❤ စီအီးအိုရဲ႕ ဟန္ေဆာင္ဇနီးေလး❤
အပိုင္း ၇၅။ မူယာမာယာမ်ားတာပဲ...!
" မရဘူး! ....အိမ္ျပန္ေတာ့ ...ရႊီ...၊ ဒါမွမဟုတ္ ဒီထက္ပိုၿပီး သက္ေတာင့္သက္သာ ျဖစ္မဲ့ ေနရာမွာသြားေန....ငါက အရင္လို လူလြတ္မဟုတ္ေတာ့ဘူး....မိန္းမ ႐ွိေနၿပီ.......''
႐ွန္းရီ..မေက်မနပ္ေျပာလာ၏။
မရဘူး...! သူ႔ညီကို ဒီမွာ နည္းနည္းေလးမွ မ႐ွိေစခ်င္ဘူး...ေနာက္ၿပီး ခ်င္းယီရဲ႕ လက္ရာေတြကိုလည္း မမ်ွႏိုင္ဘူး.....သူ႔တစ္ေယာက္ထဲကိုပဲ ခ်က္ေကြၽးေစခ်င္တယ္....ခင္ပြန္းကိုပဲ အရင္ ဦးစားေပးရမယ္မလား....
" ဘာ...? ကြၽန္ေတာ့္ကို ေမာင္းထုတ္ခ်င္ေနတာလား...?''
႐ွန္းရႊီတစ္ေယာက္ သူ႔အစ္ကိုက သူု႔ကို ေမာင္းထုတ္ေနတဲ့အတြက္ ေ႐ွာ့ခ္ရေန၏။ သူ...အျမဲတမ္း ဒီကို လာေနက်ေလ....အရင္ကတည္းက သူ႔အေဖနဲ႔ အဖြားက သူ မႀကိဳက္တာ တစ္ခုခုလုပ္ခိုင္းရင္ ႐ွန္းရႊီက သူ႔ရဲ႕ ပစ္မွတ္အျဖစ္ ႐ွန္းရီရဲ႕ အိမ္ကို ဖ်က္ဆီးတတ္သည္။
သူ႔အစ္ကိုက သူ႔ကို စိုက္ၾကည့္ေနသည့္အတြက္ မရီးဘင္လွည့္လိုက္ကာ သနားစရာ ပံုစံေလးႏွင့္...ေျပာလာ၏။
" မရီး...! ကြၽန္ေတာ္ ဒီမွာေနလို႔ မရဘူးလားဟင္....၊ မရီး မႀကိဳက္တာ ဘာတစ္ခုမွမလုပ္ပါဘူးလို႔ ကတိေပးပါတယ္...''
႐ွန္းရႊီက လက္ကေလးေျမႇာက္လာကာ ေတာင္းပန္ဟန္ျဖင့္ ေျပာေနသည္။
" အဲ့တာကေတာ့ ကြၽန္မလည္း ဆံုးျဖတ္ခ်က္ မေပးႏိုင္ဘူး....၊ ႐ွင့္အစ္ကိုကိုသာ ေမးပါ...''
ခ်င္းယီက သူတို႔ရဲ႕ ျပႆနာ ထဲဝင္မပါခ်င္၍ အေကာင္းဆံုး နည္းလမ္းနဲ႔ ေ႐ွာင္လိုက္၏။
" မရီး...! ဒီလူႀကီးနဲ႔ ဘယ္လိုမ်ား သည္းခံၿပီးေတာ့ ေနတာလဲ...? သူ႔ရဲ႕ သတင္းဆိုးေတြကို ေ႐ွာင္ဖို႔ မရီးကို လက္ထပ္လိုက္တာေရာ မျဖစ္ႏိုင္ဘူးလား...? ကြၽန္ေတာ့္ အစ္ကိုက ႐ိုင္းတယ္...ရက္စက္တတ္တယ္....ကြၽန္ေတာ္ ေျပာႏိုင္တာကေတာ့ ......
သူက ေဂးပဲ...?''
႐ွန္းရီတစ္ေယာက္ သူ႔ညီရဲ႕ ေစာ္ကားမႈေတြေၾကာင့္ ႐ွိတဲ့ေသြးေၾကာေတြ အကုန္ေထာင္တက္ကုန္သည္။ ငါ့မိန္းမ အေ႐ွ႕မွာ ဘယ္လိုေတာင္ ေျပာရဲတာလဲ...?
" မင္း...!''
႐ွန္းရီ ထိုင္ခံုကေန ထလိုက္ကာ ႐ွန္းရႊီရဲ႕ အက်ႌေကာ္လံကို ဆြဲဖို႔ ျပင္လိုက္ေပမယ့္ သူ႔ညီကေတာ့ ခါတိုင္းလိုပဲ အေ႐ွာင္ေကာင္းသြားျပန္သည္။
" အို..ႏိုး...မလုပ္ရဘူးေလ...၊ အစ္ကို႔မိန္းမေ႐ွ႕မွာ ကြၽန္ေတာ့ကို အႏိုင္က်င့္ေနတာလား...?''
႐ွန္းရႊီက ဧည့္ခန္းဘက္ေျပး၏။ ထို႔ေနာက္ တစ္ခုခုနဲ႔ တိုက္မိၿပီး ပန္းအိုးက်ကြဲသြားသည္။
" ငါ့ကို ျပန္ေလ်ာ္ေပး...!''
႐ွန္းရီေအာ္လိုက္ကာ သူ႔ညီေနာက္ေျပးလိုက္၏။
လုခ်င္းယီ... သက္ျပင္းခ်လိုက္၏။ သူတို႔ႏွစ္ေယာက္ ေနာက္ေျပာင္ၿပီး ေျပးလႊားေနၾကတာက ခေလးေလးေတြလိုပင္။ ထို႔ေနာက္ သူမက ပန္းကန္ေတြကို ေဘဇင္ဆီ သယ္သြားကာ ေဆးေၾကလိုက္၏။ မီးဖိုေခ်ာင္မွာ သိမ္းဆည္းၿပီးလို႔ အျပင္ထြင္လာေတာ့ ညီအစ္ကို ႏွစ္ေယာက္က ျငင္းခုန္ေနၾကတုန္း...
" မရီးကို အေဖ့နဲ႔ မိတ္မဆက္ေပးဘူးလား..? ဘာလဲ...႐ွက္ေနတာလား...? "
သူက Mallows ရဲ႕ ေခါင္းကို ပုတ္ရင္း ေျပာလာ၏။
႐ွန္းရီက ေလွာင္ျပံဳး ျပံဳးလိုက္ၿပီး...
" ဘာလို႔႐ွက္ရမွာလဲ...? ေျပာျပခ်ိန္မတန္ေသးလို႔ မေျပာျပတာေပါ့...''
အေၾကာင္းအရာတစ္ခုက ႐ွန္းရီရဲ႕ ေခါင္းထဲ ေရာက္လာ၏။
" ဟားဟား...အစ္ကို ကြၽန္ေတာ့္ကို ဒီမွာ တစ္ပတ္ေလာက္ ေပးမေနရင္ အေဖ့ကို ေျပာျပလိုက္မယ္...''
" အဲ့လို ဥာဏ္မ်ားတယ္ေပါ့ေလ..ဒါမွန္းသိရင္ မင္းကို ဟို ခရီးစဥ္ ေပးသြားခိုင္းလိုက္ပါတယ္...''
႐ွန္းရီ သက္ျပင္းခ်ၿပီး ေခါင္းခါလိုက္သည္။
" ေတြ႔လား..မရီး ဘယ္ေလာက္ ႐ိုင္းလဲဆိုတာကို...! ဒီလိုလူမ်ိဳးကို ဘာလို႔ လက္ထပ္ရတာလဲ..?''
႐ွန္းရႊီ ...သူ႔ ဖုန္းကို ယူလိုက္ၿပီး အေဖဆီ ဖုန္းလွမ္းဆက္လိုက္သည္။
" ဟဲလို...အေဖ ...၊ အေဖ့ကို အေရးႀကီးတာ ေျပာစရာ႐ွိလို႔...အဲ့တာက...''
႐ွန္းရီက သူ႔ညီလက္ထဲကေန ဖုန္းကို လွမ္းဆြဲလိုက္ေတာ့...
"ေဟ့..ေဟး ျပန္ေပးေလ...!''
႐ွန္းရီ... ဖုန္းခ်လိုက္ၿပီး စက္ပါပိတ္လိုက္ေတာ့သည္။
" မင္း.. ဘာေတြ မဆင္မျခင္လုပ္ဖို႔ ႀကိဳးစားေနတာလဲ...?''
႐ွန္းရီ... ေအာ္ေငါက္လာ၏။ သူ..တစ္ေနကုန္ သူ႔ဇနီးေလးနဲ႔ အခ်ိန္ျဖဳန္းဖို႔ စဥ္းစားထားတာေလ...ဒီအ႐ူးေကာင္က လာဝင္႐ႈပ္ေနတာပဲ....!
" ကြၽန္ေတာ္ ေျပာတယ္မလား..? ကြၽန္ေတာ့္ကို ဒီမွာ ေပးမေနရင္ အေဖ့ကို ေျပာလိုက္ပါမယ္လို႔...''
" ရႊီ...ငါတို႔ကုမၸဏီမွာ မင္းက ဒုတိယ ဥကၠဌ ရာထူးရထားတာေနာ္...မင္းလည္း.. .ကိုယ့္အိမ့္ကိုယ့္ယာနဲ႔ ေနေပါ့....နည္းနည္းပါးပါးေလး ရင့္က်က္သင့္ၿပီ......''
႐ွန္းရီ က သူ႔ညီကို အျပစ္တင္လာ၏။
႐ွန္းရႊီ အသက္က ၂၆ႏွစ္႐ွိေနၿပီး အခုထိ အဖြားဆီမွာ ကပ္ေနတုန္း....
" ကြၽန္ေတာ့္ကို ဒီအိမ္မွာ ေပးမေနခ်င္တာလား...? မရီးလက္ရာေတြကို စားမွာ ေၾကာက္ေနတာလား...?''
႐ွန္းရႊီကေတာ့ ေမးခြန္းသတ္လိုက္ၿပီ။
" မင္းေျပာတာကို ငါ မျငင္းပါဘူး...''
" ေယာက်ၤားကလည္း... သူက ရက္နည္းနည္းပဲ ေနမဲ့ဟာ...ေပးေနလိုက္ပါ..ကြၽန္မတို႔ ရင္းႏွီးသြားတာေပါ့...မဟုတ္ဘူးလား...''
လုခ်င္းယီ ျပံဳးလိုက္၏။
" ဟုတ္တယ္...ေျပာလိုက္..မရီး..!''
အာ...ဒီအိမ္မွာေနတုန္း အျပတ္စားပစ္ရမယ္..
" အိုေကေလ...တစ္ပတ္ေနခြင့္ျပဳမယ္..အဲ့ထက္ေက်ာ္ရင္ေတာ့ ဒီအိမ္ကေန ကန္ခ်မယ္...ကဲ..ေတာ္ၿပီ ငါ ေဆးေသာက္ရဦးမယ္...''
႐ွန္းရီ သက္ျပင္းခ်လိုက္ၿပီး အေပၚထပ္တက္လိုက္ကာ စာၾကည့္ခန္းထဲ ဝင္သြားသည္။
ခဏၾကာေတာ့ သူမက လိုက္တက္သြား၏။
" ေနမေကာင္းဘူးလား.. ?''
သူမက စားပြဲေပၚမွာ ေကာ္ဖီခြက္ခ်ေပးရင္း ေမး၏။ သူက သူမရဲ႕ လက္ေမာင္းကို ဆြဲလိုက္ကာ သူ႔ေပါင္ေပၚမွာ ထိုင္ေစသည္။
" ဟုတ္တယ္...အခ်စ္ေလးရဲ႕...၊ ကိုယ့္ကို လူနာတင္ယာဥ္ေခၚေပးစမ္းပါ.. ...မင္းရဲ႕ အလွက ကိုယ့္ကို အသက္႐ွဴမဝေအာင္ လုပ္ေနလို႔...''
လုခ်င္းယီ...သူ႔မ်က္ႏွာကို ေစ့ေစ့ၾကည့္လိုက္ၿပီး...
" ႐ွန္းရီ...! ႐ွင္က ေတာ္ေတာ္ကို မူယာမာယာ မ်ားတာပဲ...''
ခ်င္းယီရဲ႕ ပန္းေရာင္သန္းေနတဲ့ မ်က္ႏွာကို ၾကည့္ၿပီး ႐ွန္းရီ... ရယ္ေနေလသည္။
ဒီေလာက္စကားတတ္ၿပီး မူယာမာယာမ်ားတဲ့သူကို ဘာလို႔ ေဂးလို႔ ထင္ျကတာလဲ...?
Unicode...
❤ စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၇၅။ မူယာမာယာများတာပဲ...!
" မရဘူး! ....အိမ်ပြန်တော့ ...ရွှီ...၊ ဒါမှမဟုတ် ဒီထက်ပိုပြီး သက်တောင့်သက်သာ ဖြစ်မဲ့ နေရာမှာသွားနေ....ငါက အရင်လို လူလွတ်မဟုတ်တော့ဘူး....မိန်းမ ရှိနေပြီလေ....''
ရှန်းရီ..မကျေမနပ်ပြောလာ၏။
မရဘူး...! သူ့ညီကို ဒီမှာ နည်းနည်းလေးမှ မရှိစေချင်ဘူး...နောက်ပြီး ချင်းယီရဲ့ လက်ရာတွေကိုလည်း မမျှနိုင်ဘူး.....သူ့တစ်ယောက်ထဲကိုပဲ ချက်ကျွေးစေချင်တယ်....ခင်ပွန်းကိုပဲ အရင် ဦးစားပေးရမယ်မလား....
" ဘာ...? ကျွန်တော့်ကို မောင်းထုတ်ချင်နေတာလား...?''
ရှန်းရွှီတစ်ယောက် သူ့အစ်ကိုက သူု့ကို မောင်းထုတ်နေတဲ့အတွက် ရှော့ခ်ရနေ၏။ သူ...အမြဲတမ်း ဒီကို လာနေကျလေ....အရင်ကတည်းက သူ့အဖေနဲ့ အဖွားက သူ မကြိုက်တာ တစ်ခုခုလုပ်ခိုင်းရင် ရှန်းရွှီက သူ့ရဲ့ ပစ်မှတ်အဖြစ် ရှန်းရီရဲ့ အိမ်ကို ဖျက်ဆီးတတ်သည်။
သူ့အစ်ကိုက သူ့ကို စိုက်ကြည့်နေသည့်အတွက် မရီးဘင်လှည့်လိုက်ကာ သနားစရာ ပုံစံလေးနှင့်...ပြောလာ၏။
" မရီး...! ကျွန်တော် ဒီမှာနေလို့ မရဘူးလားဟင်....၊ မရီး မကြိုက်တာ ဘာတစ်ခုမှမလုပ်ပါဘူးလို့ ကတိပေးပါတယ်...''
ရှန်းရွှီက လက်ကလေးမြှောက်လာကာ တောင်းပန်ဟန်ဖြင့် ပြောနေသည်။
" အဲ့တာကတော့ ကျွန်မလည်း ဆုံးဖြတ်ချက် မပေးနိုင်ဘူး....၊ ရှင့်အစ်ကိုကိုသာ မေးပါ...''
ချင်းယီက သူတို့ရဲ့ ပြဿနာ ထဲဝင်မပါချင်၍ အကောင်းဆုံး နည်းလမ်းနဲ့ ရှောင်လိုက်၏။
" မရီး...! ဒီလူကြီးနဲ့ ဘယ်လိုများ သည်းခံပြီးတော့ နေတာလဲ...? သူ့ရဲ့ သတင်းဆိုးတွေကို ရှောင်ဖို့ မရီးကို လက်ထပ်လိုက်တာရော မဖြစ်နိုင်ဘူးလား...? ကျွန်တော့် အစ်ကိုက ရိုင်းတယ်...ရက်စက်တတ်တယ်....ကျွန်တော် ပြောနိုင်တာကတော့ ......
သူက ဂေးပဲ...?''
ရှန်းရီတစ်ယောက် သူ့ညီရဲ့ စော်ကားမှုတွေကြောင့် ရှိတဲ့သွေးကြောတွေ အကုန်ထောင်တက်ကုန်သည်။ ငါ့မိန်းမ အရှေ့မှာ ဘယ်လိုတောင် ပြောရဲတာလဲ...?
" မင်း...!''
ရှန်းရီ ထိုင်ခုံကနေ ထလိုက်ကာ ရှန်းရွှီရဲ့ အကျႌကော်လံကို ဆွဲဖို့ ပြင်လိုက်ပေမယ့် သူ့ညီကတော့ ခါတိုင်းလိုပဲ အရှောင်ကောင်းသွားပြန်သည်။
" အို..နိုး...မလုပ်ရဘူးလေ...၊ အစ်ကို့မိန်းမရှေ့မှာ ကျွန်တော့ကို အနိုင်ကျင့်နေတာလား...?''
ရှန်းရွှီက ဧည့်ခန်းဘက်ပြေး၏။ ထို့နောက် တစ်ခုခုနဲ့ တိုက်မိပြီး ပန်းအိုးကျကွဲသွားသည်။
" ငါ့ကို ပြန်လျော်ပေး...!''
ရှန်းရီအော်လိုက်ကာ သူ့ညီနောက်ပြေးလိုက်၏။
လုချင်းယီ... သက်ပြင်းချလိုက်၏။ သူတို့နှစ်ယောက် နောက်ပြောင်ပြီး ပြေးလွှားနေကြတာက ခလေးလေးတွေလိုပင်။ ထို့နောက် သူမက ပန်းကန်တွေကို ဘေဇင်ဆီ သယ်သွားကာ ဆေးကြေလိုက်၏။ မီးဖိုချောင်မှာ သိမ်းဆည်းပြီးလို့ အပြင်ထွင်လာတော့ ညီအစ်ကို နှစ်ယောက်က ငြင်းခုန်နေကြတုန်း...
" မရီးကို အဖေ့နဲ့ မိတ်မဆက်ပေးဘူးလား..? ဘာလဲ...ရှက်နေတာလား...? "
သူက Mallows ရဲ့ ခေါင်းကို ပုတ်ရင်း ပြောလာ၏။
ရှန်းရီက လှောင်ပြုံး ပြုံးလိုက်ပြီး...
" ဘာလို့ရှက်ရမှာလဲ...? ပြောပြချိန်မတန်သေးလို့ မပြောပြတာပေါ့...''
အကြောင်းအရာတစ်ခုက ရှန်းရီရဲ့ ခေါင်းထဲ ရောက်လာ၏။
" ဟားဟား...အစ်ကို ကျွန်တော့်ကို ဒီမှာ တစ်ပတ်လောက် ပေးမနေရင် အဖေ့ကို ပြောပြလိုက်မယ်...''
" အဲ့လို ဉာဏ်များတယ်ပေါ့လေ..ဒါမှန်းသိရင် မင်းကို ဟို ခရီးစဉ် ပေးသွားခိုင်းလိုက်ပါတယ်...''
ရှန်းရီ သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
" တွေ့လား..မရီး ဘယ်လောက် ရိုင်းလဲဆိုတာကို...! ဒီလိုလူမျိုးကို ဘာလို့ လက်ထပ်ရတာလဲ..?''
ရှန်းရွှီ ...သူ့ ဖုန်းကို ယူလိုက်ပြီး အဖေဆီ ဖုန်းလှမ်းဆက်လိုက်သည်။
" ဟဲလို...အဖေ ...၊ အဖေ့ကို အရေးကြီးတာ ပြောစရာရှိလို့...အဲ့တာက...''
ရှန်းရီက သူ့ညီလက်ထဲကနေ ဖုန်းကို လှမ်းဆွဲလိုက်တော့...
"ဟေ့..ဟေး ပြန်ပေးလေ...!''
ရှန်းရီ... ဖုန်းချလိုက်ပြီး စက်ပါပိတ်လိုက်တော့သည်။
" မင်း.. ဘာတွေ မဆင်မခြင်လုပ်ဖို့ ကြိုးစားနေတာလဲ...?''
ရှန်းရီ... အော်ငေါက်လာ၏။ သူ..တစ်နေကုန် သူ့ဇနီးလေးနဲ့ အချိန်ဖြုန်းဖို့ စဉ်းစားထားတာလေ...ဒီအရူးကောင်က လာဝင်ရှုပ်နေတာပဲ....!
" ကျွန်တော် ပြောတယ်မလား..? ကျွန်တော့်ကို ဒီမှာ ပေးမနေရင် အဖေ့ကို ပြောလိုက်ပါမယ်လို့...''
" ရွှီ...ငါတို့ကုမ္ပဏီမှာ မင်းက ဒုတိယ ဥက္ကဌ ရာထူးရထားတာနော်...မင်းလည်း.. .ကိုယ့်အိမ့်ကိုယ့်ယာနဲ့ နေပေါ့....နည်းနည်းပါးပါးလေး ရင်ကျက်သင့်ပြီ......''
ရှန်းရီ က သူ့ညီကို အပြစ်တင်လာ၏။
ရှန်းရွှီ အသက်က ၂၆နှစ်ရှိနေပြီး အခုထိ အဖွားဆီမှာ ကပ်နေတုန်း....
" ကျွန်တော့်ကို ဒီအိမ်မှာ ပေးမနေချင်တာလား...? မရီးလက်ရာတွေကို စားမှာ ကြောက်နေတာလား...?''
ရှန်းရွှီကတော့ မေးခွန်းသတ်လိုက်ပြီ။
" မင်းပြောတာကို ငါ မငြင်းပါဘူး...''
" ယောကျၤားကလည်း... သူက ရက်နည်းနည်းပဲ နေမဲ့ဟာ...ပေးနေလိုက်ပါ..ကျွန်မတို့ ရင်းနှီးသွားတာပေါ့...မဟုတ်ဘူးလား...''
လုချင်းယီ ပြုံးလိုက်၏။
" ဟုတ်တယ်...ပြောလိုက်..မရီး..!''
အာ...ဒီအိမ်မှာနေတုန်း အပြတ်စားပစ်ရမယ်..
" အိုကေလေ...တစ်ပတ်နေခွင့်ပြုမယ်..အဲ့ထက်ကျော်ရင်တော့ ဒီအိမ်ကနေ ကန်ချမယ်...ကဲ..တော်ပြီ ငါ ဆေးသောက်ရဦးမယ်...''
ရှန်းရီ သက်ပြင်းချလိုက်ပြီး အပေါ်ထပ်တက်လိုက်ကာ စာကြည့်ခန်းထဲ ဝင်သွားသည်။
ခဏကြာတော့ သူမက လိုက်တက်သွား၏။
" နေမကောင်းဘူးလား.. ?''
သူမက စားပွဲပေါ်မှာ ကော်ဖီခွက်ချပေးရင်း မေး၏။ သူက သူမရဲ့ လက်မောင်းကို ဆွဲလိုက်ကာ သူ့ပေါင်ပေါ်မှာ ထိုင်စေသည်။
" ဟုတ်တယ်...အချစ်လေးရဲ့...၊ ကိုယ့်ကို လူနာတင်ယာဉ်ခေါ်ပေးစမ်းပါ.. ...မင်းရဲ့ အလှက ကိုယ့်ကို အသက်ရှူမဝအောင် လုပ်နေလို့...''
လုချင်းယီ...သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး...
" ရှန်းရီ...! ရှင်က တော်တော်ကို မူယာမာယာ များတာပဲ...''
ချင်းယီရဲ့ ပန်းရောင်သန်းနေတဲ့ မျက်နှာကို ကြည့်ပြီး ရှန်းရီ... ရယ်နေလေသည်။
ဒီလောက်စကားတတ်ပြီး မူယာမာယာများတဲ့သူကို ဘာလို့ ဂေးလို့ ထင်ကြတာလဲ...?