ေပြလီငရႈပ္ေလးရဲ႕ခ်စ္ရသူ

By naneikhin

85.5K 8.6K 462

PCY-ေတာ္ေတာ္လည္တဲ့ငရႈပ္ BBH-သဲ လည္တာခ်စ္ဖို႔မေကာင္းဘူးလားလို႔ ဟင္ ဘဲႀကီး More

ချစ်ရပါသော မောင်မောင်ဗိုက် Fic Book Announcement 💌
Intro
Intro
1 zaw
1 uni
🙋✨
2 zaw
2 uni
3 zaw
3 uni
4 zaw
4 uni
5 zaw
5 uni
6 Zaw+Uni
8 Zaw + Uni
9 Zaw+Uni
10 Zaw+Uni
11 Zaw+Uni
12 Zaw+Uni
13 Zaw+Uni
14 Zaw+Uni
15 Zaw+Uni
16 Zaw+Uni
17 (1) Zaw+Uni
17(2)Zaw+Uni
18 Zaw+Uni
19 Zaw+Uni
20 Zaw+Uni
21 Zaw+Uni
22(1)Zaw+Uni
22(2)Zaw+Uni
23 Zaw+Uni
24 Zaw+Uni
25 Zaw+Uni
26(1)Zaw+Uni
26(2) Zaw+Uni
27 Zaw+Uni
28 Zaw+Uni
29 Zaw+Uni
30 Zaw+Uni
Final ❤️
Extra✨

7 Zaw+Uni

1.8K 237 14
By naneikhin

"ထ သွားမယ်"

မနက်စာ စားပြီး ဘတ်ဟျွန်းလေးကိုလယ်ထဲသွားဖို့ခေါ်နေတဲ့ သားဖြစ်သူကြောင့်

"သားရယ် ကလေးကို ခေါ်မသွားပါနဲ့တော့ နေပူထဲ အရမ်းပင်ပန်းနေမှာကို"

အမေက ကိုယ့်ဘက်ကပါပြီးပြောပေးနေတာမို့ ဘတ်ဟျွန်းမျက်နှာ ငယ်လေး လုပ်ကာ သနားစဖွယ်ပုံစံလေး လုပ်နေလိုက်သည်

ဟုတ်တယ်လေ လယ်ထဲလိုက်ရတဲ့ ၂ပတ်ကျော်အချိန်လဲပြန်ကြည့်ကြည့်ဦး အသားမဲတာအဖတ်တင်တာပဲ မောင့်အနားလဲမကပ်ရဘူး တချိန်လုံး အဲ့ပန်းခင်းထဲပဲတူးဆွနေရတာ အစရက်တွေကမှထမင်းပုံမှန်အတူစားရသေး အခုနောက်ပိုင်း နေ့လယ်စာစားချိန်တောင်မတွေ့ရဘူး ဟွန့်

"ကြည့်ဦး ကလေးကိုလဲ အသားတွေကိုညိုလာလိုက်တာ အိမ်မှာပဲအေးဆေးနေပါစေကွယ်"

"အမေမသိဘူးနော် အမေ့သမက်အကြောင်းကို အခုကရည်းစားစာရေးပေးရုံပဲ နောက်ဆိုပိုဆိုးတာတွေဖြစ်လာရင် သားစိတ်ထိန်းနိုင်မှာမဟုတ်ဘူး"

"သားကလည်း"

မောင်ကလည်း လူရှေ့ထားပြီး အတင်းပြောနေတော့တာပဲ အမေကတော့ သူ့ကြည့်လိုက် ကိုယ့်ကြည့်လိုက်နဲ့ပဲ

*အမေရေ ကယ်ပါဦး သားမလိုက်ချင်ဘူးဆို *

ဘတ်ဟျွန်း အမေ့ကိုသာ သနားစဖွယ်လေးဖြစ်အောင်ကြည့်နေလိုက်သည်

"ထလေ ဘတ်ဟျွန်း နောက်ကျနေပြီ ပေကပ်ကပ်လုပ်မနေနဲ့"

ခတ်ဆတ်ဆတ် ပြောလာတဲ့မောင့်စကားကြောင့် အမေ့ကိုနောက်ဆုံးအနေနဲ့ကြည့်မိတော့ အမေက သူလည်းမနိုင်တော့ဘူးဆိုသလိုမျိုး ခေါင်းယမ်းပြလာလေသည်

"ထလေကွာ လယ်ထဲမလိုက်ချင်ရင် အထုပ်ပြင်ပြီး ပြန်တော့"

ပြန်ဖို့ပြောပြီး ခမောက်ယူကာ ထထွက်သွားတဲ့မောင့်ကြောင့် ဘတ်ဟျွန်းမှာ ပေကပ်မနေနိုင်တော့ နောက်ကနေအမြန်ပြေးလိုက်ရတော့သည်

"လိုက်မှာလို့ မောင်ကလည်း စောင့်ပါဦး ဆိုနေ"

အိမ်ကထွက်သွားတဲ့ သားနဲ့သမက်နဲ့ကို ကြည့်ရင်းတကယ့်ရင်မော ရပါသည်လေ အိမ်ကသားကလည်းထစ်ကနဲရှိပြန်တော့ အထုပ်ပြင်နဲ့ ဟိုကကလေးကလည်း ကလေးဆန်ပြီးလျှောက်လုပ်တတ်တာပဲရှိရှာတာပါ သူ့ခမျာ ကိုယ့်သားလေးကိုတကယ်ချစ်တာကို မြင်နေရတယ်

*****************

"ဘတ်ဟျွန်း လာပိုးသတ်ဆေး ဘူးတွေသယ်ကူ"

ပန်းခင်းမှာ ရေလောင်းဖို့လုပ်နေတုန်း ချစ်ချစ်က လာပြောတာကြောင့်

"ဟို သယ် သယ်ရမှာလား"

"လူလိုနေတယ် မြန်မြန်လာ နုယွမနေနဲ့"

"အွမ်းပါ မောင်ရဲ့"

ရှေ့က မြန်မြန်ပြန်ထွက်သွားတဲ့မောင့်နောက်ကိုပဲ လိုက်လာခဲ့ရတော့သည်

"ဟူးးး လေးလိုက်တာ"

ကားပေါ်ကနေ လယ်ကွင်းအလယ်နားလောက်က ဂိုဒေါင် သဘောမျိုး တဲအိမ်လေးထဲကိုသယ်ရသည် ဒီနေ့က လယ်သမတွေပဲအလုပ်ဆင်းပြီးယောကျ်ားသားမရှိတာကြောင့် မောင်နဲ့ကျနော်နဲ့ ၂ယောက်သာ တော်တော်လေးတဲ့ပုံးကြီး၁၀ပုံးကို သယ်ကြရသည်

"ယောကျ်ား မဟုတ်တဲ့အတိုင်းပဲ"

ပုံးတွေကို စီချပြီးနောက် မြေကွက်လပ်လေးမှာ ဖင်ထိုင်ချကာ ညည်းမိတော့ မောင်က ရှုံ့မဲ့ကာ ပြောလာသည်

"ယောကျ်ားမဟုတ်ဘူး အဲ့ရှေ့မှာကျန်သေးတယ် ဟီးးး မောင့်ရဲ့ ဆိုတာ"

"အားရင် အခွက်ပြောင်မနေနဲ့ ထတော့ ဒီနေ့ လယ်ထဲလိုက်ဆင်း လူလိုတယ် "

"ဟင် တကယ် တကယ် မောင်နဲ့အတူ လယ်လုပ်ရမှာလား တကယ်လား"

အမလေး ရှိရင်းစွဲ မျက်လုံးမှေးလေးကို အသေပြူးကာမေးလာတဲ့ခွေးပေါက်လေးကြောင့် ချန်းယောလ် ရယ်ချင်လာသည် ဘယ်လိုဟာလေးလဲမသိ ရွှံ့ထဲဆင်း ကုန်းကွကွနဲ့လုပ်ရရင် ပင်ပန်းမှာစိုးလို့ ပန်းပျိုးတဲ့ဘက် အလုပ်ပေးထားပါတယ်ဆို ဒီငပွေနဲ့တော့

"အေး ဟုတ်တယ် လာ"

"လာပြီ လာပြီ ဟဲဟဲ"

နောက်ကနေ ခုန်ပေါက် ပြီးတော့တောင်လိုက်လာသေးတယ် ကိုယ်တော်က ဒီလိုကျတော့လည်း မနက်ကလိုအီးမှန်တဲ့ရုပ်မဟုတ်ပြန်တော့

********************

"ဒီလိုလေး လက်ကလေးနဲ့ ရွံ့ထဲအသာလေးစိုက်ပေးရတယ်"

"အာ"

"ဒီမြှောင်းဖော်ထားတဲ့နေရာလေးအတိုင်းလိုက်စိုက်ရုံပဲ"

"အော် နားလည်ပြီ ဟီးးးကျေးဇူးအမ"

ဘေးကနေ လယ်သမ အမတယောက်ကသေချာလေးသင်ပြပေးတာကိုနားထောင်ပြီး ပြောတဲ့အတိုင်းလိုက်လုပ်နေတာ တကယ့်ကလေးကို စာသင်ပေးနေသလိုပင်

ချန်းယောလ်လဲ ဘတ်ဟျွန်းလုပ်နေကိုင်နေတာကို ကြည့်ပြီးစိတ်ချရလောက်မှပဲ

"ကဲ နေခဲ့ကြဦးနော် ကျနော် ပိုးသတ်ဆေးဖိုးသွားရှင်းလိုက်ဦးမယ်"

"ဟုတ်ကဲ့ စိတ်ချသွားပါ"

"မောင် မြန်မြန် ပြန်လာခဲ့နော်"

ပြုံးလိုက်တယ် ဟီးးးး မောင်က ဟိုဘက်လှည့်ပြီး ပြုံးသွားတယ်

ဘတ်ဟျွန်းလည်း ဘေးက အမနဲ့အတူ လေပေါရင်း တလှုပ်လှုပ်နဲ့သာ လုပ်နေမိသည်

"ဟဲ့ တကယ်ကြီး ယောကျ်ားချင်းကြီးနော်"

အနောက်ကနေ တိုးတိတိုးတိ ထွက်လာတဲ့အသံကြောင့် ဘတ်ဟျွန်း လုပ်လက်စကိုရပ်ကာ နားစွင့်နေမိသည်

"အေးဟယ် ယုံတောင်မယုံနိုင်ဘူး ငါတို့ချန်းယောလ်လေးက ဒီလိုဟာကြီးဆိုတာလေ တွေးတောင်မတွေးမိဘူး"

"အေးလေ ဟိုက အတင်းကပ်နေတဲ့ပုံနော် ချန်းယောလ်ဆီက ဘာမက်မောနေလဲမသိ"

"ဟဲ့ ချန်းယောလ်လေးတို့ကသားအမိ၂ယောက်တည်းရှိပြီး သူ့အမေသေရင်ရှိတဲ့လယ် သူပဲအမွေရမှာလေ"

"မထူးဆန်းပါဘူး ပုံစံက ပျော့ဖက်ဖက်နဲ့ မက်တာနေမှာပေါ့ အမွေ"

တစတစနဲ့ ပြောနေလိုက်ကြတာ သူတို့ကိုယ်သူတို့သတိမထားမိကြဘူးလားမသိ ဘေးကအမကတော့ ကိုယ့်ကိုတကြည့်ကြည့်နဲ့ အားနာနေတဲ့ပုံပင် မသိသလိုနေလိုက်တော့မလိုပေမဲ့

"ဘာနေနေ ရွံစရာကြီးအေ ယောကျ်ားချင်းကြီးကို "

ကြားလိုက်ရတဲ့စကားက နားထဲကန့်လန့်လိုက် ဝင်သွားကာ

"ကြားနေရတယ်နော်"

အနောက်လှည့်ပြီး ပြောလိုက်တော့အတင်းတုပ်နေတဲ့မိန်းမ၃ယောက်က

"ကြားစေချင်လို့ပြောနေတာလေ ကြားမှာပေါ့"

"ဟှော် ခင်များတို့ လွန်တယ်နော်"

"ဘာလဲ အမှန်ပြောတော့ သိပ်စပ်သွားတာလား"

"တကယ့်အကုသိုလ်တွေပဲ ခင်များတို့က သိပ်အားနေလား သူများအကြောင်းပြောဖို့"

"အိုကွယ် ပါးစပ်က အားနေမှတော့ ပြောနေမှာလေ အခြောက်ကလေးကလဲ"

ခပ်မဲ့မဲ့မျက်နှာနဲ့ မထိတထိပြောလာတဲ့မိန်းမကြောင့်ဘတ်ဟျွန်းစိတ်မထိန်းနိုင်တော့

"ဟာဗျာ ခင်များတို့ "

"နင်လိုအခြောက်ကများ"

လက်ကရွယ်လိုက်မိပေမဲ့ ကိုယ့်ထက်အကြီးဆိုတဲ့စိတ်နဲ့ တွန့်ဆုတ်နေမိသော်လည်း သူတို့ကအရင် ဆွဲချကာ ဆံပင်တွေဆောင့်ဆွဲလာတာမို့ ရန်ပွဲလိုဖြစ်သွားရကာ လုံးထွေးနေမိသော်လည်း ကိုယ်က ခံရသည်သာ သူတို့က၃ယောက်တောင်လေ ဘေးကအမကလည်း စ လုံးထွေးကတည်းကပြေးထွက်သွားလိုက်တာ လှစ်လို့ ဆံပင်ကလည်းကျန်သေးရဲ့လားမသိ အုံလိုက်ကျွတ်သွားပြီထင်တယ် နာလိုက်တာ

*********************

"ချန်းယောလ် ချန်းယောလ် ရန်ရန် ဖြစ်နေကြတယ် ဟော ဟဲ "

ပိုးသတ်ဆေး လာပို့တဲ့ကားနားမှာ ငွေရှင်းနေတုန်း အမောတကောလာပြောတာမို့

"ဟမ် ဘာဖြစ်နေကြတာလဲ ဘယ်သူနဲ့လဲ "

"ဟို ဘတ်ဟျွန်းနဲ့ ကျန်တဲ့သူတွေ"

"ကျစ်"

ချန်းယောလ်တကယ် စိတ်ပူသွားရသည် ကျန်တဲ့သူဆိုတော့ ဒီနေ့အလုပ်ဆင်းတာ၄ယောက် ဒီတယောက်မပါရင် ၃ယောက်တောင် ဘတ်ဟျွန်းရာ ဘာတွေရှုပ်နေပြန်တာလဲကွာ

ချန်းယောလ် ရောက်သွားတော့ ဘာက ဘယ်သူလဲတောင်မသိတော့ အကုန်ရွှံ့တွေနဲ့ပေပွနေကြကာ ဟိုမိန်းမ၃ယောက်သာ မြင်တာမို့ ပြာသွားရသည် ငရှုပ်တယောက် ရွံ့ထဲပဲနစ်နေပြီလား အသက်ကောရှူလို့ရပါ့မလား အတွေးတွေနဲ့ အမြန်ပင်သူတို့နားရောက်အောင်ပြေးရတော့သည်

"ရပ် ရပ် အခုရပ်လိုက်ကြတော့ ခင်များတို့ဘာလုပ်တာလဲ ဒါ"

သူ့အသံကြားမှ ဟိုမိန်းမတွေလဲအလန့်တကြားနဲ့ ဘတ်ဟျွန်းကို ဝိုင်းဆော်နေရာမှ ရပ်တန့်သွားကြသည်

"ဟာ ဘတ်ဟျွန်း ထ ထ"

သူတို့ဖယ်လိုက်မှပဲ သူတို့ဝိုင်းရပ်နေတဲ့အလယ်က ဘတ်ဟျွန်း ရွံ့အိုင်ထဲ ငုတ်တုတ်လေးလိုဖြစ်နေကာ လည်ပင်းမထိတထိလောက်ပဲပေါ်နေတော့ သူအမြန်ဆွဲထူလိုက်ရသည်

"ဘယ်လိုဖြစ်နေကြတာလဲခင်များတို့က ဟမ်"

ဆွဲထူလိုက်တဲ့ ကိုယ့်လက်ထဲ ပျော့ခွေကာ ပါလာတဲ့သူ ကြည့်လိုက်တော့လဲ ဆံပင်တွေကော ရှုပ်ပွကာ မျက်နှာကလည်းရွှံ့တလပွနဲ့

"ဟို ဟို"

ဟိုမိန်းမတွေကလည်း တဟိုဟိုနဲ့လုပ်နေသလို ဘတ်ဟျွန်းကလည်း ကိုယ်ထိန်းပွေ့ထားတဲ့အတိုင်းလေးသာ အသက်ကို မနဲဝအောင်ရှူနေသည်

"ပြောကြလေ "

တယောက်မှ ပါးစပ်က တခွန်းမှထွက်မလာပေမဲ့ လာခေါ်တဲ့အမ ရောက်လာပြီး အစအဆုံးပြောပြတာကို ကြားလိုက်ရတော့ ချန်းယောလ် အကြီးအကျယ်ပေါက်ကွဲမိသည်

"ခင်များတို့ပြန်တော့ နောက်ကျုပ်ဆီ အလုပ်လာမဆင်းကြနဲ့ စိတ်ဓာတ်တော်တော် အောက်တန်းကျတဲ့ဟာတွေ "

"အမလေး ငါတို့လည်းငွေရလို့သာ လုပ်နေတာ အခြောက်တွေဆီတော့ အလုပ်ကျွေးမပြုနိုင်တာဟေ့ သွားပြီ'

တကယ့်စရိုက်တွေပင် သူတို့ကအလုပ်ရှင်ကို စော်ကားမော်ကား ပြုတာတောင် မတောင်ပန်နိုင်တဲ့အဖြစ်

ထွက်သွားတဲ့၃ယောက်လုံးကို ချန်းယောလ်တကယ် စိတ်ပျက်မိသည် ဘယ်လိုပဲနေနေ ဒီလောက်ထိကြီး ပါးစပ်ကပြောရုံမက ကိုယ်ထိလက်ရောက်ကြီးကတော့ လွန်လွန်းတယ်မို့လား

"အမလည်း ပြန်လိုက်တော့ ဒီနေ့ နက်ဖန်ကိုတော့ အလုပ်သမ အသစ်ရှာပေးပါဦး ကျနော့်ကို ၄ယောက်လောက် ကူညီပါဦးနော်"

"ရတယ် ချန်းယောလ် အမ တို့အိမ်နားမှာပေါတယ်ရယ် ချန်းယောလ်တို့လယ်ဆိုလိုက်ချင်ကြမှာ ချန်းယောလ်တို့လယ်က အကျယ်ကြီးဆိုတော့ လုပ်ခပိုရတော့လေ လုပ်ချင်တဲ့သူပေါတယ်ရယ် စိတ်ချ "

"ဟုတ် ကျေးဇူးနော် အမ"

"ဟို ဘတ်ဟျွန်းက အဆင်ပြေ ပြေရဲ့လား"

ဟို၃ယောက်စိတ်တိုလိုက်ရတာနဲ့ကော နောက်နေ့အလုပ်သမအတွက်ပူရတာနဲ့ကော ကိုယ့်လက်ထဲက ဘတ်ဟျွန်းကိုမေ့နေတာ အမပြောမှသတိရတဲ့အဖြစ်

"အာ ကျနော်တော့ တကယ်ပါဆို ခေါင်းက ဘတ်ဟျွန်း ဘတ်ဟျွန်း "

အင်း အင်း နဲ့သာလုပ်နေပေမဲ့ လူကတကယ်ပျော့ဖက်နေကာ မျက်လုံးတောင်မပွင့်တပွင့်နဲ့မို့

"တော်တော်နာသွားမှာ ကလေးသနားပါတယ်"

"အရမ်းနာနေလို့ထင်တယ် မှိန်းနေနော် ဘတ်ဟျွန်း ငါချီပြီးပြန်ခေါ်သွားမယ် အိမ်ကို"

ချန်းယောလ် ကောက်ပွေ့ပြီးသာ ထွက်လာခဲ့တော့သည် တော်တော်ဆိုးတဲ့ဟာလေး ၃ယောက်၁ယောက် ဖိုက်ရတယ်လို့ အခုသူပဲခံရတော့ နာနေပြီလေ တကယ့်အဆိုးလေး

*******************

TBC

Love u all❣️

AccကလေRpမိသလိုဖြစ်နေလို့ပျက်သွားမှာဆိုးလို့ပါ မပျက်မချင်းဒီမှာပဲဆက်တင်ပေးမှာပါနော်😘

"ထ သြားမယ္"

မနက္စာ စားၿပီး ဘတ္ဟြၽန္းေလးကိုလယ္ထဲသြားဖို႔ေခၚေနတဲ့ သားျဖစ္သူေၾကာင့္

"သားရယ္ ကေလးကို ေခၚမသြားပါနဲ႔ေတာ့ ေနပူထဲ အရမ္းပင္ပန္းေနမွာကို"

အေမက ကိုယ့္ဘက္ကပါၿပီးေျပာေပးေနတာမို႔ ဘတ္ဟြၽန္းမ်က္ႏွာ ငယ္ေလး လုပ္ကာ သနားစဖြယ္ပုံစံေလး လုပ္ေနလိုက္သည္

ဟုတ္တယ္ေလ လယ္ထဲလိုက္ရတဲ့ ၂ပတ္ေက်ာ္အခ်ိန္လဲျပန္ၾကည့္ၾကည့္ဦး အသားမဲတာအဖတ္တင္တာပဲ ေမာင့္အနားလဲမကပ္ရဘူး တခ်ိန္လုံး အဲ့ပန္းခင္းထဲပဲတူးဆြေနရတာ အစရက္ေတြကမွထမင္းပုံမွန္အတူစားရေသး အခုေနာက္ပိုင္း ေန႔လယ္စာစားခ်ိန္ေတာင္မေတြ႕ရဘူး ဟြန႔္

"ၾကည့္ဦး ကေလးကိုလဲ အသားေတြကိုညိဳလာလိုက္တာ အိမ္မွာပဲေအးေဆးေနပါေစကြယ္"

"အေမမသိဘူးေနာ္ အေမ့သမက္အေၾကာင္းကို အခုကရည္းစားစာေရးေပး႐ုံပဲ ေနာက္ဆိုပိုဆိုးတာေတြျဖစ္လာရင္ သားစိတ္ထိန္းႏိုင္မွာမဟုတ္ဘူး"

"သားကလည္း"

ေမာင္ကလည္း လူေရွ႕ထားၿပီး အတင္းေျပာေနေတာ့တာပဲ အေမကေတာ့ သူ႔ၾကည့္လိုက္ ကိုယ့္ၾကည့္လိုက္နဲ႔ပဲ

*အေမေရ ကယ္ပါဦး သားမလိုက္ခ်င္ဘူးဆို *

ဘတ္ဟြၽန္း အေမ့ကိုသာ သနားစဖြယ္ေလးျဖစ္ေအာင္ၾကည့္ေနလိုက္သည္

"ထေလ ဘတ္ဟြၽန္း ေနာက္က်ေနၿပီ ေပကပ္ကပ္လုပ္မေနနဲ႔"

ခတ္ဆတ္ဆတ္ ေျပာလာတဲ့ေမာင့္စကားေၾကာင့္ အေမ့ကိုေနာက္ဆုံးအေနနဲ႔ၾကည့္မိေတာ့ အေမက သူလည္းမႏိုင္ေတာ့ဘူးဆိုသလိုမ်ိဳး ေခါင္းယမ္းျပလာေလသည္

"ထေလကြာ လယ္ထဲမလိုက္ခ်င္ရင္ အထုပ္ျပင္ၿပီး ျပန္ေတာ့"

ျပန္ဖို႔ေျပာၿပီး ခေမာက္ယူကာ ထထြက္သြားတဲ့ေမာင့္ေၾကာင့္ ဘတ္ဟြၽန္းမွာ ေပကပ္မေနႏိုင္ေတာ့ ေနာက္ကေနအျမန္ေျပးလိုက္ရေတာ့သည္

"လိုက္မွာလို႔ ေမာင္ကလည္း ေစာင့္ပါဦး ဆိုေန"

အိမ္ကထြက္သြားတဲ့ သားနဲ႔သမက္နဲ႔ကို ၾကည့္ရင္းတကယ့္ရင္ေမာ ရပါသည္ေလ အိမ္ကသားကလည္းထစ္ကနဲရွိျပန္ေတာ့ အထုပ္ျပင္နဲ႔ ဟိုကကေလးကလည္း ကေလးဆန္ၿပီးေလွ်ာက္လုပ္တတ္တာပဲရွိရွာတာပါ သူ႔ခမ်ာ ကိုယ့္သားေလးကိုတကယ္ခ်စ္တာကို ျမင္ေနရတယ္

*****************

"ဘတ္ဟြၽန္း လာပိုးသတ္ေဆး ဘူးေတြသယ္ကူ"

ပန္းခင္းမွာ ေရေလာင္းဖို႔လုပ္ေနတုန္း ခ်စ္ခ်စ္က လာေျပာတာေၾကာင့္

"ဟို သယ္ သယ္ရမွာလား"

"လူလိုေနတယ္ ျမန္ျမန္လာ ႏုယြမေနနဲ႔"

"အြမ္းပါ ေမာင္ရဲ႕"

ေရွ႕က ျမန္ျမန္ျပန္ထြက္သြားတဲ့ေမာင့္ေနာက္ကိုပဲ လိုက္လာခဲ့ရေတာ့သည္

"ဟူးးး ေလးလိုက္တာ"

ကားေပၚကေန လယ္ကြင္းအလယ္နားေလာက္က ဂိုေဒါင္ သေဘာမ်ိဳး တဲအိမ္ေလးထဲကိုသယ္ရသည္ ဒီေန႔က လယ္သမေတြပဲအလုပ္ဆင္းၿပီးေယာက်္ားသားမရွိတာေၾကာင့္ ေမာင္နဲ႔က်ေနာ္နဲ႔ ၂ေယာက္သာ ေတာ္ေတာ္ေလးတဲ့ပုံးႀကီး၁၀ပုံးကို သယ္ၾကရသည္

"ေယာက်္ား မဟုတ္တဲ့အတိုင္းပဲ"

ပုံးေတြကို စီခ်ၿပီးေနာက္ ေျမကြက္လပ္ေလးမွာ ဖင္ထိုင္ခ်ကာ ညည္းမိေတာ့ ေမာင္က ရႈံ႕မဲ့ကာ ေျပာလာသည္

"ေယာက်္ားမဟုတ္ဘူး အဲ့ေရွ႕မွာက်န္ေသးတယ္ ဟီးးး ေမာင့္ရဲ႕ ဆိုတာ"

"အားရင္ အခြက္ေျပာင္မေနနဲ႔ ထေတာ့ ဒီေန႔ လယ္ထဲလိုက္ဆင္း လူလိုတယ္ "

"ဟင္ တကယ္ တကယ္ ေမာင္နဲ႔အတူ လယ္လုပ္ရမွာလား တကယ္လား"

အမေလး ရွိရင္းစြဲ မ်က္လုံးေမွးေလးကို အေသျပဴးကာေမးလာတဲ့ေခြးေပါက္ေလးေၾကာင့္ ခ်န္းေယာလ္ ရယ္ခ်င္လာသည္ ဘယ္လိုဟာေလးလဲမသိ ႐ႊံ႕ထဲဆင္း ကုန္းကြကြနဲ႔လုပ္ရရင္ ပင္ပန္းမွာစိုးလို႔ ပန္းပ်ိဳးတဲ့ဘက္ အလုပ္ေပးထားပါတယ္ဆို ဒီငေပြနဲ႔ေတာ့

"ေအး ဟုတ္တယ္ လာ"

"လာၿပီ လာၿပီ ဟဲဟဲ"

ေနာက္ကေန ခုန္ေပါက္ ၿပီးေတာ့ေတာင္လိုက္လာေသးတယ္ ကိုယ္ေတာ္က ဒီလိုက်ေတာ့လည္း မနက္ကလိုအီးမွန္တဲ့႐ုပ္မဟုတ္ျပန္ေတာ့

********************

"ဒီလိုေလး လက္ကေလးနဲ႔ ႐ြံ႕ထဲအသာေလးစိုက္ေပးရတယ္"

"အာ"

"ဒီေျမႇာင္းေဖာ္ထားတဲ့ေနရာေလးအတိုင္းလိုက္စိုက္႐ုံပဲ"

"ေအာ္ နားလည္ၿပီ ဟီးးးေက်းဇူးအမ"

ေဘးကေန လယ္သမ အမတေယာက္ကေသခ်ာေလးသင္ျပေပးတာကိုနားေထာင္ၿပီး ေျပာတဲ့အတိုင္းလိုက္လုပ္ေနတာ တကယ့္ကေလးကို စာသင္ေပးေနသလိုပင္

ခ်န္းေယာလ္လဲ ဘတ္ဟြၽန္းလုပ္ေနကိုင္ေနတာကို ၾကည့္ၿပီးစိတ္ခ်ရေလာက္မွပဲ

"ကဲ ေနခဲ့ၾကဦးေနာ္ က်ေနာ္ ပိုးသတ္ေဆးဖိုးသြားရွင္းလိုက္ဦးမယ္"

"ဟုတ္ကဲ့ စိတ္ခ်သြားပါ"

"ေမာင္ ျမန္ျမန္ ျပန္လာခဲ့ေနာ္"

ၿပဳံးလိုက္တယ္ ဟီးးးး ေမာင္က ဟိုဘက္လွည့္ၿပီး ၿပဳံးသြားတယ္

ဘတ္ဟြၽန္းလည္း ေဘးက အမနဲ႔အတူ ေလေပါရင္း တလႈပ္လႈပ္နဲ႔သာ လုပ္ေနမိသည္

"ဟဲ့ တကယ္ႀကီး ေယာက်္ားခ်င္းႀကီးေနာ္"

အေနာက္ကေန တိုးတိတိုးတိ ထြက္လာတဲ့အသံေၾကာင့္ ဘတ္ဟြၽန္း လုပ္လက္စကိုရပ္ကာ နားစြင့္ေနမိသည္

"ေအးဟယ္ ယုံေတာင္မယုံႏိုင္ဘူး ငါတို႔ခ်န္းေယာလ္ေလးက ဒီလိုဟာႀကီးဆိုတာေလ ေတြးေတာင္မေတြးမိဘူး"

"ေအးေလ ဟိုက အတင္းကပ္ေနတဲ့ပုံေနာ္ ခ်န္းေယာလ္ဆီက ဘာမက္ေမာေနလဲမသိ"

"ဟဲ့ ခ်န္းေယာလ္ေလးတို႔ကသားအမိ၂ေယာက္တည္းရွိၿပီး သူ႔အေမေသရင္ရွိတဲ့လယ္ သူပဲအေမြရမွာေလ"

"မထူးဆန္းပါဘူး ပုံစံက ေပ်ာ့ဖက္ဖက္နဲ႔ မက္တာေနမွာေပါ့ အေမြ"

တစတစနဲ႔ ေျပာေနလိုက္ၾကတာ သူတို႔ကိုယ္သူတို႔သတိမထားမိၾကဘူးလားမသိ ေဘးကအမကေတာ့ ကိုယ့္ကိုတၾကည့္ၾကည့္နဲ႔ အားနာေနတဲ့ပုံပင္ မသိသလိုေနလိုက္ေတာ့မလိုေပမဲ့

"ဘာေနေန ႐ြံစရာႀကီးေအ ေယာက်္ားခ်င္းႀကီးကို "

ၾကားလိုက္ရတဲ့စကားက နားထဲကန႔္လန႔္လိုက္ ဝင္သြားကာ

"ၾကားေနရတယ္ေနာ္"

အေနာက္လွည့္ၿပီး ေျပာလိုက္ေတာ့အတင္းတုပ္ေနတဲ့မိန္းမ၃ေယာက္က

"ၾကားေစခ်င္လို႔ေျပာေနတာေလ ၾကားမွာေပါ့"

"ေဟွာ္ ခင္မ်ားတို႔ လြန္တယ္ေနာ္"

"ဘာလဲ အမွန္ေျပာေတာ့ သိပ္စပ္သြားတာလား"

"တကယ့္အကုသိုလ္ေတြပဲ ခင္မ်ားတို႔က သိပ္အားေနလား သူမ်ားအေၾကာင္းေျပာဖို႔"

"အိုကြယ္ ပါးစပ္က အားေနမွေတာ့ ေျပာေနမွာေလ အေျခာက္ကေလးကလဲ"

ခပ္မဲ့မဲ့မ်က္ႏွာနဲ႔ မထိတထိေျပာလာတဲ့မိန္းမေၾကာင့္ဘတ္ဟြၽန္းစိတ္မထိန္းႏိုင္ေတာ့

"ဟာဗ်ာ ခင္မ်ားတို႔ "

"နင္လိုအေျခာက္ကမ်ား"

လက္က႐ြယ္လိုက္မိေပမဲ့ ကိုယ့္ထက္အႀကီးဆိုတဲ့စိတ္နဲ႔ တြန႔္ဆုတ္ေနမိေသာ္လည္း သူတို႔ကအရင္ ဆြဲခ်ကာ ဆံပင္ေတြေဆာင့္ဆြဲလာတာမို႔ ရန္ပြဲလိုျဖစ္သြားရကာ လုံးေထြးေနမိေသာ္လည္း ကိုယ္က ခံရသည္သာ သူတို႔က၃ေယာက္ေတာင္ေလ ေဘးကအမကလည္း စ လုံးေထြးကတည္းကေျပးထြက္သြားလိုက္တာ လွစ္လို႔ ဆံပင္ကလည္းက်န္ေသးရဲ႕လားမသိ အုံလိုက္ကြၽတ္သြားၿပီထင္တယ္ နာလိုက္တာ

*********************

"ခ်န္းေယာလ္ ခ်န္းေယာလ္ ရန္ရန္ ျဖစ္ေနၾကတယ္ ေဟာ ဟဲ "

ပိုးသတ္ေဆး လာပို႔တဲ့ကားနားမွာ ေငြရွင္းေနတုန္း အေမာတေကာလာေျပာတာမို႔

"ဟမ္ ဘာျဖစ္ေနၾကတာလဲ ဘယ္သူနဲ႔လဲ "

"ဟို ဘတ္ဟြၽန္းနဲ႔ က်န္တဲ့သူေတြ"

"က်စ္"

ခ်န္းေယာလ္တကယ္ စိတ္ပူသြားရသည္ က်န္တဲ့သူဆိုေတာ့ ဒီေန႔အလုပ္ဆင္းတာ၄ေယာက္ ဒီတေယာက္မပါရင္ ၃ေယာက္ေတာင္ ဘတ္ဟြၽန္းရာ ဘာေတြရႈပ္ေနျပန္တာလဲကြာ

ခ်န္းေယာလ္ ေရာက္သြားေတာ့ ဘာက ဘယ္သူလဲေတာင္မသိေတာ့ အကုန္႐ႊံ႕ေတြနဲ႔ေပပြေနၾကကာ ဟိုမိန္းမ၃ေယာက္သာ ျမင္တာမို႔ ျပာသြားရသည္ ငရႈပ္တေယာက္ ႐ြံ႕ထဲပဲနစ္ေနၿပီလား အသက္ေကာရႉလို႔ရပါ့မလား အေတြးေတြနဲ႔ အျမန္ပင္သူတို႔နားေရာက္ေအာင္ေျပးရေတာ့သည္

"ရပ္ ရပ္ အခုရပ္လိုက္ၾကေတာ့ ခင္မ်ားတို႔ဘာလုပ္တာလဲ ဒါ"

သူ႔အသံၾကားမွ ဟိုမိန္းမေတြလဲအလန႔္တၾကားနဲ႔ ဘတ္ဟြၽန္းကို ဝိုင္းေဆာ္ေနရာမွ ရပ္တန႔္သြားၾကသည္

"ဟာ ဘတ္ဟြၽန္း ထ ထ"

သူတို႔ဖယ္လိုက္မွပဲ သူတို႔ဝိုင္းရပ္ေနတဲ့အလယ္က ဘတ္ဟြၽန္း ႐ြံ႕အိုင္ထဲ ငုတ္တုတ္ေလးလိုျဖစ္ေနကာ လည္ပင္းမထိတထိေလာက္ပဲေပၚေနေတာ့ သူအျမန္ဆြဲထူလိုက္ရသည္

"ဘယ္လိုျဖစ္ေနၾကတာလဲခင္မ်ားတို႔က ဟမ္"

ဆြဲထူလိုက္တဲ့ ကိုယ့္လက္ထဲ ေပ်ာ့ေခြကာ ပါလာတဲ့သူ ၾကည့္လိုက္ေတာ့လဲ ဆံပင္ေတြေကာ ရႈပ္ပြကာ မ်က္ႏွာကလည္း႐ႊံ႕တလပြနဲ႔

"ဟို ဟို"

ဟိုမိန္းမေတြကလည္း တဟိုဟိုနဲ႔လုပ္ေနသလို ဘတ္ဟြၽန္းကလည္း ကိုယ္ထိန္းေပြ႕ထားတဲ့အတိုင္းေလးသာ အသက္ကို မနဲဝေအာင္ရႉေနသည္

"ေျပာၾကေလ "

တေယာက္မွ ပါးစပ္က တခြန္းမွထြက္မလာေပမဲ့ လာေခၚတဲ့အမ ေရာက္လာၿပီး အစအဆုံးေျပာျပတာကို ၾကားလိုက္ရေတာ့ ခ်န္းေယာလ္ အႀကီးအက်ယ္ေပါက္ကြဲမိသည္

"ခင္မ်ားတို႔ျပန္ေတာ့ ေနာက္က်ဳပ္ဆီ အလုပ္လာမဆင္းၾကနဲ႔ စိတ္ဓာတ္ေတာ္ေတာ္ ေအာက္တန္းက်တဲ့ဟာေတြ "

"အမေလး ငါတို႔လည္းေငြရလို႔သာ လုပ္ေနတာ အေျခာက္ေတြဆီေတာ့ အလုပ္ေကြၽးမျပဳႏိုင္တာေဟ့ သြားၿပီ'

တကယ့္စ႐ိုက္ေတြပင္ သူတို႔ကအလုပ္ရွင္ကို ေစာ္ကားေမာ္ကား ျပဳတာေတာင္ မေတာင္ပန္ႏိုင္တဲ့အျဖစ္

ထြက္သြားတဲ့၃ေယာက္လုံးကို ခ်န္းေယာလ္တကယ္ စိတ္ပ်က္မိသည္ ဘယ္လိုပဲေနေန ဒီေလာက္ထိႀကီး ပါးစပ္ကေျပာ႐ုံမက ကိုယ္ထိလက္ေရာက္ႀကီးကေတာ့ လြန္လြန္းတယ္မို႔လား

"အမလည္း ျပန္လိုက္ေတာ့ ဒီေန႔ နက္ဖန္ကိုေတာ့ အလုပ္သမ အသစ္ရွာေပးပါဦး က်ေနာ့္ကို ၄ေယာက္ေလာက္ ကူညီပါဦးေနာ္"

"ရတယ္ ခ်န္းေယာလ္ အမ တို႔အိမ္နားမွာေပါတယ္ရယ္ ခ်န္းေယာလ္တို႔လယ္ဆိုလိုက္ခ်င္ၾကမွာ ခ်န္းေယာလ္တို႔လယ္က အက်ယ္ႀကီးဆိုေတာ့ လုပ္ခပိုရေတာ့ေလ လုပ္ခ်င္တဲ့သူေပါတယ္ရယ္ စိတ္ခ် "

"ဟုတ္ ေက်းဇူးေနာ္ အမ"

"ဟို ဘတ္ဟြၽန္းက အဆင္ေျပ ေျပရဲ႕လား"

ဟို၃ေယာက္စိတ္တိုလိုက္ရတာနဲ႔ေကာ ေနာက္ေန႔အလုပ္သမအတြက္ပူရတာနဲ႔ေကာ ကိုယ့္လက္ထဲက ဘတ္ဟြၽန္းကိုေမ့ေနတာ အမေျပာမွသတိရတဲ့အျဖစ္

"အာ က်ေနာ္ေတာ့ တကယ္ပါဆို ေခါင္းက ဘတ္ဟြၽန္း ဘတ္ဟြၽန္း "

အင္း အင္း နဲ႔သာလုပ္ေနေပမဲ့ လူကတကယ္ေပ်ာ့ဖက္ေနကာ မ်က္လုံးေတာင္မပြင့္တပြင့္နဲ႔မို႔

"ေတာ္ေတာ္နာသြားမွာ ကေလးသနားပါတယ္"

"အရမ္းနာေနလို႔ထင္တယ္ မွိန္းေနေနာ္ ဘတ္ဟြၽန္း ငါခ်ီၿပီးျပန္ေခၚသြားမယ္ အိမ္ကို"

ခ်န္းေယာလ္ ေကာက္ေပြ႕ၿပီးသာ ထြက္လာခဲ့ေတာ့သည္ ေတာ္ေတာ္ဆိုးတဲ့ဟာေလး ၃ေယာက္၁ေယာက္ ဖိုက္ရတယ္လို႔ အခုသူပဲခံရေတာ့ နာေနၿပီေလ တကယ့္အဆိုးေလး

*******************

TBC

Love u all❣️

AccကေလRpမိသလိုျဖစ္ေနလို႔ပ်က္သြားမွာဆိုးလို႔ပါ မပ်က္မခ်င္းဒီမွာပဲဆက္တင္ေပးမွာပါေနာ္😘

Continue Reading

You'll Also Like

267K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
53K 14.1K 50
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
141K 11K 60
ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jugkook >Top Taehyung>Bottom
326K 76.1K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...