အပိုင်း ၈၄။
"နာနေသေးလား...?''
" အီး..ယား....! "
-----------------
" ဘယ်ကနေ ပြန်လာတာလဲ....?''
လုချင်းယီ တစ်ယောက် လိမ္မော်ရည် သောက်နေရင်းနဲ့ သူမယောင်္ကျားကိုင်ထားတဲ့ ပစ္စည်းကို တွေ့ပြီး သီးသွားရသည်။
" ဒါတွေက ဘာအတွက်လဲ...?''
" ငါ..ဒါတွေ မလိုဘူး...!''
" ဘာလို့လဲ....?''
သူမေးလာ၏။
Unicode.......
ွှ❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၈၄။
နောက်နေ့မနက်မှာ.... မနက်ခင်း နေရောင်ခြည် အလင်းတန်းလေးက အိပ်ခန်းထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ လက်ထပ်ထားတဲ့ စုံတွဲကတော့ အိပ်စက်နေတုန်း....
ရှန်းရီတစ်ယောက် သူ့ဇနီးလေးကို တင်းကျပ်စွာဖက်ထားပုံက မသိရင် သူမထွက်ပြေးသွားမှာစိုးသည့်အလား.....
ထို့နောက် လုချင်းယီ နိုးလာ၏။ သူမ မျက်လုံးဖွင့်လိုက်ကာ ထဖို့လုပ်လိုက်တော့ ရှန်းရီက တင်းကျပ်စွာဖက်ထားတာကို သတိပြုမိသွားသည်။ သူမရုန်းထွက်ဖို့ ကြိုးစားပေမယ့်....အရာမဝင်။
"နာနေသေးလား...?''
ရှန်းရီရဲ့ အသံကြားတော့ သူမ သူ့မျက်နှာကို လှည့်ကြည့်သည်။
သူ မနေ့ညက ကြမ်းမိသွားသည်လေ.....အဲ့တာကြောင့် ဒီနေ့တော့ ချော့ရတော့မည်။ သူမ အရမ်းနာကျင်ရင်လည်း သူ... စိတ်မကောင်း ဖြစ်ရပြန်သည်။
" ဟေး...၊ တော်ပြီနော်... ရှင်က တော်တော်တဏှာကြီးတာပဲ... ! ကျွန်မ မပြောရင် ရှင် ရပ်မှာတောင် မဟုတ်ဘူး....''
ချင်းယီ...စိုက်ကြည့်ကာ ပြောလိုက်ပြီး...
" နိုး...နိုး ...ဒီမနက်ကတော့ မရတော့ဘူး...!''
ရှန်းရီက သူ့ဇနီးလေး စကားကြောင့် ရယ်လိုက်ကာ.....
" ချင်းယီကလည်း.... ကိုယ်က အချစ်ကြမ်းသွားလို့ပါ....မင်းလည်း ကိုယ့်ကို ချစ်တယ်လို့ ပြောခဲ့တယ်မလား...?''
" ဘာ..အဲ့တာနဲ့ ဘာဆိုင်လို့လဲ...?''
သူမက ပြန်လည်ချေပလိုက်၏။
ရုတ်တရက် ရှန်းရီက သူမကို သိုင်းဖက်ပြီး လှိမ့်ချလိုက်ကာ...
" နောက်တစ်ခေါက် ထပ်လုပ်မယ်ဆိုရင် မင်း...စိတ်ဆိုးမှာလား...?''
သူ့မျက်နှာမှာတော့ လူယုတ်မာအပြုံးနှင့်....
" ကျွန်မနဲ့ ဝေးဝေးမှာနေ.... နှာဘူးကောင်ရဲ့...လွှတ်...!''
" အရမ်းချစ်လို့ပါ...ချစ်ဇနီးလေးရဲ့.... နောက်တစ်ခေါက်...နောက်တစ်ခေါက်လို့....!''
" အီး..ယား....! "
ချင်းယီ... သူ့ကို တွန်းထုတ်လိုက်တော့ သူ လဲကျသွား၏။သူကတော့ သူမရဲ့ ရှက်နေတဲ့ မျက်နှာလေးကို ကြည့်ကာ ရယ်ပဲရယ်နေတော့သည်။ အာ...သူမကို စရတာ အရမ်းပျော်ဖို့ကောင်းတာပဲ....!
သူ့ရဲ့ ရယ်သံကြောင့် သူမက မျက်စောင်းထိုးကာ ပြုံးလိုက်၏။
-----------------
သူတို့ နေ့လည်စာ စားနေတဲ့ အချိန်မှာတော့ ရွှန်းရွှီ စက္ကူဖာကြီး တစ်ခုနဲ့ ရောက်ချလာ၏။ ရှန်းရွှီက.. မနက်ထဲကတည်းက မနက်စာလာမစားဘဲ ပျောက်နေသည်။ ရှန်းရီတစ်ယောက် သူ့ညီကို စေ့စေ့ကြည့်လိုက်တော့ သူသိသွားလေပြီ။ သူ့ညီ တစ်ခုခုကြံနေတယ်ဆိုတာ....
" ဘယ်ကနေ ပြန်လာတာလဲ....?''
ရှန်းရီက ချင်းယီအတွက် အသားတုံးက လှီးဖြတ်ပေးကာ သူမပန်းကန်ထဲထည့်ရင်း မေးလိုက်၏။
ရှန်းရွှီ....၊ ခုံမှာဝင်ထိုင်လိုက်ပြီး သူ့အစ်ကိုကို စက္ကူဖာ ပေးလိုက်၏။
ရှန်းရီ.... သံသယရှိစွာနဲ့ ဖွင့်ကြည့်လိုက်ပြီး သူ့ညီကို ကြည့်လိုက်သည်။ ထို့နောက် အထဲက ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု သေချာကြည့်နေတော့သည်။
လုချင်းယီ တစ်ယောက် လိမေ္မာ်ရည် သောက်နေရင်းနဲ ့သူမယောကျၤားကိုင်ထားတဲ့ ပစ္စည်းကို တွေ့ပြီး သီးသွားရသည်။
ရှန်းရီ သူ့ညီကို သတ်ချင်စိတ်ဖြင့် စိုက်ကြည့်လိုက်ပြီး.... သူ့ရဲ့ အကြည့်က.....
' မင်းက ငါ့မိန်းမနဲ့ ငါ့ကို ဒီလို အရှက်ရအောင် လုပ်လိမ့်မယ်လို့ မထင်ထားဘူး...' ဆိုတဲ့ အဓိပ္ပါယ်မျိုး ဆောင်နေသည်။
သူ့လက်ထဲက စက္ကူဖာလေးထဲမှာတော့ ကြာပွတ်တစ်ခု...၊ မျက်လုံးကာ...၊ ကြိုးတွေနဲ့ လက်အိတ်တို့ပင်။
" ဒါတွေက ဘာအတွက်လဲ...?''
" အာ...၊ အဲ့တာက အစ်ကိုနဲ့ မရီးအတွက် မင်္ဂလာလက်ဖွဲ့လေ....''
ရှန်းရွှီ....ခပ်တည်တည်နဲ့ ပြောချလာ၏။
" အကောင်းဆုံးကြိုးစားပါ...အစ်ကို ၊ ကျွန်တော်တို့ ဘေ ဘီလေးတွေကို မြင်ချင်ပြီ....''
သူက မဒမ်ဂျင် ပြင်ပေးတဲ့ နေ့လည်စာ ပန်းကန်ကို ယူပြီး အစားအသောက်ကိုပဲ ကြည့်ရင်း ပြော၏။
လုချင်းယီတစ်ယောက် ရှန်းရွှီရဲ့ စကားကို ကြားပြီး မျက်နှာကို ဘယ်နားသွားထားရမှန်းမသိဖြစ်နေသည်။ မနေ့ညတုန်းက အသံကို သူကြားသွားလို့ ဖြစ်ရမည်။ အမလေး...ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ...?
" အော်...ဟုတ်သားပဲ...၊ အစ်ကိုတို့ ကလေးယဖို့ အစီအစဉ်မရှိသေးဘူး....မေ့သွားလို့...ခဏနေဦး အဲ့ထဲမှာ ပစ္စည်းတစ်ခု ရှိသေးတယ်....''
သူထပ်ပြီး ရှာကြည့်တော့ စက္ကူ ဗူးလေးကို တွေ့၏။ထို့နောက် ဖွင့်ကြည့်တော့ တံဆိပ်မျိုးစုံနဲ့ အရွယ်အစားစုံလင်လှတဲ့ ပစ္စည်းတစ်ခု။
" ငါက ကွန်ဒုံးသုံးတယ်လို့ မင်းကို ဘယ်သူပြောလဲ..... ?''
ချင်းယီက ရှက်လွန်းလို့ မျက်နှာကို လက်ဖဝါးနဲ့ အုပ်ထားမိသည်။
" ငါ..ဒါတွေ မလိုဘူး...!''
" ဘာလို့လဲ....?''
သူမေးလာ၏။
ဟမ်....ငါက အကောင်းဆုံး မင်္ဂလာလက်ဖွဲ့ကို ပေးချင်လို့ မနက်စောစောစီးစီးကတည်းက အလုပ်ရှုပ်ခံထားရတာလေ.....
" မင်းက ငါ့ဟာ သေးတယ်လို့ ထင်နေတာလား...? ငါ့ကို sizeအမှားကြီး လာပေးနေတာပဲ...!''
ရှန်းရီက အဲ့ဒီဗူးကို သူ့ညီဆီ ပစ်လွှတ်လိုက်တော့ ရှန်းရွှီက လျှင်လျှင်မြန်မြန်နဲ့ ဖမ်းလိုက်နိုင်ခဲ့သည်။
ရှန်းရီရဲ့ မျက်လုံးက အဲ့ဒီဗူးထဲက ပစ္စည်းလေးဆီ ရောက်သွားတော့...
' အာ....စတော်ဘယ်ရီ အနံ ့နဲ့ size အကြီးပဲ...'
" ကျွန်တော်က ဘယ်သိမှာလဲ....? အစ်ကို့ဟာကို ကြည့်မှမရဲတာ...!''