ငါတို့ဝေးသွားရင်........ပြန်မ...

By siriphoo

120K 10.4K 1.1K

လွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး... More

ဇာတ်ဆောင် မိတ်ဆက်
Part 1
Part 2
Part 3
Part 4 Zawgyi
Part4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31 The End
Part 32 After The End
A/N

Part 9

2.5K 311 13
By siriphoo

Zawgyi


"သားေလး.............ဥကၠာငယ္................ေဖ့သားႀကီး..............အိပ္လွခ်ည္လားကြ..ထပါဦး"

(ဟင္...ဒါ ...ဒါ.... အေဖ့အသံ) က်ေတာ္ အေဖ့အသံၾကားၾကားျခင္းပဲ ေလးလံေနတဲ့မ်က္ခြံေတြကို အတင္းဖြင့္လိုက္မိတယ္။

"အေဖ ..အေဖမေသဘူးေနာ္။ သား ဝမ္းသာလိုက္တာအေဖရယ္။ အေဖသားဆီ ျပန္လာတယ္ေနာ္။ သားေလ ..သား ေတာင္းပန္ပါတယ္ေနာ္ အေဖေနာ္..."

က်ေတာ္ဝမ္းပန္းတနည္းနဲ႔ ငိုေကြၽးၿပီး တင္းၾကပ္စြာ အေဖ့ကိုဖတ္ထားမိတယ္

"အေဖ သားႀကီးကိုစိတ္မခ်လို႔ ခနျပန္လာၾကည့္တာကြ။ အေဖထင္တဲ့အတိုင္းပဲ။ မင္းဝမ္းနည္းေနတယ္မလား။ သားႀကီး မင္းအျပစ္မဟုတ္ဘူးသား။ ငါ့သားတစ္သက္လုံးေနာင္တေတြနဲ႔ ေနထိုင္သြားရမွာကို အေဖစိုးရိမ္လို႔ ခနလာေတြ႕တာပါသားရယ္။

အေဖ့မွာ အျပစ္ရွိတာပါ။ အဲ့အျပစ္ေတြကိုလည္း အေဖအခုေပးဆပ္ရေတာ့မွာပါ။ အေဖမသြားခင္ေလး ကတိတစ္ခုေတာ့ေပးပါသားရယ္။ အခုအျဖစ္အပ်က္မွာ သားအျပစ္မရွိတာမို႔ သားစိတ္ဓာတ္မက်ပါဘူးလို႔။

ပညာကို ဆုံးခန္းတိုင္ေအာင္ဆက္သင္ပါ့မယ္လို႔။ အေမနဲ႔ ညီမေလး၊ညီေလးေတြကို ေစာင့္ေရွာက္ပါ့မယ္လို႔။ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ပါဘူးဆိုတဲ့ကတိေတြ အေဖ့ကိုေပးပါသားရယ္။

သားႀကီး..မင္းလဲက်သြားလို႔မျဖစ္ဘူးေလ။ အကိုႀကီေတာ့ အဖရာတဲ့။ မင္းကအခု ဖခင္ေနရာမွာေနရေတာ့မွာမို႔ စိတ္ဓာတ္မာမာထားၿပီး ျပန္ထေတာ့သား ။ျပန္ထေတာ့။"

"သားကတိေပးပါတယ္အေဖရယ္။ သားပိုပိုၿပီး လိမၼာပါ့မယ္။ အေဖသားနဲ႔အတူျပန္လိုက္ခဲ့ပါေနာ္။ အေဖ......။ဘယ္သြားမလို႔လည္းအေဖရဲ႕။ သားနဲ႔အတူျပန္လိုက္ခဲ့ပါေနာ္....။"

စကားေတြေျပာၿပီး တေျဖးေျဖးေဝးသြားတဲ့အေဖ့ဟာ က်ေတာ္လိုက္ေခၚေနေပမယ့္လည္း အၿပဳံးတခုနဲ႔ ေပ်ာက္ကြယ္သြားပါတယ္။

လူေရာစိတ္ပါ ဖိစီးလြန္းအားႀကီးသြားသလား၊ က်ေတာ့္ရဲ႕ႀကံ့ခိုင္မႈပဲနည္းေလသလား မသိေတာ့ပါဘူး၊ က်ေတာ္ေမ့ေျမာသြားမႈဟာ အေဖ့ရက္လည္ၿပီး ေနာင္တစ္ေန႔မွပဲႏိုးထလာႏိုင္ပါေတာ့တယ္။

က်ေတာ့္ကိုစိတ္မခ်လို႔ အိပ္မက္ထဲထိလာၿပီး ခြင့္လႊတ္ေၾကာင္းေျပာတဲ့အေဖ့ကို က်ေတာ္ေပးတဲ့ကတိတည္ေအာင္ႀကိဳးစားျပရပါေတာ့မယ္။ ရင္ထဲမွာေျဖမဆည္ႏိုင္ေပမယ့္လည္း အေဖ့ေနရာမွာ က်ေတာ္အစားထိုးဖို႔ အတတ္ႏိုင္ဆုံးတည္ၿငိမ္ေအာင္ႀကိဳးစားၿပီး ေနထိုင္ပါတယ္။

က်ေတာ့္အေပၚ အျပစ္မျမင္တဲ့လူေတြရွိသလို၊ သူ႔အေဖေသရတာ သူ႔ေၾကာင့္ေလ ဆိုၿပီး ႏွာေခါင္းရႈံ႕ၾကတဲ့သူေတြလည္း ဒုနဲ႔ေဒးပါ။

သားအမိေလးေယာက္ တစ္ေယာက္လက္ကိုတစ္ေယာက္ဆုတ္ကိုင္လို႔ အနာဂတ္ကိုျပင္ဆင္ဖို႔ တိုင္ပင္ေနၾကခ်ိန္မွာပဲ မေမွ်ာ္လင့္တဲ့ဧည့္သည္ဟာ ႐ုတ္တရက္ေရာက္လာပါေတာ့တယ္။

"က်ေတာ့္ကို ဝင္ခြင့္ျပဳပါခင္ဗ်။"

"ဟာ.........ဦး။"႐ုတ္တရက္ ဦးကိုျမင္ေတာ့ က်ေတာ္ဘာဆက္လုပ္လို႔ ဘာဆက္ကိုင္ရမွန္းမသိေအာင္ ျဖစ္သြားပါေတာ့တယ္။

"ဧည့္သည္လားသားႀကီး။ ဘယ္သူလဲ။ သားအသိလား။"အေမကလည္း ေၾကာင္နနနဲ႔ ေမးပါတယ္။

"က်ေတာ့္နာမည္ ဗညားကိုကိုေမာင္ပါအန္တီ။ ဥကၠာငယ္နဲ႔ သၾကၤန္မွာ ခင္မင္ခဲ့တဲ့သူပါ။ က်ေတာ့္ရဲ႕ကားနဲ႔အတူလည္ခဲ့ၾကတာပါ။ အခုဥကၠာငယ္ေလးသတင္းၾကားလို႔ လာခဲ့တာပါ။"

နဂိုရ္တည္းက သြက္လက္တဲ့ဦးဟာ အေမ့ကိုအဆင္ေျပစြာပဲစကားေတြ ေျပာေနပါတယ္။

"ဟယ္ ...လာ လာလူေလး။ အရီးကမသိလို႔ေမးမိတာပါကြယ္။ လာထိုင္ပါဦးေနာ္။" အေမက ခရီးဦးႀကိဳပါတယ္။

က်ေတာ္လည္း ဦးဘယ္ကေနဘယ္လို သတင္းေတြၾကားၿပီး ေရာက္လာလည္းမသိတာနဲ႔ ေၾကာင္ေတာင္ေတာင္ေလးနဲ႔ပဲ အေမ့ေဘးနားကပ္ထိုင္လိုက္တယ္။

"ဥကၠာငယ္အေဖဆုံးပါးတဲ့အေၾကာင္းကို ဒီအရပ္ထဲေနတဲ့အသိတစ္ေယာက္ဆီကေနၾကားတာပါ။ သိသိခ်င္းပဲက်ေတာ္ခ်က္ခ်င္းလိုက္လာခဲ့တာပါ။ အရီးတို႔မိသားစုနဲ႔ထပ္တူဝမ္းနည္းရပါတယ္ခင္ဗ်ာ။"

"ေအးကြယ္။ ႐ုတ္တရက္ႀကီးဆိုေတာ့ အရီးတို႔လည္းဘယ္သူ႔ကိုမွလည္း အေၾကာင္းမၾကားႏိုင္၊ ဒီၾကားထဲ မင္းညီကလည္း ၇ရက္ေလာက္ေမ့ေနတာဆိုေတာ့ အရီးတစ္ေယာက္တည္းဗ်ာမ်ားေနရတာပါကြယ္။"

အေမက မ်က္ရည္ေလးဝဲၿပီး ရွင္းျပတယ္။

"ဟုတ္ကဲ့။ က်ေတာ္သတင္းစုံၾကားၿပီးပါၿပီ။ ခုလာရင္းကိစၥကိုပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ ဥကၠာငယ္ရဲ႕ပညာေရးကို က်ေတာ္ဆက္ၿပီးတာဝန္ယူကူညီေပးပါရေစလို႔ အရီးဆီခြင့္လာေတာင္းတာပါ။"

ဦးက အဲ့လို႐ုတ္တရက္ႀကီးေျပာေတာ့ အေမေရာက်ေတာ္ေရာ ေတာ္ေတာ္အံ့ၾသသြားၾကတယ္။

"ေမာင္ရင္အခုလို ကူညီတာကိုေက်းဇူးတင္ပါတယ္။ အရီးတို႔ဘက္လည္း အားနာနာနဲ႔ပဲျငင္းပါရေစ။ ေမာင္ရင့္မွာလည္း မိသားစုရွိမွာပါပဲ။ မိသားစုကေရာသေဘာတူရဲ႕လားေသခ်ာတိုင္ပင္ၾကည့္ပါဦး။ သူတစ္ပါးရဲ႕အကူအညီယူရတာကို တစ္ခါနဲ႔တင္ေၾကာက္လွပါၿပီကြယ္"

ခဲမွန္ဖူးတဲ့စာသူငယ္လိုပဲ အေမကအျပတ္ကိုျငင္းပစ္လိုက္တယ္။

"ရပါတယ္ဦး။ ဦးမွာလည္း အမေမေလးေရာ၊ ကေလးေတြေရာရွိတယ္မလား။ အကူအညီတစ္ခုကို လက္လႊတ္စပယ္ထပ္မယူခ်င္ေတာ့ပါဘူး။ သားကိုယ္တိုင္ကိုက မယူခ်င္ေတာ့တာပါ။

အခုလိုေျပာလို႔ပညာေရးကိုလက္ေလ်ာ့လိုက္တာ မဟုတ္ပါဘူး။ သားတကၠသိုလ္ဆက္တက္မွာပါ။ အလုပ္လုပ္ၿပီး ေက်ာင္းကိုဆုံးခန္းတိုင္ေအာင္ဆက္တက္မွာမို႔ ပညာေရးအတြက္ေတာ့ ဦးစိတ္ခ်ပါ။"

က်ေတာ္လည္း တစ္ခါတည္းအျပတ္ကိုျငင္းလိုက္ပါတယ္။ မေမေလးအေၾကာင္းကို အနည္းငယ္ရိပ္စားမိတဲ့က်ေတာ့္အတြက္ ဦးရဲ႕အကူအညီယူဖို႔က လုံးဝကိုမျဖစ္ႏိုင္မွန္း သိတာေပါ့။

"ေအာ္...အရီးတို႔သားအမိကလည္းဇြတ္ကိုျငင္းၾကတာပဲေနာ္။ က်ေတာ့္စကားကို ဆုံးေအာင္နားေထာင္ၾကပါဦး။"ဦးကၿပဳံးၿပဳံးေလး ေျပာတယ္။

"က်ေတာ္ကူညီမယ္ဆိုတာ ပရဟိတအသင္းလို လိုအပ္တဲ့ေငြေပးၿပီး ကူညီတာကိုဆိုလိုတာမဟုတ္ပါဘူး။ အခုဥကၠာေျပာသလို စာေပးစာယူကို အလုပ္လုပ္ရင္းတက္မယ္ဆိုတာကို ကူညီေပးမယ္ေျပာတာပါ။"

"ဘာ..ဘယ္လို၊ ဘယ္လို သားနားမလည္ဘူးဦး၊။"

က်ေတာ္တအံ့တၾသေမးလိုက္တယ္။ ဟုတ္တယ္ေလ။ က်ေတာ္မွ ဦးရဲ႕ဆိုလိုရင္းကိုနားမလည္တာ။ အေမလည္းမ်က္လုံးျပဴးေလးနဲ႔ၾကည့္ေနတာဆိုေတာ့ နားမလည္တာေသခ်ာတယ္။

"ဒီလိုေပါက္စရဲ႕။ အရီးေရာေသခ်ာနားေထာင္ၿပီးစဥ္းစားေပးပါေနာ္။ က်ေတာ္က .....ကုမၼဏီမွာ Sales and Marketing Manager ပါ။ အခုက်ေတာ့္ကုမၼဏီက ပစၥည္းအသစ္ေဈးကြက္ထဲေဖာက္မွာမို႔ ဝန္ထမ္းေတြေခၚေနပါတယ္။

က်ေတာ့္လက္ေအာက္မွာလုပ္ရမွာဆိုေတာ့ ဥကၠာကိုလည္း ေသခ်ာေစာင့္ေရွာက္လို႔ရတာေပါ့။ က်ေတာ့္ရဲ႕စီးပြားေရးနဲ႔ပက္သက္တဲ့ အျမင္ေတြ၊ ပညာေတြကို ဥကၠာကို အိတ္သြန္ဖာေမွာက္သင္ေပးခဲ့ခ်င္တယ္။

တကၠသိုယ္အတြက္လည္း လိုအပ္တဲ့အနီးကပ္က်ဴရွင္ေတြ၊ အဆိုင္းမန႔္ေတြနဲ႔ က်ေတာ္ရဲ႕ရင္းႏွီးတဲ့ဆရာမေတြနဲ႔ပါ မိတ္ဆက္ၿပီး တစ္ႏွစ္တစ္တန္းေအာင္ေအာင္ ပံ့ပိုးေပးပါ့မယ္။ က်ေတာ္ကိုယ္တိုင္ကလည္း အေဝးသင္နဲ႔ပဲ ေက်ာင္းၿပီးခဲ့တာမို႔ အျပည့္အဝကူညီေပးႏိုင္မွာပါ။အရီးေရာ ၊ဥကၠာေရာ က်ေတာ့္ရဲ႕ေစတနာကို လက္ခံေပးပါေနာ္။"

ဦးက ေသခ်ာရွင္းျပေပးတယ္။

"ဟယ္....အဲ့လိုဆိုရင္ေတာ့ေကာင္းတာေပါ့ေမာင္ရင္ရယ္။ အရီးျဖင့္ ဥကၠာကလည္းအလုပ္လုပ္ခ်င္တယ္၊ အိမ္ကလည္း ခက္ခဲေနလို႔တာ ခြင့္ျပဳရတာ။

တစ္ခါမွလူေတာထဲဟုတ္တိပက္တိမသြားဖူးတဲ့သားႀကီးကို အလုပ္ထဲလႊတ္ဖို႔ စိတ္မေျဖာင့္ဘူးျဖစ္ေနတာ။ ဒီလိုကူညီေပးမယ့္သူတစ္ေယာက္အနားမွာရွိေတာ့ အရီးနည္းနည္းေတာ့ စိတ္ေအးရတာေပါ့ကြယ္။"

အေမကဝမ္းသာအားရဆိုတယ္။

"နည္းနည္းမဟုတ္ဘူးအရီးေရ မ်ားမ်ားသာစိတ္ေအးလိုက္။ က်ေတာ္က ဥကၠာကို ကိုယ့္ေသြးသားအရင္းလိုေစာင့္ေရွာက္ပါ့မယ္လို႔ကတိေပးပါတယ္။ အရီးကလည္း က်ေတာ့္ကို သားအရင္းလိုသေဘာထားၿပီး လိုအပ္တာမွန္သမွ် အားမနာတမ္းေျပာလို႔ရပါတယ္။

က်ေတာ့္ကေလ ဥကၠာေလးကို သၾကၤန္မွာခင္ၿပီးကတည္းက သံေယာဇဥ္ျဖစ္ခဲ့တာပါ။ ဥကၠာေလးက ႐ိုးသားၿပီး စိတ္ထားျဖဴစင္တဲ့ကေလးမို႔ က်ေတာ့္ေသြးသားလိုကို ခင္တြယ္မိတာပါ။

အရီးကိုလည္း ကိုယ့္အေမလိုသေဘာထားၿပီး ေရွ႕ေလွ်ာက္မ်က္ႏွာမငယ္ေအာင္ ေစာင့္ေရွာက္ေပးမွာပါ။ အေမလို႔ေခၚမယ္ေနာ္။ က်ေတာ့္ကိုယုံတယ္မလားအေမ။ အေမ့သားကို က်ေတာ့္အသက္နဲ႔ထပ္တူကာကြယ္ေပးမွာမို႔ စိတ္ခ်ေပးပါေနာ္။."

စကားတက္တဲ့ဦးဟာ သူရဲ႕အေျပာခ်ိဳခ်ိဳ၊ ျမင္သူတိုင္း ခ်စ္လာႏိုင္တဲ့ သူရဲ႕အဓိကလက္နက္အၿပဳံးခ်ိဳခ်ိဳေလးနဲ႔ အေမ့ကို အတင္းခ်ဳပ္ပါေတာ့တယ္။

နဂိုရ္ထဲက႐ိုးအၿပီး အေနေအးတဲ့အေမဟာ ဦးကိုခနေလးအတြင္း ခင္မင္အားကိုးလာပါတယ္။ အေမနဲ႔ဦးက တစ္ေယာက္လက္ကိုတစ္ေယာက္ကိုင္၊ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၿပဳံးၿပီး ၾကည့္ေနလိုက္ၾကတာမ်ား မသိရင္သူတို႔၂ေယာက္က သားအမိအရင္းေတြက်ေနတာပဲ။ တတ္လည္းတတ္ႏိုင္တဲ့ လူလည္ဦးရယ္ပါ။

"အားကိုးတာေတြခနရပ္ပါဦး။ က်ေတာ္ကဆယ္တန္းေအာင္႐ုံပဲရွိေသးတာ။ ဘာသင္တန္းမွလည္း တက္ထားတာမရွိဘူးဆိုေတာ့ ဦးဗညားတို႔ကုမၼဏီကခန႔္ပါ့မလား။ က်ေတာ္ၾကားဖူးတာေတာ့ အဲ့ကုမၼဏီကဘြဲ႕ရမွခန႔္တာဆို။"

စိတ္ေပါက္ေပါက္နဲ႔အေငၚတူးၿပီးေျပာလိုက္တယ္။ ဟုတ္တယ္ေလ။ သူတို႔သားအမိ၂ေယာက္ပဲ ခ်စ္ခင္ျပေနၾကတာ အေမေရ ၊ သားဗညားေရနဲ႔ ေနတာပဲ။ တကယ္လုပ္ရမယ့္လူကိုက် လွည့္ေတာင္မၾကည့္ၾကဘူး။

"ဟားးးးးးးးးးးးးးးေပါက္စကေတာ့ အေမကိုယ့္ကိုခ်စ္တာမနာလိုျဖစ္ေနၿပီကြာ။ ဟားးးးးးး။ အလုပ္ကရမွာပါ စိတ္ခ်။ပုံမွန္ကဘြဲ႕ရမွဆိုေပမယ့္ ဦးကိုယ္တိုင္လက္ဆြဲၿပီးသြင္းမွာမို႔ အဲ့ကိစၥအတြက္မင္းေလးဘာမွမပူနဲ႔ ။

အခုမင္းလုပ္ရမွာက အားရွိေအာင္ေန။ အားရေအာင္အိပ္ထား။ အာဟာရရွိတာစား။ ေနာက္တစ္ပတ္ထဲ အင္တာဗ်ဴးအတြက္ဦးလာေခၚမယ္။ ဟုတ္ၿပီလား။"

ႏႈတ္ခမ္းစူေနတဲ့ေပါက္စေလးကို ေခ်ာ့ေျပာရတယ္။ သူေလးက သူ႔အေမနဲ႔ရင္းႏွီးေအာင္လုပ္ေနတာကိုေတာင္ သူ႔ကိုပစ္ထားတယ္ထင္ၿပီး စိတ္ေကာက္ခ်င္ေနတဲ့ကေလး။ ဆူေနတဲ့ႏႈတ္ခမ္းဆြဲနမ္းလိုက္လို႔ မေကာင္းရွိေတာ့မယ္ ကေလးစုတ္။

"ဥကၠာရယ္ ။ မင္းလူႀကီးကိုဘယ္လိုေျပာလိုက္တာလဲ။ သားဗညားကိုအားနာစရာကြယ္။" အေမကဝင္ဟန႔္တယ္။

"ရပါတယ္အေမ။ ဒီမွာသားမုန႔္ေတြဝယ္လာတယ္။ အငယ္ကေလးေတြအတြက္။ ဥကၠာနဲ႔ အေမ့အတြက္လည္းအားေဆးပါတယ္အေမ။

စိတ္ဓာတ္မက်နဲ႔။ အားတင္းထားေနာ္။ က်ေတာ့္သြားစရာေလးရွိလို႔ ခြင့္ျပဳပါဦး ။ ေနာက္ရက္မ်ားဆို ဥကၠာဆီ ခနခနလာလည္မွာမို႔ အေမေမာင္းမထုတ္ရဘူေနာ္။"ဦးက အေမ့ကိုအၿပီကိုခ်ဳပ္ေတာ့တာပါ။

"အမေလးသားရယ္ ေမာင္းထုတ္စရာလား။ တံခါးမရွိ၊ဓားမရွိ ဝင္ႏိုင္ထြက္ႏိုင္ပါတယ္ေတာ္။ မုန႔္ေတြ၊ေဆးေတြအတြက္လည္းေက်းဇူးတင္ပါတယ္။ ေနာက္ဆိုဝယ္မလာနဲ႔ေနာ္။

မင္းညီေလးကိုေစာင့္ေရွာက္ေပးတာနဲ႔တင္ေက်းဇူးတင္လွပါၿပီ။ ဒါေတြမလိုပါဘူးကြယ္။သားႀကီး မင္းအကိုႀကီးကို အိမ္ေရွ႕လိုက္ပို႔ေပးလိုက္ေလ။"

အေမကက်ေတာ့္ကိုေျပာၿပီး မုန႔္ေတြကို အငယ္၂ေယာက္ကိုေပးလိုက္တယ္။ ဦး ေရာက္ကတည္းက မုန႔္ထုပ္နားက မ်က္လုံးမခြာတဲ့ကေလး၂ေယာက္ကေတာ့ မုန႔္ရတာနဲ႔ ေနာက္ေဖးခန္းထဲ တန္းၿပီးေျပးၾကေတာ့တာပါပဲ။

"ဟုတ္ကဲ့။ အေမလိုက္မပို႔ပါနဲ႔ေတာ့။ ဥကၠာလိုက္ပို႔ရင္ရပါၿပီ။ ခြင့္ျပဳပါဦးအေမ။"

ဦးကက်ေတာ့္ကိုမ်က္စျပစ္ေခၚၿပီး အျပင္ထြက္သြားတယ္။

အိမ္ျပင္ေရာက္ေတာ့--

"အဆင္ေျပရဲ႕လားငယ္ေလး။ အရမ္းဝမ္းနည္းေနလားဟင္။ ဦးေတာင္းပန္ပါတယ္။ ငယ္ေလးနားမွာရွိမေနေပးႏိုင္တဲ့အတြက္ေရာ ငယ္ေလးသိပ္ျဖစ္ခ်င္တဲ့ အင္ဂ်င္နီယာျဖစ္ေအာင္ ဦးမလုပ္ေပးႏိုင္တဲ့အတြက္ေရာ၊ ေနာက္ၿပီး အရာအားလုံးအတြက္ ဦးေတာင္းပန္ပါတယ္ေနာ္။"

ေျပာရင္း မ်က္ရည္ေတြက်ေနတဲ့ဦးကိုၾကည့္ၿပီး က်ေတာ္ေၾကာင္သြားတယ္။ တကယ္တမ္းငိုရမွာက်ေတာ္ေလ။ ဘယ္ႏွယ့္ေၾကာင့္မလို႔ ဦးကထငိုရတာတုန္း။

"ဘာလို႔ငိုရတာလည္းဦးရယ္။ သားအဆင္ေျပတာမို႔လို႔ ဦးဝမ္းမနည္းပါနဲ႔ေနာ္။ ဦးကဘာလို႔ေတာင္းပန္ရတာလည္း။ ဦးမွာဘာအျပစ္မွမရွိတာမို႔ ေတာင္းပန္စရာမလိုပါဘူး။ ခုဆို သားတို႔၂ေယာက္အတူႀကိဳးစားလို႔ရေနၿပီေလ။

ဦးနဲ႔အတူအလုပ္လုပ္ရမွာမို႔ သားအရမ္းေပ်ာ္တယ္သိလား။ ခုလိုျပန္ဆုံရတာလည္းေပ်ာ္တယ္။ သားကဦးနဲ႔မေတြ႕ရေတာ့ဘူးလို႔ ထင္ေနတာ။ ဒါနဲ႔ေလ ဦးက သားအိမ္ကကိစၥေတြကို ဘယ္လိုသိရတာလည္းဟင္။"

ငိုေနတဲ့ဦးကိုေခ်ာ့ရင္း စိတ္ထဲမရွင္းတဲ့ကိစၥကို ေမးလိုက္တယ္။

"GTC ေက်ာင္းရဲ႕ ပထမဆုံးေက်ာင္းဖြင့္ရက္မွာ ဦးက ေက်ာင္းမွာေစာင့္ေနခဲ့တာ။ ဖုန္းေကာင္းေကာင္းမေျပာခဲ့ရလို႔ ငယ္ေလးကိုေတာင္းပန္ရင္း ငယ္ေလးအံ့ၾသေအာင္လုပ္မယ္ဆိုၿပီး ေစာင့္ေနတာ ေန႔တစ္ဝက္သာရွိသြားတယ္ ငယ္ေလးကေရာက္မလာေတာ့ ေက်ာင္းသားေရးရာကိုသြားစုံစမ္းတယ္။

ငယ္ေလးေက်ာင္းအပ္ၿပီးသားလို႔ေျပာတယ္။ ေက်ာင္းအပ္ၿပီးေက်ာင္းမလာဘူးဆိုေတာ့ ေနမ်ားမေကာင္းလို႔လားလို႔ ဦးကစိတ္ပူၿပီးအရပ္ထဲကိုအလာမွာ ငယ္ေလးအေဖနာေရးနဲ႔ႀကဳံရတာပဲ။

ေနာက္ၿပီးငယ္ေလးတို႔ကိစၥေတြကိုလည္း အရပ္ထဲကလူေတြကိုပဲ ေမးျမန္းၾကည့္ၿပီး သိခဲ့ရတာ။ တကယ္လိုအပ္ေနတဲ့အခ်ိန္ ငယ္ေလးေဘးမွာရွိမေနေပးႏိုင္လို႔ ကိုယ့္ကိုကိုယ္ေနာင္တရလို႔မဆုံးဘူး။ အခုခ်ိန္ကစၿပီး ငယ္ေလးကို ကိုယ္ေစာင့္ေရွာက္မွာမို႔ အနာဂတ္မွာငယ္ေလးေပ်ာ္ဖို႔ပဲေတြးထားေပးပါေနာ္။"

ဦးက ရွင္းျပၿပီး နဖူးကိုခပ္ဖြဖြေလးလွန္းနမ္းလိုက္တယ္။

နဖူးကိုနမ္းလိုက္ေတာ့ ေပါက္စကရွက္ၿပီး ေဘးပတ္ဝန္းက်င္ကိုလည္း ေၾကာက္အားလွန႔္အားၾကည့္တယ္။ ဘယ္သူမွမေတြ႕ေတာ့မွ စိတ္ေအးသြားတဲ့ပုံနဲ႔ က်ေတာ့္ကိုမ်က္ေစာင္းေလးလွမ္းထိုးတယ္။ ၿပီးေတာ့ပါးစပ္ကေန အသံမထြက္ဘဲ ဦးကဲပိုႀကီးလို႔ ေျပာတယ္။ သိပ္ၿပီးအူယားစရာေကာင္းတဲ့က်ေတာ့္ရဲ႕ ေပါက္စေလးရယ္ပါ။

ေပါက္စတို႔အိမ္ကေနထြက္ခဲ့ေတာ့ က်ေတာ္႐ုံးကိုပဲ တန္းေမာင္းခဲ့လိုက္ေတာ့တယ္။ ေပါက္စေလးကို အလုပ္ရဖို႔ BOD ကိုက်ေတာ္ႀကိဳးစားေျပာရဦးမယ္ေလ။ ရင္ထဲမွာေတာ့ အင္ဂ်င္နီယာသိပ္ျဖစ္ခ်င္တဲ့ကေလးကို ျဖစ္ေအာင္လုပ္မေပးခဲ့ရလို႔ တအားကိုနာက်င္ရပါတယ္။

စိတ္ထဲကေနလည္း က်ေတာ့္ေပါက္စေလးကို အႀကိမ္ႀကိမ္ေတာင္းပန္ေနတာပါ။ မ်က္ရည္တစ္စက္ ပါးျပင္ေပၚစီးက်လာပါတယ္။ ဒါဟာဘဝမွာကိုယ့္ကိုကိုယ္အားမရလို႔ ငိုေႂကြးရတဲ့ ပထမဆုံးမ်က္ရည္ပါပဲ။

(A/N-လကုန္ရက္မို႔စာရင္းေတြရႈပ္ေနလို႔ -Updateေနာက္က်သြားတာေတာင္းပန္ပါတယ္။ အေႂကြးဆပ္တဲ့အေနနဲ႔ ၃ရက္ဆက္ၿပီး Upေပးပါ့မယ္။ ဦးဟာေပါက္စေလးအေဖနာေရးျဖစ္ေနကတည္းက ေပါက္စတို႔အေျခအေနကိုသိခဲ့ရတာပါ။ ဒါမယ့္နာေရးၿပီးမွ ေရာက္လာတယ္။ ဒီၾကားရက္ေတြမွာ ဦးတစ္ေယာက္ဘာလုပ္ေနလဲ။ ဦးဘာလို႔ငိုတာလဲ။ မနက္ျဖန္ည ျပန္လာခဲ့ပါ့မယ္။)




Unicode




"သားလေး.............ဥက္ကာငယ်................ဖေ့သားကြီး..............အိပ်လှချည်လားကွ..ထပါဦး"

(ဟင်...ဒါ ...ဒါ.... အဖေ့အသံ) ကျတော် အဖေ့အသံကြားကြားခြင်းပဲ လေးလံနေတဲ့မျက်ခွံတွေကို အတင်းဖွင့်လိုက်မိတယ်။

"အဖေ ..အဖေမသေဘူးနော်။ သား ဝမ်းသာလိုက်တာအဖေရယ်။ အဖေသားဆီ ပြန်လာတယ်နော်။ သားလေ ..သား တောင်းပန်ပါတယ်နော် အဖေနော်..."

ကျတော်ဝမ်းပန်းတနည်းနဲ့ ငိုကျွေးပြီး တင်းကြပ်စွာ အဖေ့ကိုဖတ်ထားမိတယ်

"အဖေ သားကြီးကိုစိတ်မချလို့ ခနပြန်လာကြည့်တာကွ။ အဖေထင်တဲ့အတိုင်းပဲ။ မင်းဝမ်းနည်းနေတယ်မလား။ သားကြီး မင်းအပြစ်မဟုတ်ဘူးသား။ ငါ့သားတစ်သက်လုံးနောင်တတွေနဲ့ နေထိုင်သွားရမှာကို အဖေစိုးရိမ်လို့ ခနလာတွေ့တာပါသားရယ်။

အဖေ့မှာ အပြစ်ရှိတာပါ။ အဲ့အပြစ်တွေကိုလည်း အဖေအခုပေးဆပ်ရတော့မှာပါ။ အဖေမသွားခင်လေး ကတိတစ်ခုတော့ပေးပါသားရယ်။ အခုအဖြစ်အပျက်မှာ သားအပြစ်မရှိတာမို့ သားစိတ်ဓာတ်မကျပါဘူးလို့။

ပညာကို ဆုံးခန်းတိုင်အောင်ဆက်သင်ပါ့မယ်လို့။ အမေနဲ့ ညီမလေး၊ညီလေးတွေကို စောင့်ရှောက်ပါ့မယ်လို့။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါဘူးဆိုတဲ့ကတိတွေ အဖေ့ကိုပေးပါသားရယ်။

သားကြီး..မင်းလဲကျသွားလို့မဖြစ်ဘူးလေ။ အကိုကြီတော့ အဖရာတဲ့။ မင်းကအခု ဖခင်နေရာမှာနေရတော့မှာမို့ စိတ်ဓာတ်မာမာထားပြီး ပြန်ထတော့သား ။ပြန်ထတော့။"

"သားကတိပေးပါတယ်အဖေရယ်။ သားပိုပိုပြီး လိမ္မာပါ့မယ်။ အဖေသားနဲ့အတူပြန်လိုက်ခဲ့ပါနော်။ အဖေ......။ဘယ်သွားမလို့လည်းအဖေရဲ့။ သားနဲ့အတူပြန်လိုက်ခဲ့ပါနော်....။"

စကားတွေပြောပြီး တဖြေးဖြေးဝေးသွားတဲ့အဖေ့ဟာ ကျတော်လိုက်ခေါ်နေပေမယ့်လည်း အပြုံးတခုနဲ့ ပျောက်ကွယ်သွားပါတယ်။

လူရောစိတ်ပါ ဖိစီးလွန်းအားကြီးသွားသလား၊ ကျတော့်ရဲ့ကြံ့ခိုင်မှုပဲနည်းလေသလား မသိတော့ပါဘူး၊ ကျတော်မေ့မြောသွားမှုဟာ အဖေ့ရက်လည်ပြီး နောင်တစ်နေ့မှပဲနိုးထလာနိုင်ပါတော့တယ်။

ကျတော့်ကိုစိတ်မချလို့ အိပ်မက်ထဲထိလာပြီး ခွင့်လွှတ်ကြောင်းပြောတဲ့အဖေ့ကို ကျတော်ပေးတဲ့ကတိတည်အောင်ကြိုးစားပြရပါတော့မယ်။ ရင်ထဲမှာဖြေမဆည်နိုင်ပေမယ့်လည်း အဖေ့နေရာမှာ ကျတော်အစားထိုးဖို့ အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားပြီး နေထိုင်ပါတယ်။

ကျတော့်အပေါ် အပြစ်မမြင်တဲ့လူတွေရှိသလို၊ သူ့အဖေသေရတာ သူ့ကြောင့်လေ ဆိုပြီး နှာခေါင်းရှုံ့ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။

သားအမိလေးယောက် တစ်ယောက်လက်ကိုတစ်ယောက်ဆုတ်ကိုင်လို့ အနာဂတ်ကိုပြင်ဆင်ဖို့ တိုင်ပင်နေကြချိန်မှာပဲ မမျှော်လင့်တဲ့ဧည့်သည်ဟာ ရုတ်တရက်ရောက်လာပါတော့တယ်။

"ကျတော့်ကို ဝင်ခွင့်ပြုပါခင်ဗျ။"

"ဟာ.........ဦး။"ရုတ်တရက် ဦးကိုမြင်တော့ ကျတော်ဘာဆက်လုပ်လို့ ဘာဆက်ကိုင်ရမှန်းမသိအောင် ဖြစ်သွားပါတော့တယ်။

"ဧည့်သည်လားသားကြီး။ ဘယ်သူလဲ။ သားအသိလား။"အမေကလည်း ကြောင်နနနဲ့ မေးပါတယ်။

"ကျတော့်နာမည် ဗညားကိုကိုမောင်ပါအန်တီ။ ဥက္ကာငယ်နဲ့ သြင်္ကန်မှာ ခင်မင်ခဲ့တဲ့သူပါ။ ကျတော့်ရဲ့ကားနဲ့အတူလည်ခဲ့ကြတာပါ။ အခုဥက္ကာငယ်လေးသတင်းကြားလို့ လာခဲ့တာပါ။"

နဂိုရ်တည်းက သွက်လက်တဲ့ဦးဟာ အမေ့ကိုအဆင်ပြေစွာပဲစကားတွေ ပြောနေပါတယ်။

"ဟယ် ...လာ လာလူလေး။ အရီးကမသိလို့မေးမိတာပါကွယ်။ လာထိုင်ပါဦးနော်။" အမေက ခရီးဦးကြိုပါတယ်။

ကျတော်လည်း ဦးဘယ်ကနေဘယ်လို သတင်းတွေကြားပြီး ရောက်လာလည်းမသိတာနဲ့ ကြောင်တောင်တောင်လေးနဲ့ပဲ အမေ့ဘေးနားကပ်ထိုင်လိုက်တယ်။

"ဥက္ကာငယ်အဖေဆုံးပါးတဲ့အကြောင်းကို ဒီအရပ်ထဲနေတဲ့အသိတစ်ယောက်ဆီကနေကြားတာပါ။ သိသိချင်းပဲကျတော်ချက်ချင်းလိုက်လာခဲ့တာပါ။ အရီးတို့မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်ခင်ဗျာ။"

"အေးကွယ်။ ရုတ်တရက်ကြီးဆိုတော့ အရီးတို့လည်းဘယ်သူ့ကိုမှလည်း အကြောင်းမကြားနိုင်၊ ဒီကြားထဲ မင်းညီကလည်း ၇ရက်လောက်မေ့နေတာဆိုတော့ အရီးတစ်ယောက်တည်းဗျာများနေရတာပါကွယ်။"

အမေက မျက်ရည်လေးဝဲပြီး ရှင်းပြတယ်။

"ဟုတ်ကဲ့။ ကျတော်သတင်းစုံကြားပြီးပါပြီ။ ခုလာရင်းကိစ္စကိုပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဥက္ကာငယ်ရဲ့ပညာရေးကို ကျတော်ဆက်ပြီးတာဝန်ယူကူညီပေးပါရစေလို့ အရီးဆီခွင့်လာတောင်းတာပါ။"

ဦးက အဲ့လိုရုတ်တရက်ကြီးပြောတော့ အမေရောကျတော်ရော တော်တော်အံ့သြသွားကြတယ်။

"မောင်ရင်အခုလို ကူညီတာကိုကျေးဇူးတင်ပါတယ်။ အရီးတို့ဘက်လည်း အားနာနာနဲ့ပဲငြင်းပါရစေ။ မောင်ရင့်မှာလည်း မိသားစုရှိမှာပါပဲ။ မိသားစုကရောသဘောတူရဲ့လားသေချာတိုင်ပင်ကြည့်ပါဦး။ သူတစ်ပါးရဲ့အကူအညီယူရတာကို တစ်ခါနဲ့တင်ကြောက်လှပါပြီကွယ်"

ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ အမေကအပြတ်ကိုငြင်းပစ်လိုက်တယ်။

"ရပါတယ်ဦး။ ဦးမှာလည်း အမမေလေးရော၊ ကလေးတွေရောရှိတယ်မလား။ အကူအညီတစ်ခုကို လက်လွှတ်စပယ်ထပ်မယူချင်တော့ပါဘူး။ သားကိုယ်တိုင်ကိုက မယူချင်တော့တာပါ။

အခုလိုပြောလို့ပညာရေးကိုလက်လျော့လိုက်တာ မဟုတ်ပါဘူး။ သားတက္ကသိုလ်ဆက်တက်မှာပါ။ အလုပ်လုပ်ပြီး ကျောင်းကိုဆုံးခန်းတိုင်အောင်ဆက်တက်မှာမို့ ပညာရေးအတွက်တော့ ဦးစိတ်ချပါ။"

ကျတော်လည်း တစ်ခါတည်းအပြတ်ကိုငြင်းလိုက်ပါတယ်။ မမေလေးအကြောင်းကို အနည်းငယ်ရိပ်စားမိတဲ့ကျတော့်အတွက် ဦးရဲ့အကူအညီယူဖို့က လုံးဝကိုမဖြစ်နိုင်မှန်း သိတာပေါ့။

"အော်...အရီးတို့သားအမိကလည်းဇွတ်ကိုငြင်းကြတာပဲနော်။ ကျတော့်စကားကို ဆုံးအောင်နားထောင်ကြပါဦး။"ဦးကပြုံးပြုံးလေး ပြောတယ်။

"ကျတော်ကူညီမယ်ဆိုတာ ပရဟိတအသင်းလို လိုအပ်တဲ့ငွေပေးပြီး ကူညီတာကိုဆိုလိုတာမဟုတ်ပါဘူး။ အခုဥက္ကာပြောသလို စာပေးစာယူကို အလုပ်လုပ်ရင်းတက်မယ်ဆိုတာကို ကူညီပေးမယ်ပြောတာပါ။"

"ဘာ..ဘယ်လို၊ ဘယ်လို သားနားမလည်ဘူးဦး၊။"

ကျတော်တအံ့တသြမေးလိုက်တယ်။ ဟုတ်တယ်လေ။ ကျတော်မှ ဦးရဲ့ဆိုလိုရင်းကိုနားမလည်တာ။ အမေလည်းမျက်လုံးပြူးလေးနဲ့ကြည့်နေတာဆိုတော့ နားမလည်တာသေချာတယ်။

"ဒီလိုပေါက်စရဲ့။ အရီးရောသေချာနားထောင်ပြီးစဉ်းစားပေးပါနော်။ ကျတော်က .....ကုမ္မဏီမှာ Sales and Marketing Manager ပါ။ အခုကျတော့်ကုမ္မဏီက ပစ္စည်းအသစ်ဈေးကွက်ထဲဖောက်မှာမို့ ဝန်ထမ်းတွေခေါ်နေပါတယ်။

ကျတော့်လက်အောက်မှာလုပ်ရမှာဆိုတော့ ဥက္ကာကိုလည်း သေချာစောင့်ရှောက်လို့ရတာပေါ့။ ကျတော့်ရဲ့စီးပွားရေးနဲ့ပက်သက်တဲ့ အမြင်တွေ၊ ပညာတွေကို ဥက္ကာကို အိတ်သွန်ဖာမှောက်သင်ပေးခဲ့ချင်တယ်။

တက္ကသိုယ်အတွက်လည်း လိုအပ်တဲ့အနီးကပ်ကျူရှင်တွေ၊ အဆိုင်းမန့်တွေနဲ့ ကျတော်ရဲ့ရင်းနှီးတဲ့ဆရာမတွေနဲ့ပါ မိတ်ဆက်ပြီး တစ်နှစ်တစ်တန်းအောင်အောင် ပံ့ပိုးပေးပါ့မယ်။ ကျတော်ကိုယ်တိုင်ကလည်း အဝေးသင်နဲ့ပဲ ကျောင်းပြီးခဲ့တာမို့ အပြည့်အဝကူညီပေးနိုင်မှာပါ။အရီးရော ၊ဥက္ကာရော ကျတော့်ရဲ့စေတနာကို လက်ခံပေးပါနော်။"

ဦးက သေချာရှင်းပြပေးတယ်။

"ဟယ်....အဲ့လိုဆိုရင်တော့ကောင်းတာပေါ့မောင်ရင်ရယ်။ အရီးဖြင့် ဥက္ကာကလည်းအလုပ်လုပ်ချင်တယ်၊ အိမ်ကလည်း ခက်ခဲနေလို့တာ ခွင့်ပြုရတာ။

တစ်ခါမှလူတောထဲဟုတ်တိပက်တိမသွားဖူးတဲ့သားကြီးကို အလုပ်ထဲလွှတ်ဖို့ စိတ်မဖြောင့်ဘူးဖြစ်နေတာ။ ဒီလိုကူညီပေးမယ့်သူတစ်ယောက်အနားမှာရှိတော့ အရီးနည်းနည်းတော့ စိတ်အေးရတာပေါ့ကွယ်။"

အမေကဝမ်းသာအားရဆိုတယ်။

"နည်းနည်းမဟုတ်ဘူးအရီးရေ များများသာစိတ်အေးလိုက်။ ကျတော်က ဥက္ကာကို ကိုယ့်သွေးသားအရင်းလိုစောင့်ရှောက်ပါ့မယ်လို့ကတိပေးပါတယ်။ အရီးကလည်း ကျတော့်ကို သားအရင်းလိုသဘောထားပြီး လိုအပ်တာမှန်သမျှ အားမနာတမ်းပြောလို့ရပါတယ်။

ကျတော့်ကလေ ဥက္ကာလေးကို သြင်္ကန်မှာခင်ပြီးကတည်းက သံယောဇဉ်ဖြစ်ခဲ့တာပါ။ ဥက္ကာလေးက ရိုးသားပြီး စိတ်ထားဖြူစင်တဲ့ကလေးမို့ ကျတော့်သွေးသားလိုကို ခင်တွယ်မိတာပါ။

အရီးကိုလည်း ကိုယ့်အမေလိုသဘောထားပြီး ရှေ့လျှောက်မျက်နှာမငယ်အောင် စောင့်ရှောက်ပေးမှာပါ။ အမေလို့ခေါ်မယ်နော်။ ကျတော့်ကိုယုံတယ်မလားအမေ။ အမေ့သားကို ကျတော့်အသက်နဲ့ထပ်တူကာကွယ်ပေးမှာမို့ စိတ်ချပေးပါနော်။."

စကားတက်တဲ့ဦးဟာ သူရဲ့အပြောချိုချို၊ မြင်သူတိုင်း ချစ်လာနိုင်တဲ့ သူရဲ့အဓိကလက်နက်အပြုံးချိုချိုလေးနဲ့ အမေ့ကို အတင်းချုပ်ပါတော့တယ်။

နဂိုရ်ထဲကရိုးအပြီး အနေအေးတဲ့အမေဟာ ဦးကိုခနလေးအတွင်း ခင်မင်အားကိုးလာပါတယ်။ အမေနဲ့ဦးက တစ်ယောက်လက်ကိုတစ်ယောက်ကိုင်၊ တစ်ယောက်မျက်နှာတစ်ယောက်ပြုံးပြီး ကြည့်နေလိုက်ကြတာများ မသိရင်သူတို့၂ယောက်က သားအမိအရင်းတွေကျနေတာပဲ။ တတ်လည်းတတ်နိုင်တဲ့ လူလည်ဦးရယ်ပါ။

"အားကိုးတာတွေခနရပ်ပါဦး။ ကျတော်ကဆယ်တန်းအောင်ရုံပဲရှိသေးတာ။ ဘာသင်တန်းမှလည်း တက်ထားတာမရှိဘူးဆိုတော့ ဦးဗညားတို့ကုမ္မဏီကခန့်ပါ့မလား။ ကျတော်ကြားဖူးတာတော့ အဲ့ကုမ္မဏီကဘွဲ့ရမှခန့်တာဆို။"

စိတ်ပေါက်ပေါက်နဲ့အငေါ်တူးပြီးပြောလိုက်တယ်။ ဟုတ်တယ်လေ။ သူတို့သားအမိ၂ယောက်ပဲ ချစ်ခင်ပြနေကြတာ အမေရေ ၊ သားဗညားရေနဲ့ နေတာပဲ။ တကယ်လုပ်ရမယ့်လူကိုကျ လှည့်တောင်မကြည့်ကြဘူး။

"ဟားးးးးးးးးးးးးးးပေါက်စကတော့ အမေကိုယ့်ကိုချစ်တာမနာလိုဖြစ်နေပြီကွာ။ ဟားးးးးးး။ အလုပ်ကရမှာပါ စိတ်ချ။ပုံမှန်ကဘွဲ့ရမှဆိုပေမယ့် ဦးကိုယ်တိုင်လက်ဆွဲပြီးသွင်းမှာမို့ အဲ့ကိစ္စအတွက်မင်းလေးဘာမှမပူနဲ့ ။

အခုမင်းလုပ်ရမှာက အားရှိအောင်နေ။ အားရအောင်အိပ်ထား။ အာဟာရရှိတာစား။ နောက်တစ်ပတ်ထဲ အင်တာဗျူးအတွက်ဦးလာခေါ်မယ်။ ဟုတ်ပြီလား။"

နှုတ်ခမ်းစူနေတဲ့ပေါက်စလေးကို ချော့ပြောရတယ်။ သူလေးက သူ့အမေနဲ့ရင်းနှီးအောင်လုပ်နေတာကိုတောင် သူ့ကိုပစ်ထားတယ်ထင်ပြီး စိတ်ကောက်ချင်နေတဲ့ကလေး။ ဆူနေတဲ့နှုတ်ခမ်းဆွဲနမ်းလိုက်လို့ မကောင်းရှိတော့မယ် ကလေးစုတ်။

"ဥက္ကာရယ် ။ မင်းလူကြီးကိုဘယ်လိုပြောလိုက်တာလဲ။ သားဗညားကိုအားနာစရာကွယ်။" အမေကဝင်ဟန့်တယ်။

"ရပါတယ်အမေ။ ဒီမှာသားမုန့်တွေဝယ်လာတယ်။ အငယ်ကလေးတွေအတွက်။ ဥက္ကာနဲ့ အမေ့အတွက်လည်းအားဆေးပါတယ်အမေ။

စိတ်ဓာတ်မကျနဲ့။ အားတင်းထားနော်။ ကျတော့်သွားစရာလေးရှိလို့ ခွင့်ပြုပါဦး ။ နောက်ရက်များဆို ဥက္ကာဆီ ခနခနလာလည်မှာမို့ အမေမောင်းမထုတ်ရဘူနော်။"ဦးက အမေ့ကိုအပြီကိုချုပ်တော့တာပါ။

"အမလေးသားရယ် မောင်းထုတ်စရာလား။ တံခါးမရှိ၊ဓားမရှိ ဝင်နိုင်ထွက်နိုင်ပါတယ်တော်။ မုန့်တွေ၊ဆေးတွေအတွက်လည်းကျေးဇူးတင်ပါတယ်။ နောက်ဆိုဝယ်မလာနဲ့နော်။

မင်းညီလေးကိုစောင့်ရှောက်ပေးတာနဲ့တင်ကျေးဇူးတင်လှပါပြီ။ ဒါတွေမလိုပါဘူးကွယ်။သားကြီး မင်းအကိုကြီးကို အိမ်ရှေ့လိုက်ပို့ပေးလိုက်လေ။"

အမေကကျတော့်ကိုပြောပြီး မုန့်တွေကို အငယ်၂ယောက်ကိုပေးလိုက်တယ်။ ဦး ရောက်ကတည်းက မုန့်ထုပ်နားက မျက်လုံးမခွာတဲ့ကလေး၂ယောက်ကတော့ မုန့်ရတာနဲ့ နောက်ဖေးခန်းထဲ တန်းပြီးပြေးကြတော့တာပါပဲ။

"ဟုတ်ကဲ့။ အမေလိုက်မပို့ပါနဲ့တော့။ ဥက္ကာလိုက်ပို့ရင်ရပါပြီ။ ခွင့်ပြုပါဦးအမေ။"

ဦးကကျတော့်ကိုမျက်စပြစ်ခေါ်ပြီး အပြင်ထွက်သွားတယ်။

အိမ်ပြင်ရောက်တော့--

"အဆင်ပြေရဲ့လားငယ်လေး။ အရမ်းဝမ်းနည်းနေလားဟင်။ ဦးတောင်းပန်ပါတယ်။ ငယ်လေးနားမှာရှိမနေပေးနိုင်တဲ့အတွက်ရော ငယ်လေးသိပ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာဖြစ်အောင် ဦးမလုပ်ပေးနိုင်တဲ့အတွက်ရော၊ နောက်ပြီး အရာအားလုံးအတွက် ဦးတောင်းပန်ပါတယ်နော်။"

ပြောရင်း မျက်ရည်တွေကျနေတဲ့ဦးကိုကြည့်ပြီး ကျတော်ကြောင်သွားတယ်။ တကယ်တမ်းငိုရမှာကျတော်လေ။ ဘယ်နှယ့်ကြောင့်မလို့ ဦးကထငိုရတာတုန်း။

"ဘာလို့ငိုရတာလည်းဦးရယ်။ သားအဆင်ပြေတာမို့လို့ ဦးဝမ်းမနည်းပါနဲ့နော်။ ဦးကဘာလို့တောင်းပန်ရတာလည်း။ ဦးမှာဘာအပြစ်မှမရှိတာမို့ တောင်းပန်စရာမလိုပါဘူး။ ခုဆို သားတို့၂ယောက်အတူကြိုးစားလို့ရနေပြီလေ။

ဦးနဲ့အတူအလုပ်လုပ်ရမှာမို့ သားအရမ်းပျော်တယ်သိလား။ ခုလိုပြန်ဆုံရတာလည်းပျော်တယ်။ သားကဦးနဲ့မတွေ့ရတော့ဘူးလို့ ထင်နေတာ။ ဒါနဲ့လေ ဦးက သားအိမ်ကကိစ္စတွေကို ဘယ်လိုသိရတာလည်းဟင်။"

ငိုနေတဲ့ဦးကိုချော့ရင်း စိတ်ထဲမရှင်းတဲ့ကိစ္စကို မေးလိုက်တယ်။

"GTC ကျောင်းရဲ့ ပထမဆုံးကျောင်းဖွင့်ရက်မှာ ဦးက ကျောင်းမှာစောင့်နေခဲ့တာ။ ဖုန်းကောင်းကောင်းမပြောခဲ့ရလို့ ငယ်လေးကိုတောင်းပန်ရင်း ငယ်လေးအံ့သြအောင်လုပ်မယ်ဆိုပြီး စောင့်နေတာ နေ့တစ်ဝက်သာရှိသွားတယ် ငယ်လေးကရောက်မလာတော့ ကျောင်းသားရေးရာကိုသွားစုံစမ်းတယ်။

ငယ်လေးကျောင်းအပ်ပြီးသားလို့ပြောတယ်။ ကျောင်းအပ်ပြီးကျောင်းမလာဘူးဆိုတော့ နေများမကောင်းလို့လားလို့ ဦးကစိတ်ပူပြီးအရပ်ထဲကိုအလာမှာ ငယ်လေးအဖေနာရေးနဲ့ကြုံရတာပဲ။

နောက်ပြီးငယ်လေးတို့ကိစ္စတွေကိုလည်း အရပ်ထဲကလူတွေကိုပဲ မေးမြန်းကြည့်ပြီး သိခဲ့ရတာ။ တကယ်လိုအပ်နေတဲ့အချိန် ငယ်လေးဘေးမှာရှိမနေပေးနိုင်လို့ ကိုယ့်ကိုကိုယ်နောင်တရလို့မဆုံးဘူး။ အခုချိန်ကစပြီး ငယ်လေးကို ကိုယ်စောင့်ရှောက်မှာမို့ အနာဂတ်မှာငယ်လေးပျော်ဖို့ပဲတွေးထားပေးပါနော်။"

ဦးက ရှင်းပြပြီး နဖူးကိုခပ်ဖွဖွလေးလှန်းနမ်းလိုက်တယ်။

နဖူးကိုနမ်းလိုက်တော့ ပေါက်စကရှက်ပြီး ဘေးပတ်ဝန်းကျင်ကိုလည်း ကြောက်အားလှန့်အားကြည့်တယ်။ ဘယ်သူမှမတွေ့တော့မှ စိတ်အေးသွားတဲ့ပုံနဲ့ ကျတော့်ကိုမျက်စောင်းလေးလှမ်းထိုးတယ်။ ပြီးတော့ပါးစပ်ကနေ အသံမထွက်ဘဲ ဦးကဲပိုကြီးလို့ ပြောတယ်။ သိပ်ပြီးအူယားစရာကောင်းတဲ့ကျတော့်ရဲ့ ပေါက်စလေးရယ်ပါ။

ပေါက်စတို့အိမ်ကနေထွက်ခဲ့တော့ ကျတော်ရုံးကိုပဲ တန်းမောင်းခဲ့လိုက်တော့တယ်။ ပေါက်စလေးကို အလုပ်ရဖို့ BOD ကိုကျတော်ကြိုးစားပြောရဦးမယ်လေ။ ရင်ထဲမှာတော့ အင်ဂျင်နီယာသိပ်ဖြစ်ချင်တဲ့ကလေးကို ဖြစ်အောင်လုပ်မပေးခဲ့ရလို့ တအားကိုနာကျင်ရပါတယ်။

စိတ်ထဲကနေလည်း ကျတော့်ပေါက်စလေးကို အကြိမ်ကြိမ်တောင်းပန်နေတာပါ။ မျက်ရည်တစ်စက် ပါးပြင်ပေါ်စီးကျလာပါတယ်။ ဒါဟာဘဝမှာကိုယ့်ကိုကိုယ်အားမရလို့ ငိုကြွေးရတဲ့ ပထမဆုံးမျက်ရည်ပါပဲ။

(A/N-လကုန်ရက်မို့စာရင်းတွေရှုပ်နေလို့ -Updateနောက်ကျသွားတာတောင်းပန်ပါတယ်။ အကြွေးဆပ်တဲ့အနေနဲ့ ၃ရက်ဆက်ပြီး Upပေးပါ့မယ်။ ဦးဟာပေါက်စလေးအဖေနာရေးဖြစ်နေကတည်းက ပေါက်စတို့အခြေအနေကိုသိခဲ့ရတာပါ။ ဒါမယ့်နာရေးပြီးမှ ရောက်လာတယ်။ ဒီကြားရက်တွေမှာ ဦးတစ်ယောက်ဘာလုပ်နေလဲ။ ဦးဘာလို့ငိုတာလဲ။ မနက်ဖြန်ည ပြန်လာခဲ့ပါ့မယ်။)

Continue Reading

You'll Also Like

260K 12.8K 45
unicode သူပြောသော ကြယ်ကြွေပုံပြင်ရဲ့ ဒုတိယအတွဲပါ zawgyi သူေျပာေသာ ၾကယ္ေႂကြပံုျပင္ရဲ့ ဒုတိယအတြဲပါ
268K 22.2K 49
အခ်စ္ဆိုတဲ႔အရာမွာ ဘာသာစကားမရွိလို႔ေပါ့ အချစ်ဆိုတဲ့အရာမှာ ဘာသာစကားမရှိလို့ပေါ့
422K 8.5K 22
+++++ အခန်းတွေပါမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူများပြန်လှည့်သွားကြပါ အသက်မပြည့်သေးတဲ့ကလေးတွေမဖတ်ကြဖို့မေတ္တာရပ်ခံပါတယါ