" သူက ငါ့အပိုင္....နားလည္ၿပီလား...ေခြးမ...!''
အခန္းဝက ဝန္ထမ္းေတြကလည္း အသံတစ္သံမွ မထြက္ရဲ။ ဒါေပမယ့္ ယန္ခ်ိဳင္းရဲ႕ ဆရာဝန္ေခၚေပးေနသံကို သူမၾကားလိုက္၏။ အဲ့ေတာ့မွ သူမ...႐ွန္းရီဆီေျပးသြားလိုက္ကာ ယန္ခ်ိဳင္းကို ကူညီေပးလိုက္သည္။
တြမ္ယံုတိုက္လိုက္တာ ဘာေဆးမွန္း သူမ မသိေပမယ့္ ကုမၸဏီရဲ႕ ကိုယ္ပိုင္ဆရာဝန္ကေတာ့ သူ႔ကို ၾကည့္ေပးႏိုင္လိမ့္မည္။
ထို႔ေနာက္ သူမမ်က္လံုးေတြက တြမ္ယံုရဲ႕ မ်က္ႏွာဆီ ျပန္ေရာက္သြားလိုက္ကာ....
" ေနာက္တစ္ခါ ငါ့ေယာက်ၤားကို ျမဴစြယ္ရဲရင္ ျမဴစြယ္ၾကည့္ ....႐ွန္းရီထက္ဆိုးသြားမယ္....''
လုခ်င္းယီ.... တြမ္ယံုရဲ႕ ဆံပင္ကို ဆြဲလိုက္ကာ သူမမ်က္လံုးနဲ႔ ေစ့ေစ့ၾကည့္လိုက္၏။
တြမ္ယံုရဲ႕ အၾကည့္က လုခ်င္းယီဆီ ေရာက္သြား၏။
" ေယာ...ေယာက်ၤား...?''
တြမ္ယံုရဲ႕ ထိတ္လန္႔မႈေတြက ပိုၿပီး ျမင့္တက္လာ၏။ လုခ်င္းယီက သူေဌးရဲ႕ ဇနီး ျဖစ္လိမ့္မယ္လို႔ ဘယ္တုန္းကမွ အေတြးမ႐ွိခဲ့ေပ။
" ႐ွန္းရီ ဘာေၾကာင့္ နင့္ကိုလွည့္ေတာင္မၾကည့္ဘူးဆိုတာ အခု နားလည္ၿပီးလား....? ငါကေတာ့ နင္ ႐ွန္းရီရဲ႕ အခ်စ္ကိုရဖို႔ ႀကိဳးစားလာတာ ႏွစ္ခ်ီၿပီ ဆိုတာေတာ့ ၾကားပါရဲ႕ .....၊ နင့္လို ပညာတတ္တဲ့ သူတစ္ေယာက္က သူသေဘာမက်ဘူးဆိုတာ အရိပ္အေယာင္ေလးနည္းနည္းကိုမွ သတိမထားမိဘူးလား...? သူ႔ရဲ႕ စိတ္ထဲမွာ နင္က....အျမဲ႐ွိေနေစခ်င္တယ္မလား.....အခုေတာ့ နင့္ရဲ႕ မုန္းစရာေကာင္းတဲ့ လုပ္ရပ္ေၾကာင့္. ..အ႐ိုးထဲထိ မုန္းသြားၿပီ. ......! "
လုခ်င္းယီက...ေအးစက္တဲ့ အျပံဳး ပန္ဆင္လ်က္....
" ေကာင္းၿပီေလ...အခုခ်က္ခ်င္း ျပႆ နာေတြကို ေျဖ႐ွင္းရတာေပါ့.....နင့္ရဲ႕ စားပြဲကို သြား႐ွင္းဖို႔ ျပင္လိုက္ေတာ့.....၊ ငါ့ေယာက်ၤားကလည္း နင့္လို လူမ်ိဳးကို အလုပ္မွာ မလိုအပ္ဘူးလို႔ ေျပာမွာ ေသခ်ာတယ္....ငါ ေျပာတုန္းလုပ္လိုက္....ဒီျပႆ နာကို ႐ွန္းရီ ေျဖ႐ွင္းရင္.....နင္ မလြယ္ဘူး...''
လုခ်င္းယီရဲ႕ စကားေတြက တြမ္ယံုကို ေၾကာက္ဒူးတုန္ေစသည္။
( ေၾကာက္ဖို႔ေကာင္းလိုက္တာ.... ခ်င္းယီတို႔ ၾကမ္းရင္ အဲ့လိုမ်ိဳး....😯😮)
လုခ်င္းယီ တြမ္ယံုရဲ႕ ဆံပင္ေတြကို ေျဖေလ်ာ့ေပးလိုက္ၿပီး ၾကမ္းျပင္ေပၚကို တြန္းထုတ္လိုက္၏။
ေနာက္ေတာ့ သူမ တစ္စံုတစ္ခုကို သတိရသြား၏။ မန္ေက်ာက္နဲ႔ ကုန္းယီကြၽင္းနဲ႔ လိင္ဆက္ဆံေနတာကို သူမျမင္တုန္းက ဘာလို႔ ဒီလို မလုပ္ခဲ့ရတာလဲ....?
သူမက ႐ွန္းရီကို ေလးေလးနက္နက္ ခ်စ္ေနမိၿပီလား...? သူမ ထိုအေတြးေတြကို ေဘးဖယ္လိုက္ၿပီး....
" ဒီေနရာက ထြက္သြားဖို႔ ၁၀မိနစ္ေပးမယ္... ဘယ္ေတာ့မွ ဒီေနရာကို ျပန္မလာနဲ႔....
ဒီအခန္းထဲမွာ ျဖစ္ခဲ့တာကို တစ္ျခားမွာလိုက္ျဖန္႔ၾကည့္.....တစ္သက္လံုး အလုပ္မရဘဲ ျဖစ္သြားမယ္...ၾကားလား.. ...၊ ငါစိတ္မေျပာင္းခင္ ျမန္ျမန္ထြက္သြား....မဟုတ္ရင္ နင့္မ်က္ႏွာ ရစရာမ႐ွိျဖစ္သြားမယ္....''
ထို႔ေနာက္ ဆရာဝန္ေရာ ကူညီေရး အဖြဲ႔ေတြေရာ ေရာက္လာကာ ႐ွန္းရီကို စမ္းသပ္ေနၾက၏။
တြမ္ယံုတစ္ေယာက္ ရံုးထဲကေန ေျပးထြက္သြား၏။ ဝန္ထမ္းေတြကေတာ့ ငုတ္တုတ္ေမ့လ်က္။ ထို႔ေနာက္ သူတို႔ရဲ႕ အၾကည့္ေတြက သူေဌးကေတာ္ဆီ ေရာက္သြား၏။ သူမက ေၾကာက္စရာေကာင္းလိမ့္မယ္လို႔ ဘယ္သူက ထင္မိမွာလဲ...?
႐ုတ္တရက္ သူမရဲ႕ အၾကည့္က အခန္းထဲမွာ မတ္တပ္ရပ္ေနတဲ့ ရႊမ္လင္ဆီ ေရာက္သြား၏။
ဒင္းက ငါ့ကို ေစာေစာတုန္းက ေမာင္းထုတ္ထားတယ္မလား....?
" နင္ေရာ ေဆးခတ္တဲ့ အထဲမွာပါလား...?''
ရႊမ္လင္တစ္ေယာက္ လက္ေတြေရာ ေခါင္းေတြေရာ ခါလာ၏။ သူမကို အလုပ္ကေန ေမာင္းထုတ္မွာ အရမ္းေၾကာက္သည္ေလ။
ဒီအလုပ္ကို သူမဆံုး႐ွံုးလို႔ မျဖစ္ဘူး...
" မပါဘူး...မမေလးလု... ၊ သူမ ႐ွန္းရီနဲ႔ စကားေျပာေနတုန္း....ကြၽန္မကို တံခါးေ႐ွ႕မွာ ေစာင့္ေနဖို႔ေျပာပါတယ္....သူ ေဆးခတ္တာကို ကြၽန္မ မသိပါဘူး....က်ိန္ေျပာရဲပါတယ္...."
လုခ်င္းယီ....သူမဆီကို ေအးစက္တဲ့ အၾကည့္ေတြ ပစ္လႊတ္လိုက္ၿပီး....
" ဒါေပမယ့္ နင္က အားေပးအားေျမႇာက္ လုပ္ေနတယ္မလား....?''
" မဟုတ္ဘူး...!''
ရႊမ္လင္ ေခါင္းေမာ့လိုက္ၿပီး ငိုေႂကြးလာ၏။
" ေက်းဇူးျပဳၿပီး... သခင္မေလးရယ္.. ၊ ကြၽန္မရဲ႕ အမွားကို ခြင့္လႊတ္ေပးပါ...၊ သူေဌးက လက္ထပ္ထားတယ္ဆိုတာ ကြၽန္မ တကယ္မသိခဲ့ဘူး...''
လုခ်င္းယီ... ဘာမွ မေျပာ....ဒါေပမယ့္ သူမစကားကို နားေထာင္ေန၏။
" သခင္မေလးရယ္... ဒီတစ္ႀကိမ္ေတာ့ ခြင့္လႊတ္ေပးပါ...သခင္မေလး ခြင့္လႊတ္ေအာင္ ကြၽန္မ ဘာလုပ္ေပးရမလဲ...?''
" ငါ့ေ႐ွ႕က ထြက္သြား...!''
လုခ်င္းယီ ေျပာၿပီးတာနဲ႔ ရႊမ္လင္တစ္ေယာက္ ေျပးထြက္သြားေတာ့သည္။
ထို႔ေနာက္ သူမ ႐ွန္းရီဆီ သြားလိုက္၏။
" ယန္ခ်ိဳင္း....ေစာေစာတုန္းက ဒီျမင္ကြင္းကို ျမင္သြားတဲ့ လူေတြအားလံုးရဲ႕ နာမည္ကိုမွတ္ထား...''
ေဘာ့စ္က ဘာလို႔ ဒီလိုေၾကာက္စရာေကာင္းတဲ့ မိန္းကေလးကို လက္ထပ္ထားရတာလဲ....?
" ဟုတ္ကဲ့ လုပ္လိုက္ပါ့မယ္....သခင္မေလး...''
႐ွန္းရီကို အေရးတႀကီးနဲ႔ မသယ္သြားခင္ သူေျပာလိုက္၏။
24.6.2020💛💛
Unicode.....
၅၇။ သူဌေးကတော်က မကောင်းဆိုးဝါးပုံစံကို ဖုံးကွယ်ထားတာပဲ...
" သူက ငါ့အပိုင်....နားလည်ပြီလား...ခွေးမ...!''
အခန်းဝက ဝန်ထမ်းတွေကလည်း အသံတစ်သံမှ မထွက်ရဲ။ ဒါပေမယ့် ယန်ချိုင်းရဲ့ ဆရာဝန်ခေါ်ပေးနေသံကို သူမကြားလိုက်၏။ အဲ့တော့မှ သူမ...ရှန်းရီဆီပြေးသွားလိုက်ကာ ယန်ချိုင်းကို ကူညီပေးလိုက်သည်။
တွမ်ယုံတိုက်လိုက်တာ ဘာဆေးမှန်း သူမ မသိပေမယ့် ကုမ္ပဏီရဲ့ ကိုယ်ပိုင်ဆရာဝန်ကတော့ သူ့ကို ကြည့်ပေးနိုင်လိမ့်မည်။
ထို့နောက် သူမမျက်လုံးတွေက တွမ်ယုံရဲ့ မျက်နှာဆီ ပြန်ရောက်သွားလိုက်ကာ....
" နောက်တစ်ခါ ငါ့ယောကျၤားကို မြူစွယ်ရဲရင် မြူစွယ်ကြည့် ....ရှန်းရီထက်ဆိုးသွားမယ်....''
လုချင်းယီ.... တွမ်ယုံရဲ့ ဆံပင်ကို ဆွဲလိုက်ကာ သူမမျက်လုံးနဲ့ စေ့စေ့ကြည့်လိုက်၏။
တွမ်ယုံရဲ့ အကြည့်က လုချင်းယီဆီ ရောက်သွား၏။
" ယော...ယောကျၤား...?''
တွမ်ယုံရဲ့ ထိတ်လန့်မှုတွေက ပိုပြီး မြင့်တက်လာ၏။ လုချင်းယီက သူဌေးရဲ့ ဇနီး ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ အတွေးမရှိခဲ့ပေ။
" ရှန်းရီ ဘာကြောင့် နင့်ကိုလှည့်တောင်မကြည့်ဘူးဆိုတာ အခု နားလည်ပြီးလား....? ငါကတော့ နင် ရှန်းရီရဲ့ အချစ်ကိုရဖို့ ကြိုးစားလာတာ နှစ်ချီပြီ ဆိုတာတော့ ကြားပါရဲ့ .....၊ နင့်လို ပညာတတ်တဲ့ သူတစ်ယောက်က သူသဘောမကျဘူးဆိုတာ အရိပ်အယောင်လေးနည်းနည်းကိုမှ သတိမထားမိဘူးလား...? သူ့ရဲ့ စိတ်ထဲမှာ နင်က....အမြဲရှိနေစေချင်တယ်မလား.....အခုတော့ နင့်ရဲ့ မုန်းစရာကောင်းတဲ့ လုပ်ရပ်ကြောင့်. ..အရိုးထဲထိ မုန်းသွားပြီ. ......! "
လုချင်းယီက...အေးစက်တဲ့ အပြုံး ပန်ဆင်လျက်....
" ကောင်းပြီလေ...အခုချက်ချင်း ပြဿ နာတွေကို ဖြေရှင်းရတာပေါ့.....နင့်ရဲ့ စားပွဲကို သွားရှင်းဖို့ ပြင်လိုက်တော့.....၊ ငါ့ယောကျၤားကလည်း နင့်လို လူမျိုးကို အလုပ်မှာ မလိုအပ်ဘူးလို့ ပြောမှာ သေချာတယ်....ငါ ပြောတုန်းလုပ်လိုက်....ဒီပြဿ နာကို ရှန်းရီ ဖြေရှင်းရင်.....နင် မလွယ်ဘူး...''
လုချင်းယီရဲ့ စကားတွေက တွမ်ယုံကို ကြောက်ဒူးတုန်စေသည်။
( ကြောက်ဖို့ကောင်းလိုက်တာ.... ချင်းယီတို့ ကြမ်းရင် အဲ့လိုမျိုး....😯😮)
လုချင်းယီ တွမ်ယုံရဲ့ ဆံပင်တွေကို ဖြေလျော့ပေးလိုက်ပြီး ကြမ်းပြင်ပေါ်ကို တွန်းထုတ်လိုက်၏။
နောက်တော့ သူမ တစ်စုံတစ်ခုကို သတိရသွား၏။ မန်ကျောက်နဲ့ ကုန်းယီကျွင်းနဲ့ လိင်ဆက်ဆံနေတာကို သူမမြင်တုန်းက ဘာလို့ ဒီလို မလုပ်ခဲ့ရတာလဲ....?
သူမက ရှန်းရီကို လေးလေးနက်နက် ချစ်နေမိပြီလား...? သူမ ထိုအတွေးတွေကို ဘေးဖယ်လိုက်ပြီး....
" ဒီနေရာက ထွက်သွားဖို့ ၁၀မိနစ်ပေးမယ်... ဘယ်တော့မှ ဒီနေရာကို ပြန်မလာနဲ့....
ဒီအခန်းထဲမှာ ဖြစ်ခဲ့တာကို တစ်ခြားမှာလိုက်ဖြန့်ကြည့်.....တစ်သက်လုံး အလုပ်မရဘဲ ဖြစ်သွားမယ်...ကြားလား.. ...၊ ငါစိတ်မပြောင်းခင် မြန်မြန်ထွက်သွား....မဟုတ်ရင် နင့်မျက်နှာ ရစရာမရှိဖြစ်သွားမယ်....''
ထို့နောက် ဆရာဝန်ရော ကူညီရေး အဖွဲ့တွေရော ရောက်လာကာ ရှန်းရီကို စမ်းသပ်နေကြ၏။
တွမ်ယုံတစ်ယောက် ရုံးထဲကနေ ပြေးထွက်သွား၏။ ဝန်ထမ်းတွေကတော့ ငုတ်တုတ်မေ့လျက်။ ထို့နောက် သူတို့ရဲ့ အကြည့်တွေက သူဌေးကတော်ဆီ ရောက်သွား၏။ သူမက ကြောက်စရာကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ...?
ရုတ်တရက် သူမရဲ့ အကြည့်က အခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ ရွှမ်လင်ဆီ ရောက်သွား၏။
ဒင်းက ငါ့ကို စောစောတုန်းက မောင်းထုတ်ထားတယ်မလား....?
" နင်ရော ဆေးခတ်တဲ့ အထဲမှာပါလား...?''
ရွှမ်လင်တစ်ယောက် လက်တွေရော ခေါင်းတွေရော ခါလာ၏။ သူမကို အလုပ်ကနေ မောင်းထုတ်မှာ အရမ်းကြောက်သည်လေ။
ဒီအလုပ်ကို သူမဆုံးရှုံးလို့ မဖြစ်ဘူး...
" မပါဘူး...မမလေးလု... ၊ သူမ ရှန်းရီနဲ့ စကားပြောနေတုန်း....ကျွန်မကို တံခါးရှေ့မှာ စောင့်နေဖို့ပြောပါတယ်....သူ ဆေးခတ်တာကို ကျွန်မ မသိပါဘူး....ကျိန်ပြောရဲပါတယ်...."
လုချင်းယီ....သူမဆီကို အေးစက်တဲ့ အကြည့်တွေ ပစ်လွှတ်လိုက်ပြီး....
" ဒါပေမယ့် နင်က အားပေးအားမြှောက် လုပ်နေတယ်မလား....?''
" မဟုတ်ဘူး...!''
ရွှမ်လင် ခေါင်းမော့လိုက်ပြီး ငိုကြွေးလာ၏။
" ကျေးဇူးပြုပြီး... သခင်မလေးရယ်.. ၊ ကျွန်မရဲ့ အမှားကို ခွင့်လွှတ်ပေးပါ...၊ သူဌေးက လက်ထပ်ထားတယ်ဆိုတာ ကျွန်မ တကယ်မသိခဲ့ဘူး...''
လုချင်းယီ... ဘာမှ မပြော....ဒါပေမယ့် သူမစကားကို နားထောင်နေ၏။
" သခင်မလေးရယ်... ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ...သခင်မလေး ခွင့်လွှတ်အောင် ကျွန်မ ဘာလုပ်ပေးရမလဲ...?''
" ငါ့ရှေ့က ထွက်သွား...!''
လုချင်းယီ ပြောပြီးတာနဲ့ ရွှမ်လင်တစ်ယောက် ပြေးထွက်သွားတော့သည်။
ထို့နောက် သူမ ရှန်းရီဆီ သွားလိုက်၏။
" ယန်ချိုင်း....စောစောတုန်းက ဒီမြင်ကွင်းကို မြင်သွားတဲ့ လူတွေအားလုံးရဲ့ နာမည်ကိုမှတ်ထား...''
ဘော့စ်က ဘာလို့ ဒီလိုကြောက်စရာကောင်းတဲ့ မိန်းကလေးကို လက်ထပ်ထားရတာလဲ....?
" ဟုတ်ကဲ့ လုပ်လိုက်ပါ့မယ်....သခင်မလေး...''
ရှန်းရီကို အရေးတကြီးနဲ့ မသယ်သွားခင် သူပြောလိုက်၏။
24.6.2020💛💛