စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး (...

By cherrymay607

540K 57.9K 845

ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဘဲ ဂေးလို့ ကောလဟာလထွက်ရှိထားသော အသက်၃၀အရွယ် ရှန်းဥက္ကဌနှင့် ..... မိမိချစ်သူနှင်... More

အပိုင္း ။ ၁+၂+၃+၄
၅။ ရည္းစားရွိလား ။
၆။ ေက်းဇူးပါ ။ Mr. Hollandaise
၇။ မင္း ..ငါ့ကို ဘယ္လိုေခၚလိုက္တာ..?
၈။ မင္းကို ...ငါ့ဇနီး..ျဖစ္ေစခ်င္တယ္။
Attention please 🔔📣
၉။ ဘဏ္တိုက္ႏွင့္ ေအာင္ျမင္မႈ​ေတြကို ယူေဆာင္ေပးတဲ့ ဇနီး ။
၁၀။ ငါ့ဇနီးေလးကို ဘယ္အ႐ူးကမ်ား အႏိုင္က်င့္ရဲမလဲ?
၁၁။ ကိုယ္ ဖရဲသီး ႀကီးႀကီးေတြ မႀကိဳက္ဘူး.
၁၂။ ေခြးေလွာင္အိမ္ထဲ....သြားအိပ္ခ်င္တာလား?
၁၃။ မင္းအနာဂတ္ရဲ႕.....တစ္စိတ္တစ္ပိုင္း ျဖစ္ေစရမယ္။
၁၄။ မင္းကိုယ္မင္းလည္း .... ေလ်ွာ့မတြက္ပါနဲ႔။
၁၅။ ဘယ္လိုမ်ိဳး ခံစားေနရလဲ.....မစၥစ္ ႐ွန္း..?
၁၆။ သူႀကိဳက္တဲ့. ......အနမ္းမ်ိဳး
၁၇။ တကယ္ကို....အဆင္ေျပေစတဲ့ အိမ္ေထာင္ေရး?
၁၈။ ကိုယ္တို႔ရဲ႕ ပတ္သက္မႈကို လက္မေလ်ာ့လိုက္ပါနဲ႔။
၁၉။ မင္းက ကိုယ္နဲ႔ပဲ ေနရမယ္...ဒါေနာက္ဆံုးစကားပဲ..။
၂၀။ ႐ွန္းရီ....ရံႈးနိမ့္သြားၿပီ....။
၂၁။ ကိုယ့္ရဲ႕ မဂၤလာဦး....အနမ္းေလးေရာ ..?
၂၂။ ကိုယ္တို႔ အတူတူ အိပ္ရင္ေကာင္းမလား...?
၂၃။ သူမရဲ႕ စိတ္အေႏွာင့္အယွက္ေပးေသာ ေယာက်ၤား....
၂၄။ ကိုယ့္ရဲ႕ အရသာ႐ွိတဲ့ ခႏၶာေလး အေပၚေရာ....?
၂၅။ အခ်စ္ေလး...မင္း..ကိုယ့္ကို သတ္ဖို႔ ႀကိဳးစားေနတာလား..?
၂၆။ သခင္ေလးက ခ်စ္မိသြားၿပီ...။
၂၇။ မိန္းကေလး လုက ကိုယ္ဝန္႐ွိေနတာလား..?
၂၈။ ကြၽန္မ လဲက်ရင္ ႐ွင္ ဖမ္းေပးမွာလား..?
၂၉။ မင္း...ကိုယ့္ကို ေမးဖို႔ပဲလိုတယ္...
၃၀။ ကြၽန္မက တစ္ခ်ိန္လံုး ဝမ္းနည္း ၿပီး ငိုေနရမွာလား....?
၃၁။ ကြၽန္မ ေယာက်ၤားက ႐ွန္းရီပဲ...
၃၂။ Sun မိသားစုက သိုးမည္းေလး....
၃၃။ အေဒၚႀကီး ေသ သြားမွ ကြၽန္မ ဂါရဝလာျပဳေတာ့မယ္...
၃၄။ သူက ကြၽန္မ ခင္ပြန္းေလ....
၃၅။ ငါ့မိန္းမက မင္းကို ေနာက္ထပ္ မျမင္ခ်င္ဘူး
၃၆။ ႐ႈလန္ အႀကိဳက္ဆံုး အခ်ိဳပြဲ...
၃၇။ Fa မေလး ႐ႈလန္....
၃၈။ ဘယ္လို ဟန္းနီးမြန္းလဲ...?
၃၉။ သြား...ေရခ်ိဳးဇလံုမွာ သြားအိပ္... !
၄၀။ အခ်စ္ဆံုး သူငယ္ခ်င္းေၾကာင့္ ဝမ္းနည္းရျခင္း....
၄၁။ ဘာလို႔ ဝိုင္းဝိုင္းလည္ေနရတာလဲ...?
၄၂။ ျပန္ခံစားေစရမယ္.....!
၄၃။ တန္ရာတန္ေၾကးေပးရင္ ကိုင္ခြင့္ေပးမယ္..!
၄၄။ လုခ်င္းယီရဲ႕ ေယာက်ၤား...?
၄၅။ ကိုယ္ ....အခု မင္းကို နမ္းလို႔ရလား...?
၄၆။ မင္း ရင္ထဲမွာ နံပါတ္၁......
၄၇။ သူမကို သြားဆြဲေဆာင္ေနတယ္....
၄၈။ ကိုယ့္ကို အနမ္းေလး ငွါးေပးပါလား....?
၄၉။ သူေဌးကို ဘာအတတ္နဲ႔မ်ား ျပဳစားလိုက္လဲ....?
၅၀။ ပထမဦးဆံုး..... ဒိတ္
၅၁။႐ွင့္ကို ခ်စ္မိေနၿပီ......
၅၂။ ဆုေတာင္းေနလိုက္...!
၅၃။ အလိုလိုက္ခံထားရတဲ့ ဇနီးေလး....
၅၄။ အလိုလိုက္ခံထားရတဲ့ ဇနီးေလး (၂)
၅၅။သြား...! ေခြးမ... သြားၾကည့္ေပါ့...!
၅၆။ ကြၽန္မ.... ေဆးခတ္လိုက္တယ္....
၅၇။ သူေဌးက​ေတာ္က မေကာင္းဆိုးဝါးပံုစံကို ဖံုးကြယ္ထားတာပဲ...
၅၈။ကိုယ့္ကို အရမ္းႀကီး စိတ္မပူပါနဲ႔....
၅၉။မင္းကို ျပန္ၿပီး လက္ထပ္ခ်င္တယ္....
၆၀။ပထမအႀကိမ္ လူေ႐ွ႕ထြက္ျပျခင္း....
၆၁။ ေ႐ွာင္လန္....
၆၂။ဘာလို႔ ကြၽန္မလဲ...
၆၃။ဟန္​ေဆာင္ေနတာကို ရပ္လိုက္ရေအာင္....!
၆၄။ အသားကင္ေတြက ကိုယ့္အတြက္ပဲ...
၆၅။ မဂၤလာဦးည
၆၇။တနလၤာေန႔ကို မုန္းတယ္...!
၆၆။ကြၽန္မရဲ႕ တစ္ဦးတည္းေသာ....
၆၈။ ဒါေတြက ဘယ္မွာမွ ဝယ္လို႔မရဘူး...!
၆၉။ ေသခ်င္ေနတာလား....?
၇၀။ငါ့ကို လက္ထပ္လိုက္ပါလား...
၇၁။ကိုယ့္ကို မင္းေတာင္းပန္စရာ မလိုပါဘူး
၇၂။Silver Leaf Academy
၇၃။
၇၄။
၇၅။
၇၆။ မာမီ...ခ်င္းယီ..တကယ္ကို စိတ္ဆိုးေနၿပီ...
၇၇။ မရီးကို စစ္ေဆးေမးျမန္းျခင္း(၁)
၇၈။
၇၉။
၈၀။
၈၁။
၈၂။
၈၃။
၈၄။
၈၅။
၈၆။
၈၈။
၈၇။
၈၉။
၉၀။
၉၁။
၉၂။
၉၃။
၉၄။
၉၅။
၉၆။
၉၇။
၉၈။
၁၀၀။
၁၀၁။
၁၀၂။
၁၀၃။
၁၀၄။
၁၀၅။
၁၀၆။
အပိုင္း ၁၀၇။
၁၀၈။
၁၀၉။
၁၁၀။
၁၁၁။
၁၁၂။
၁၁၃။
၁၁၄။
၁၁၅။
၁၁၆။
၁၁၈။
၁၁၇။
၁၁၉။
၁၂၀။
၁၂၁။
၁၂၂။
အပိုင္း ။၁၂၃+ ၁၂၄+ ၁၂၅
အပိုင္း ၁၂၆+၁၂၇+၁၂၈
အပိုင္း ၁၂၉+၁၃၀
အပိုင်း ။၁၃၁+၁၃၂
အပိုင်း၁၃၃+ ၁၃၄ +၁၃၅
အပိုင်း ။ ၁၃၆ +၁၃၇+ ၁၃၈+ ၁၃၉
အပိုင်း ၁၄၀+၁၄၁
အပိုင်း။ (၁၄၂-၁၄၇)
အပိုင္း။၁၄၈
🔔🔔🔔

၉၉။

2.4K 307 0
By cherrymay607


❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤

အပိုင္း ၉၉။

မိသားစုႏွစ္စုက တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနၾကရင္းနဲ႔ တိတ္ဆိတ္ေန၏။ ခ်င္းယီက ေ႐ွာင္လန္ရဲ႕ လက္ေမာင္းကို တြယ္ၿပီး ၾကမ္းျပင္ကေန ထဖို႔ ႀကိဳးစား၏။ အာ.. ဆိုးလိုက္တာ.. ! သူမရဲ႕ ခႏၶာကိုယ္က ပိန္ပါးေပမယ့္ ေျခေထာက္ေခါက္ထားတာေၾကာင့္ အေ႐ွ႕ကို ယိုင္က်သြား၏။

" ခ်င္းခ်င္း... !''
ေ႐ွာင္လန္က ဖမ္းထိန္းလိုက္ကာ ခ်င္းယီရဲ႕ လက္ေမာင္းကို သူမရဲ႕ လည္ပင္းမွာ သိုင္းဖက္ထားေစသည္။

မဒမ္႐ွန္းက ဆန္းယူရင္းကို စိုက္ၾကည့္ေနရင္းနဲ႔.....႐ွန္းရီကို.....

" အခ်ိန္မျဖဳန္းေနနဲ႔...! သူမကို ကူညီေပးလိုက္....ငါခြင့္ျပဳတယ္....''

မဒမ္႐ွန္းက ခ်င္းယီ လဲက်သြားတာကို ျမင္ထားတာေၾကာင့္ သူမလည္း မခံမရပ္ႏိုင္ျဖစ္ေန၏။
လုခ်င္းယီကလည္း သူမရဲ႕ ေျမးေခြၽးမ မဟုတ္ပါလား...... ဆန္းယူရင္းက သူမပိုင္နက္ထဲမွာ  ဘာလို ့ဒီလိုအျပဳအမူမ်ိဳးေတြ လာလုပ္ေနရတာလဲ....?

႐ွန္းရီတစ္ေယာက္ သူ႔ဇနီးေလးရဲ႕ ေျခေထာက္ အနာတရျဖစ္ေနတာကို ေတြ႔ၿပီး ေဒါသထြက္လြန္းလို႔ မ်က္ႏွာေတြ နီရဲေနသည္။ သူ႔မ်က္လံုးကေတာ့ မီးဝင္းဝင္းေတာက္ေနေလၿပီ။ သူ ခဏေလးမ႐ွိတာနဲ႔ ဒီလူေတြက ဒုကၡေပးတာပဲလား ....? ဒင္းတို႔ေတြ ေသခ်င္ေနၿပီနဲ႔တူတယ္....!

မဒမ္႐ွန္းလည္း ႐ွန္းရီရဲ႕ အမူအယာကို သေဘာေပါက္မိတာေၾကာင့္ ခြင့္ျပဳလိုက္ျခင္းပင္။
႐ွန္းရီက သူ႔ဇနီးေလးဆီသြားလိုက္ကာ သူမလက္ေမာင္းကို ကိုင္လိုက္၏။ ထို႔ေနာက္ သူမကို ေပြ႔ခ်ီလိုက္ေတာ့သည္။

ခ်င္းယီက သတိလက္လြတ္နဲ႔ သူမရဲ႕ လက္ေမာင္းကို ႐ွန္းရီရဲ႕ လည္တိုင္မွာ ဖက္ထားလိုက္ၿပီး သူမရဲ႕ မ်က္ႏွာကို သူ႔ရဲ႕ရင္ဘတ္မွာ ကြယ္ဝွက္ထားလိုက္သည္။ အခုေတာ့ သူမလံုျခံဳသြားၿပီေလ.. .

ဒါေပမယ့္ေျခက်င္းဝတ္က အရမ္းနာလွသည္။

႐ွန္းရႊီတစ္ေယာက္ သတင္းၾကားတာနဲ႔ ေျပးလာေလ၏။ သူ႔မရီးက အနာတရ ျဖစ္ေနတဲ့အတြက္ သူ ေနာင္တရေနေလၿပီ။ ထို႔ေနာက္ သူ႔အစ္ကိုကိုၾကည့္လိုက္ေတာ့ သူသိသြားၿပီ။ သူ႔အစ္ကိုကို ေပါက္ကြဲေတာ့မယ့္ ခ်ိန္ကိုက္ဗံုးတစ္လံုးလိုျဖစ္ေနၿပီဆိုတာ.....
ေသခ်င္လို႔ ဒီမေကာင္းဆိုးဝါးႀကီးကို သြားဆြလိုက္တာလား....

႐ွန္းရီက ခ်င္းယီကို ေပြ႔ခ်ီထားရင္းနဲ ့ ဆန္းယူရင္းကို စိုက္ၾကည့္ကာ သူမေဘးကေန ျဖတ္သြားေတာ့သည္။ ဆန္းယူရင္းတစ္ေယာက္ ေၾကာက္ရြံ ့မႈနဲ႔ တိတ္ဆိတ္ေနၿပီး လုခ်င္းယီနဲ႔ ႐ွန္းမိသားစုက ဘယ္လိုပတ္သက္ေနလဲဆိုၿပီး အေတြးေတြက ကစဥ့္ကလ်ားျဖစ္ေန၏။

" ဆရာဝန္သြားေခၚ....''
႐ွန္းရီက သူ႔ညီကို ေျပာလိုက္ကာ ခန္းမထဲက လူေတြကိုလည္း ဂ႐ုမစိုက္ဘဲ  ေလွကားေပၚကို တက္သြား၏။ လူတိုင္းကလည္း ႐ွန္းရီ လက္ေမာင္းထဲက အမ်ိဳးသမီးဟာ ဘယ္သူလဲဆိုၿပီး စပ္စုေနၾကၿပီး လုခ်င္းယီက မ်က္ႏွာကို ဆံပင္နဲ႔ ကြယ္ထားတဲ့အတြက္ သူတို႔....ေဝခြဲမရေနေပ။
႐ွန္းရီတို႔ အေပၚေရာက္သြားမွ ခန္းမထဲမွာ အတင္းစကားေတြ ၿငီးတြားသံေတြနဲ႔ ျပည့္လာခဲ့ေတာ့သည္။

" ဒီကိစၥက ခြင့္လႊတ္ေပးလို႔မရတဲ့ ကိစၥဆိုတာကို
ေလဒီဆန္းသိပါတယ္ေနာ္....''
မဒမ္႐ွန္းရဲ႕ ေအးစက္တဲ့ အသံေၾကာင့္ ဆန္းယူရင္းေရာ ဆန္းက်ီရန္ရဲ႕ မ်က္ႏွာမွာပါ စိုးရိမ္ပူပန္ျခင္းေတြ ျပည့္လာေခ်၏။

႐ွန္းရီနဲ႔ ထိုမိန္းကေလးကိုၾကည့္ၿပီး ဆန္းမိသားစုနဲ႔ ဘာေတြျဖစ္ၾကလဲဆိုၿပီး စပ္စုလာၾကျပန္သည္။

" ကြၽန္မတို႔က မိသားစုျပႆ      နာေတြ အေၾကာင္းေျပာေနၾကတာပါ.....မဒမ္႐ွန္းလည္း လုခ်င္းယီအတြက္ေၾကာင့္နဲ႔ အခ်ိန္အကုန္မခံသင့္ဘူးလို႔ထင္ပါတယ္...''
အာ.. ဒီေကာင္မေတာ့ ဘာလို႔ ျပႆ      နာေတြပဲ လာေပးေနရတာလဲ...?

" ကြၽန္မရဲ႕ အထူးဧည့္သည္ကို အၾကမ္းပတမ္း ႏွိပ္စက္ေနတာကို ကြၽန္မေတြ႔တာပဲ....ကြၽန္မကို မ်က္မျမင္တစ္ေယာက္လို ေနလိုက္လို႔ ေျပာခ်င္တာလား....?''
မဒမ္႐ွန္းက ဒီကိစၥကို လြယ္လြယ္နဲ႔ အဆံုးမသတ္ခ်င္ေပ။ လုခ်င္းယီက သူမရဲ႕ ေျမးေခြၽးမ မလား...? အဲ့တာေၾကာင့္ ရီက သူ႔မိန္းမကို စိတ္မခ်ျဖစ္ေနတာကိုး....

" ဘာ...? အထူးဧည့္သည္?''
ဆန္းယူရင္းတစ္ေယာက္ ရယ္လိုက္ကာ...

" အဲ့ေကာင္မက မိန္းမပ်က္ပဲ...!''

ဆန္းယူရင္းရဲ႕စကားေၾကာင့္ မဒမ္႐ွန္းရဲ႕ မ်က္ႏွာဟာ မဲေမွာင္လာ၏။

" ေလဒီဆန္း....အျမဲမွတ္ထားပါ....ကြၽန္မတို႔ရဲ႕ ခ်င္းအာကို ေနာက္တစ္ခါ နာက်င္ေအာင္လုပ္ခဲ့ရင္ နင္တို႔ကို ကုန္းေကာက္စရာမ႐ွိေအာင္ လုပ္ႏိုင္တယ္ဆိုတာ သတိရလိုက္ပါ.....အခု...ကြၽန္မရဲ႕ ပိုင္နက္ထဲကေန ထြက္သြားရင္ အေကာင္းဆံုးျဖစ္မယ္လို႔ထင္တယ္... !''

မဒမ္႐ွန္းရဲ႕ စကားေၾကာင့္ သားအမိႏွစ္ေယာက္လံုး အံ ့ျသစြာနဲ႔ သတိလစ္​ေနခဲ့သည္။ ဒါဆို ႐ွန္းမိသားစုက သူတို႔နဲ႔ စီးပြားေရးအရေရာ လူမႈေရးအရပါ အဆက္အသြယ္မလုပ္ခ်င္ေတာ့တဲ့ သေဘာေပါ့....

ေ႐ွာင္လန္တစ္ေယာက္လည္း မဒမ္႐ွန္းရဲ႕ စကားေတြေၾကာင့္ အံ ့ျသလို႔ေနေလသည္။ ႐ွန္းမိသားစုေခါင္းေဆာင္က လုခ်င္းယီအတြက္ တကယ္ကို ကာကြယ္ေပးလိုက္တာပဲ......
ေနာက္ၿပီး ခ်င္းခ်င္းနဲ႔ ပတ္သက္ၿပီး မိသားစုႏွစ္ခုက ေနာက္ထပ္ ရန္ပြဲေတြ ထပ္ျဖစ္လာမွာလား.... ?

" အဲ့တာအတြက္ ေနာင္တရလိမ့္မယ္... မဒမ္႐ွန္း! "
ဆန္းယူရင္းက ေဒါသႀကီးစြာနဲ႔ သူ႔သမီးကို ေခၚကာ ထိုေနရာကေန ထြက္ခြာခဲ့ေတာ့သည္။
မဒမ္႐ွန္းက အဲ့ဒီသားအမိကို မ်က္စိတစ္ဆံုး မထီမဲ့ျမင္စိုက္ၾကည့္လိုက္သည္။
ဆန္းမိသားစုက ႏွစ္ေတြအၾကာႀကီး႐ွိေနၿပီ..စိတ္ဓာတ္ေတြက မေျပာင္းလဲေသးပါလား.....?

ခန္းမနားက မဲေမွာင္ေနတဲ့ လသာေဆာင္မွာေတာ့ အသက္ႀကီးႀကီး လူႀကီးက ေကာင္းကင္မွာ ထိန္ထိန္သာေနတဲ့ လမင္းႀကီးကို ေငးၾကည့္လို႔ေနသည္။ သူ႔ရဲ႕ လက္ေထာက္က သူ႔ဆီကို အေလာတႀကီးလာၿပီး နား အနားမွာ တိုးတိုးေလးကပ္ေျပာ၏။ ေအးခ်မ္းေနတဲ့ သူ႔ရဲ႕ မ်က္ႏွာမွာေတာ့ အလိုမက်မႈေတြ ေပါက္ေပါက္လို႔လာေခ်ၿပီ။

" ဘယ္သူ လုပ္လိုက္တာလဲ....?''
သူ ေမးလာ၏။

လက္ေထာက္က သူ႔သခင္ ေဒါသထြက္တာကို သိလို႔ေနမည္....ေျပာရမွာကို တြန္႔ဆုတ္ေန၏။

" ဒုတိယ သခင္မေလး....''

" သူမက ဘာလုပ္လိုက္တာလဲ....?''

2.10.2020💛💛

Unicode......

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၉၉။

မိသားစုနှစ်ခုက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြရင်းနဲ့ တိတ်ဆိတ်နေ၏။ ချင်းယီက ရှောင်လန်ရဲ့ လက်မောင်းကို တွယ်ပြီး ကြမ်းပြင်ကနေ ထဖို့ ကြိုးစား၏။ အာ.. ဆိုးလိုက်တာ.. ! သူမရဲ့ ခန္ဓာကိုယ်က ပိန်ပါးပေမယ့် ခြေထောက်ခေါက်ထားတာကြောင့် အရှေ့ကို ယိုင်ကျသွား၏။

" ချင်းချင်း... !''
ရှောင်လန်က ဖမ်းထိန်းလိုက်ကာ ချင်းယီရဲ့ လက်မောင်းကို သူမရဲ့ လည်ပင်းမှာ သိုင်းဖက်ထားစေသည်။

မဒမ်ရှန်းက ဆန်းယူရင်းကို စိုက်ကြည့်နေရင်းနဲ့.....ရှန်းရီကို.....

" အချိန်မဖြုန်းနေနဲ့...! သူမကို ကူညီပေးလိုက်....ငါခွင့်ပြုတယ်....''

မဒမ်ရှန်းက ချင်းယီ လဲကျသွားတာကို မြင်ထားတာကြောင့် သူမလည်း မခံမရပ်နိုင်ဖြစ်နေ၏။
လုချင်းယီကလည်း သူမရဲ့ မြေးချွေးမ မဟုတ်ပါလား...... ဆန်းယူရင်းက သူမပိုင်နက်ထဲမှာ  ဘာလို ့ဒီလိုအပြုအမူမျိုးတွေ လာလုပ်နေရတာလဲ....?

ရှန်းရီတစ်ယောက် သူ့ဇနီးလေးရဲ့ ခြေထောက် အနာတရဖြစ်နေတာကို တွေ့ပြီး ဒေါသထွက်လွန်းလို့ မျက်နှာတွေ နီရဲနေသည်။ သူ့မျက်လုံးကတော့ မီးဝင်းဝင်းတောက်နေလေပြီ။ သူ ခဏလေးမရှိတာနဲ့ ဒီလူတွေက ဒုက္ခပေးတာပဲလား ....? ဒင်းတို့တွေ သေချင်နေပြီနဲ့တူတယ်....!

မဒမ်ရှန်းလည်း ရှန်းရီရဲ့ အမူအယာကို သဘောပေါက်မိတာကြောင့် ခွင့်ပြုလိုက်ခြင်းပင်။
ရှန်းရီက သူ့ဇနီးလေးဆီသွားလိုက်ကာ သူမလက်မောင်းကို ကိုင်လိုက်၏။ ထို့နောက် သူမကို ပွေ့ချီလိုက်တော့သည်။

ချင်းယီက သတိလက်လွတ်နဲ့ သူမရဲ့ လက်မောင်းကို ရှန်းရီရဲ့ လည်တိုင်မှာ ဖက်ထားလိုက်ပြီး သူမရဲ့ မျက်နှာကို သူ့ရဲ့ရင်ဘတ်မှာ ကွယ်ဝှက်ထားလိုက်သည်။ အခုတော့ သူမလုံခြုံသွားပြီလေ.. .ဒါပေမယ့်ခြေကျင်းဝတ်က အရမ်းနာလှသည်။

ရှန်းရွှီတစ်ယောက် သတင်းကြားတာနဲ့ ပြေးလာလေ၏။ သူ့မရီးက အနာတရ ဖြစ်နေတဲ့အတွက် သူ နောင်တရနေလေပြီ။ ထို့နောက် သူ့အစ်ကိုကိုကြည့်လိုက်တော့ သူသိသွားပြီ။ သူ့အစ်ကိုကို ပေါက်ကွဲတော့မယ့် ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်နေပြီဆိုတာ.....
သေချင်လို့ ဒီမကောင်းဆိုးဝါးကြီးကို သွားဆွလိုက်တာလား....

ရှန်းရီက ချင်းယီကို ပွေ့ချီထားရင်းနဲ ့ ဆန်းယူရင်းကို စိုက်ကြည့်ကာ သူမဘေးကနေ ဖြတ်သွားတော့သည်။ ဆန်းယူရင်းတစ်ယောက် ကြောက်ရွံ ့မှုနဲ့ တိတ်ဆိတ်နေပြီး လုချင်းယီနဲ့ ရှန်းမိသားစုက ဘယ်လိုပတ်သက်နေလဲဆိုပြီး အတွေးတွေက ကစဥ့်ကလျားဖြစ်နေ၏။

" ဆရာဝန်သွားခေါ်....''
ရှန်းရီက သူ့ညီကို ပြောလိုက်ကာ ခန်းမထဲက လူတွေကိုလည်း ဂရုမစိုက်ဘဲ  လှေကားပေါ်ကို တက်သွား၏။ လူတိုင်းကလည်း ရှန်းရီ လက်မောင်းထဲက အမျိုးသမီးဟာ ဘယ်သူလဲဆိုပြီး စပ်စုနေကြပြီး လုချင်းယီက မျက်နှာကို ဆံပင်နဲ့ ကွယ်ထားတဲ့အတွက် သူတို့....ဝေခွဲမရနေပေ။
ရှန်းရီတို့ အပေါ်ရောက်သွားမှ ခန်းမထဲမှာ အတင်းစကားတွေ ငြီးတွားသံတွေနဲ့ ပြည့်လာခဲ့တော့သည်။

" ဒီကိစ္စက ခွင့်လွှတ်ပေးလို့မရတဲ့ ကိစ္စဆိုတာကို
လေဒီဆန်းသိပါတယ်နော်....''
မဒမ်ရှန်းရဲ့ အေးစက်တဲ့ အသံကြောင့် ဆန်းယူရင်းရော ဆန်းကျီရန်ရဲ့ မျက်နှာမှာပါ စိုးရိမ်ပူပန်ခြင်းတွေ ပြည့်လာချေ၏။

ရှန်းရီနဲ့ ထိုမိန်းကလေးကိုကြည့်ပြီး ဆန်းမိသားစုနဲ့ ဘာတွေဖြစ်ကြလဲဆိုပြီး စပ်စုလာကြပြန်သည်။

" ကျွန်မတို့က မိသားစုပြဿ      နာတွေ အကြောင်းပြောနေကြတာပါ.....မဒမ်ရှန်းလည်း လုချင်းယီအတွက်ကြောင့်နဲ့ အချိန်အကုန်မခံသင့်ဘူးလို့ထင်ပါတယ်...''
အာ.. ဒီကောင်မတော့ ဘာလို့ ပြဿ      နာတွေပဲ လာပေးနေရတာလဲ...?

" ကျွန်မရဲ့ အထူးဧည့်သည်ကို အကြမ်းပတမ်း နှိပ်စက်နေတာကို ကျွန်မတွေ့တာပဲ....ကျွန်မကို မျက်မမြင်တစ်ယောက်လို နေလိုက်လို့ ပြောချင်တာလား....?''
မဒမ်ရှန်းက ဒီကိစ္စကို လွယ်လွယ်နဲ့ အဆုံးမသတ်ချင်ပေ။ လုချင်းယီက သူမရဲ့ မြေးချွေးမ မလား...? အဲ့တာကြောင့် ရီက သူ့မိန်းမကို စိတ်မချဖြစ်နေတာကိုး....

" ဘာ...? အထူးဧည့်သည်?''
ဆန်းယူရင်းတစ်ယောက် ရယ်လိုက်ကာ...

" အဲ့ကောင်မက မိန်းမပျက်ပဲ...!''

ဆန်းယူရင်းရဲ့စကားကြောင့် မဒမ်ရှန်းရဲ့ မျက်နှာဟာ မဲမှောင်လာ၏။

" လေဒီဆန်း....အမြဲမှတ်ထားပါ....ကျွန်မတို့ရဲ့ ချင်းအာကို နောက်တစ်ခါ နာကျင်အောင်လုပ်ခဲ့ရင် နင်တို့ကို ကုန်းကောက်စရာမရှိအောင် လုပ်နိုင်တယ်ဆိုတာ သတိရလိုက်ပါ.....အခု...ကျွန်မရဲ့ ပိုင်နက်ထဲကနေ ထွက်သွားရင် အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်... !''

မဒမ်ရှန်းရဲ့ စကားကြောင့် သားအမိနှစ်ယောက်လုံး အံ ့သြစွာနဲ့ သတိလစ်​နေခဲ့သည်။ ဒါဆို ရှန်းမိသားစုက သူတို့နဲ့ စီးပွားရေးအရရော လူမှုရေးအရပါ အဆက်အသွယ်မလုပ်ချင်တော့တဲ့ သဘောပေါ့....

ရှောင်လန်တစ်ယောက်လည်း မဒမ်ရှန်းရဲ့ စကားတွေကြောင့် အံ ့သြလို့နေလေသည်။ ရှန်းမိသားစုခေါင်းဆောင်က လုချင်းယီအတွက် တကယ်ကို ကာကွယ်ပေးလိုက်တာပဲ......
နောက်ပြီး ချင်းချင်းနဲ့ ပတ်သက်ပြီး မိသားစုနှစ်ခုက နောက်ထပ် ရန်ပွဲတွေ ထပ်ဖြစ်လာမှာလား.... ?

" အဲ့တာအတွက် နောင်တရလိမ့်မယ်... မဒမ်ရှန်း! "
ဆန်းယူရင်းက ဒေါသကြီးစွာနဲ့ သူ့သမီးကို ခေါ်ကာ ထိုနေရာကနေ ထွက်ခွာခဲ့တော့သည်။
မဒမ်ရှန်းက အဲ့ဒီသားအမိကို မျက်စိတစ်ဆုံး မထီမဲ့မြင်စိုက်ကြည့်လိုက်သည်။
ဆန်းမိသားစုက နှစ်တွေအကြာကြီးရှိနေပြီ..စိတ်ဓာတ်တွေက မပြောင်းလဲသေးပါလား.....

ခန်းမနားက မဲမှောင်နေတဲ့ လသာဆောင်မှာတော့ အသက်ကြီးကြီး လူကြီးက ကောင်းကင်မှာ ထိန်ထိန်သာတဲ့ လမင်းကြီးကို ငေးကြည့်လို့နေသည်။ သူ့ရဲ့ လက်ထောက်က သူ့ဆီကို အလောတကြီးလာပြီး နား အနားမှာ တိုးတိုးလေးကပ်ပြော၏။ အေးချမ်းနေတဲ့ သူ့ရဲ့ မျက်နှာမှာတော့ အလိုမကျမှုတွေ ပေါက်ပေါက်လို့လာချေပြီ။

" ဘယ်သူ လုပ်လိုက်တာလဲ....?''
သူ မေးလာ၏။

လက်ထောက်က သူ့သခင် ဒေါသထွက်တာကို သိလို့နေမည်....ပြောရမှာကို တွန့်ဆုတ်နေ၏။

" ဒုတိယ သခင်မလေး....''

" သူမက ဘာလုပ်လိုက်တာလဲ....?''

2.10.2020💛💛

Continue Reading

You'll Also Like

437K 26.6K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
1.1M 47.8K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
439K 10.6K 114
This is my first translation. It is not my own.