။ ကိုယ္တို႔ အတူတူ အိပ္ရင္ေကာင္းမလား...?
၂၃။ သူမရဲ႕ စိတ္အေႏွာင့္အယွက္ေပးေသာ ေယာက်ၤား....
၂၄။ ကိုယ့္ရဲ႕ အရသာ႐ွိတဲ့ ခႏၶာေလး အေပၚေရာ....?
၂၅။ အခ်စ္ေလး...မင္း..ကိုယ့္ကို သတ္ဖို႔ ႀကိဳးစားေနတာလား..?
၂၆။ သခင္ေလးက ခ်စ္မိသြားၿပီ...။
၂၇။ မိန္းကေလး လုက ကိုယ္ဝန္႐ွိေနတာလား..?
၂၈။ ကြၽန္မ လဲက်ရင္ ႐ွင္ ဖမ္းေပးမွာလား..?
၂၉။ မင္း...ကိုယ့္ကို ေမးဖို႔ပဲလိုတယ္...
၃၀။ ကြၽန္မက တစ္ခ်ိန္လံုး ဝမ္းနည္း ၿပီး ငိုေနရမွာလား....?
၃၁။ ကြၽန္မ ေယာက်ၤားက ႐ွန္းရီပဲ...
၃၂။ Sun မိသားစုက သိုးမည္းေလး....
၃၃။ အေဒၚႀကီး ေသ သြားမွ ကြၽန္မ ဂါရဝလာျပဳေတာ့မယ္...
၃၄။ သူက ကြၽန္မ ခင္ပြန္းေလ....
၃၅။ ငါ့မိန္းမက မင္းကို ေနာက္ထပ္ မျမင္ခ်င္ဘူး
၃၆။ ႐ႈလန္ အႀကိဳက္ဆံုး အခ်ိဳပြဲ...
၃၇။ Fa မေလး ႐ႈလန္....
၃၈။ ဘယ္လို ဟန္းနီးမြန္းလဲ...?
၃၉။ သြား...ေရခ်ိဳးဇလံုမွာ သြားအိပ္... !
၄၀။ အခ်စ္ဆံုး သူငယ္ခ်င္းေၾကာင့္ ဝမ္းနည္းရျခင္း....
၄၁။ ဘာလို႔ ဝိုင္းဝိုင္းလည္ေနရတာလဲ...?
၄၂။ ျပန္ခံစားေစရမယ္.....!
၄၃။ တန္ရာတန္ေၾကးေပးရင္ ကိုင္ခြင့္ေပးမယ္..!
၄၄။ လုခ်င္းယီရဲ႕ ေယာက်ၤား...?
၄၅။ ကိုယ္ ....အခု မင္းကို နမ္းလို႔ရလား...?
၄၆။ မင္း ရင္ထဲမွာ နံပါတ္၁......
၄၇။ သူမကို သြားဆြဲေဆာင္ေနတယ္....
၄၈။ ကိုယ့္ကို အနမ္းေလး ငွါးေပးပါလား....?
၄၉။ သူေဌးကို ဘာအတတ္နဲ႔မ်ား ျပဳစားလိုက္လဲ....?
၅၀။ ပထမဦးဆံုး..... ဒိတ္
၅၁။႐ွင့္ကို ခ်စ္မိေနၿပီ......
၅၂။ ဆုေတာင္းေနလိုက္...!
၅၃။ အလိုလိုက္ခံထားရတဲ့ ဇနီးေလး....
၅၄။ အလိုလိုက္ခံထားရတဲ့ ဇနီးေလး (၂)
၅၅။သြား...! ေခြးမ... သြားၾကည့္ေပါ့...!
၅၆။ ကြၽန္မ.... ေဆးခတ္လိုက္တယ္....
၅၇။ သူေဌးက​ေတာ္က မေကာင္းဆိုးဝါးပံုစံကို ဖံုးကြယ္ထားတာပဲ...
၅၈။ကိုယ့္ကို အရမ္းႀကီး စိတ္မပူပါနဲ႔....
၅၉။မင္းကို ျပန္ၿပီး လက္ထပ္ခ်င္တယ္....
၆၀။ပထမအႀကိမ္ လူေ႐ွ႕ထြက္ျပျခင္း....
၆၁။ ေ႐ွာင္လန္....
၆၂။ဘာလို႔ ကြၽန္မလဲ...
၆၃။ဟန္​ေဆာင္ေနတာကို ရပ္လိုက္ရေအာင္....!
၆၄။ အသားကင္ေတြက ကိုယ့္အတြက္ပဲ...
၆၅။ မဂၤလာဦးည
၆၇။တနလၤာေန႔ကို မုန္းတယ္...!
၆၆။ကြၽန္မရဲ႕ တစ္ဦးတည္းေသာ....
၆၈။ ဒါေတြက ဘယ္မွာမွ ဝယ္လို႔မရဘူး...!
၆၉။ ေသခ်င္ေနတာလား....?
၇၀။ငါ့ကို လက္ထပ္လိုက္ပါလား...
၇၁။ကိုယ့္ကို မင္းေတာင္းပန္စရာ မလိုပါဘူး
၇၂။Silver Leaf Academy
၇၃။
၇၄။
၇၅။
၇၆။ မာမီ...ခ်င္းယီ..တကယ္ကို စိတ္ဆိုးေနၿပီ...
၇၇။ မရီးကို စစ္ေဆးေမးျမန္းျခင္း(၁)
၇၈။
၇၉။
၈၀။
၈၁။
၈၂။
၈၃။
၈၄။
၈၅။
၈၆။
၈၈။
၈၇။
၈၉။
၉၀။
၉၁။
၉၂။
၉၃။
၉၄။
၉၅။
၉၆။
၉၇။
၉၉။
၉၈။
၁၀၀။
၁၀၁။
၁၀၂။
၁၀၃။
၁၀၄။
၁၀၆။
အပိုင္း ၁၀၇။
၁၀၈။
၁၀၉။
၁၁၀။
၁၁၁။
၁၁၂။
၁၁၃။
၁၁၄။
၁၁၅။
၁၁၆။
၁၁၈။
၁၁၇။
၁၁၉။
၁၂၀။
၁၂၁။
၁၂၂။
အပိုင္း ။၁၂၃+ ၁၂၄+ ၁၂၅
အပိုင္း ၁၂၆+၁၂၇+၁၂၈
အပိုင္း ၁၂၉+၁၃၀
အပိုင်း ။၁၃၁+၁၃၂
အပိုင်း၁၃၃+ ၁၃၄ +၁၃၅
အပိုင်း ။ ၁၃၆ +၁၃၇+ ၁၃၈+ ၁၃၉
အပိုင်း ၁၄၀+၁၄၁
အပိုင်း။ (၁၄၂-၁၄၇)
အပိုင္း။၁၄၈
🔔🔔🔔

၁၀၅။

2.4K 278 0
By cherrymay607

❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤

အပိုင္း ၁၀၅။

" လာပါ...ေ႐ွာင္လန္ရဲ႕...... ၊ နင့္ပံုစံက ဝိတ္တက္လာတဲ့ ပံုစံမ်ိဳးလည္း မဟုတ္ပါဘူး....ေဝလငါးနဲ႔လည္း နည္းနည္းမွမတူဘူး....ဟုတ္ၿပီလား....''
ဂ်င္းေဘာင္းဘီစြပ္ထည့္လို႔မရလို႔ ျဖစ္ပ်က္ေနတဲ့ ေ႐ွာင္လန္ရဲ႕ ပံုကိုၾကည့္ၿပီး ခ်င္းယီတစ္ေယာက္ ရယ္ခ်င္ေနေပမယ့္ ထိန္းထားရသည္။

ဒီမနက္မွာပဲ ေ႐ွာင္လန္က ကိုယ္ဝန္႐ွိေနၿပီဆိုၿပီး လာေျပာသည္ေလ.....
လက္ထပ္ထားတာ ၃ႏွစ္႐ွိၿပီျဖစ္တဲ့ ေ႐ွာင္လန္တို႔ လင္မယားႏွစ္ေယာက္က အရင္ကတည္းက ကေလးအရမ္းလိုခ်င္ေနခဲ့သည္။ အခုလို ေ႐ွာင္လန္မွာ ကေလး႐ွိၿပီဆိုတာသိေတာ့ သူတို႔လင္မယားႏွစ္ေယာက္က ျပံဳးေပ်ာ္လို႔မဆံုး....။

" တကယ္ႀကီး...ခ်င္းခ်င္းရဲ႕....၊ လံုးဝစြပ္ထည့္လို႔မရေတာ့ဘူး....''
ေ႐ွာင္လန္က မွန္ကို မ်က္ေမွာင္ႀကီးၾကဳတ္ကာ ၾကည့္ေနေတာ့ ခ်င္းယီ ျပံဳးလိုက္၏။

မေန႔ညကတည္းက ေရွာင္လန္က ႐ွန္းစံအိမ္မွာ လာေနဖို႔ ေျပာခဲ့သည္။ ေ႐ွာင္လန္ရဲ႕ ေယာက်ၤားက အလုပ္ကိစၥနဲ႔ ခရီးသြားေနတယ္ဆိုေတာ့ မဒမ္႐ွန္းကလည္း ခ်င္းယီနဲ႔ အေဖာ္ရေအာင္ လာေနတဲ့...။

လုခ်င္းယီကလည္း သူမရဲ႕ သူငယ္ခ်င္းေလးနဲ႔ အရမ္းေပ်ာ္ရႊင္ေနၿပီး ေ႐ွာင္လန္ ျဖစ္ပ်က္ေနတဲ့ ပံုစံကို ၾကည့္ကာ အရယ္မရပ္ေတာ့ေပ။ အာ....ေဘ ဘီေလးေတြကို ၾကည့္ဖို႔ မေစာင့္ႏိုင္ေတာ့ဘူး.....

" စိတ္မညစ္ေနပါနဲ႔...၊ အစ္မပဲေျပာတယ္....ကေလးရခ်င္ေနၿပီဆို....မၾကာခင္မွာ ေဘ ဘီေလးကို ျမင္ရေတာ့မယ့္ဟာ ေပ်ာ္ေပ်ာ္ေနစမ္းပါ....''
ခ်င္းယီက စေန၏။

ထို႔ေနာက္ ေ႐ွာင္လန္က ဂ်င္းေဘာင္ဘီကို ခြၽတ္လိုက္ကာ ေပါ့ေပါ့ပါးပါးျဖစ္တဲ့ စကပ္ကို ႐ွာေနရင္းနဲ႔......

" ေနဦး...ငါၾကားတယ္...နင္...႐ွန္းရီကို မေပးဘူးဆို....''
ေ႐ွာင္လန္က မခံခ်င္ေအာင္ ျပန္စျပန္သည္။

ခ်င္းယီက သူမရဲ႕ ႐ွက္ေနတဲ့ မ်က္ႏွာေလးကို ေရွာင္လန္ မျမင္ေအာင္ မ်က္ႏွာလႊဲလိုက္ကာ....

" အစ္မ ....ဘာေျပာလိုက္တာလဲ...? ကြၽန္မ နားမလည္ဘူး....''

ေ႐ွာင္လန္က သက္ျပင္းခ်လိုက္ရင္း...

" အို...ႏိုး... ၊ ငါ့ကိုေတာ့ လာလိမ္လို႔ မရဘူး...ခ်င္းခ်င္း...အဲ့ဒီဒဏ္ရာေလးေသးေသးေလးကို ဘာလို႔ ႐ွန္းရီကို ပစ္ထားရတာတုန္း......သူတို႔ရဲ႕မ်ိဳး႐ိုးက အမႊာမ်ိဳး႐ိုးေနာ္.....ျဖစ္ႏိုင္ရင္ ႐ွန္းရီက အမႊာရေအာင္ လုပ္ေပးမွာ....''

ခ်င္းယီက ေ႐ွာင္လန္ရဲ႕ လက္ေမာင္းကို ႐ိုက္လိုက္ၿပီး သူမမ်က္လံုးမွာ ထိတ္လန္႔ျခင္းေတြ အထင္းသားေပၚေန၏။

" ေ႐ွာင္လန္...ကြၽန္မကို အဲ့လိုလန္႔ေအာင္ မလုပ္ပါနဲ....!''

အမႊာ..? ကေလးတစ္ေယာက္ ေမြးတာေတာင္ မိန္းမေတြအတြက္ ဒီေလာက္ခက္ခဲတာ....၂မႊာတို႔ ၃မႊာတို႔ လာလုပ္ေနတယ္....ဟီး... ေၾကာက္လိုက္တာ....

သူမကေတာ့ ႐ွန္းရီနဲ႔ ကေလးအမ်ားႀကီးယူဖို႔ မစဥ္းစားထားေသးေပ။ ကေလးတစ္ေယာက္ ယူဖို႔ေတာင္ မနည္းႀကီး စဥ္းစားရဦးမယ္.. ဟုတ္ၿပီလား....?

" နင္...ငါ့ကို မကူညီဘူးလား...ခ်င္းခ်င္း...! ငါ့မွာေတာ့ ကပ္ဆိုက္ေနၿပီ....တစ္ထည္မွလည္း ဝတ္လို႔မရဘူး....''

ခ်င္းယီရဲ႕ မ်က္လံုးက သူမဖုန္းဆီေရာက္သြား၏။ ဒီအခ်ိန္ ေ႐ွာင္လန္အတြက္ အဝတ္အစားသြားဝယ္ရင္လည္း ေနာက္မက်ေသးပါဘူးေလ....
အို...ကေလးေလးအတြက္ပါ ေစ်းဝယ္ထြက္ရင္ ေကာင္းမလား....?

" ေ႐ွာင္လန္.... အစ္မခႏၶာကိုယ္က ဘာမွလည္း သိပ္မထူးျခားပါဘူး....''

သူမက ေ႐ွာင္လန္ကို နီးနီးကပ္ကပ္ၾကည့္မိေတာ့ ေ႐ွာင္လန္ရဲ႕ ရင္သားက နည္းနည္းႀကီးလာသလိုပင္။ ကိုယ္ဝန္႐ွိလာလို႔ အေျပာင္းအလဲေလး ျဖစ္သြားတာ ေနမွာပါေလ.....

" ကြၽန္မတို႔ ေ႐ွာ့ပင္း ထြက္ရင္ေကာင္းမလား....? ႐ွန္းရီရဲ႕... ကားေတြထဲက တစ္စီးကို ယူသြားမယ္ေလ....ကြၽန္မတို႔ ေ႐ွာ့ပင္းအေသးစားသြားတာပဲဟာ.... ႐ွန္းရီ ဘာမွေျပာမွာ မဟုတ္ပါဘူး.....''

" ဘာ ေ႐ွာ့ပင္း အေသးစားလဲ....? ႐ွန္းရီက သူ႔ရဲ႕ ပိုက္ဆံေတြကို သံုးပါဆိုၿပီး နင့္ကို ေတာင္းပန္ေနရတယ္မလား.....? နင္ကလည္းဟယ္ ဒီေလာက္ ပိုက္ဆံေတြမ်ားတာကို အစားအေသာက္အတြက္နဲ႔ ဟင္းခ်က္ဖို႔အတြက္ပဲ သံုးရလား.....''

" ဒါဆိုလည္း ကြၽန္မ ေအာက္ထပ္မွာ ေစာင့္ေနမယ္....ဝတ္လို႔ရတဲ့ အက်ႌကို ဝတ္ၿပီး ေအာက္ဆင္းခဲ့ေနာ္....ေနာက္ၿပီး ကြၽန္မ ကားေမာင္းမယ္...ေ႐ွာင္လန္က အေနာက္မွာ သက္ေသာင့္သက္သာနဲ႔သာလိုက္ခဲ့.....''

" ေကာင္းသားပဲ....!''
ဒါေပမယ့္ ေ႐ွာင္လန္က ခဏရပ္လိုက္ကာ....

" ေနဦး....၊.နင္...တကယ္သြားလို႔ရလို႔လား....? ႐ွန္းရီက ဒီရက္ပိုင္း လမ္းသိပ္မေလ်ွာက္နဲ႔လို႔ ေျပာထားတယ္မလား....?''

" သူ႔အေၾကာင္း သြား မစဥ္းစားနဲ႔...၊ သူက တစ္ခ်ိန္လံုး စိတ္ပူေနတာ....ဆရာဝန္က ေကာင္းသြားၿပီ...လမ္းေလ်ွာက္လို႔ရတယ္လို႔ ေျပာထားတာပဲဟာ....''

လုခ်င္းယီကေတာ့ ဗိုက္ဆာလာသလိုပင္။
အမေလး... လမ္းမွာ ဘာဂါဝယ္စားလိုက္ရရင္ေတာ့ ႐ွယ္ပဲ....လတ္ဆတ္တဲ့ အသီးေတြလည္း ဝယ္ဦးမယ္.....ထို႔ေနာက္ သူမရဲ႕ စားေသာက္ခ်င္စိတ္ကို ေရနဲ႔သာေျဖေဖ်ာက္လိုက္သည္။
႐ွန္းရီေတာ့ သူ႔ရဲ႕ ၿပိဳင္ကား Audi R8ကို ေ႐ွာင္လန္နဲ႔ ေစ်းဝယ္ဖို႔ ယူသြားရင္ ႐ွန္းရီ စိတ္မဆိုးဖို႔သာ ဆုေတာင္းရေတာ့သည္။
( Audi R8ကို သာသာ႐ွာၾကည့္တာ....လံုးဝ အလန္းစားႀကီး)

Unicode........

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၅။

" လာပါ...ရှောင်လန်ရဲ့...... ၊ နင့်ပုံစံက ဝိတ်တက်လာတဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး....ဝေလငါးနဲ့လည်း နည်းနည်းမှမတူဘူး....ဟုတ်ပြီလား....''
ဂျင်းဘောင်းဘီစွပ်ထည့်လို့မရလို့ ဖြစ်ပျက်နေတဲ့ ရှောင်လန်ရဲ့ ပုံကိုကြည့်ပြီး ချင်းယီတစ်ယောက် ရယ်ချင်နေပေမယ့် ထိန်းထားရသည်။

ဒီမနက်မှာပဲ ရှောင်လန်က ကိုယ်ဝန်ရှိနေပြီဆိုပြီး လာပြောသည်လေ.....
လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်တဲ့ ရှောင်လန်တို့ လင်မယားနှစ်ယောက်က အရင်ကတည်းက ကလေးအရမ်းလိုချင်နေခဲ့သည်။ အခုလို ရှောင်လန်မှာ ကလေးရှိပြီဆိုတာသိတော့ သူတို့လင်မယားနှစ်ယောက်က ပြုံးပျော်လို့မဆုံး....။

" တကယ်ကြီး...ချင်းချင်းရဲ့....၊ လုံးဝစွပ်ထည့်လို့မရတော့ဘူး....''
ရှောင်လန်က မှန်ကို မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေတော့ ချင်းယီ ပြုံးလိုက်၏။

မနေ့ညကတည်းက ရှောင်လန်က ရှန်းစံအိမ်မှာ လာနေဖို့ ပြောခဲ့သည်။ ရှောင်လန်ရဲ့ ယောကျၤားက အလုပ်ကိစ္စနဲ့ ခရီးသွားနေတယ်ဆိုတော့ မဒမ်ရှန်းကလည်း ချင်းယီနဲ့ အဖော်ရအောင် လာနေတဲ့...။

လုချင်းယီကလည်း သူမရဲ့ သူငယ်ချင်းလေးနဲ့ အရမ်းပျော်ရွှင်နေပြီး ရှောင်လန် ဖြစ်ပျက်နေတဲ့ ပုံစံကို ကြည့်ကာ အရယ်မရပ်တော့ပေ။ အာ....ဘေ ဘီလေးတွေကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး.....

" စိတ်မညစ်နေပါနဲ့...၊ အစ်မပဲပြောတယ်....ကလေးရချင်နေပြီဆို....မကြာခင်မှာ ဘေ ဘီလေးကို မြင်ရတော့မယ့်ဟာ ပျော်ပျော်နေစမ်းပါ....''
ချင်းယီက စနေ၏။

ထို့နောက် ရှောင်လန်က ဂျင်းဘောင်ဘီကို ချွတ်လိုက်ကာ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ စကပ်ကို ရှာနေရင်းနဲ့......

" နေဦး...ငါကြားတယ်...နင်...ရှန်းရီကို မပေးဘူးဆို....''
ရှောင်လန်က မခံချင်အောင် ပြန်စပြန်သည်။

ချင်းယီက သူမရဲ့ ရှက်နေတဲ့ မျက်နှာလေးကို ရှောင်လန် မမြင်အောင် မျက်နှာလွှဲလိုက်ကာ....

" အစ်မ ....ဘာပြောလိုက်တာလဲ...? ကျွန်မ နားမလည်ဘူး....''

ရှောင်လန်က သက်ပြင်းချလိုက်ရင်း...

" အို...နိုး... ၊ ငါ့ကိုတော့ လာလိမ်လို့ မရဘူး...ချင်းချင်း...အဲ့ဒီဒဏ်ရာလေးသေးသေးလေးကို ဘာလို့ ရှန်းရီကို ပစ်ထားရတာတုန်း......သူတို့ရဲ့မျိုးရိုးက အမွှာမျိုးရိုးနော်.....ဖြစ်နိုင်ရင် ရှန်းရီက အမွှာရအောင် လုပ်ပေးမှာ....''

ချင်းယီက ရှောင်လန်ရဲ့ လက်မောင်းကို ရိုက်လိုက်ပြီး သူမမျက်လုံးမှာ ထိတ်လန့်ခြင်းတွေ အထင်းသားပေါ်နေ၏။

" ရှောင်လန်...ကျွန်မကို အဲ့လိုလန့်အောင် မလုပ်ပါနဲ....!''

အမွှာ..? ကလေးတစ်ယောက် မွေးတာတောင် မိန်းမတွေအတွက် ဒီလောက်ခက်ခဲတာ....၂မွှာတို့ ၃မွှာတို့ လာလုပ်နေတယ်....ဟီး... ကြောက်လိုက်တာ....

သူမကတော့ ရှန်းရီနဲ့ ကလေးအများကြီးယူဖို့ မစဉ်းစားထားသေးပေ။ ကလေးတစ်ယောက် ယူဖို့တောင် မနည်းကြီး စဉ်းစားရဦးမယ်.. ဟုတ်ပြီလား....?

" နင်...ငါ့ကို မကူညီဘူးလား...ချင်းချင်း...! ငါ့မှာတော့ ကပ်ဆိုက်နေပြီ....တစ်ထည်မှလည်း ဝတ်လို့မရဘူး....''

ချင်းယီရဲ့ မျက်လုံးက သူမဖုန်းဆီရောက်သွား၏။ ဒီအချိန် ရှောင်လန်အတွက် အဝတ်အစားသွားဝယ်ရင်လည်း နောက်မကျသေးပါဘူးလေ....
အို...ကလေးလေးအတွက်ပါ ဈေးဝယ်ထွက်ရင် ကောင်းမလား....?

" ရှောင်လန်.... အစ်မခန္ဓာကိုယ်က ဘာမှလည်း သိပ်မထူးခြားပါဘူး....''

သူမက ရှောင်လန်ကို နီးနီးကပ်ကပ်ကြည့်မိတော့ ရှောင်လန်ရဲ့ ရင်သားက နည်းနည်းကြီးလာသလိုပင်။ ကိုယ်ဝန်ရှိလာလို့ အပြောင်းအလဲလေး ဖြစ်သွားတာ နေမှာပါလေ.....

" ကျွန်မတို့ ရှော့ပင်း ထွက်ရင်ကောင်းမလား....? ရှန်းရီရဲ့... ကားတွေထဲက တစ်စီးကို ယူသွားမယ်လေ....ကျွန်မတို့ ရှော့ပင်းအသေးစားသွားတာပဲဟာ.... ရှန်းရီ ဘာမှပြောမှာ မဟုတ်ပါဘူး.....''

" ဘာ ရှော့ပင်း အသေးစားလဲ....? ရှန်းရီက သူ့ရဲ့ ပိုက်ဆံတွေကို သုံးပါဆိုပြီး နင့်ကို တောင်းပန်နေရတယ်မလား.....? နင်ကလည်းဟယ် ဒီလောက် ပိုက်ဆံတွေများတာကို အစားအသောက်အတွက်နဲ့ ဟင်းချက်ဖို့အတွက်ပဲ သုံးရလား.....''

" ဒါဆိုလည်း ကျွန်မ အောက်ထပ်မှာ စောင့်နေမယ်....ဝတ်လို့ရတဲ့ အကျႌကို ဝတ်ပြီး အောက်ဆင်းခဲ့နော်....နောက်ပြီး ကျွန်မ ကားမောင်းမယ်...ရှောင်လန်က အနောက်မှာ သက်သောင့်သက်သာနဲ့သာလိုက်ခဲ့.....''

" ကောင်းသားပဲ....!''
ဒါပေမယ့် ရှောင်လန်က ခဏရပ်လိုက်ကာ....

" နေဦး....၊.နင်...တကယ်သွားလို့ရလို့လား....? ရှန်းရီက ဒီရက်ပိုင်း လမ်းသိပ်မလျှောက်နဲ့လို့ ပြောထားတယ်မလား....?''

" သူ့အကြောင်း သွား မစဉ်းစားနဲ့...၊ သူက တစ်ချိန်လုံး စိတ်ပူနေတာ....ဆရာဝန်က ကောင်းသွားပြီ...လမ်းလျှောက်လို့ရတယ်လို့ ပြောထားတာပဲဟာ....''

လုချင်းယီကတော့ ဗိုက်ဆာလာသလိုပင်။
အမလေး... လမ်းမှာ ဘာဂါဝယ်စားလိုက်ရရင်တော့ ရှယ်ပဲ....လတ်ဆတ်တဲ့ အသီးတွေလည်း ဝယ်ဦးမယ်.....ထို့နောက် သူမရဲ့ စားသောက်ချင်စိတ်ကို ရေနဲ့သာဖြေဖျောက်လိုက်သည်။
ရှန်းရီတော့ သူ့ရဲ့ ပြိုင်ကား Audi R8ကို ရှောင်လန်နဲ့ ဈေးဝယ်ဖို့ ယူသွားရင် ရှန်းရီ စိတ်မဆိုးဖို့သာ ဆုတောင်းရတော့သည်။
( Audi R8ကို သာသာရှာကြည့်တာ....လုံးဝ အလန်းစားကြီး)

Continue Reading

You'll Also Like

160K 12.1K 48
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
168K 18.3K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
975K 35.3K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
638K 6.7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...