❤စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း ၈၅။
လုခ်င္းယီ...၊ ႐ွက္လြန္းလို႔ ေသ သာေသလိုက္ခ်င္ေတာ့သည္။
သူမေယာက်ၤားကေတာ့ လံုးဝ မျဖံဳ ။ ႐ွန္းမိသားစုရဲ႕ ဦးေႏွာက္ေတြကလည္း တကယ္ပဲ...... အ႐ွက္မ႐ွိလိုက္တာ....! လာျပန္ၿပီ... သူမေယာက်ၤားလိုပဲ အ႐ွက္မ႐ွိျပန္တဲ့ တစ္ေယာက္။
" အနည္းဆံုးေတာ့ ရႊီရဲ႕ စိတ္ကူးက မဆိုးဘူးလို႔ ေျပာရမယ္....''
႐ွန္းရီ.... သူ႔ညီေပးတဲ့ ပစၥည္းဗူးကို ဖြင့္ၾကည့္ရင္း ေျပာလာ၏။ ၾကည့္ရတာ မေန႔တုန္းက အသံကို ၾကားသြားလို႔ သူ႔ကို အရြဲ ့တိုက္ေနတာပဲ ျဖစ္ရမည္။
လုခ်င္းယီ... ၊ ည ည္းတြားလိုက္ၿပီး အိပ္ယာဆီကို သြားလိုက္၏။ ထို႔ေနာက္ အိပ္ရာေပၚ ပစ္လွဲခ်လိုက္ကာ ဖက္ေခါင္းအံုး ကို သူမရင္ဘတ္ေပၚမွာ တင္ၿပီး ဖက္ထားလိုက္သည္။
" ဘာလို႔ ဒီထဲကို ယူလာတာလဲ..?''
သူမေမး၏။
" မဆိုးပါဘူး.... ဒါေတြ ယူသံုးလို႔ရတာပဲ...!''
႐ွန္းရီက ပစၥည္းေတြကို တစ္ခုခ်င္း ဆြဲထုတ္ကာ...
" ဒါေတြကို ၾကည့္ပါဦး...! ဒါက ဘယ္လိုျဖစ္လို႔ မ်က္လံုးစည္း မဟုတ္ဘဲ မ်က္လံုးကာ ျဖစ္ေနရတာလဲ...?''
" ႐ွန္းး...ရီ...!''
အမေလး...ဘုရားေရ ၊ ဒီညီအစ္ကို ႏွစ္ေယာက္က တကယ္ကို အ႐ွက္မ႐ွိၾကပါလား...? သူတို႔ အ႐ွက္မ႐ွိတာ အေရးမႀကီးဘူး...ငါ..ေနရခက္တယ္...အဟင့္...
" ဘာလဲ...? မေန႔ညက အသံက်ယ္တာ ကိုယ္မဟုတ္ဘူးေနာ္...''
" အဲ့တာ ႐ွင့္ေၾကာင့္ေလ...!''
သူမက ႐ွန္းရီရဲ႕ ေခါင္းကို ေခါင္းအံုးနဲ႔ တီးထည့္လိုက္သည္။
" မေန႔ညတုန္းက မင္း မေက်မနပ္ေျပာတဲ့ အသံကိုလည္း ကိုယ္မၾကားမိဘူး...၊ မင္း ေတာင္းပန္တဲ့ အသံပဲ ၾကားမိတယ္...ဒီလိုေလ...
"..အား...! ေကာင္းလိုက္တာ...၊ ၾကမ္းၾကမ္းေလး...ျမန္...ျမန္ျမန္...''
" အားး ..လူယုတ္မာ...!''
သူမေအာ္ဟစ္လိုက္ကာ နားေတြ ပိတ္ထားလိုက္သည္။
သူမက မ်က္ႏွာကို လက္တစ္ဖက္နဲ႔ အုပ္လိၾက္ကာ ေနာက္လက္တစ္ဖက္နဲ႔ ႐ွန္းရီကို လိုက္႐ိုက္၏။ ႐ွန္းရီက အိပ္ရာေပၚမွာ လဲက်သြားၿပီ... ေအာ္ရယ္ေနသည္။
" မင္းက ဘာလဲ...? ကေလးလား...? ကိုယ္တို႔ရဲ႕ အခန္းပိုကို ဒီပစၥည္းေတြနဲ႔ လိုက္ေအာင္ ျပန္ျပင္ဆင္ၾကမလား...?''
" ပါးစပ္ပိတ္ထား....! အားး.....! ...ကြၽန္မ အဲ့တာကို မႀကိဳက္ဘူး...''
လုခ်င္းယီ.... ေအာ္ဟစ္လာျပန္သည္။
" စိတ္မပူနဲ႔.... ၊ ကိုယ္ ရႊီကို နားဆို႔စရာ တစ္ခုခုေပးလိုက္ပါ့မယ္....''
႐ွန္းရီ...သူမကို ခုန္အုပ္လိုက္ကာ.. သူမမ်က္ႏွာေပၚက ေခါင္းအံုးကို ဖယ္႐ွားေနသည္။
" ဒါေတြအားလံုး ႐ွင့္အျပစ္ခ်ည္းပဲ...! ႐ွင္က ေတာ္ေတာ္ ယြတယ္ေနာ္...၊ ဒီပစၥည္းေတြကို ကြၽန္မနဲ႔ ေဝးရာမွာ သြားထားစမ္းပါ...''
ခ်င္းယီ ေဒါသထြက္ေနၿပီး အေဝးကိုပဲ ၾကည့္ေန၏။ ႐ွန္းရီက သူမအေပၚမွာပဲ ဘာလို႔ အာရံုစိုက္ေနရတာလဲ...?
" ဒီေန႔ ဘာမွ လုပ္စရာမ႐ွိဘူးလား....?''
႐ွန္းရီ ေမးလာ၏။ ဒီအပတ္ ခ်င္းယီကို သူ႔အဖြားနဲ႔ ေပးေတြ႔စရာ႐ွိ၍ သူမအတြက္ ၾကည့္ေကာင္းေအာင္ ျပင္ဆင္ေပးရမည္။ ဟိုတစ္ခါ ပြဲတက္တုန္းက သူမျပင္ဆင္ထားတာ... အရမ္းၾကည့္ေကာင္း၍ သူေတာင္ အၾကည့္မလႊဲႏိုင္ေအာင္ ျဖစ္ခဲ့သည္ေလ....
" မ႐ွိပါဘူး...၊ ဘာလို႔ ေမးတာလဲ...?''
" ကိုယ္နဲ႔ အတူ ေစ်းဝယ္ ထြက္မလား...?''
" ေစ်းဝယ္ထြက္မယ္...? "
" အင္း..၊ ေနာက္ရာသီအတြက္ မင္းကို အဝတ္အစားေတြ အမ်ားႀကီး ဝယ္ေပးမလို႔...၊ ေနာက္အပတ္က်ရင္လည္း ကိုယ့္အဖြားနဲ႔ မင္းကို ေပးေတြ႔မယ္....မင္း..အေကာင္းဆံုး ျပင္ဆင္ထားပါ...''
" ဟင္...ကြၽန္မေတြ႔ရေတာ့မွာလား...? အရမ္းေၾကာက္တာပဲ...!''
သူမ အိပ္ရာေပၚ လွဲခ်လိုက္ၿပီး ေျပာလာ၏။
ထို႔ေနာက္ သူမရဲ႕ အက်ႌေအာက္ထဲ ေရာက္လာတဲ့ သူ႔လက္ကို ဖယ္႐ွားရင္း ေအာ္ဟစ္ျပန္သည္။
" ေဟး... လာၿပီး ေသြးေဆာင္ေနတာလား...?
ရပ္လိုက္..! ေကာင္းၿပီ...ေကာင္းၿပီ ကြၽန္မလိုက္မယ္.... ဟုတ္ၿပီလား...ဒါေပမယ့္... ရပ္..ရပ္လိုက္..!''
သူမေတာင္းပန္၏။
သူမေယာက်ၤားက ေျဖေလ်ာ့ေပးလိုက္ေပးမယ့္ သူမပါးကိုေတာ့ နမ္းျဖစ္ေအာင္ နမ္းလိုက္သည္။
႐ွန္းရီ အိပ္ရာေပၚက ဆင္းလိုက္ကာ သူမကို မခ်ီလိုက္၏။
" ေဟး...ျပန္ခ်...! ကြၽန္မကို ဘယ္ကိုသယ္သြားမလို႔လဲ....?''
သူမက မင္းသမီးတစ္ပါးလို ေရခ်ိဳးခန္းထဲကို သယ္သြားခံလိုက္ရေတာ့သည္။
ေရခ်ိဳးခန္းထဲေရာက္တာနဲ႔ သူမကို ေအာက္ခ်ေပးကာ သူ...အက်ႌေတြကို စတင္ ခြၽတ္ေတာ့သည္။
" ေရ အတူတူခ်ိဳးရေအာင္....၊ ကိုယ္ မင္းကို ေခ်းတြန္းေပးမယ္....''
" ဟင္....!''
Unicode......
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၈၅။
လုချင်းယီ...၊ ရှက်လွန်းလို့ သေ သာသေလိုက်ချင်တော့သည်။
သူမယောကျၤားကတော့ လုံးဝ မဖြုံ ။ ရှန်းမိသားစုရဲ့ ဦးနှောက်တွေကလည်း တကယ်ပဲ...... အရှက်မရှိလိုက်တာ....! လာပြန်ပြီ... သူမယောကျၤားလိုပဲ အရှက်မရှိပြန်တဲ့ တစ်ယောက်။
" အနည်းဆုံးတော့ ရွှီရဲ့ စိတ်ကူးက မဆိုးဘူးလို့ ပြောရမယ်....''
ရှန်းရီ.... သူ့ညီပေးတဲ့ ပစ္စည်းဗူးကို ဖွင့်ကြည့်ရင်း ပြောလာ၏။ ကြည့်ရတာ မနေ့တုန်းက အသံကို ကြားသွားလို့ သူ့ကို အရွဲ ့တိုက်နေတာပဲ ဖြစ်ရမည်။
လုချင်းယီ... ၊ ည ည်းတွားလိုက်ပြီး အိပ်ယာဆီကို သွားလိုက်၏။ ထို့နောက် အိပ်ရာပေါ် ပစ်လှဲချလိုက်ကာ ဖက်ခေါင်းအုံး ကို သူမရင်ဘတ်ပေါ်မှာ တင်ပြီး ဖက်ထားလိုက်သည်။
" ဘာလို့ ဒီထဲကို ယူလာတာလဲ..?''
သူမမေး၏။
" မဆိုးပါဘူး.... ဒါတွေ ယူသုံးလို့ရတာပဲ...!''
ရှန်းရီက ပစ္စည်းတွေကို တစ်ခုချင်း ဆွဲထုတ်ကာ...
" ဒါတွေကို ကြည့်ပါဦး...! ဒါက ဘယ်လိုဖြစ်လို့ မျက်လုံးစည်း မဟုတ်ဘဲ မျက်လုံးကာ ဖြစ်နေရတာလဲ...?''
" ရှန်းး...ရီ...!''
အမလေး...ဘုရားရေ ၊ ဒီညီအစ်ကို နှစ်ယောက်က တကယ်ကို အရှက်မရှိကြပါလား...? သူတို့ အရှက်မရှိတာ အရေးမကြီးဘူး...ငါ..နေရခက်တယ်...အဟင့်...
" ဘာလဲ...? မနေ့ညက အသံကျယ်တာ ကိုယ်မဟုတ်ဘူးနော်...''
" အဲ့တာ ရှင့်ကြောင့်လေ...!''
သူမက ရှန်းရီရဲ့ ခေါင်းကို ခေါင်းအုံးနဲ့ တီးထည့်လိုက်သည်။
" မနေ့ညတုန်းက မင်း မကျေမနပ်ပြောတဲ့ အသံကိုလည်း ကိုယ်မကြားမိဘူး...၊ မင်း တောင်းပန်တဲ့ အသံပဲ ကြားမိတယ်...ဒီလိုလေ...
အား...! ကောင်းလိုက်တာ...၊ ကြမ်းကြမ်းလေး...မြန်...မြန်မြန်...''
" အားး ..လူယုတ်မာ...!''
သူမအော်ဟစ်လိုက်ကာ နားတွေ ပိတ်ထားလိုက်သည်။
သူမက မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်လိြက်ကာ နောက်လက်တစ်ဖက်နဲ့ ရှန်းရီကို လိုက်ရိုက်၏။ ရှန်းရီက အိပ်ရာပေါ်မှာ လဲကျသွားပြီ... အော်ရယ်နေသည်။
" မင်းက ဘာလဲ...? ကလေးလား...? ကိုယ်တို့ရဲ့ အခန်းပိုကို ဒီပစ္စည်းတွေနဲ့ လိုက်အောင် ပြန်ပြင်ဆင်ကြမလား...?''
" ပါးစပ်ပိတ်ထား....! အားး.....! ...ကျွန်မ အဲ့တာကို မကြိုက်ဘူး...''
လုချင်းယီ.... အော်ဟစ်လာပြန်သည်။
" စိတ်မပူနဲ့.... ၊ ကိုယ် ရွှီကို နားဆို့စရာ တစ်ခုခုပေးလိုက်ပါ့မယ်....''
ရှန်းရီ...သူမကို ခုန်အုပ်လိုက်ကာ.. သူမမျက်နှာပေါ်က ခေါင်းအုံးကို ဖယ်ရှားနေသည်။
" ဒါတွေအားလုံး ရှင့်အပြစ်ချည်းပဲ...! ရှင်က တော်တော် ယွတယ်နော်...၊ ဒီပစ္စည်းတွေကို ကျွန်မနဲ့ ဝေးရာမှာ သွားထားစမ်းပါ...''
ချင်းယီ ဒေါသထွက်နေပြီး အဝေးကိုပဲ ကြည့်နေ၏။ ရှန်းရီက သူမအပေါ်မှာပဲ ဘာလို့ အာရုံစိုက်နေရတာလဲ...?
" ဒီနေ့ ဘာမှ လုပ်စရာမရှိဘူးလား....?''
ရှန်းရီ မေးလာ၏။ ဒီအပတ် ချင်းယီကို သူ့အဖွားနဲ့ ပေးတွေ့စရာရှိ၍ သူမအတွက် ကြည့်ကောင်းအောင် ပြင်ဆင်ပေးရမည်။ ဟိုတစ်ခါ ပွဲတက်တုန်းက သူမပြင်ဆင်ထားတာ... အရမ်းကြည့်ကောင်း၍ သူတောင် အကြည့်မလွှဲနိုင်အောင် ဖြစ်ခဲ့သည်လေ....
" မရှိပါဘူး...၊ ဘာလို့ မေးတာလဲ...?''
" ကိုယ်နဲ့ အတူ ဈေးဝယ် ထွက်မလား...?''
" ဈေးဝယ်ထွက်မယ်...? "
" အင်း..၊ နောက်ရာသီအတွက် မင်းကို အဝတ်အစားတွေ အများကြီး ဝယ်ပေးမလို့...၊ နောက်အပတ်ကျရင်လည်း ကိုယ့်အဖွားနဲ့ မင်းကို ပေးတွေ့မယ်....မင်း..အကောင်းဆုံး ပြင်ဆင်ထားပါ...''
" ဟင်...ကျွန်မတွေ့ရတော့မှာလား...? အရမ်းကြောက်တာပဲ...!''
သူမ အိပ်ရာပေါ် လှဲချလိုက်ပြီး ပြောလာ၏။
ထို့နောက် သူမရဲ့ အကျႌအောက်ထဲ ရောက်လာတဲ့ သူ့လက်ကို ဖယ်ရှားရင်း အော်ဟစ်ပြန်သည်။
" ဟေး... လာပြီး သွေးဆောင်နေတာလား...?
ရပ်လိုက်..! ကောင်းပြီ...ကောင်းပြီ ကျွန်မလိုက်မယ်.... ဟုတ်ပြီလား...ဒါပေမယ့်... ရပ်..ရပ်လိုက်..!''
သူမတောင်းပန်၏။
သူမယောကျၤားက ဖြေလျော့ပေးလိုက်ပေးမယ့် သူမပါးကိုတော့ နမ်းဖြစ်အောင် နမ်းလိုက်သည်။
ရှန်းရီ အိပ်ရာပေါ်က ဆင်းလိုက်ကာ သူမကို မချီလိုက်၏။
" ဟေး...ပြန်ချ...! ကျွန်မကို ဘယ်ကိုသယ်သွားမလို့လဲ....?''
သူမက မင်းသမီးတစ်ပါးလို ရေချိုးခန်းထဲကို သယ်သွားခံလိုက်ရတော့သည်။
ရေချိုးခန်းထဲရောက်တာနဲ့ သူမကို အောက်ချပေးကာ သူ..အကျႌတွေကို စတင် ချွတ်တော့သည်။
" ရေ အတူတူချိုးရအောင်....၊ ကိုယ် မင်းကို ချေးတွန်းပေးမယ်....''
" ဟင်....!''