႐ွန္းရီ....သုန္မႈန္စြာနဲ႔ အိမ္ကို ျပန္လာ၏။ သူေတာင္မစားထြက္တဲ့ ခ်င္းယီျပင္ေပးတဲ့ မုန္႔ေတြကို ဟို အေခ်ာင္လိုက္တဲ့ေကာင္က စားသြားခဲ့သည္ မဟုတ္ပါလား.....
သူ အိမ္ထဲကို ေလလံတဲ့ ေျခလွမ္းေတြနဲ႔ ျပန္လာေတာ့ မီးဖိုေခ်ာင္က ရယ္သံေတြကို ၾကားလိုက္ရသည္။
" ခ်င္းယီ...၊ ငါ့ကို ခ်က္ျပဳတ္တဲ့ နည္းလမ္းေတြ သင္ေပးပါလား.....ငါ့ေယာက်ၤားကို ခ်က္ေကြၽးခ်င္လို႔....႐ွန္းရီကေတာ့ေလ...ေတာ္ေတာ္ကံေကာင္းတာပဲ....ငါသာေယာက်ၤားေလးဆိုရင္ နင့္ကို ႐ွန္းရီဆီကေန ျဖတ္လုမွာ....''
ေ႐ွာင္လန္ ရယ္ေမာစြာနဲ႔ ေျပာလာ၏။
" ဘာေတြျဖတ္လုဖို႔ ေျပာေနတာလဲ...?''
လုခ်င္းယီ....သူမေယာက်ၤား ျပန္လာတာကိုေတြ႔ေတာ့ သူမမ်က္ႏွာမွာ အျပံဳးေလး ဖူးပြင့္သြားသည္။ ထို႔ေနာက္ သူမက သူ႔ဆီသြားလိုက္ကာ သူ႔ပါးကို နမ္းလိုက္၏။
" ဒီေန႔ ဘယ္လိုလဲ...? အလုပ္လုပ္ရတာ အဆင္ေျပရဲ႕လား...?''
႐ွန္းရီ ...သူ႔ရဲ႕ မုန္႔ေတြကို သတိရသြားေတာ့...
" အလုပ္လုပ္ရတာေတာ့ အဆင္ေျပတယ္...ဒါေပမယ့္....ေနာက္တစ္ခုက အရမ္းဆိုးတယ္...''
" ေဟး...ဒီမွာ ငါ႐ွိေနတာေနာ္....ငါ့ကို မသိသလို မလုပ္ေနၾကနဲ႔....''
ေ႐ွာင္လန္...သူမ႐ွိေနမႈကို သတိေပးလာ၏။
သူ႔အၾကည့္ေတြက ေ႐ွာင္လန္ဆီေရာက္သြားေတာ့ ႐ွန္းရီ...မ်က္ခံုး ျမင့္တက္သြားသည္။ ေ႐ွာင္လန္က ကိတ္မုန္႔ကို လွီးၿပီး စားေနသည္ေလ။
ဒီ..ဒီလူေတြ ငါ စားရမယ့္ဟာကို ဘာလို႔ပိုင္စိုးပိုင္နင္း စားေနရတာလဲ...?
ထို႔ေနာက္ သူ႔မ်က္လံုးက တစ္ခုခုကို သတိျပဳမိသြား၏။ ဒါကေတာ့ သူ႔မိန္းမရဲ႕ လက္ေမာင္းမွာ အညိဳကြက္ ႐ွိေနျခင္းပင္။ ဒီ ဒဏ္ရာက ဘယ္ကေနရလာတာလဲ.......?
သူမရဲ႕ အသားျဖဴျဖဴေလးအေပၚမွာ ဒီအညိဳကြက္က အရမ္းေပၚေနေတာ့ သူ စိတ္အေႏွာင့္အယွက္ ျဖစ္ေနသည္။
သူ...သူမကို အခ်စ္ကိုက္ရာေတြေပးတုန္းက အဲ့ဒီေနရာကို မထိခဲ့ပါဘူး...ဘယ္လိုျဖစ္ရတာလဲ...
လုခ်င္းယီ...သူမေယာက်ၤား ျမင္သြားတာကို သိေနသည့္အတြက္....သူမႏႈတ္ခမ္းကိုသာ ကိုက္ထားလိုက္သည္။
" ဒီ ဒဏ္ရာက ဘယ္ကေနရလာတာလဲ....?''
႐ွန္းရီ ေမးလာ၏။
သူမကို ဘယ္သူက နာက်င္ေအာင္ လုပ္လဲဆိုတာကို သူသိရမွျဖစ္မည္။ ဒါေပမယ့္ ခ်င္းယီက ဘာမွမေျပာ...
" ေျပာလိုက္ေလ...ခ်င္းယီ...''
ေ႐ွာင္လန္က တံေတာင္နဲ႔ တို႔လာ၏။
႐ွန္းရီေ႐ွ႕မွာ ဖံုးကြယ္ေနလည္း အပိုပဲမလား....
ခ်င္းယီရဲ႕ ရည္းစားေဟာင္းက သူမကို ထပ္ၿပီး နာက်င္ေအာင္ လုပ္တယ္မွန္းသာ ႐ွန္းရီသိရင္ ဘယ္ေလာက္ေတာင္ ေသာင္းက်န္းလိုက္မလဲ...?
ေနာက္ဆံုးေတာ့ ႐ွန္းရီကို အေၾကာင္းစံုသိခြင့္ေပးဖို႔ ဆံုးျဖတ္လိုက္ေပမယ့္ သူမ အနည္းငယ္ တုန္လႈပ္ေနမိသည္။ ထို႔ေနာက္ ေ႐ွာင္လန္နဲ႔ သူမ ေစ်းဝယ္ထြက္တာကအစ ကုန္းယီကြၽင္း...မန္ေက်ာက္တို႔နဲ႔ ရန္ျဖစ္တာအဆံုး အကုန္ ျပန္ေျပာျပလိုက္ေတာ့သည္။
႐ွန္းရီရဲ႕ ေဒါသတို႔ ခ်က္ခ်င္း ဆူပူႂကြလာေခ်၏။
ကုန္းယီကြၽင္းက သူမရဲ႕ လက္ေမာင္းကို အၾကမ္းပတမ္းဆြဲတာတင္မဟုတ္..... မန္ေက်ာက္က သူ႔ခ်စ္ဇနီးေလးရဲ႕ ပါးကိုပါ ႐ိုက္တာသိရေတာ့ ႐ွန္းရီရဲ႕ မ်က္လံုးတို႔ နီလာ၏။
ဒီလူယုတ္မာစံုတြဲကို သူအေလ်ာ့ေပးထားလို႔ ဒီေလာက္ထိ ေရာင့္တက္လာတာလား....? ဒီတစ္ခါေတာ့ သူ...ခြင့္မလႊတ္ႏိုင္ေတာ့ဘူး....
" အဲ့ဒီေကာင္ကေလ ခ်င္းယီကိုေတာင္ လက္ထပ္ခြင့္ေတာင္းရဲေသးတယ္....''
ေ႐ွာင္လန္...ထပ္ေျပာလာ၏။
လုခ်င္းယီရဲ႕ အၾကည့္က ေ႐ွာင္လန္ဆီေရာက္သြား၏။ ေ႐ွာင္လန္ကလည္း တစ္ေမွာင့္။
႐ွန္းရီက ဒီေလာက္ ေဒါသထြက္ေနတာကို သူမက ေလာင္ေနတဲ့မီးကို မၿငိမ္းပဲနဲ႔ ပိုႀကီးထြားေအာင္ လုပ္ေနျပန္ၿပီ။
သူမေယာက်ၤားရဲ႕ မ်က္ႏွာကို ၾကည့္လိုက္ေတာ့ သူမ သိလိုက္ၿပီ။ သူ...တကယ္ ထိန္းလို႔ မရေတာ့ဘူးဆိုတာ....
သူ႔ ပံုစံကို ၾကည့္ရတာ လူသတ္ခ်င္တဲ့ပံုနဲ ့အရမ္းေၾကာက္စရာေကာင္းေန၏။ ႐ွန္းရီ ဒီလို ေဒါသထြက္ေနတာကို သူမ တစ္ခါမွ မျမင္ဖူးေပ။
႐ွန္းရီကို ထိန္းမရေတာ့ဘူးဆိုတာ သူမသိေတာ့ သူ႔ရဲ႕ လက္ကိုကိုင္လိုက္ၿပီး သူမပါးနဲ႔ ကပ္လိုက္၏။ ထို႔ေနာက္ သူ႔လက္ဖမိုးကို တစ္ခ်က္နမ္းလိုက္သည္။
" ႐ွန္းရီ...ကြၽန္မ အဆင္ေျပပါတယ္....''
ဒါေပမယ့္ ႐ွန္းရီက သူမစကားကို ၾကားမယ့္ပံု မေပၚ။ သူ႔ရဲ႕ စိတ္ထဲမွာေတာ့ အဲ့ဒီႏွစ္ေယာက္ကို ဘယ္လို တံု႔ျပန္ရမလဲ ဆိုတာပဲ စဥ္းစားေနသည္။ အရင္တုန္းက သူမကိစၥကို သူ ဝင္မစြက္ဖက္ေပမယ့္ အခုေတာ့ သူ မပါလို႔ မရေတာ့ၿပီ။
" ႐ွန္းရီ...! စိတ္ေလ်ွာ့...''
သူမက သူ႔လက္ေမာင္းကို ဆြဲလိုက္၏။
႐ွန္းရီ...သူ႔ကို စိတ္ပူစြာနဲ႔ၾကည့္ေနတဲ့ ခ်င္းယီကို ေတြ႔လိုက္ရသည္။ အခု...သူကိုယ္တိုင္က သူမကို စိတ္ပူေအာင္ လုပ္ေနတာလား...
႐ွန္းရီ...သူမကို တင္းတင္းက်ပ္က်ပ္ ေျပးဖက္လိုက္သည္။ သူ႔ေဒါသကို သူထိန္းခ်ဳပ္ေနေပမယ့္... ဒါက ခက္ခဲလွသည္။
" ဒါေတြ အားလံုးက ကြၽန္မေၾကာင့္ ျဖစ္ရတာပါ... ကြၽန္မ ေတာင္းပန္ပါတယ္....ေနာက္တစ္ခါ... ႐ွင့္ကို စိတ္ပူေအာင္ မလုပ္ေတာ့ပါဘူး...''
" ကိုယ့္ကို မင္း ေတာင္းပန္စရာမလိုပါဘူး....
မင္းက ကိုယ့္ဇနီးေလ....မင္းကို ေစာင့္ေ႐ွာက္ရမယ့္ တာဝန္ေတြ .....အႏၱရာယ္ေတြကေန ကာကြယ္ရမယ့္တာဝန္ေတြက ကိုယ္လုပ္ရမွာေလ...''
႐ွန္းရီက သူမရဲ႕ ထူထဲလွတဲ့ ဆံပင္ေတြၾကားမွာ မ်က္ႏွာအပ္ရင္း ေျပာလာ၏။
လုခ်င္းယီ...သူ႔ရဲ႕စကားေတြေၾကာင့္ သူမႏွလံုးသားေလး ေႏြးသြားရသည္။ ဒါက သူမလိုခ်င္တဲ့ ေယာက်ၤားမ်ိဳးပဲေလ....
အခုေတာ့ သူမသိလိုက္ပါၿပီ......သူမကို လံုျခံဳေအာင္ ကာကြယ္ေပးမယ့္ ေႏြးေထြးလွတဲ့ ရင္ခြင္ေလးတစ္ခု ႐ွိေနၿပီဆိုတာ....
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေ..❤
အပိုင်း ၇၁။ ကိုယ့်ကို မင်းတောင်းပန်စရာမလိုပါဘူး....
ရှန်းရီ....သုန်မှုန်စွာနဲ့ အိမ်ကို ပြန်လာ၏။ သူတောင်မစားထွက်တဲ့ ချင်းယီပြင်ပေးတဲ့ မုန့်တွေကို ဟို အချောင်လိုက်တဲ့ကောင်က စားသွားခဲ့သည် မဟုတ်ပါလား.....
သူ အိမ်ထဲကို လေလံတဲ့ ခြေလှမ်းတွေနဲ့ ပြန်လာတော့ မီးဖိုချောင်က ရယ်သံတွေကို ကြားလိုက်ရသည်။
" ချင်းယီ...၊ ငါ့ကို ချက်ပြုတ်တဲ့ နည်းလမ်းတွေ သင်ပေးပါလား.....ငါ့ယောကျၤားကို ချက်ကျွေးချင်လို့....ရှန်းရီကတော့လေ...တော်တော်ကံကောင်းတာပဲ....ငါသာယောကျၤားလေးဆိုရင် နင့်ကို ရှန်းရီဆီကနေ ဖြတ်လုမှာ....''
ရှောင်လန် ရယ်မောစွာနဲ့ ပြောလာ၏။
" ဘာတွေဖြတ်လုဖို့ ပြောနေတာလဲ...?''
လုချင်းယီ....သူမယောကျၤား ပြန်လာတာကိုတွေ့တော့ သူမမျက်နှာမှာ အပြုံးလေး ဖူးပွင့်သွားသည်။ ထို့နောက် သူမက သူ့ဆီသွားလိုက်ကာ သူ့ပါးကို နမ်းလိုက်၏။
" ဒီနေ့ ဘယ်လိုလဲ...? အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား...?''
ရှန်းရီ ...သူ့ရဲ့ မုန့်တွေကို သတိရသွားတော့...
" အလုပ်လုပ်ရတာတော့ အဆင်ပြေတယ်...ဒါပေမယ့်....နောက်တစ်ခုက အရမ်းဆိုးတယ်...''
" ဟေး...ဒီမှာ ငါရှိနေတာနော်....ငါ့ကို မသိသလို မလုပ်နေကြနဲ့....''
ရှောင်လန်...သူမရှိနေမှုကို သတိပေးလာ၏။
သူ့အကြည့်တွေက ရှောင်လန်ဆီရောက်သွားတော့ ရှန်းရီ...မျက်ခုံး မြင့်တက်သွားသည်။ ရှောင်လန်က ကိတ်မုန့်ကို လှီးပြီး စားနေသည်လေ။
ဒီ..ဒီလူတွေ ငါ စားရမယ့်ဟာကို ဘာလို့ပိုင်စိုးပိုင်နင်း စားနေရတာလဲ...?
ထို့နောက် သူ့မျက်လုံးက တစ်ခုခုကို သတိပြုမိသွား၏။ ဒါကတော့ သူ့မိန်းမရဲ့ လက်မောင်းမှာ အညိုကွက် ရှိနေခြင်းပင်။ ဒီ ဒဏ်ရာက ဘယ်ကနေရလာတာလဲ.......?
သူမရဲ့ အသားဖြူဖြူလေးအပေါ်မှာ ဒီအညိုကွက်က အရမ်းပေါ်နေတော့ သူ စိတ်အနှောင့်အယှက် ဖြစ်နေသည်။
သူ...သူမကို အချစ်ကိုက်ရာတွေပေးတုန်းက အဲ့ဒီနေရာကို မထိခဲ့ပါဘူး...ဘယ်လိုဖြစ်ရတာလဲ...
လုချင်းယီ...သူမယောကျၤား မြင်သွားတာကို သိနေသည့်အတွက်....သူမနှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည်။
" ဒီ ဒဏ်ရာက ဘယ်ကနေရလာတာလဲ....?''
ရှန်းရီ မေးလာ၏။
သူမကို ဘယ်သူက နာကျင်အောင် လုပ်လဲဆိုတာကို သူသိရမှဖြစ်မည်။ ဒါပေမယ့် ချင်းယီက ဘာမှမပြော...
" ပြောလိုက်လေ...ချင်းယီ...''
ရှောင်လန်က တံတောင်နဲ့ တို့လာ၏။
ရှန်းရီရှေ့မှာ ဖုံးကွယ်နေလည်း အပိုပဲမလား....
ချင်းယီရဲ့ ရည်းစားဟောင်းက သူမကို ထပ်ပြီး နာကျင်အောင် လုပ်တယ်မှန်းသာ ရှန်းရီသိရင် ဘယ်လောက်တောင် သောင်းကျန်းလိုက်မလဲ...?
နောက်ဆုံးတော့ ရှန်းရီကို အကြောင်းစုံသိခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပေမယ့် သူမ အနည်းငယ် တုန်လှုပ်နေမိသည်။ ထို့နောက် ရှောင်လန်နဲ့ သူမ ဈေးဝယ်ထွက်တာကအစ ကုန်းယီကျွင်း...မန်ကျောက်တို့နဲ့ ရန်ဖြစ်တာအဆုံး အကုန် ပြန်ပြောပြလိုက်တော့သည်။
ရှန်းရီရဲ့ ဒေါသတို့ ချက်ချင်း ဆူပူကြွလာချေ၏။
ကုန်းယီကျွင်းက သူမရဲ့ လက်မောင်းကို အကြမ်းပတမ်းဆွဲတာတင်မဟုတ်..... မန်ကျောက်က သူ့ချစ်ဇနီးလေးရဲ့ ပါးကိုပါ ရိုက်တာသိရတော့ ရှန်းရီရဲ့ မျက်လုံးတို့ နီလာ၏။
ဒီလူယုတ်မာစုံတွဲကို သူအလျော့ပေးထားလို့ ဒီလောက်ထိ ရောင့်တက်လာတာလား....? ဒီတစ်ခါတော့ သူ...ခွင့်မလွှတ်နိုင်တော့ဘူး....
" အဲ့ဒီကောင်ကလေ ချင်းယီကိုတောင် လက်ထပ်ခွင့်တောင်းရဲသေးတယ်....''
ရှောင်လန်...ထပ်ပြောလာ၏။
လုချင်းယီရဲ့ အကြည့်က ရှောင်လန်ဆီရောက်သွား၏။ ရှောင်လန်ကလည်း တစ်မှောင့်။
ရှန်းရီက ဒီလောက် ဒေါသထွက်နေတာကို သူမက လောင်နေတဲ့မီးကို မငြိမ်းပဲနဲ့ ပိုကြီးထွားအောင် လုပ်နေပြန်ပြီ။
သူမယောကျၤားရဲ့ မျက်နှာကို ကြည့်လိုက်တော့ သူမ သိလိုက်ပြီ။ သူ...တကယ် ထိန်းလို့ မရတော့ဘူးဆိုတာ....
သူ့ ပုံစံကို ကြည့်ရတာ လူသတ်ချင်တဲ့ပုံနဲ ့အရမ်းကြောက်စရာကောင်းနေ၏။ ရှန်းရီ ဒီလို ဒေါသထွက်နေတာကို သူမ တစ်ခါမှ မမြင်ဖူးပေ။
ရှန်းရီကို ထိန်းမရတော့ဘူးဆိုတာ သူမသိတော့ သူ့ရဲ့ လက်ကိုကိုင်လိုက်ပြီး သူမပါးနဲ့ ကပ်လိုက်၏။ ထို့နောက် သူ့လက်ဖမိုးကို တစ်ချက်နမ်းလိုက်သည်။
" ရှန်းရီ...ကျွန်မ အဆင်ပြေပါတယ်....''
ဒါပေမယ့် ရှန်းရီက သူမစကားကို ကြားမယ့်ပုံ မပေါ်။ သူ့ရဲ့ စိတ်ထဲမှာတော့ အဲ့ဒီနှစ်ယောက်ကို ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာပဲ စဉ်းစားနေသည်။ အရင်တုန်းက သူမကိစ္စကို သူ ဝင်မစွက်ဖက်ပေမယ့် အခုတော့ သူ မပါလို့ မရတော့ပြီ။
" ရှန်းရီ...! စိတ်လျှော့...''
သူမက သူ့လက်မောင်းကို ဆွဲလိုက်၏။
ရှန်းရီ...သူ့ကို စိတ်ပူစွာနဲ့ကြည့်နေတဲ့ ချင်းယီကို တွေ့လိုက်ရသည်။ အခု...သူကိုယ်တိုင်က သူမကို စိတ်ပူအောင် လုပ်နေတာလား...
ရှန်းရီ...သူမကို တင်းတင်းကျပ်ကျပ် ပြေးဖက်လိုက်သည်။ သူ့ဒေါသကို သူထိန်းချုပ်နေပေမယ့်... ဒါက ခက်ခဲလှသည်။
" ဒါတွေ အားလုံးက ကျွန်မကြောင့် ဖြစ်ရတာပါ... ကျွန်မ တောင်းပန်ပါတယ်....နောက်တစ်ခါ... ရှင့်ကို စိတ်ပူအောင် မလုပ်တော့ပါဘူး...''
" ကိုယ့်ကို မင်း တောင်းပန်စရာမလိုပါဘူး....
မင်းက ကိုယ့်ဇနီးလေ....မင်းကို စောင့်ရှောက်ရမယ့် တာဝန်တွေ .....အန္တရာယ်တွေကနေ ကာကွယ်ရမယ့်တာဝန်တွေက ကိုယ်လုပ်ရမှာလေ...''
ရှန်းရီက သူမရဲ့ ထူထဲလှတဲ့ ဆံပင်တွေကြားမှာ မျက်နှာအပ်ရင်း ပြောလာ၏။
လုချင်းယီ...သူ့ရဲ့စကားတွေကြောင့် သူမနှလုံးသားလေး နွေးသွားရသည်။ ဒါက သူမလိုချင်တဲ့ ယောကျၤားမျိုးပဲလေ....
အခုတော့ သူမသိလိုက်ပါပြီ......သူမကို လုံခြုံအောင် ကာကွယ်ပေးမယ့် နွေးထွေးလှတဲ့ ရင်ခွင်လေးတစ်ခု ရှိနေပြီဆိုတာ....