❤ စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း ၈၀။ ေရခဲမုန္႔လား..? ကိုယ္လား..?
လုခ်င္းယီ...ေျခလွမ္းဖြဖြေလ်ွာက္ကာ ေရခဲမုန္႔ခြက္ကိုင္ရင္း အိပ္ခန္းထဲကို ဝင္လာ၏။ ႐ုတ္တရက္ သူမေယာက်ၤားကို ေတြ႔လိုက္ရေတာ့ သူမမ်က္ႏွာမွာ အလိုမက်မႈက ျဖစ္ေပၚလာသည္။
" ဘာျဖစ္လို႔လဲ...?''
လုခ်င္းယီ...သူမေယာက်ၤားရဲ႕ ညင္သာတဲ့ အသံကို ၾကားရၿပီးေနာက္ တံခါးဝမွာဘဲ ရပ္ေန၏။
" အဲ့တာ ကိုယ့္ ေရခဲမုန္႔မလား...?''
" မဟုတ္ဘူး ကြၽန္မဟာ...''
မဒမ္ဂ်င္က သူမအတြက္ ေရခဲမုန္႔ဝယ္လာေပးခဲ့ေပမယ့္ သူမႀကိဳက္တဲ့ အရသာမဟုတ္ေနေပ။
သူမက တံခါးပိတ္လိုက္ကာ အိပ္ရာေပၚမွာ သြားထိုင္လိုက္၏။
" မင္းဟာလည္း ကိုယ့္ဟာ မဟုတ္ဘူးလား..? အာ... ကိုယ္ေျပာခ်င္တာက အဲ့ေရခဲမုန္႔က မင္းဟာဆို ကိုယ္လည္းပိုင္တာေပါ့...''
႐ွန္းရီ ဖုန္းပိတ္လိုက္ကာ သူမဆီကို သြားလိုက္ၿပီး ေရခဲမုန္႔နဲ႔ ဇြန္းကို လုယူလိုက္၏။
သူ႔ရဲ႕ ေနာက္လက္တစ္ဖက္နဲ႔ သူမရဲ႕ ပုခံုးကို ကိုင္လိုက္ကာ အနမ္းတစ္ပြင့္ေႁခြလိုက္ေတာ့ သူမက တြန္းထုတ္ေလ၏။
" အို...အခ်စ္ကလည္း..... ကြၽန္မေရခဲမုန္႔က ကြၽန္မပိုင္တာေပါ့....ဘာလို႔ ႐ွင့္ဟာျဖစ္ရမွာလဲ....?''
သူမက ျပန္ျပင္ေျပာျပန္၏။
႐ွန္းရီ အိပ္ယာေပၚမွာထိုင္လိုက္ကာ ေရခဲမုန္႔ကို ေဖာက္ၿပီး စားေနေတာ့...
" ႐ွန္းရီ...! ႐ွင္..ကလိမ္ကက်စ္က်ျပန္ၿပီ....ကြၽန္မေရခဲမုန္႔ကို ျပန္ေပး...!''
သူမက လုဖို႔ ႀကိဳးစားေပမယ့္ သူ႔ရဲ႕ ႐ွည္လ်ားတဲ့ လက္နဲ႔ ေရခဲမုန္႔ခြက္ကို ေျမႇာက္ထားၿပီး ကာကြယ္ထားတာေၾကာင့္ လုခ်င္းယီ.... ယူလို႔မရျဖစ္ေနသည္။
" ဘာလို႔ ကိုယ့္ထက္ အစားအေသာက္ကိုပဲ ေရြးခ်ယ္ေနရတာလဲ...?.. ဘာလို ့...႐ွန္းရႊီကို ကိုယ့္မုန္႔ေတြ အမ်ားႀကီးေကြၽးလိုက္ရတာလဲ...?''
"......''
" ႐ွင္..ဘာကိုဆိုလိုတာလဲ...? "
သူ႔ရဲ႕ စကားေတြေၾကာင့္ လုခ်င္းယီ စိတ္႐ႈပ္ေထြးေနသည္။ ငါ..ဘယ္တုန္းက သူ႔ထက္ အစားအေသာက္ကို ေရြးခ်ယ္လို႔လဲ..?
ထို႔ေနာက္... သူမက သူ႔ေပါင္ေပၚမွာ သြားထိုင္လိုက္ေတာ့..
" ကိုယ္ေမးေနတယ္ေလ..ဘာကို ေရြးမလဲလို႔...? ေရခဲမုန္႔လား...ကိုယ္လား..?''
" ဘာလို႔ ေရြးခိုင္းေနတာလဲ...? ကြၽန္မက ႏွစ္ခုလံုးကို ႀကိဳက္တယ္...''
႐ွန္းရီကေတာ့ ရယ္ေနလ်က္...
" ကြၽန္မပါးစပ္က စားခ်င္ေနတာကိုး...''
သူမ မသဲမကြဲ ေျပာလာ၏။
" အဲ့ဒီပါးစပ္က စားတာအျပင္ ဘာလုပ္တတ္ေသးလို႔လဲ...?''
" မသိဘူးေလ...''
ေနာက္ၿပီး ႐ွန္းရီက လူယုတ္မာ ေလသံျဖင့္...
"ဒါဆို.. အဲ့တာ နာလား..?''
သူမ ထင္ထားတာေတာ့ ျဖစ္လာေတာ့မည္။ ဒါေပမယ့္ သူမက ႀကိဳတင္ ျပင္ဆင္ထားတယ္ေလ...
" ဘာ..နာတာလဲ..?''
ဘာလဲ..?နိဗၺန္ေရာက္သလို ခံစားရလားလို႔ ေမးခ်င္တာလား...? ေသေလာက္ေအာင္ နာတာကို သိသိႀကီးနဲ႔ .....မူယာမာယာေတြ လာမ်ားျပန္ပါၿပီ။
" ႐ွင္က နိဗၺန္ေရာက္သြားသလို ခံစားရလို႔လား..?...ဒီမွာ.. ေယာက်ၤား.... ကြၽန္မ အရမ္းနာတာကို ႐ွင္သိပါတယ္.... ''
သူမက ႏႈတ္ခမ္းစူထား၏။
႐ုတ္တရက္ သူမက အိပ္ရာေပၚလဲက်သြားၿပီး ႐ွန္းရီက သူမအေပၚကေန အုပ္မိုးလိုက္၏။ ထို႔ေနာက္ ၾကမ္းျပင္ေပၚ ေရခဲမုန္႔ခြက္ ျပဳတ္က်သံကို ၾကားလိုက္ရေတာ့သည္။ ဒီလူႀကီးေတာ့...! ငါ့ရဲ႕ ေရခဲမုန္႔ေတြကို ျဖဳန္းတီးပစ္ေနတာ ဘယ္ႏွစ္ႀကိမ္႐ွိၿပီလဲ...?
" ဒီတစ္ႀကိမ္ေတာ့ သာယာမႈေတြ ခံစားရေအာင္ ကိုယ္သင္ေပးမယ္...''
" ကြၽန္မလည္း အေကာင္းဆံုး သင္ယူမွာပါ...''
သူမက ႐ွန္းရီရဲ႕ ႏႈတ္ခမ္းနားမွာ ကပ္ရင္း ေျပာ၏။
သူက ၾကမ္းတမ္းတဲ့ အနမ္းမိုးေတြ ရြာခ်လိုက္ေတာ့ သူမက သူရဲ႕ လည္ပင္းကို သိုင္းဖတ္ထား၏။ ထို႔ေနာက္ သူက ႐ုတ္တရက္...
" မင္း... ဟိုေကာင္နဲ႔ တစ္ခ်ိန္လံုး ႐ွိေနတာ...ကိုယ္ မနာလိုဘူး..''
သူက အေမာတေကာ ေျပာလာျပန္၏။
" အခုေတာ့ မင္းရဲ႕အာရံုကို ကိုယ့္ဆီမွာဘဲထား...ဟုတ္ၿပီလား...?''
လုခ်င္းယီ...သူ႔မ်က္ႏွာကို ၾကည့္လိုက္ၿပီး တခစ္ခစ္ ရယ္လာ၏။ ထို႔ေနာက္ သူရဲ႕ ပါးကို ကိုင္လိုက္ကာ လက္မနဲ႔ ျကင္နာစြာ ပြတ္သပ္လိုက္ၿပီး...
" အ႐ူး...၊ ကြၽန္မရဲ႕ စိတ္ထဲမွာ ႐ွင္က အျမဲစိုးမိုးေနတာပါ....မနာလို မျဖစ္ပါနဲ႔...''
႐ွန္းရီ ျပံဳးလာ၏။ သူမရဲ႕ ႏွလံုးသားကို ဖမ္းစားႏိုင္လြန္းတဲ့ သူမႀကိဳက္တဲ့ ဒီ အျပံဳးေလး....
ၿပီးေနာက္ သူက သူမကို ဆာေလာင္တဲ့ အၾကည့္ေတြနဲ႔ ၾကည့္လာျပန္သည္။
႐ွန္းရီ...အက်ႌၾကယ္သီး ျဖဳတ္ေနတာကို လုခ်င္းယီ ....စိတ္လႈပ္႐ွားစြာနဲ႔ၾကည့္ေနမိသည္။သူ႔ရဲ႕ သန္မာေတာင့္တင္းတဲ့ ႂကြက္သားေတြက သြားရည္ယိုစရာ။ ထို႔ေနာက္ သူက အက်ႌခြၽတ္လိုက္ၿပီး သူမဆီသို႔ တျဖည္းျဖည္းေရြ႔လာေတာ့သည္။
Unicode.....
❤ စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၈၀။ ရေခဲမုန့်လား..? ကိုယ်လား..?
လုချင်းယီ...ခြေလှမ်းဖွဖွလျှောက်ကာ ရေခဲမုန့်ခွက်ကိုင်ရင်း အိပ်ခန်းထဲကို ဝင်လာ၏။ ရုတ်တရက် သူမယောကျၤားကို တွေ့လိုက်ရတော့ သူမမျက်နှာမှာ အလိုမကျမှုက ဖြစ်ပေါ်လာသည်။
" ဘာဖြစ်လို့လဲ...?''
လုချင်းယီ...သူမယောကျၤားရဲ့ ညင်သာတဲ့ အသံကို ကြားရပြီးနောက် တံခါးဝမှာဘဲ ရပ်နေ၏။
" အဲ့တာ ကိုယ့် ရေခဲမုန့်မလား...?''
" မဟုတ်ဘူး ကျွန်မဟာ...''
မဒမ်ဂျင်က သူမအတွက် ရေခဲမုန့်ဝယ်လာပေးခဲ့ပေမယ့် သူမကြိုက်တဲ့ အရသာမဟုတ်နေပေ။
သူမက တံခါးပိတ်လိုက်ကာ အိပ်ရာပေါ်မှာ သွားထိုင်လိုက်၏။
" မင်းဟာလည်း ကိုယ့်ဟာ မဟုတ်ဘူးလား..? အာ... ကိုယ်ပြောချင်တာက အဲ့ရေခဲမုန့်က မင်းဟာဆို ကိုယ်လည်းပိုင်တာပေါ့...''
ရှန်းရီ ဖုန်းပိတ်လိုက်ကာ သူမဆီကို သွားလိုက်ပြီး ရေခဲမုန့်နဲ့ ဇွန်းကို လုယူလိုက်၏။
သူ့ရဲ့ နောက်လက်တစ်ဖက်နဲ့ သူမရဲ့ ပုခုံးကို ကိုင်လိုက်ကာ အနမ်းတစ်ပွင့်ခြွေလိုက်တော့ သူမက တွန်းထုတ်လေ၏။
" အို...အချစ်ကလည်း..... ကျွန်မရေခဲမုန့်က ကျွန်မပိုင်တာပေါ့....ဘာလို့ ရှင့်ဟာဖြစ်ရမှာလဲ....?''
သူမက ပြန်ပြင်ပြောပြန်၏။
ရှန်းရီ အိပ်ယာပေါ်မှာထိုင်လိုက်ကာ ရေခဲမုန့်ကို ဖောက်ပြီး စားနေတော့...
" ရှန်းရီ...! ရှင်..ကလိမ်ကကျစ်ကျပြန်ပြီ....ကျွန်မရေခဲမုန့်ကို ပြန်ပေး...!''
သူမက လုဖို့ ကြိုးစားပေမယ့် သူ့ရဲ့ ရှည်လျားတဲ့ လက်နဲ့ ရေခဲမုန့်ခွက်ကို မြှောက်ထားပြီး ကာကွယ်ထားတာကြောင့် လုချင်းယီ.... ယူလို့မရဖြစ်နေသည်။
" ဘာလို့ ကိုယ့်ထက် အစားအသောက်ကိုပဲ ရွေးချယ်နေရတာလဲ...?.. ဘာလို ့...ရှန်းရွှီကို ကိုယ့်မုန့်တွေ အများကြီးကျွေးလိုက်ရတာလဲ...?''
"......''
" ရှင်..ဘာကိုဆိုလိုတာလဲ...? "
သူ့ရဲ့ စကားတွေကြောင့် လုချင်းယီ စိတ်ရှုပ်ထွေးနေသည်။ ငါ..ဘယ်တုန်းက သူ့ထက် အစားအသောက်ကို ရွေးချယ်လို့လဲ..?
ထို့နောက်... သူမက သူ့ပေါင်ပေါ်မှာ သွားထိုင်လိုက်တော့..
" ကိုယ်မေးနေတယ်လေ..ဘာကို ရွေးမလဲလို့...? ရေခဲမုန့်လား...ကိုယ်လား..?''
" ဘာလို့ ရွေးခိုင်းနေတာလဲ...? ကျွန်မက နှစ်ခုလုံးကို ကြိုက်တယ်...''
ရှန်းရီကတော့ ရယ်နေလျက်...
" ကျွန်မပါးစပ်က စားချင်နေတာကိုး...''
သူမ မသဲမကွဲ ပြောလာ၏။
" အဲ့ဒီပါးစပ်က စားတာအပြင် ဘာလုပ်တတ်သေးလို့လဲ...?''
" မသိဘူးလေ...''
နောက်ပြီး ရှန်းရီက လူယုတ်မာ လေသံဖြင့်...
"ဒါဆို.. အဲ့တာ နာလား..?''
သူမ ထင်ထားတာတော့ ဖြစ်လာတော့မည်။ ဒါပေမယ့် သူမက ကြိုတင် ပြင်ဆင်ထားတယ်လေ...
" ဘာ..နာတာလဲ..?''
ဘာလဲ..?နိဗ္ဗန်ရောက်သလို ခံစားရလားလို့ မေးချင်တာလား...? သေလောက်အောင် နာတာကို သိသိကြီးနဲ့ .....မူယာမာယာတွေ လာများပြန်ပါပြီ။
" ရှင်က နိဗ္ဗန်ရောက်သွားသလို ခံစားရလို့လား..?...ဒီမှာ.. ယောကျၤား.... ကျွန်မ အရမ်းနာတာကို ရှင်သိပါတယ်.... ''
သူမက နှုတ်ခမ်းစူထား၏။
ရုတ်တရက် သူမက အိပ်ရာပေါ်လဲကျသွားပြီး ရှန်းရီက သူမအပေါ်ကနေ အုပ်မိုးလိုက်၏။ ထို့နောက် ကြမ်းပြင်ပေါ် ရေခဲမုန့်ခွက် ပြုတ်ကျသံကို ကြားလိုက်ရတော့သည်။ ဒီလူကြီးတော့...! ငါ့ရဲ့ ရေခဲမုန့်တွေကို ဖြုန်းတီးပစ်နေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ...?
" ဒီတစ်ကြိမ်တော့ သာယာမှုတွေ ခံစားရအောင် ကိုယ်သင်ပေးမယ်...''
" ကျွန်မလည်း အကောင်းဆုံး သင်ယူမှာပါ...''
သူမက ရှန်းရီရဲ့ နှုတ်ခမ်းနားမှာ ကပ်ရင်း ပြော၏။
သူက ကြမ်းတမ်းတဲ့ အနမ်းမိုးတွေ ရွာချလိုက်တော့ သူမက သူရဲ့ လည်ပင်းကို သိုင်းဖတ်ထား၏။ ထို့နောက် သူက ရုတ်တရက်...
" မင်း... ဟိုကောင်နဲ့ တစ်ချိန်လုံး ရှိနေတာ...ကိုယ် မနာလိုဘူး..''
သူက အမောတကော ပြောလာပြန်၏။
" အခုတော့ မင်းရဲ့အာရုံကို ကိုယ့်ဆီမှာဘဲထား...ဟုတ်ပြီလား...?''
လုချင်းယီ...သူ့မျက်နှာကို ကြည့်လိုက်ပြီး တခစ်ခစ် ရယ်လာ၏။ ထို့နောက် သူရဲ့ ပါးကို ကိုင်လိုက်ကာ လက်မနဲ့ ကြင်နာစွာ ပွတ်သပ်လိုက်ပြီး...
" အရူး...၊ ကျွန်မရဲ့ စိတ်ထဲမှာ ရှင်က အမြဲစိုးမိုးနေတာပါ....မနာလို မဖြစ်ပါနဲ့...''
ရှန်းရီ ပြုံးလာ၏။ သူမရဲ့ နှလုံးသားကို ဖမ်းစားနိုင်လွန်းတဲ့ သူမကြိုက်တဲ့ ဒီ အပြုံးလေး....
ပြီးနောက် သူက သူမကို ဆာလောင်တဲ့ အကြည့်တွေနဲ့ ကြည့်လာပြန်သည်။
ရှန်းရီ...အကျႌကြယ်သီး ဖြုတ်နေတာကို လုချင်းယီ ....စိတ်လှုပ်ရှားစွာနဲ့ကြည့်နေမိသည်။သူ့ရဲ့ သန်မာတောင့်တင်းတဲ့ ကြွက်သားတွေက သရေယိုစရာ။ ထို့နောက် သူက အကျႌချွတ်လိုက်ပြီး သူမဆီသို့ တဖြည်းဖြည်းရွေ့လာတော့သည်။