
By cherrymay607

540K 57.9K 845

ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဘဲ ဂေးလို့ ကောလဟာလထွက်ရှိထားသော အသက်၃၀အရွယ် ရှန်းဥက္ကဌနှင့် ..... မိမိချစ်သူနှင်... More

အပိုင်း ။ ၁+၂+၃+၎
၅။ ရည်းစားရှိလား ။
၆။ ကျေးဇူးပါ ။ Mr. Hollandaise
၇။ မင်း ..ငါ့ကို ဘယ်လိုခေါ်လိုက်တာ..?
၈။ မင်းကို ...ငါ့ဇနီး..ဖြစ်စေချင်တယ်။
Attention please 🔔📣
၉။ ဘဏ်တိုက်နှင့် အောင်မြင်မှု​တွေကို ယူဆောင်ပေးတဲ့ ဇနီး ။
၁၀။ ငါ့ဇနီးလေးကို ဘယ်အရူးကများ အနိုင်ကျင့်ရဲမလဲ?
၁၁။ ကိုယ် ဖရဲသီး ကြီးကြီးတွေ မကြိုက်ဘူး.
၁၂။ ခွေးလှောင်အိမ်ထဲ....သွားအိပ်ချင်တာလား?
၁၃။ မင်းအနာဂတ်ရဲ့.....တစ်စိတ်တစ်ပိုင်း ဖြစ်စေရမယ်။
၁၄။ မင်းကိုယ်မင်းလည်း .... လျှော့မတွက်ပါနဲ့။
၁၅။ ဘယ်လိုမျိုး ခံစားနေရလဲ.....မစ္စစ် ရှန်း..?
၁၆။ သူကြိုက်တဲ့. ......အနမ်းမျိုး
၁၇။ တကယ်ကို....အဆင်ပြေစေတဲ့ အိမ်ထောင်ရေး?
၁၈။ ကိုယ်တို့ရဲ့ ပတ်သက်မှုကို လက်မလျော့လိုက်ပါနဲ့။
၁၉။ မင်းက ကိုယ်နဲ့ပဲ နေရမယ်...ဒါနောက်ဆုံးစကားပဲ..။
၂၀။ ရှန်းရီ....ရှုံးနိမ့်သွားပြီ....။
၂၁။ ကိုယ့်ရဲ့ မင်္ဂလာဦး....အနမ်းလေးရော ..?
၂၂။ ကိုယ်တို့ အတူတူ အိပ်ရင်ကောင်းမလား...?
၂၃။ သူမရဲ့ စိတ်အနှောင့်အယှက်ပေးသော ယောင်္ကျား....
၂၄။ ကိုယ့်ရဲ့ အရသာရှိတဲ့ ခန္ဓာလေး အပေါ်ရော....?
၂၅။ အချစ်လေး...မင်း..ကိုယ့်ကို သတ်ဖို့ ကြိုးစားနေတာလား..?
၂၆။ သခင်လေးက ချစ်မိသွားပြီ...။
၂၇။ မိန်းကလေး လုက ကိုယ်ဝန်ရှိနေတာလား..?
၂၈။ ကျွန်မ လဲကျရင် ရှင် ဖမ်းပေးမှာလား..?
၂၉။ မင်း...ကိုယ့်ကို မေးဖို့ပဲလိုတယ်...
၃၀။ ကျွန်မက တစ်ချိန်လုံး ဝမ်းနည်း ပြီး ငိုနေရမှာလား....?
၃၁။ ကျွန်မ ယောင်္ကျားက ရှန်းရီပဲ...
၃၂။ Sun မိသားစုက သိုးမည်းလေး....
၃၃။ အဒေါ်ကြီး သေ သွားမှ ကျွန်မ ဂါရဝလာပြုတော့မယ်...
၃၄။ သူက ကျွန်မ ခင်ပွန်းလေ....
၃၅။ ငါ့မိန်းမက မင်းကို နောက်ထပ် မမြင်ချင်ဘူး
၃၆။ ရှုလန် အကြိုက်ဆုံး အချိုပွဲ...
၃၇။ Fa မလေး ရှုလန်....
၃၈။ ဘယ်လို ဟန်းနီးမွန်းလဲ...?
၃၉။ သွား...ရေချိုးဇလုံမှာ သွားအိပ်... !
၄၀။ အချစ်ဆုံး သူငယ်ချင်းကြောင့် ဝမ်းနည်းရခြင်း....
၄၁။ ဘာလို့ ဝိုင်းဝိုင်းလည်နေရတာလဲ...?
၄၂။ ပြန်ခံစားစေရမယ်.....!
၄၃။ တန်ရာတန်ကြေးပေးရင် ကိုင်ခွင့်ပေးမယ်..!
၄၄။ လုချင်းယီရဲ့ ယောင်္ကျား...?
၄၅။ ကိုယ် ....အခု မင်းကို နမ်းလို့ရလား...?
၄၆။ မင်း ရင်ထဲမှာ နံပါတ်၁......
၄၇။ သူမကို သွားဆွဲဆောင်နေတယ်....
၄၈။ ကိုယ့်ကို အနမ်းလေး ငှါးပေးပါလား....?
၄၉။ သူဌေးကို ဘာအတတ်နဲ့များ ပြုစားလိုက်လဲ....?
၅၀။ ပထမဦးဆုံး..... ဒိတ်
၅၁။ရှင့်ကို ချစ်မိနေပြီ......
၅၂။ ဆုတောင်းနေလိုက်...!
၅၃။ အလိုလိုက်ခံထားရတဲ့ ဇနီးလေး....
၅၄။ အလိုလိုက်ခံထားရတဲ့ ဇနီးလေး (၂)
၅၅။သွား...! ခွေးမ... သွားကြည့်ပေါ့...!
၅၆။ ကျွန်မ.... ဆေးခတ်လိုက်တယ်....
၅၇။ သူဌေးက​တော်က မကောင်းဆိုးဝါးပုံစံကို ဖုံးကွယ်ထားတာပဲ...
၅၈။ကိုယ့်ကို အရမ်းကြီး စိတ်မပူပါနဲ့....
၅၉။မင်းကို ပြန်ပြီး လက်ထပ်ချင်တယ်....
၆၀။ပထမအကြိမ် လူရှေ့ထွက်ပြခြင်း....
၆၁။ ရှောင်လန်....
၆၂။ဘာလို့ ကျွန်မလဲ...
၆၃။ဟန်​ဆောင်နေတာကို ရပ်လိုက်ရအောင်....!
၆၄။ အသားကင်တွေက ကိုယ့်အတွက်ပဲ...
၆၅။ မင်္ဂလာဦးည
၆၇။တနင်္လာနေ့ကို မုန်းတယ်...!
၆၆။ကျွန်မရဲ့ တစ်ဦးတည်းသော....
၆၈။ ဒါတွေက ဘယ်မှာမှ ဝယ်လို့မရဘူး...!
၆၉။ သေချင်နေတာလား....?
၇၀။ငါ့ကို လက်ထပ်လိုက်ပါလား...
၇၁။ကိုယ့်ကို မင်းတောင်းပန်စရာ မလိုပါဘူး
၇၂။Silver Leaf Academy
၇၃။
၇၄။
၇၅။
၇၆။ မာမီ...ချင်းယီ..တကယ်ကို စိတ်ဆိုးနေပြီ...
၇၇။ မရီးကို စစ်ဆေးမေးမြန်းခြင်း(၁)
၇၈။
၇၉။
၈၀။
၈၁။
၈၂။
၈၄။
၈၅။
၈၆။
၈၈။
၈၇။
၈၉။
၉၀။
၉၁။
၉၂။
၉၃။
၉၄။
၉၅။
၉၆။
၉၇။
၉၉။
၉၈။
၁၀၀။
၁၀၁။
၁၀၂။
၁၀၃။
၁၀၄။
၁၀၅။
၁၀၆။
အပိုင်း ၁၀၇။
၁၀၈။
၁၀၉။
၁၁၀။
၁၁၁။
၁၁၂။
၁၁၃။
၁၁၄။
၁၁၅။
၁၁၆။
၁၁၈။
၁၁၇။
၁၁၉။
၁၂၀။
၁၂၁။
၁၂၂။
အပိုင်း ။၁၂၃+ ၁၂၄+ ၁၂၅
အပိုင်း ၁၂၆+၁၂၇+၁၂၈
အပိုင်း ၁၂၉+၁၃၀
အပိုင်း ။၁၃၁+၁၃၂
အပိုင်း၁၃၃+ ၁၃၄ +၁၃၅
အပိုင်း ။ ၁၃၆ +၁၃၇+ ၁၃၈+ ၁၃၉
အပိုင်း ၁၄၀+၁၄၁
အပိုင်း။ (၁၄၂-၁၄၇)
အပိုင်း။၁၄၈
🔔🔔🔔

၈၃။

4K 371 4
By cherrymay607


အပိုင်း ၈၃။


























Unicode.......

  ❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၈၃။

ကုန်းယီကျွင်းရဲ့ အမေဆိုင်မှာတော့.....

ရွှမ်းရှုတစ်ယောက် ကောင်တာမှာထိုင်ရင်း မျက်နှာမဲမှောင်နေသည်။ လက်ထဲမှာတော့ အကြောင်းကြားစာကိုကိုင်ရင်း....

ဝန်ထမ်းတွေကို မတရားခိုင်းစေမှုနဲ့ အစားအသောက်တွေ မသန့်ရှင်းဖူးလို့ ရုံးကိုတိုင်ကြားသူရှိသောကြောင့် အမိန့်စာ ရောက်လာခြင်းပင်။
သူမကတော့ မိသားစုစီးပွားရေးအတွက် ကြံရာမရ ဖြစ်နေမိပြီ။

နောက်ထပ် ပိုဆိုးတဲ့စာတစ်စောင်က ဆိုင်နေရာကို ဖယ်ရှားပေးဖို့ပင်။ သူမတို့ ဆိုင်ခန်းရှိရာ မြေနေရာကို ပိုင်ရှင်က ကုမ္ပဏီတစ်ခုကို ရောင်းလိုက်တာကြောင့် ဒီနေရာကနေ မဖြစ်မနေ ဖယ်ရှားရတော့မည်။ ပိုင်ရှင် အသစ်ကလည်း ဒီနေရာမှာ ရှော့ပင်းမော ဆောက်ချင်သည်တဲ့လေ....အဲ့တာကြောင့် သူမလိုပဲ ဘေးပတ်ဝန်းက ဆိုင်တွေကပါ ဖယ်ရှားရတော့သည်။ ပစ္စည်းတွေ သိမ်းဆည်းဖို့ကိုလည်း အချိန်နှစ်ပတ်ပဲ ပေးထားခဲ့သည်။

မန်ကျောက်....၊ လက်ထဲက အကြောင်းကြားစာကို ကိုင်ရင်း တွေဝေနေသည်။ ' ဒီနေရာကနေ ဖယ်ရှားပေးပါ' ဆိုတဲ့ စာကြောင်းကြီးက သူမကို ကြောက်ရွံ ့နေသည်လေ....ဒီဆိုင်ရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ သူမလည်း အလုပ်ကို ဆုံးရှုံးရမည် မဟုတ်ပါလား....
ဒါဆို သူမတို့ရဲ့ ဝင်ငွေကရော....?

ပိုက်ဆံမရှာနိုင်ရင် Silver Leaf မှာ ဘယ်လို သွားတက်နိုင်ပါ့မလဲ...? နောက်ပြီး သူမမှာလည်း ကိုယ်ဝန်၂လနဲ့....
ဒါပေမယ့် သူမရဲ့ အချစ်တော်ကြီးကတော့ သူမကို လက်ထပ်ဖို့ ငြင်းဆန်နေပြီး လုချင်းယီဆီပဲ သွားဖို့ စိတ်အားထက်သန်နေတော့သည်။

သူမကိုယ်သူမ စိတ်ပျက်နေမိပြီ။ ကုန်းယီကျွင်းအတွက် လုချင်းယီ အဖေရဲ့ ချက်ပြုတ်နည်းစာအုပ်ကို ယူရာတွင် သူမကူညီပေးခဲ့ပြီး သူမသိမ်းထားခဲ့သေးသည်။ ဒီစာအုပ်က လုချင်းယီအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သူမသိသည်လေ....ဒါပေမယ့် ကံဆိုးသွားတာက အဲ့ဒီစာအုပ်က ယွမ်ကျင့်လက်ထဲ ပြန်ရောက်သွားတာပင်။

ရွှမ်းရှုနဲ့ မန်ကျောက်....ဆိုင်မှာ သိမ်းဆည်းနေတုန်း ကုန်းယီကျွင်း ဒေါသထွက်စွာနဲ့ ဆိုင်ထဲကို ဒုန်းစိုင်းဝင်လာ၏။ ဆိုင်ထဲကို ရောက်တာနဲ့ တွေ့ရာ ပစ္စည်းတွေကို ပစ်ခွဲနေတော့သည်။

" ယီကျွင်း...! ဘာဖြစ်လာတာလဲ...?''
ရွှမ်းရှုက သူ့သားအတွက် စိတ်ပူနေလေ၏။
နောက်ပြီး ယီကျွင်းရဲ့ လက်ထဲမှာလည်း စာတစ်စောင်ကို ကိုင်ထားတာကို သူမ မြင်သွားခဲ့သည်...

" ကျွန်တော် အလုပ်ကနေ ထုတ်ခံလိုက်ရတယ်...!''

" ရာထူးတိုးတာကလည်း ရုတ်တရက် ပယ်ဖျက်ခံလိုက်ရပြီး အုပ်ချုပ်ရေးပိုင်းကလည်း ဘာမှမပြောဘဲ ထုတ်လိုက်တယ်...ဘယ်သူ လုပ်တာမှန်းလဲမသိဘူး...ကျွန်တော်တော့ ဘယ်ဆက်လုပ်ရမလဲ မသိတော့ဘူး... အမေ...''

ရွှမ်းရှုတစ်ယောက် အံ ့သြတုန်လှုပ်နေတော့သည်။ သူ့ဆိုင် အခြေအနေကလည်း မကောင်း....
သူ့သားကပါ အဲ့လိုဆိုတော့ သူမတော့ သွားပြီ...

" ဘာ...? သားကို ဒီလိုဖြစ်အောင် ဘယ်သူက လုပ်ရဲတာလဲ...?''
ရွှမ်းရှု...မကျေမနပ်ပြောလာ၏။

" ကျွန်တော်လည်းမသိဘူး....အုပ်ချုပ်ရေးပိုင်းမှာ ကျွန်တော့် သူငယ်ချင်းတွေ.... မိတ်ဆွေတွေရှိတယ်...သူတို့ကိုလည်း မေးမရဘူး ပါးစပ်ပိတ်နေကြတယ်....''

ရွှမ်းရှု... တစ်စုံတစ်ခုကို သတိရသွားပြီး...

" အာ...ဒီခွေးမတော့...! ဒါက လုချင်းယီဆိုတဲ့ ကောင်မကြောင့်ပဲ ဖြစ်ရမယ်...''
သူမက စားပွဲကို ထုလိုက်ပြီး သူမမျက်လုံးမှာတော့ အမုန်းတွေ ပြည့်လာချေ၏။

" ဒီကောင်မက သူ့ကောင်ကို အသုံးချပြီး ငါတို့ကို အဲ့လို လုပ်နေတာပဲ ဖြစ်ရမယ်.. !''

ကုန်းယီကျွင်း ခဏစဉ်းစားလိုက်တော့ ထိုညက လုချင်းယီဖုန်းကို လာကိုင်တဲ့ အဲ့ဒီလူပြောတာကို သတိရသွားလေပြီ။

ချင်းယီက တကယ်ပဲ သြဇာညောင်းတဲ့ လူကြီးနဲ့ လက်ထပ်လိုက်တာလား...?

" စိတ်မပူပါနဲ့ အမေ...ဘယ်သူလုပ်လဲဆိုတာကို သိအောင် ကျွန်တော်လုပ်မှာပါ....လုချင်းယီက ကျွန်တော့ကို အလုပ်ပြုတ်အောင် လုပ်တဲ့အတွက် ဘယ်တော့မှ ခွင့်မလွှတ်ဘူး.....''

အဲ့ဒီစကားကို ကြားတာနဲ့ ရွှမ်းရှု... သူမသားအတွက် အားရသလို ဖြစ်လာ၏။

မန်ကျောက်လည်း ထိုသားအမိစကား​ကြောင့် လုချင်းယီ အကြောင်းတွေးနေမိသည်။

လုချင်းယီက ထိုချမ်းသာပြီး ရုပ်ချောတဲ့သူနဲ့ သူမတို့ကို မိတ်ဆက်ပေးကတည်း လိမ်နေတာမဟုတ်မှန်း သူမသတိထားမိသည်။ ဒါဆိုရင် ချင်းယီက ကုန်းယီကျွင်းနဲ့ သူ့အမေကို စပြီး တိုက်ခိုက်နေပြီပေါ့...

မန်ကျောက်ရဲ့မျက်လုံးကနေ မနာလိုမှုတွေက အထင်းသားပေါ်နေ၏။ လုချင်းယီက ဘာလို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ...?

တကယ်လို့ သူမသာ Silver Leafရဲ့ စာမေးပွဲကို အောင်ခဲ့ရင် သူမရဲ့ ကိုယ်ဝန်ကို ဖျက်ချရလိမ့်မည်။ ထို့နောက် ကုန်းယီကျွင်းကို တစ်ချက်ကြည့်လိုက်တော့....သူမသိသွားရပြီ.....ကုန်းယီကျွင်းနားမှာ နေရင်လည်း ဘာမှအကျိုးမထူးဘူးဆိုတာကိုပေါ့...

Continue Reading

You'll Also Like

6.6M 431K 94
Hanary Victor + Loon Tar Nay San
276K 22.4K 28
Mini Story Uni Life Style Sweet Romance
782K 50.7K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...